မေဂျာလိဂ် ကလပ် LA ဂလက်ဆီ အသင်း မှာ ကစား နေတဲ့ ဇလာတန် အီဗရာဟီမိုဗစ် ဟာ လာမယ့် ဒီဇင်ဘာ မှာ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွား တော့မှာ ဖြစ်တာ ကြောင့် အမေရိက မြေမှ အလွတ် ပြောင်းရွှေ့ ကြေးနဲ့ ထွက်ခွာ သွားဖို့ အတွက် ရှိနေ ပါတယ် ။

အခုတော့ ဂျူဗင်တပ် ၊ အင်တာ မီလန် ၊ အေစီ မီလန် အသင်း တွေနဲ့ အတူ စီးရီးအေ မှာ နှစ်တွေ များစွာ ဖြတ်သန်း ထားခဲ့ ဖူးတဲ့ ဇလာတန် က အီတလီ မြေဟာ သူ့ရဲ့ ဒုတိယ အိမ် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ရင်း ဘယ်ဆီ ပြောင်းရွှေ့ ဖြစ်မလဲ ဆိုတာ ကို အရိပ်အမြွတ် ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ဟာ အသက် 38 နှစ် ရှိနေ ပါပြီ ။ ဒါပေမယ့် နိုင်လိုစိတ် နဲ့ အတူ စိတ်အား ထက်သန် မှု တွေက တော့ ကလေး လို ပါပဲ ။ အဲ့တာ ပါပဲ ၊ ကျွန်တော့် အတွက် တော့ ဒါဟာ အရာရာ တိုင်း ပါပဲ ”

” အခုတော့ ကျွန်တော့် အနာဂတ် အကြောင်း မတွေးသေး ပါဘူး ။ ကျွန်တော့် မိသားစု နဲ့ ဆွေးနွေး ရ ဦးမယ် လေ ။ ဆက်လက် ကစား နိုင်ဖို့ အတွက် ဆိုရင် ကျွန်တော့် အတွင်း ထဲမှာ ရှိနေ တဲ့ မီးတွေ ဆက်လက် တောက်လောင် နေဖို့ စပါယ်ရှယ် အရာ အချို့ လိုအပ် ပါတယ် ။ ဒီမြေမှာ ဖြစ်ဖြစ် ၊ အခြား မြေမှာ ဖြစ်ဖြစ် ပေါ့ဗျာ ”

” အီတလီ ဟာ ကျွန်တော့် ရဲ့ ဒုတိယ အိမ် ပါပဲ ။ ကျွန်တော် ဟာ ကမ်းလှမ်း မှု တိုင်းကို နားစွင့် နေမှာ ပါ ။ ဒါပေမယ့် ကျွန်တော် ဟာ အမြင့်ဆုံး အောင်မြင် မှု ရရှိ နိုင်ဖို့ တိုက်ပွဲ ဝင်သွား နိုင်မယ့် သူပါ ။ ကျွန်တော် သာ ပြန်သွား ဖြစ်ရင် စကူဒက်တို ( စီးရီးအေ ) ဖလား ကို စိန်ခေါ် နိုင်အောင် ကြိုးစား သွားမှာ ပါ ”

” ကျွန်တော် ဟာ ခြားနားချက် တွေကို လုပ်ဆောင် နိုင်သေးဆဲ ပါပဲ ။ ကျွန်တော် ဟာ ရုံ ထဲမှာ အပြသ ခံဖို့ ရှိနေ ရမယ့် တိရစ္ဆာန် ရုံက သားရဲ့ တစ်ကောင် မဟုတ် ပါဘူး ။ အသက် 30 ရောက်ရှိ ကတည်းက ကျွန်တော် ဟာ ခန္ဓာကိုယ် ထိန်းသိမ်း နိုင်ဖို့ အတွက် အဓိက ထားခဲ့ ပါတယ် ”

” သေချာ မှတ်သား ပါဦး ၊ ထိန်းသိမ်း ဖို့ ပြောတာပါ ။ ပို ကောင်းအောင် လုပ်ဖို့ ပြောနေ ခဲ့တာ မဟုတ် ပါဘူး ။ အဲ့တာ က ဖြစ်နိုင် ခြေ မရှိ တဲ့ ကိစ္စ ပဲလေ ။ ကျွန်တော် ဒီထက် ပိုပြီး ကောင်းအောင် လုပ်လို့ မရ နိုင် ပါဘူး ။ ဒီ လောက မှာ ဇလာတန် အီဗရာဟီမိုဗစ် ဆိုတာ တစ်ယောက် ပဲ ရှိ ပါတယ် ။ နောက် တစ်ယောက် ဆိုတာ ရှိလာ နိုင်မှာ မဟုတ် ပါဘူး ”

” အကယ်လို့ ကျွန်တော် ဟာ ကစားသမား ဘဝ က အနားယူ သွားမယ် ဆိုရင် ဆုံးဖြတ်ချက် တွေ ချမှတ် လို့ ရရှိ နိုင်မယ့် တာဝန် တွေကို ယူလို့ ရနိုင်မယ့် အခန်း ကဏ္ဍ မှာ ပါဝင် သွားမှာ ပါ ။ ကျွန်တော် ဟာ နည်းပြ တာဝန် တောင် ယူကောင်း ယူနိုင် ပါတယ် ။ ဒါပေမယ့် အဲ့တာ တွေက ဖိအား အရမ်း များ ပါတယ် ။ တစ်နှစ် ထဲနဲ့ ဆယ်နှစ်စာလောက် အိုစာ သွား နိုင်တယ် လေ”

” ပြီးတော့ အသင်း အတွက် လိုအပ်မယ် ဆိုရင် ကျွန်တော် က ကွင်းထဲ ဝင်ပြီး ခြားနားချက် တွေကို လုပ်ဆောင် နိုင်တော့ မှာ မဟုတ်တော့ ပါဘူး ။ ကျွန်တော့် အနာဂတ် အကြောင်း ဆုံးဖြတ် ဖို့ အတွက် နှစ်လ လောက် အချိန် ရပါ သေးတယ် ” လို့ ဇလာတန် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

စာချုပ် သက်တမ်း ကုန်ဆုံးတဲ့ အခါ ဘယ်ဆီ ပြောင်းရွှေ့ ဖြစ်မလဲ ၊ ကစားသမား ဘဝမှ အနားယူတဲ့ အခါ ဘယ်အလုပ် လုပ်မလဲ ဆိုတာကို အရိပ်အမြွတ် ပြောကြားလိုက်တဲ့ #ဇလာတန်

================










#Sports_Myanmar