ယခုနှစ် ဘောလုံး ရာသီ မှာ နည်းပြသစ် မော်ရစ်ဇီယို ဆာရီ ဝင်ရောက် လာခဲ့ပြီးတဲ့နောက် ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ မားကို့စ် အလွန်ဆို ဟာ ၄င်း အရင် က ကစား ခဲ့တဲ့ wing-back နေရာ ကနေ ခံစစ် ဘယ်အစွန်လူ နေရာ သို့ ပြောင်းကစား ခဲ့ရပါတယ် ။ ဒါဟာ သူ့ အတွက် အတော် ကို အထိုင်ကျ ဖို့ ပြဿနာ ဖြစ်ခဲ့သလို ချယ်လ်ဆီး အသင်း ရဲ့ ဘယ်ဖက် ခံစစ် အခြမ်း ကိုလည်း အားနည်း စေခဲ့ပါတယ် ။

ထို့ အတွက်ကြောင့် မကြာခဏ ဆိုသလို ကိုယ့် အသင်း ရဲ့ ပရိသတ် တွေ ဆီကပင် ကဲ့ရဲ့ ရှုံ့ချမှု တွေ ခံခဲ့ရပါတယ် ။ မားကို့စ် အလွန်ဆို ကတော့ သူ့ အနေနဲ့ ယခုနှစ် ဘောလုံး ရာသီ အတွင်း မှာ ကစားပုံ မကောင်း ခဲ့တာ နဲ့ ပတ်သက်ပြီး ဝန်ခံကြောင်း ၊ ဥရောပ အင်အားကြီး အသင်း တသင်း မှာ ကစား နေတာ ဖြစ်တဲ့ အတွက် ဝေဖန်မှု တွေနဲ့ မကြာခဏ ကြုံတွေ့ ရနိုင်တယ် ဆိုတာ ကိုလည်း လက်ခံ ထားကြောင်း ဆိုပါတယ် ။

အလွန်ဆို က ” ဘောလုံး လောက ဟာ ဒီလို ပါပဲ ။ ပိုကောင်းတဲ့ အသင်း တသင်း မှာ ကစား လေလေ ၊ ကိုယ့် အကြောင်း စိတ်ဝင်စား တဲ့ ပရိသတ် တွေက ပိုများ လေလေ ဖြစ်ပါတယ် ။ ကမ္ဘာ ပေါ်မှာ ဘောလုံး နည်းပြ တွေ ၊ ကစားသမား တွေ သန်းချီ ရှိပါတယ် ။ တချို့ က ဘောလုံး အားကစားနည်း ကို တလမ်း ထဲပဲ မြင်တတ်ပါတယ် ။ တချို့ ကတော့ အဲ့လို မဟုတ်ပါဘူး ။ ”

” ကျွန်တော့ ရဲ့ ခြေစွမ်း ကို အဆုံးအဖြတ် ပေးဖို့ အကောင်းဆုံး အချိန် ကတော့ ကျွန်တော့ ရဲ့ ကစားပုံ မကောင်းတဲ့ အခါ နဲ့ ကစားပုံ အရမ်း ကောင်းတဲ့ အချိန် တွေမှာပါ ။ ဟုတ်ပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ အတွင်းမှာ ကျွန်တော့ ရဲ့ ကစားပုံ ဆိုးရွား ခဲ့ပါတယ် ။ ဒါပေမယ့် နောင် လာမယ့် ရာသီ ၊ နောင် လာမယ့် ပွဲစဉ် တွေမှာ ကိုယ့်ရဲ့ ခြေစွမ်း တိုးတက် ဖို့က ကိုယ့်ရဲ့ တာဝန်ပါ ။ ဒါဟာ ကျွန်တော့ စိတ်ထဲမှာ ရှိတဲ့ ဆန္ဒ ပါပဲ ။ အဲ့ဒီ အတွက် ကျွန်တော် ပိုပြီး ကြိုးစား ရမယ် ဆိုတာ ကိုလည်း သိထား ပါတယ် ။ ”

” ကျွန်တော့ ကို ဝေဖန်သံတွေ ၊ ချီးကျူးသံ တွေ အပေါ် ကျွန်တော် လုံးဝ ဂရုမစိုက်ပါဘူး ။ ဒါက ကျွန်တော့ ရဲ့ ခြေစွမ်း အပေါ် သက်ရောက်မှု မရှိနိုင်ပါဘူး ။ ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝ ထားတဲ့ ကစားသမား ဖြစ်သလို ခြေစွမ်း ပိုပြီး တိုးတက်ဖို့ အမြဲ လေ့လာ သင်ယူ နေသူပါ ။ ကျွန်တော့ ရဲ့ ဒီနှစ် ဘောလုံး ရာသီ ဟာ မဆိုးလှ ပေမယ့် နောင် လာမယ့် နှစ်ကတော့ ပိုကောင်းတဲ့ ဘောလုံး ရာသီ ဖြစ်လာဖို့ မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး အလွန်ဆို က လက်ရှိ မှာ ချယ်လ်ဆီး အသင်း နဲ့ အမှတ်ပေး ဇယား ထိပ်က မန်စီးတီး အသင်း နဲ့ အကြား ရမှတ် ကွာဟမှု ၊ ခြေစွမ်းပိုင်း ကွာဟမှု တွေ များပြား နေတဲ့ အပြင် လာမယ့် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူဖို့ အပိတ်ခံ ထားရပေမယ့် အသင်း ရဲ့ လူငယ် ကစားသမား တွေ ၊ အငှား ကစားပြီး ခြေစွမ်း ပြနေတဲ့ ကစားသမား တွေနဲ့ အသင်း ကို ပြန်ပြီး ဦးမော့အောင် လုပ်နိုင်ဖို့ မျှော်လင့် နေပါတယ် ။

အလွန်ဆို က ” ဒါဟာ အခု နောက်ပိုင်းနှစ် ပရီးမီးယားလိဂ် ရဲ့ အဆင့်အတန်း ဖြစ်ပါတယ် ။ အသင်းတိုင်း ဟာ ပြိုင်ပွဲ မှာ အကြိတ်အနယ် ကစားလာကြပါတယ် ။ အသင်းတိုင်း ဟာ ထိပ်တန်း ကစားသမား ကိုယ်စီ နဲ့ အသင်း ကို ပိုကောင်းတဲ့ အသင်း ဖြစ်လာအောင် တည်ဆောက် နေကြပါတယ် ။ မန်စီးတီး က ရှိသမျှ ပြည်တွင်း ဖလားတွေ အကုန် သိမ်းကြုံး ယူနေရင်တောင် ကျွန်တော် တို့ဟာ ချန်ပီယံ ဆုဖလား တခုခု ကို ရယူဖို့ ကြိုးစား နေဦး မှာပါပဲ ။ ”

” ကျွန်တော် တို့ဟာ ကိုယ့်အတွက် ၊ ကိုယ့်မိသားစုတွေ အတွက် ၊ ကိုယ့် ပရိသတ် တွေ အတွက် အနိုင်ရလဒ် တွေကို ဖော်ဆောင် ပေးနေရတာ ဖြစ်ပါတယ် ။ တခါတလေ ကျရင် အသေးစိတ် အချက်အလက် တချို့ကြောင့် အသင်း တသင်း နဲ့ တသင်း အကြား ကွာခြား သွားရတာတွေ ရှိတတ်ပါတယ် ။ ကျွန်တော် တို့ အနေနဲ့ တရာသီလုံး အာရုံစိုက်မှု အပြည့် နဲ့ ကစား သွားဖို့ လိုပါတယ် ။ သွင်းဂိုး တွေ ရဖို့ အခွင့်အရေး ရသလောက် ဖန်တီးဖို့ လိုသလို ၊ တသင်းလုံး စည်းစည်းလုံးလုံး နဲ့ ခံစစ်ပိုင်း အတွက်လည်း ကူညီ ပေးရပါမယ် ။ ”

” ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ ကျွန်တော် တို့ ရည်မှန်း ထားခဲ့တဲ့ အရာတွေ အရမ်း များခဲ့ပါတယ် ။ ဒါကြောင့်မို့ တရာသီလုံး အခက်အခဲ တွေနဲ့ ကျော်ဖြတ် နေခဲ့ရတာပါ ။ ဒါပေမယ့် ကျွန်တော် တို့ အသင်း မှာ ထိပ်တန်း ကစားသမားကောင်း တွေ ၊ အရည်အသွေး မြင့်မားတဲ့ ကစားသမား တွေ ရှိနေပါတယ် ။ နောက်ပြီး လာမယ့် ဘောလုံး ရာသီ မှာဆို ပါရမီရှင် လူငယ် ကစားသမား တွေ ၊ အငှား ကစားသမား တွေက အသင်း ကို ကူညီ ပေးဖို့ အသင့် ရှိနေမှာပါ ။ ”

” ကျွန်တော် တို့ အားလုံး ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ ကိုယ့် အသင်း အပေါ် မှာ အပြည့်အဝ ယုံကြည် ထားသလို ၊ ကျွန်တော် တို့ဟာ လွန်ခဲ့တဲ့ ၂နှစ် ၊ ၃ နှစ် အတွင်း မှာ အောင်မြင်မှု တွေ အတွက် အတူတကွ တိုက်ပွဲ ဝင်ခဲ့ကြတာပါ ။ ဒါကြောင်မို့ အခု လက်ရှိ အစုအဖွဲ့ နဲ့ပဲ ဆက်ပြီး တိုက်ပွဲဝင် သွားဖို့ ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR