မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေခဲ့ ပါတယ် ။ အခု တစ်ပါတ် မှာတော့ ယူနိုက်တက် ဟာ အမှတ်ပေး ဇယား ထိပ်မှ လီဗာပူး နဲ့ ရင်ဆိုင် ကစား ရမှာ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ် မတိုင်မီ သရဲနီ တို့ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ အန်းဒရိစ် ပါရဲရား က ယခင် ပွဲတွေ မှ နာကျင်မှု တွေကို လီဗာပူး နဲ့ ပွဲမှာ ကုစား သွားဖို့ အသုံးချ သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပရိသတ် တွေ နာကျင် ခံစား နေရတယ် ဆိုတာ ကျွန်တော် တို့ သိရှိ ကြ ပါတယ် ။ ကစားသမား အားလုံး နဲ့ အသင်း မှာ ရှိတဲ့ သူတွေ အားလုံး ၊ အခု လေ့ကျင့်ရေး ကွင်းက လူတွေ အားလုံး ဟာလည်း နာကျင် ခံစား နေရ ပါတယ် ”

” ကျွန်တော် က ပိုလို့ တောင် ခံစား နေရ ပါ သေးတယ် ။ ကျွန်တော် ကိုယ်တိုင် က ယူနိုက်တက် ပရိသတ် တစ်ဦး ဖြစ်သလို ယူနိုက်တက် ကစားသမား ပါ ဖြစ်နေ တယ်လေ ။ ပြီးတော့ ဒီ လေ့ကျင့်ရေး ကွင်းမှာ ကျွန်တော် နေ့တိုင်း ရှိနေ ရ ပါတယ် ။ ဒါ့ ကြောင့် ရလဒ် ကောင်းတွေ မပိုင်ဆိုင် နိုင်တဲ့ အခါတိုင်း မှာ နာကျင် ခံစား ရ ပါတယ် ”

” အသင်း မှာ ရှိတဲ့ သူ တိုင်းက အနေ အထား တွေကို ပြောင်းပြန် လှန် နိုင်ဖို့ အကောင်းဆုံး ကြိုးစား နေကြ ပါတယ် ။ ဒါဟာ မကြာခင် ဖြစ်လာ လိမ့်မယ် လို့ ကျွန်တော် သေချာ ပေါက် ပြောရဲ ပါတယ် ။ အားလုံး က အလုပ် ကြိုးစား နေကြ ပါတယ် ။ အရင် တုန်းက ထက်တောင် ပိုပြီး ကြိုးစား နေကြ ပါတယ် ”

” အသင်း ကို ပို ကောင်းတဲ့ လမ်းကြောင်း အပေါ် ဆွဲတင် နိုင်ဖို့ အားလုံး အားထုတ် ကြိုးစား နေကြ ပါတယ် ။ လီဗာပူး နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ် က ပြီး ပြည့်စုံ တဲ့ ပွဲ ပါပဲ ။ တစ်ကယ့် ကို ပြည့်စုံ တဲ့ ဒါဘီ ပွဲစဉ် ပါပဲ ။ ကျွန်တော် တို့ ဒီအတွက် ပြင်ဆင် မှုတွေ ကောင်းကောင်း လုပ်နိုင် ဖို့ လိုအပ် ပါတယ် ”

” ဒီ ပွဲရဲ့ ပြိုင်ဆိုင် မှု ပြင်ထန်ပုံ ကို ဘိုကာဂျူနီယာ Vs ရေးဗား ပလိတ် ၊ ဆန်းတို့စ် ကိုရင်သီယန် Vs ဖလာမင်ဂို ဖလူးမီးနီးစ် တို့နဲ့ နှိုင်းယှဉ် လို့ ရနိုင် ပါတယ် ။ ဒါဟာ ရီးယဲ မက်ဒရစ် Vs ဘာစီလိုနာ တို့ ကစား ကြတဲ့ အယ်လ် ကလပ်စီကို ဒါဘီ လိုပဲ ခမ်းနား တဲ့ ဒါဘီ ပွဲစဉ် တစ်ခု ပါ ။ အင်္ဂလန် မှာတင် မဟုတ် ပါဘူး ၊ တစ် ကမ႓ာလုံး မှာ ပြိုင်ဆိုင် မှု အပြင်းထန်ဆုံး ထဲ ပါဝင် ပါတယ် ”

” ဒီလို ပွဲစဉ် မျိုးကို တစ် ကမ႓ာလုံး က စောင့်ကြည့် ကြမှာ အသေအချာ ပါပဲ ။ ဒါ့ကြောင့် ဒီ ပွဲဲစဉ်ဟာ ကျွန်တော် တို့နဲ့ ပရိသတ် တွေ အတွက် တစ်ကယ် ပဲ အရေး ကြီးလှ ပါတယ် ။ ကျွန်တော် ငယ်ငယ် တုန်းက အိမ်မှာ အဖေ ၊ မိသားစု နဲ့ အတူ ဒီ ပွဲစဉ် ကို အမြဲ ကြည့်ရှု ဖြစ်ခဲ့ ပါတယ် ”

” ကျွန်တော် ဟာ အဲ့ဒီ ကတည်းက ယူနုုိက်တက် အသင်း ကို အရူးအမူး အားပေး ခဲ့တာ ပါ ။ ဒီပွဲ ဟာ ကျွန်တော် တို့ အတွက် အဓိပ္ပါဟ် အများကြီး ရှိ ပါတယ် ။ ဒါဟာ တစ်နှစ်တာ ရဲ့ အရေး အကြီးဆုံး ပွဲစဉ် တစ်ပွဲ ပါပဲ ။ ဒါဟာ ဒါဘီပွဲ ဖြစ်တာ ကြောင့် ကျွန်တော် တို့ သေချာပေါက် အနိုင် လိုချင် ကြ ပါတယ် ”

” ကျွန်တော် တို့ အနိုင် ရနိုင် ဖို့ အတွက် လည်း စွမ်းနိုင် သမျှ အကုန် လုပ်သွား ကြမှာ ပါ ။ ကျွန်တော် တို့ အခု အကောင်းဆုံး အခိုက် အတန့် တွေကို ပိုင်ဆိုင် မထား ဘူး ဆိုတာ ကျွန်တော် သိ ပါတယ် ။ ဒါပေမယ့် အခု ကစား ရမှာ က ဒါဘီ ပွဲ ဖြစ်တာ ကြောင့် အရာရာ ဟာ ပြောင်းလဲ နေပါ လိမ့်မယ် ”

” ကျွန်တော် တို့ အသင်း မှာ ရှိ နေတဲ့ သူတွေ အားလုံး ၊ အသင်း ရဲ့ ဝန်ထမ်း တွေ အားလုံး က ဒီပွဲ ကို သေချာပေါက် အနိုင်ယူချင် ကြ ပါတယ် ။ ကျွန်တော် တို့သာ အဲ့တာ ကို လုပ်ဆောင် နိုင်မယ် ဆိုရင် အကောင်းဆုံး ပြန်လာ နိုင်ခြင်း လို့ ပြောလို့ ရမှာ ဖြစ်ပြီး ရှေ့ဆက် နိုင်ဖို့ အားဖြစ် စေမှာပါ ” လို့ ပါရဲရား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar