ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီး အသင်း ဟာဒီရာသီ အစမှာတော့ ရလဒ်တွေမတည် မငြိမ်ဖြစ် နေပြီး ပွဲစဉ် ၈အပြီးမှာပဲ ထိပ်ဆုံးက ဦးဆောင်သူ လီဗာပူး အသင်းနဲ့ ၈မှတ်အထိကွာဟနေပြီဖြစ်ပါတယ်။ဒါပေမယ့် နည်းပြဂွာဒီယိုလာကတော့ ရာသီအဆုံးသတ်ချိန်အထိလက်မလျှော့ဖိိို့ အသင်းသားတွေကို စိန်ခေါ်လိုက်ပါတယ်။မန်စီးတီး အသင်း ဟာနည်းပြဂွာဒီယိုလာနဲ့ စတင်လက်တွဲခဲ့တဲ့ အဖွင့်ရာသီမှာ ဖလား လက်မဲ့ ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ရာသီဆက်မှာ အင်္ဂလန်ရဲ့ ပြိုင်ဘက်မရှိ အင်အားအကြီးဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။သူတို့ဟာအဆိုပါ၂ရာသီအတွင်ပရီးမီးယားလိဂ်ရာသီကုန်ချိန်မှာ စံချိန်တင်ရမှတ်တွေကိုပါ ရရှိထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီမှာတော့ ပွဲစဉ် ၉အပြီးမှာပဲ လီဗာပူး အသင်းနဲ့ အမှတ်ကွာဟချက်ကကြီးမားနေတာဖြစ်ပါတယ်။မန်စီးတီး တို့ ဟာပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ လီဗာပူး အသင်းရဲ့အောက်ရမှတ်အကွာအနေအထားအထိရောက်ခဲ့ဖူးပေမယ့် ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သူတို့အသင်းသာ ရစ်သမ် မိနေပါက ဘယ်လောက်ကြောက်ဖို့ ကောင်းတယ်ဆိုတာကို ဒီရာသီမှာ ကစားထားခဲ့တဲ့ ဝက်စ်ဟမ်း၊ဝက်ဖို့ဒ်တို့ရဲ့ ပွဲတွေက သက်သေပြသနေတာဖြစ်ပါတယ်။ခြေစွမ်းကောင်းကို တရာသီလုံး ထိန်းသိမ်းဖို့ ခက်ခဲပေမယ့် အမှားတွေဆိုတာကလည်း ရာသီကုန်ထက် ရာသီအစကာလတွေမှာပိုပြီးကျူးလွန်မိလေ့ရှိတယ်လို့ နည်းကြီး ဂွာဒီယိုလာက လက်ခံယုံကြည်နေပါတယ်။

အခုချိန်မှာ အမှားတွေလုပ်နေမိပေမယ့် မတ်လ နဲ့ ဧပြီလတွေမှာ သာယမန်နှစ်ကလို ခြေစွမ်းကောင်းတွေ နဲ့ နိုင်ပွဲတွေဆက်ခဲ့ရင်ဆုဖလား အောင်မြင်ကို ချိန်ရွယ်နိုင်သေးတယ်လို့ ဂွာဒီယိုလာက ယူဆနေပါတယ်။ပဲလေ့စ်နဲ့ ပွဲကြို မီဒီယာ တွေ့ဆုံပွဲမှာ ဂွာဒီယိုလာက –

” အသင်းရဲ့ ပုံမှန်ခြေစွမ်းကို ထိန်းထားဖို့ ဆိုတာခက်ခဲပါတယ်။အင်္ဂလန်ထိပ်တန်းလိဂ်မှာ ဘယ်အသင်းကမှ၂နှစ်ဆက် ဗိုလ်မစွဲနိုင်ခဲ့တာ ၁၁နှစ်ရှိနေပြီဖြစ်ပါတယ်။ဒါကလည်း ခက်တာကိုဗျ။ဒါပေမယ့်အခုတော့ ၈ပွဲကစား ၈ပွဲလုံးအနိုင်ရထားတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်နေရပါပြီ။စပိန်တို့ အီတလီတို့မှာ ဆိုရင် ကျွန်တော်တို့ ရှုံး နိုင်သလို တခြားအသင်းကြီးတွေက လည်းရှုံးတတ်ပါတယ်။အခုဒီမှာကျတော့ တပွဲမှ မရှံုးသေးတဲ့ ဥရောပ ချန်ပီယံ အသင်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါဟာတကယ်ခက်ခဲပါတယ်။

တချို့ပွဲတွေမှာ ကျွန်တော်တို့ အနိုင်ရနိုင်ခဲ့ပေမယ့် နိုင်တော့မနိုင်ခဲ့ပါဘူး။ကျွန်တော်တို့ရဲ့ အမှားတွေက ပဲ ကျွန်တော်တို့ကိုအပြစ်ပေး ခဲ့ပါတယ်။ ဘောလုံးရာသီအတွင်းမှာ အတက်အကျတွေကတော့ရှိပါတယ်။ကျွန်တော်တို့ကတော့ ပိုကောင်းလာဖို့နဲ့ တိုးတက်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။စနေ နေ့ ပွဲစဉ် နဲ့ ချန်ပီယံလိဂ်မှာ တွေ့ ဆုံနေတဲ့ အတ္တလန်တာ အသင်းတို့နဲ့ ပွဲတွေ မှာ အနိုင်ကစားပြီး ရှှေ့ကိုဆက်လှမ်နိူင်အောင်ကြိုးစားမှာဖြစ်ပါတယ်။ဖေဖေါ်ဝါရီလလောက်ဆိုရင် လာပေါ်တေးပြန်ကစားနိုင်ပြီဖြစ်ပြီး အသင်းသားအများစု ပြန်ကစားနိုင်တော့မှာဖြစ်ပါတယ်။

ရာသီအဆုံးသတ် အဆင့်တွေမှာ ဘာတွေ ဖြစ်မယ်ဆိုတာမြင်ရပါလိမ့်မယ်။မတ်လ နဲ့ ဧပြီလရောက်ချိန်မှာ ယမန်နှစ် တွေကလို သာနိုင်ပွဲတွေရခဲ့ရင်အဲ့ဒီတုန်းကလို အဆင့်နေရာမှာရှိနေမှာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းဆိုရင် အမှတ်လျော့ဖို့ခက်သွားပါပြီီ။ဒါပေမယ့်ရာသီအစအစောပိုင်းပွဲတွေမှာတော့ အမှတ်လျော့တတ်တာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ဒါမျိုးမဖြစ်အောင်ကြိုစားရှောင်ရှားပေမယ့် အခုထိတော့ မလုပ်နိုင်ခဲ့သေးပါဘူး။ကျွန်တော်တို့ ရှေ့ဆက်ကြိုးစားလုပ်ဆောင်ရဦးမှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SM