ယနေ့ည မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ရဲ့ ပွဲစဉ် တပွဲ ဖြစ်တဲ့ ချယ်လ်ဆီး – နယူးကာဆယ် ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ နောက်ခံလူ မားကို့စ် အလွန်ဆို ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ အတူ အနိုင်ရကာ လမ်းကြောင်းမှန်ပေါ် ဆက်လက် လျှောက်လှမ်း နေဆဲ ဖြစ်ပါတယ် ။

အခင်းအကျင်း မှာ ကတည်းက ဧည့်သည် နယူးကာဆယ် အသင်း ဟာ ခံစစ်ပိတ် ကစားကွက် နဲ့ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ် ကို ဖြို့မယ့် ကစားဟန် ကို အသုံးပြု လာခဲ့ပါတယ် ။ နယူးကာဆယ် နည်းပြ စတိဗ် ဘရုစ် ရဲ့ အကြံ အောင်မြင် ခဲ့တယ် လို့ပဲ ဆိုရပါမယ် ။ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ် ကစားသမား တွေ တိုက်စစ်ပိုင်း မှာ ကြံရာမရ ဖြစ်ခဲ့ရပါတယ် ။

အထူးသဖြင့် အထောင် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဘယ်လိုမှ လှုပ်မရခဲ့သလို ၊ မေဆင်မောင့် ၊ ရော့စ် ဘာကလေ တို့ရဲ့ ကွင်းလယ် တိုက်စစ်အား ကလည်း ဘယ်လိုမှ အလုပ် မဖြစ်ခဲ့ပါဘူး ။ ဒါ့အပြင် တောင်ပံ ကစားသမား ၂ဦး ဖြစ်တဲ့ မက်ဆီမင် နဲ့ အယ်လ်မီရွန် တို့ရဲ့ ပြေးအား ၊ တကိုယ်တော် ထိုးဖောက်မှု တွေကို ချယ်လ်ဆီး နောက်ခံလူ တွေကို အတော်ကို တားဆီး နေခဲ့ရပါတယ် ။

ပွဲချိန် ၁၉ မိနစ် မှာ အိုဒွိုင်း ရဲ့ ဖန်တီးပေးမှု ကနေ တဆင့် မေဆင်မောင့် အပိုင် ပိတ်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးသမား တည့်တည့် ကို အပြင်း ကန်ခဲ့မိတာကြောင့် ၊ နယူးကာဆယ် ဂိုးသမား ဒူဘရက်ဗ်ကာ ပုတ်ထုတ် ကာကွယ် သွားနိုင်ခဲ့ပါတယ် ။ ၂သင်းလုံး ဂိုးကန်သွင်းမှု အနည်းငယ် စီ ရခဲ့ပေမယ့် ဂိုးရဖို့ ဘယ်လိုမှ မနီးစပ် ခဲ့ပါဘူး ။

ဒုတိယပိုင်း ပြန်စတာနဲဲ့ ချယ်လ်ဆီး တို့ ဂိုးရဖို့ အတွက် တကွင်းလုံးနီးပါး စိုးမိုးကာ ဂိုးရဖို့ အကြိမ်ကြိမ် ထိုးဖောက် ခဲ့ပါတယ် ။ ပထမဆုံး ဂိုးရဖို့ အနီးစပ်ဆုံး က အိုဒွိုင်း ရဲ့ ထောင့်ကန်ဘော က ဖြစ်ပြီး အေဘရာဟမ် ရဲ့ ခေါင်းတိုက်ချက် ဘားထိ ထွက်ခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာ လည်း အေဘရာဟမ် ဂိုးရဖို့ နောက်ထပ် တကြိမ် အပိုင် ခေါင်းတိုက် သွင်းယူခွင့် ရခဲ့ပေမယ့် ဂိုးဘားပေါ် က ကျော်တက် ခဲ့ရပါတယ် ။

အဲ့ဒီနောက် မှာ ချယ်လ်ဆီး တို့ ဂိုးတွေ ရရှိဖို့ အကြိမ် တချို့ နီးစပ် ခဲ့ပေမယ့် ဒူဘရက်ဗ်ကာ လက်စွမ်းပြ ကာကွယ် နေခဲ့လို့ ဂိုးရဖို့ ဝေးခဲ့ရပြန်ပါတယ် ။ တကယ်တမ်း ဂိုးရသွားတာ ကတော့ ပွဲချိန် ရ၃ မိနစ် မှာ ပူလီဆစ် ရဲ့ ပေးပို့မှု ကို အိုဒွိုင်း အသာအယာ တို့ချပေးမှု ကို အလွန်ဆို အပြင်း ကန်သွင်းခဲ့ကာ ချယ်လ်ဆီး တို့ အဖိုးတန် ဦးဆောင်ဂိုး ကို ရခဲ့ပါတယ် ။

အဲ့ဒီနောက်မှာ တန်ပြန် တိုက်စစ် ကနေ ကိုဗာဆစ် ရဲ့ တကိုယ်တော် ထိုးဖောက်မှု ကနေ တဆင့် ပူလီဆစ် ကို အကွက်မြင်မြင် ချပေးရာ ပူလီဆစ် က အေဘရာဟမ် ကို ဖန်တီးပေးရာ ၄င်းရဲ့ ကန်ချက် ကလည်း ကာဆယ် နောက်ခံလူ ဝီလမ် နဲ့ ထိကာ ချယ်လ်ဆီး တို့ ဒုတိယ ဦးဆောင်ဂိုး ရဖို့ နစ်နာ ခဲ့ရပြန်ပါတယ် ။ လက်ကျန် ပွဲချိန် မှာတော့ ချယ်လ်ဆီး တို့ ပွဲထိန်း ကစားခဲ့တာကြောင့် အလွန်ဆို ရဲ့ တလုံးတည်းသော သွင်းဂိုး နဲ့ အတူ ချယ်လ်ဆီး တို့ အမှတ်ပေးဇယား အဆင့် ၃ နေရာ ကို ယာယီ တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။

ချယ်လ်ဆီး ( ၄ – ၃ – ၃ )

ဂိုးသမား – ကီပါ ။
နောက်တန်း – အက်ဇ်ပီလီကွီတာ ၊ ဇူးမား ၊ တိုမိုရီ ၊ မားကို့စ် အလွန်ဆို ။
ကွင်းလယ် – ဂျော်ဂျင်ဟို ၊ ဘာကလေ ၊ မေဆင်မောင့် ။
တိုက်စစ် – ဝီလီယံ ၊ အေဘရာဟမ် ၊ ဟတ်ဒ်ဆန် အိုဒွိုင်း ။

နယူးကာဆယ် ( ၅ – ၄ – ၁ )

ဂိုးသမား – ဒူဘရက်ဗ်ကာ
နောက်တန်း – ယက်ဒ်လင် ၊ ကလက်ခ် ၊ လာဆဲလ်စ် ၊ ဖေဘီယန် ရှား ၊ ဝီလမ်စ် ။
ကွင်းလယ် – စိန့်မက်ဆီမင် ၊ ရောင် လောင်းစတပ်ဖ် ၊ မတ် လောင်းစတပ်ဖ် ၊ အယ်လ်မီရွန် ။
တိုက်စစ် – ဂျိုလင်တန် ။

SPORTS MYANMAR

Zawgyi

ထိုက္ထိုက္တန္တန္ နဲ႕ အႏိုင္ရခဲ့ကာ အဆင့္ ၃ ေနရာ ကို ယာယီ တက္လွမ္းလာတဲ့ ခ်ယ္လ္ဆီး ( Chelsea 1 – 0 Newcastle ) ( Match Review )

ယေန႕ည မွာ ယွဥ္ျပိဳင္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၉ ရဲ႕ ပြဲစဥ္ တပြဲ ျဖစ္တဲ့ ခ်ယ္လ္ဆီး – နယူးကာဆယ္ ပြဲစဥ္ မွာ ခ်ယ္လ္ဆီး အသင္း ဟာ ေနာက္ခံလူ မားကို႕စ္ အလြန္ဆို ရဲ႕ တလံုးတည္းေသာ သြင္းဂိုး နဲ႕ အတူ အႏိုင္ရကာ လမ္းေၾကာင္းမွန္ေပၚ ဆက္လက္ ေလွ်ာက္လွမ္း ေနဆဲ ျဖစ္ပါတယ္ ။

အခင္းအက်င္း မွာ ကတည္းက ဧည့္သည္ နယူးကာဆယ္ အသင္း ဟာ ခံစစ္ပိတ္ ကစားကြက္ နဲ႕ ခ်ယ္လ္ဆီး အသင္း ရဲ႕ တိုက္စစ္ ကို ျဖိဳ႕မယ့္ ကစားဟန္ ကို အသံုးျပဳ လာခဲ့ပါတယ္ ။ နယူးကာဆယ္ နည္းျပ စတိဗ္ ဘရုစ္ ရဲ႕ အၾကံ ေအာင္ျမင္ ခဲ့တယ္ လို႕ပဲ ဆိုရပါမယ္ ။ ခ်ယ္လ္ဆီး အသင္း ရဲ႕ တိုက္စစ္ ကစားသမား ေတြ တိုက္စစ္ပိုင္း မွာ ၾကံရာမရ ျဖစ္ခဲ့ရပါတယ္ ။

အထူးသျဖင့္ အေထာင္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဘယ္လိုမွ လႈပ္မရခဲ့သလို ၊ ေမဆင္ေမာင့္ ၊ ေရာ့စ္ ဘာကေလ တို႕ရဲ႕ ကြင္းလယ္ တိုက္စစ္အား ကလည္း ဘယ္လိုမွ အလုပ္ မျဖစ္ခဲ့ပါဘူး ။ ဒါ့အျပင္ ေတာင္ပံ ကစားသမား ၂ဦး ျဖစ္တဲ့ မက္ဆီမင္ နဲ႕ အယ္လ္မီရြန္ တို႕ရဲ႕ ေျပးအား ၊ တကုိယ္ေတာ္ ထိုးေဖာက္မႈ ေတြကို ခ်ယ္လ္ဆီး ေနာက္ခံလူ ေတြကို အေတာ္ကို တားဆီး ေနခဲ့ရပါတယ္ ။

ပြဲခ်ိန္ ၁၉ မိနစ္ မွာ အိုဒိြဳင္း ရဲ႕ ဖန္တီးေပးမႈ ကေန တဆင့္ ေမဆင္ေမာင့္ အပိုင္ ပိတ္သြင္းခြင့္ ရခဲ့ေပမယ့္ ဂိုးသမား တည့္တည့္ ကို အျပင္း ကန္ခဲ့မိတာေၾကာင့္ ၊ နယူးကာဆယ္ ဂိုးသမား ဒူဘရက္ဗ္ကာ ပုတ္ထုတ္ ကာကြယ္ သြားႏိုင္ခဲ့ပါတယ္ ။ ၂သင္းလံုး ဂိုးကန္သြင္းမႈ အနည္းငယ္ စီ ရခဲ့ေပမယ့္ ဂိုးရဖို႕ ဘယ္လိုမွ မနီးစပ္ ခဲ့ပါဘူး ။

ဒုတိယပိုင္း ျပန္စတာနဲဲ႕ ခ်ယ္လ္ဆီး တို႕ ဂိုးရဖို႕ အတြက္ တကြင္းလံုးနီးပါး စိုးမိုးကာ ဂိုးရဖို႕ အၾကိမ္ၾကိမ္ ထိုးေဖာက္ ခဲ့ပါတယ္ ။ ပထမဆံုး ဂိုးရဖို႕ အနီးစပ္ဆံုး က အိုဒိြဳင္း ရဲ႕ ေထာင့္ကန္ေဘာ က ျဖစ္ျပီး ေအဘရာဟမ္ ရဲ႕ ေခါင္းတိုက္ခ်က္ ဘားထိ ထြက္ခဲ့ရပါတယ္ ။ အဲ့ဒီေနာက္မွာ လည္း ေအဘရာဟမ္ ဂိုးရဖို႕ ေနာက္ထပ္ တၾကိမ္ အပိုင္ ေခါင္းတိုက္ သြင္းယူခြင့္ ရခဲ့ေပမယ့္ ဂိုးဘားေပၚ က ေက်ာ္တက္ ခဲ့ရပါတယ္ ။

အဲ့ဒီေနာက္ မွာ ခ်ယ္လ္ဆီး တို႕ ဂိုးေတြ ရရွိဖို႕ အၾကိမ္ တခ်ိဳ႕ နီးစပ္ ခဲ့ေပမယ့္ ဒူဘရက္ဗ္ကာ လက္စြမ္းျပ ကာကြယ္ ေနခဲ့လို႕ ဂိုးရဖို႕ ေဝးခဲ့ရျပန္ပါတယ္ ။ တကယ္တမ္း ဂိုးရသြားတာ ကေတာ့ ပြဲခ်ိန္ ၇၃ မိနစ္ မွာ ပူလီဆစ္ ရဲ႕ ေပးပို႕မႈ ကို အိုဒိြဳင္း အသာအယာ တို႕ခ်ေပးမႈ ကို အလြန္ဆို အျပင္း ကန္သြင္းခဲ့ကာ ခ်ယ္လ္ဆီး တို႕ အဖိုးတန္ ဦးေဆာင္ဂိုး ကို ရခဲ့ပါတယ္ ။

အဲ့ဒီေနာက္မွာ တန္ျပန္ တိုက္စစ္ ကေန ကိုဗာဆစ္ ရဲ႕ တကိုယ္ေတာ္ ထိုးေဖာက္မႈ ကေန တဆင့္ ပူလီဆစ္ ကို အကြက္ျမင္ျမင္ ခ်ေပးရာ ပူလီဆစ္ က ေအဘရာဟမ္ ကို ဖန္တီးေပးရာ ၄င္းရဲ႕ ကန္ခ်က္ ကလည္း ကာဆယ္ ေနာက္ခံလူ ဝီလမ္ နဲ႕ ထိကာ ခ်ယ္လ္ဆီး တို႕ ဒုတိယ ဦးေဆာင္ဂိုး ရဖို႕ နစ္နာ ခဲ့ရျပန္ပါတယ္ ။ လက္က်န္ ပြဲခ်ိန္ မွာေတာ့ ခ်ယ္လ္ဆီး တို႕ ပြဲထိန္း ကစားခဲ့တာေၾကာင့္ အလြန္ဆို ရဲ႕ တလံုးတည္းေသာ သြင္းဂိုး နဲ႕ အတူ ခ်ယ္လ္ဆီး တို႕ အမွတ္ေပးဇယား အဆင့္ ၃ ေနရာ ကို ယာယီ တက္ေရာက္ သြားခဲ့ျပီ ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး ( ၄ – ၃ – ၃ )

ဂိုးသမား – ကီပါ ။
ေနာက္တန္း – အက္ဇ္ပီလီကြီတာ ၊ ဇူးမား ၊ တိုမိုရီ ၊ မားကို႕စ္ အလြန္ဆို ။
ကြင္းလယ္ – ေဂ်ာ္ဂ်င္ဟို ၊ ဘာကေလ ၊ ေမဆင္ေမာင့္ ။
တိုက္စစ္ – ဝီလီယံ ၊ ေအဘရာဟမ္ ၊ ဟတ္ဒ္ဆန္ အိုဒိြဳင္း ။

နယူးကာဆယ္ ( ၅ – ၄ – ၁ )

ဂိုးသမား – ဒူဘရက္ဗ္ကာ
ေနာက္တန္း – ယက္ဒ္လင္ ၊ ကလက္ခ္ ၊ လာဆဲလ္စ္ ၊ ေဖဘီယန္ ရွား ၊ ဝီလမ္စ္ ။
ကြင္းလယ္ – စိန္႕မက္ဆီမင္ ၊ ေရာင္ ေလာင္းစတပ္ဖ္ ၊ မတ္ ေလာင္းစတပ္ဖ္ ၊ အယ္လ္မီရြန္ ။
တိုက္စစ္ – ဂ်ိဳလင္တန္ ။

SPORTS MYANMAR