ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ ၁၆သင်းအဆင့်မှာ မထင်မှတ် ထားခဲ့တဲ့ ရလဒ်ထွက်ပေါ်ပြီး နောက်တဆင့် တက်ရောက်နိုင်ခဲ့တာကတော့ ယူနိုက်တက် အသင်းဖြစ်ပါတယ်။ထိုစဉ်က ဆိုးလ်ရှားက ယာယီ နည်းပြအဖြစ် တာဝန်ယူနေရတာဖြစ်ပြီး အသင်းကို အံ့မခန်း လုပ်ဆောင်ပြနေချိန် လည်းဖြစ်ပါတယ်။သူတို့ဟာ ချန်ပီယံလိဂ် ရဲ့ ၁၆ သင်းအဆင့်မှာ ပြင်သစ် ထိပ်သီး PSG အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထမအကျော့ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာကစားခဲ့ရပေမယ့် ကင်ပန်ဘီ၊ အမ်ဘာပေ တို့ရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ၀-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ဒါ့အပြင် အားထားရတဲ့ ကွင်းလယ်လူပေါ့ဘာလည်း အနီကတ်ထိခဲ့ပါတယ်။

ဒါကြောင့် ကွာတားဖိုင်နယ်အဆင့်ကို PSG အသင်းပဲ တက်ရောက်သွားနိုင်တော့မှာဖြစ်တယ်လို့ အားလုံးက ယူဆထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် ယူနိုက်တက် အသင်းကပဲရစ်မြေမှာ ဒရမ်မာဆန်ဆန်ကျော်ဖြတ် နိုင်ခဲ့တာဖြစ်ပါတယ်။အဆိုပါ ပွဲမှာ ယူနိုက်တက် အသင်းက လူကာကူရဲ့ သွင်းဂိုး၂ဂိုးရခဲ့ပြီး မိနစ်၉၀ အထိ ၂-၁ဂိုးနဲ့ အနိုင်ရနေခဲ့တာဖြစ်ပေမယ့် အဝေးဂိုးစည်းမျဉ်းကြောင့် အရေးနိမ့်နေခဲ့ချိန်ဖြစ်ပါတယ်။ဒါပေမယ့် ပွဲပြီးခါနီး စက္ကန့်ပိုင်းမှာ ပင်နယ်တီ ကန်ခွင့်ရခဲ့ လို့ မထင်မှတ်ပဲ ကွာတားဖိုင်နယ်ရောက်သွားတာဖြစ်ပါတယ်။

ကွာတားဖိုင်နယ် အရောက်မှာတော့ စပိန် ထိပ်သီး ဘာစီလိုနာ အသင်းနဲ့ ဆုံတွေ့ခဲ့ပြီး နှစ်ကျော့ပေါင်း ၄-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရလို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။ထိုစဉ်က ယူနိုက်တက် အသင်းမှာ ရှိနေသေးတဲ့ ကွင်းလယ်လူဟာရဲယားကတော့ ကွာတားဖိိုင်နယ်အဆင့်အထိရောက်မယ်လို့ ထင်ထားသူတယောက်မှ မရှိဘူးလို့ဆိုပါတယ်။အခုနွေမှာ ယူနိုက်တက် အသင်းကနေ PSG ကို အလွတ်ပြောင်းရွှေ့သွားခဲ့တဲ့ ဟာရဲယားက Canal + နဲ့အင်တာဗျူးမှာ -” ကျွန်တော်တို့ယူ နိုက်တက် အသင်း သားတွေကြားထဲ မှာ PSG ကို ပဲရစ်မှာ အနိုင်ရ လိမ့်မယ် လို့ ထင်မှတ်ထားတဲ့ သူတယောက်မှကိုမရှိခဲ့တာဖြစ်ပါတယ်။

ဘောလုံး အားကစားမှာဆိုရင် အာရုံစူးစိုက်မှုကို ၂မိနစ်လောက်တောင်ဆုံးရှုံးလို့ မရဘူးပါဘူး။ ဒီလိုဖြစ်သွားရင်တော့ပေးဆပ်ရမှာဖြစ်ပါတယ်။အဆိုပါရှံုးပွဲဟာ PSG အသင်းအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပါဘူး ” လို့ပြန်ပြောင်းပြောပြသွားခဲ့တာ ဖြစ်ပါတယ်။အသက် ၃၀အရွယ် ဟာရဲယား ဟာ ယူနိုက်တက် အသင်းကနေ ပြောင်းလာအပြီး PSG မှာလည်း နေရာရနေတာဖြစ်ပါတယ်။ဒါပေမယ့် လည်း ဟာရဲယားကတော့ ည်းပြရဲ့ဒီနေ့ခေတ်မှာ အလှည့်ကျပွဲထုတ်မှုက ဘယ်လောက်အထိအရေးကြီးတယ်ဆိုတာကို သိနားလည်တယ်လို့ ဆိုပါတယ်။

ဟာရဲယားက ဆက်လက်ပြီး – ” ကိုယ်ပေးဆပ် တဲ့ အရာတိုင်းကို ပြန်ပြီးရတယ် ဆိုတဲ့ ကံကို ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်လည်း ပွဲထွက် ၁၁ယောက်စာရင်းမှာသာကျွန်တော်ပါဝင်ခွင့်ရခဲ့ရင်အလုံးစုံပေးဆပ်တာဖြစ်ပါတယ်။တကယ်လို့ ၁၀ မိနစ်လောက် ပါဝင်ရလည်း အလုံးစုံပေးဆပ်ပါတယ်။ဘယ်နေရာမှာဖြစ်ဖြစ် ဘယ်မိနစ်ပါရပါရ အလုံးစုံပေးဆပ်ကြိုးစားပါတယ် ” လို့ပြောခဲ့တာဖြစိပါတယ်။နွေရာသီမှာအနာဂတ်နဲ့ပတ်သက်တဲ့ကောလာဟာလတွွေ ထွက်ခဲ့ပေမယ့် သွင်းဂိုးတွေနဲ့ ခြေစွမ်းပြနေတဲ့ နေမာနဲ့ ပတ်သက်ပြီး ဟာရဲယားက – ” အင်္ဂလိပ် မီဒီယာတွေက နေမာရဲ့ ဖြစ်ရပ်ကို ငရဲခန်းလိုတောင် ဖော်ပြခဲ့တာဖြစ်ပါတယ်။သူက ဒီမှာမပျော်မရွှင်ဖြစ်နေပြီး ပြင်သစ်ကစားသမားတွေနဲ့စကားတောင်မပြောဘူးလို့ ရေးခဲ့ကြပါတယ်။

ဒါပေမယ့် ကျွန်တော်ရောက်လာချိန်မှာ တော့ ပြင်သစ် ကစားသမားတွေအပါအဝင် တသင်းလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေတဲ့ နေမာကို ကျွန်တော်မြင်တွေ့လိုက်ရပါတယ်။မီဒီယာတွေမှာရေးသားပြောဆိုနေတာတွေနဲ့ ပတ်သက်ပြီး အံ့လည်းအံ့သြမိခဲ့ပါတယ်။သူဟာ တနေ့ တနေ့ ပုံမှန်ပျော်ရွှင်နေသလို ဘလွန်းဒီအောဆုတောင် ဆွတ်ခူးနိုင်တဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ဒီလိုကစားသမားအတွက် ကွင်းထဲမှာဘယ်လောက်ပြေးလွှားပြီးကြိုးစားရကြိုးစားရ ကျွန်တော်လုပ်မှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SM