စနေ နေ့မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲဆီးလ် အသင်းက နယူးကာဆယ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီီီရာသီမှာ လူငယ်ကြယ်ပွင့်လေးတွေနဲ့အတူပုံစံကောင်းပြသနေတဲ့ ချဲဆီးလ်အသင်းအခုပွဲမှာလည်းပြိုင်ဘက်ကို အစစအရာရာအသာစီး ကစားသွားနိုင် ခဲ့တာဖြစ်ပါတယ်။

ဘောလုံး ပိုင်ဆိုင်မှု ရာခိုင်နှုန်းက ရ၁.၂ အထိရှိခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ကလည်း ၁၆ကြိမ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ၃ မှတ်တန် အနိုင်ဂိုးကို ရရှိဖို့ ပွဲချိန် ရ၃ မိနစ်အထိစောင့်ခဲ့ရပြီး အလွန်ဆိုရဲ့ထောင့်ဖြတ်ကန်ချက်ကောင်းတခုကနေ ဂိုးရသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲ အနိုင် ကြောင့် ချဲဆီးလ် အသင်းဟာ
( မန်စီးတီးအသင်းရဲ့ပွဲမတိုင်မီမှာ ) အဆင့်၃ နေရာအထိယာယီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ပထမဆုံးအဖြစ် ပြိုင်ပွဲစုံ ၅ပွဲဆက် အထိ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲဟာ ဒီရာသီ စတန်းဖို့ဒ်ဘရစ်မှာ အနိုင်ရခဲ့တဲ့ ဒုတိယမြောက် လိဂ်ပွဲလည်းဖြစ်ပါတယ်။ဒီပွဲမှာ ပါဝင် ကစားသွားခဲ့ကြတဲ့ ချဲဆီးလ် အသင်းသားတွေရဲ့ ခြေစွမ်း အဆင့် အတန်း နဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ် ကြည့်ရာမှာတော့ – – –

ကီပါ – 5

ပွဲချိန် ပထမပိုင်းအတွင်းမှာ သူ့အတွက်
လုပ်စရာအလုပ်မရှိသလောက်အထိဖြစ်ခဲ့တာပါ။နယူးကာဆယ်အသင်းခြိမ်းခြောက်မှုအချို့ရှိခဲ့ပေမယ့်ဂိုးပေါက်ကို ကန်သွင်းနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်း ဂိုးပေါက်တည့်အောင်မကန်နိုင်တဲ့ ပြိုင်ဘက်ကြောင့်ကီပါတယောက် ဘာမှကိုမလုပ်ပြခဲ့ရတာဖြစ်ကါတယ်။

အက်ပလီကွီတာ – 6

ခံစစ်အစွန်ကစားသမားတဦးဖြစ်ပေမယ့် ပွဲချိန်ပထမပိုင်းမှာ တိုက်စစ်ကိုထိထိရောက်ရောက် မကူညီပေးခဲ့ပဲ ခံစစ်ကိုကျစ်လျစ်အောင်လုပ်ဆောင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်း သူ့ရဲ့ ဖြတ်တင်ဘောအချို့ရှိခဲ့ပေမယ့် ဖြုန်းတီးမှုတွေသာဖြစ်ခဲ့ပါတယ်။

ဇူးမား – 8

ဗဟို ခံစစ်မှာအတော်လေးကောင်းတဲ့ ပုံစံကို ပြသသွားခဲ့ပြီး ဂျိုးလင်တန်နဲ့ အန်ဒီကာရိုးလ် တို့ကိုထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ချဲဆီးလ်အသင်းကတော့ ဇူးမားတယောက် အသက်အရွယ်ပိုကြီးလာပြီးပိုတောင့်တင်းလာဖို့ မျှော်လင့်နေမှာသေချာပါတယ်။ဒီပွဲဟာ ဒီရာသီ မှာသူ့အတွက်အကောင်းဆုံးပွဲတပွဲလည်းဖြစ်ခဲ့ပါတယ်။

တွန်မိုရီ – 5

လတ်တလောမှာ သူ့အတွက် အခက်ခဲဆုံးပွဲတပွဲဖြစ်ခဲ့ပါတယ်။ပထမပိုင်းမှာလည်းသူ့ရဲ့ဘောလုံးဖြန့်ဝေမှုတွေက ညံ့
ဖျင်းခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာ နယူးကာဆယ်အသင်းက ဘာဖိအားမှမပေးနိုင်ခဲ့ပေမယ့် တွန်မိုရီက အမှားလေးတွေရှိနေဆဲဖြစ်ပါတယ်။

အလွန်ဆို – 7

ပထမပိုင်း တလျှောက်လုံးမှာ သူက လူပိုတယောက်လိုဖြစ်နေခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း အယ်မီရွန် ရဲ့ ခြိမ်းခြောက် မှု အချို့ကိိုခံခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့သူက တိုက်စစ်ကိုပိုပြီးလိုက်ပါကစားသွားနိုင်ခဲ့ပါတယ်။အနိုင်ဂိုးကိုလည်း ဂိုးသမားရဲ့ အောက်ထောင့်ကိုလှလှပပ ကန်သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂျော်ဂျင်ဟို – 8

ကွင်းလယ်ကို လွှမ်းမိုး ကစားသွားနိုင် ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ရထားချိန်မှာလည်း ရှေ့ကို ရောက်နိုင်သမျှရောက်အောင်ပို့ဆောင်နိုင်ခဲ့သလို ပွဲအရှိန်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်း အံ့မခန်းခြေစွမ်းမျိုးပြသနိုင်ခဲ့တဲ့ ဒီအီတလီသားဟာ လတ်တလောမှာအကောင်းဆုံးပုံစံရနေတာဖြစ်ပါတယ်။

ဘာကလေ – 4

ပွဲအစ၃ မိနစ် မှာပဲ ထိခိုက် ဒဏ်ရာ ရသွားပြီး ကောင်းကောင်းပြန်ကစားနိုင် တော့တာ ဖြစ်ပါတယ်။ပွဲချိန် ၄၃ မိနစ် အရောက်မှာတော့ ကိုဗာဆစ် နဲ့ လူစားလဲခဲ့ရပါတယ်။

မေဆင်မောင့် – 5

အခွင့်အရေးကောင်းတကြိမ်ရခဲ့ပေမယ့် သူ့ရဲ့ အဆုံးသတ်ကို ပြိုင်ဘက် ဂိုးသမား က ကောင်းကောင်းမွန်မွန်ကာကွယ်သွားနိုင် ခဲ့ပါတယ်။သူဟာ ပွဲအတွင်းအလုံးစုံစီးမျောခြင်းမရှိသလိုဖြစ်ခဲ့ပြီး သက်ရောက်မှုလည်းနည်းခဲ့ပါတယ်။နေရာလွတ်လည်းရှာဖွေနိုင်ခြင်းမရှိခဲ့ ပဲ သာမန်ခြေစွမ်းသာရှိခဲ့ပါတယ်။

အိုဒွိုင်းစ် – 8

တပွဲလုံး အတောက်ပဆုံး ခြေစွမ်းပြခဲ့တဲ့ ကြယ်ပွင့်လေးဖြစ်ပါတယ်။အခွင့်အရေးရတိုင်း ရက်ဒ်လင်း ကို ဒုက္ခပေးကျော်ဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။သူ့ရဲ့ ပေးပို့ မှု အတော်များများကို အသင်းဖော်တွေအသုံးမချနိုင်ခဲ့လို့ ရဂိုးနည်းခဲ့တာဖြစ်ပါတယ်။အလွန်ဆိုရဲ့ ဂိုးကိုလည်းသူကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဝီလီယံ – 7

ပထမပိုင်းမှာ အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် လျှံထွက်ခဲ့သလို ပွဲချိန်အများစုမှာသိပ်ပြီးခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ဒါပေမယ့်ကောင်းမွန်တဲ့ ဘောလုံးအဟန့်အတားတွေ တန်ပြန်တိုက်စစ်စတင်မှုတွေတော့ရှိခဲ့ပါတယ်။

အေဘရာဟမ် – 6

ပွဲချိန် ပထမပိုင်းမှာ ဘောလုံးထိချက် ၈ ချက်သာ ရှိခဲ့တဲ့ အထိ သူ့ရဲ့ခြေစွမ်းက ဆိုးရွားခဲ့တာဖြစ်ပါတယ်။ဂိုးရလုနီးပါး ခေါင်းတိုက် ချက်ကလည်း ဘာတန်းထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။နောက်ထပ်ခေါင်းတိုက်ချက်တွေလည်းလွဲချော်ခဲ့ပါတယ်။

လူစားဝင်ကစားသမားများ –

ကိုဗာဆစ် – 7

ပူလီဆစ် – 7

ရိစ်ဂျိန်းစ် – 5