ဂ်ာမနီ လက္ေရြးစင္ ဂုိးသမား လီႏုိ ဟာ ဒီရာသီမွာ အာဆင္နယ္ အသင္းရဲ႕ ပထမ ဦးစားေပး ဂုိးသမား အျဖစ္ ပြဲထြက္ခြင့္ ရေနသူလည္း ျဖစ္ပါတယ္ ။ လီႏုိ က သူလည္း အားကစား သမား တစ္ဦး ျဖစ္တာေၾကာင့္ ယူရုိပါလိဂ္ ဗုိလ္လုပြဲ လုိ ပြဲမ်ဳိးမွာ ပြဲထြက္ ကစားခ်င္ေၾကာင္း ဖြင့္ဟ ေျပာၾကား လုိက္ပါတယ္ ။

ယူရုိပါလိဂ္ ဗုိလ္လုပဲြ မွာ လီႏုိ နဲ႔ ပီတာဆက္ခ်္ ဘယ္ဂုိးသမားကုိ ပြဲထြက္ အသုံးျပဳသင့္သလဲ ဆုိတာ အာဆင္နယ္ အသင္း ပရိသတ္ေတြၾကား အၾကိတ္အနယ္ ျငင္းခုန္ ေနၾကတဲ့ ကိစၥ တစ္ခု ျဖစ္ျပီး ပရိသတ္ အမ်ားစုကေတာ့ လီႏုိ ကုိ ဖမ္းေစခ်င္ ေနၾကပါတယ္ ။

ပီတာဆက္ခ်္ ဟာ ယူရုိပါလိဂ္ ပြဲစဥ္ေတာက္ေလ်ွာက္ ပင္တုိင္ ပြဲထြက္ခြင့္ ရခဲ့သူ ျဖစ္ျပီး အာဆင္နယ္ အသင္း ဖုိင္နယ္ တက္ေအာင္ စြမ္းေဆာင္ ေပးခဲ့သူပါ ။ ဒါ့အျပင္ ပီတာဆက္ခ်္ ဟာ ရာသီကုန္ရင္ အနားယူေတာ့မွာ ျဖစ္ျပီးကစားသမား ဘဝ ေနာက္ဆုံးပြဲ အျဖစ္ အသင္းေဟာင္း ခ်ဲလ္ဆီး အသင္း နဲ႔ ရင္ဆုိင္ ကစားရမွာလည္း ျဖစ္ပါတယ္ ။

အသက္ ၂၇ ႏွစ္ အရြယ္ ရွိျပီ ျဖစ္တဲ့ ဂုိးသမား လီႏုိ ကေတာ့ သူ႔ရဲ႕ ပထမဆုံး ရာသီမွာ ျပိဳင္ပြဲစုံ ၃၆ ပါဝင္ ကစားခြင့္ ရခဲ့ျပီး Clean-Sheet ၉ ပြဲ ရယူ ထားနုိင္ကာ အာဆင္နယ္ အသင္း ပရိသတ္ ေတြရဲ႕ သေဘာက် ႏွစ္သက္မႈ ကုိ ခံေနရတဲ့ ဂုိးသမား တစ္ဦးပါ ။

လီႏုိ က kicker နဲ႔ အင္တာဗ်ဴးမွာ ရာသီကုန္ရင္ ကစားသမား ဘဝကေန အနားယူေတာ့မယ့္ ပီတာဆက္ခ်္ နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိေၾကာင္း နဲ႔ ယူရုိပါလိဂ္ ဗုိလ္လုပြဲမွာေတာ့ ပြဲထြက္ ကစားခ်င္ေၾကာင္း ဖြင့္ဟ ေျပာၾကား လုိက္ပါတယ္ ။

” ပီတာ့ ကုိ က်ေနာ္ ေလးစားမႈ အျပည့္ ရွိပါတယ္ ။ က်ေနာ္ နဲ႔ သူနဲ႔ ဆက္ဆံေရးက ရင္းရင္းႏွီးႏွီး ပါပဲ ။ သူ႔အေပၚ ယုံၾကည္မႈ အျပည့္ ရွိပါတယ္ ။ က်ေနာ္ ကုိယ္တုိင္လည္း သူ႔ကုိ ေကာင္းေကာင္းမြန္မြန္ ေျပာဆုိ ဆက္ဆံပါတယ္ ။ ဒါေပမယ့္ က်ေနာ္လည္း အားကစား သမား တစ္ဦး ျဖစ္တာေၾကာင့္ ပြဲထြက္ကစားခ်င္ပါတယ္ ။ အထူးသျဖင့္ ဗုိလ္လုပြဲမွာေပါ့ ။ ”

ဆက္လက္ျပီး လီႏုိ က ” ယူရုိပါလိဂ္ ဖလား သာ ရရင္ က်ေနာ့္ ကစားသမားဘဝ တစ္ေလ်ွာက္ ပထမဆုံး ဆုဖလား ေအာင္ျမင္မႈၾကီး ျဖစ္လာမွာပါ ။ က်ေနာ္တုိ႔ အားလုံး ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ ကစားခြင့္ရဖုိ႔ စိတ္အား ထက္သန္ ေနၾကပါတယ္ ။ က်ေနာ္တုိ႔ ဒီရာသီ အေတာ္ေလး ေကာင္းေအာင္ ကစားထားနုိင္ေပမယ့္ ဗုိလ္လုပြဲ မွာသာ ရႈံးနိမ့္ သြားရင္ စိတ္ပ်က္စရာ ျဖစ္သြားမွာပါ ။ ” လုိ႔ ဆုိပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ မွာ အဆင့္ ငါး ေနရာမွာသာ ရပ္တည္ နုိင္ခဲ့တာေၾကာင့္ လာမယ့္ ရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရဖုိ႔ ဆုိရင္ ယူရုိပါလိဂ္ ျပိဳင္ပြဲမွာ ဗုိလ္စြဲဖုိ႔ လုိအပ္ ေနတာလည္း ျဖစ္ပါတယ္ ။ အာဆင္နယ္ အသင္းဟာ ဥေရာပ ျပိဳင္ပြဲေတြမွာ ဆုဖလား ေအာင္ျမင္မႈေတြနဲ႔ ေဝးကြာေနတာ ၂၅ ႏွစ္ ေက်ာ္ၾကာ ရွိေနျပီလည္း ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပွဲထွက် ကစားချင်ကြောင်း နည်းပြ အမ်မရီ ကို အသိပေးလိုက်တဲ့ #လီနို
=============================

ဂျာမနီ လက်ရွေးစင် ဂိုးသမား လီနို ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမား အဖြစ် ပွဲထွက်ခွင့် ရနေသူလည်း ဖြစ်ပါတယ် ။ လီနို က သူလည်း အားကစား သမား တစ်ဦး ဖြစ်တာကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲ လို ပွဲမျိုးမှာ ပွဲထွက် ကစားချင်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာ လီနို နဲ့ ပီတာဆက်ချ် ဘယ်ဂိုးသမားကို ပွဲထွက် အသုံးပြုသင့်သလဲ ဆိုတာ အာဆင်နယ် အသင်း ပရိသတ်တွေကြား အကြိတ်အနယ် ငြင်းခုန် နေကြတဲ့ ကိစ္စ တစ်ခု ဖြစ်ပြီး ပရိသတ် အများစုကတော့ လီနို ကို ဖမ်းစေချင် နေကြပါတယ် ။

ပီတာဆက်ချ် ဟာ ယူရိုပါလိဂ် ပွဲစဉ်တောက်လျှောက် ပင်တိုင် ပွဲထွက်ခွင့် ရခဲ့သူ ဖြစ်ပြီး အာဆင်နယ် အသင်း ဖိုင်နယ် တက်အောင် စွမ်းဆောင် ပေးခဲ့သူပါ ။ ဒါ့အပြင် ပီတာဆက်ချ် ဟာ ရာသီကုန်ရင် အနားယူတော့မှာ ဖြစ်ပြီးကစားသမား ဘဝ နောက်ဆုံးပွဲ အဖြစ် အသင်းဟောင်း ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂိုးသမား လီနို ကတော့ သူ့ရဲ့ ပထမဆုံး ရာသီမှာ ပြိုင်ပွဲစုံ ၃၆ ပါဝင် ကစားခွင့် ရခဲ့ပြီး Clean-Sheet ၉ ပွဲ ရယူ ထားနိုင်ကာ အာဆင်နယ် အသင်း ပရိသတ် တွေရဲ့ သဘောကျ နှစ်သက်မှု ကို ခံနေရတဲ့ ဂိုးသမား တစ်ဦးပါ ။

လီနို က kicker နဲ့ အင်တာဗျူးမှာ ရာသီကုန်ရင် ကစားသမား ဘဝကနေ အနားယူတော့မယ့် ပီတာဆက်ချ် နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်း နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာတော့ ပွဲထွက် ကစားချင်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

” ပီတာ့ ကို ကျနော် လေးစားမှု အပြည့် ရှိပါတယ် ။ ကျနော် နဲ့ သူနဲ့ ဆက်ဆံရေးက ရင်းရင်းနှီးနှီး ပါပဲ ။ သူ့အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ် ။ ကျနော် ကိုယ်တိုင်လည်း သူ့ကို ကောင်းကောင်းမွန်မွန် ပြောဆို ဆက်ဆံပါတယ် ။ ဒါပေမယ့် ကျနော်လည်း အားကစား သမား တစ်ဦး ဖြစ်တာကြောင့် ပွဲထွက်ကစားချင်ပါတယ် ။ အထူးသဖြင့် ဗိုလ်လုပွဲမှာပေါ့ ။ ”

ဆက်လက်ပြီး လီနို က ” ယူရိုပါလိဂ် ဖလား သာ ရရင် ကျနော့် ကစားသမားဘဝ တစ်လျှောက် ပထမဆုံး ဆုဖလား အောင်မြင်မှုကြီး ဖြစ်လာမှာပါ ။ ကျနော်တို့ အားလုံး ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့်ရဖို့ စိတ်အား ထက်သန် နေကြပါတယ် ။ ကျနော်တို့ ဒီရာသီ အတော်လေး ကောင်းအောင် ကစားထားနိုင်ပေမယ့် ဗိုလ်လုပွဲ မှာသာ ရှုံးနိမ့် သွားရင် စိတ်ပျက်စရာ ဖြစ်သွားမှာပါ ။ ” လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် မှာ အဆင့် ငါး နေရာမှာသာ ရပ်တည် နိုင်ခဲ့တာကြောင့် လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုရင် ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ လိုအပ် နေတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဥရောပ ပြိုင်ပွဲတွေမှာ ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ၂၅ နှစ် ကျော်ကြာ ရှိနေပြီလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR