• စပါး အသင်းနဲ့ လမ်းခွဲဖွယ် ရှိနေတဲ့ ဒိန်းမတ် ကွင်းလယ် ကစားသမား အဲရစ်ဆင် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ ထဲမှာ ရီးရဲ မက်ဒရစ် တစ်သင်းထဲ မဟုတ်တော့ပဲ ၊ ပီအက်စ်ဂျီ ကပါ စိတ်ဝင်စားလာနေပြီ ဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကတည်းက အသင်းပြောင်းဖို့ အရိပ်အမြွက် ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် ၊ သူ့ကို အရေးတယူ နဲ့ ကမ်းလှမ်းမယ့် အသင်းကို ထွက်ပေါ်လာခဲ့ခြင်း မရှိတာကြောင့် စပါးမှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

• စပိန် က သတင်းတွေမှာတော့ အာဆင်နယ် အသင်းရဲ့ ကွင်းလယ် ကစားသမား စီဘယ်လော့ဟာ ရီးရဲ ဥက္ကဌ ပီရက် နဲ့ တွေ့ဆုံပြီး သူ့ရဲ့ အနာဂတ် အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သတင်းတွေ အရ ရီးရဲဟာ သူ့ကို မလိုချင်တော့ဘူး ဆိုပါက ၊ လက်ရှိ အငှားနဲ့ ကစားပေးနေတဲ့ အာဆင်နယ်မှာပဲ အပြီးသတ် ပြောင်းရွှေ့မယ့် အကြောင်း ပီရက်ကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

• ယူနိုက်တက်ဟာ မာတစ်ကို အလွတ်ကြေး နဲ့ ဆုံးရှုံးမှု မရှိစေဖို့ ၊ တစ်နှစ် စာချုပ် သက်တမ်းတိုးဖို့ စဉ်းစားနေပါတယ်။ ကစားသမားရဲ့ လက်ရှိ စာချုပ်ဟာ ဒီရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ၊ အီတလီ ကလပ်တွေက သူ့ကို ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပါတယ်။

• ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ လီဗာပူး နဲ့ ရင်ဆိုင် မကစားမီ မှာပဲ ပြိုင်ဘက် ကို စကားလုံး တိုက်ပွဲ ဆင်နွှဲရင်း ၊ စစ်မြေပြင်ကို အခု ကတည်းက စတင်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ သူ့တို့ရဲ့ ယူနိုက်တက်ဟာ ဟာ ဘယ်လောက်အထိပဲ အခြေအနေ ဆိုးဝါး နေပါစေ ၊ ပရီးမီးယားလိဂ် ဖလား နောက်တစ်ကြိမ် သိမ်းပိုက်ဖို့အတွက် နှစ် 30 လောက် အချိန်ယူစရာ မလိုဘူးလို့ ခပ်ငေါ့ငေါ့ ပြောသွားတာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း 30 ကျော် ကြာအောင် စောင့်ဆိုင်းနေရတဲ့ လီဗာပူး ရဲ့ အရှိုက်ကို ထိုးနှက်လိုက်သလိုပါပဲ။

• ဆော်ဒီ တော်ဝင်မိသားစုဟာ ယူနိုက်တက် ကို ဝယ်ယူဖို့ အတွက် တတိယ အကြိမ်မြှောက် ထပ်မံ ချဉ်းကပ်လာနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂလေဇာ မိသားစု တစ်ဦးဟာ သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ပြန်လည်ရောင်းချဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်လာပြီး နောက်ပိုင်း ၊ ဒီသတင်းက ထပ်မံ ထွက်ပေါ်လာခဲ့တာပါ။ ယခင်ကတော့ ပေါင် 3 ဘီလီယံ နဲ့ ကမ်းလှမ်းခဲ့သည့်တိုင်အောင် ၊ ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။

• မန်စီးတီးဟာ သူတို့ရဲ့တိုက်စစ်မှုး စတာလင်ကို တစ်ပတ် လုပ်ခ ပေါင် 450000 အထိ ပေးပြီး ၊ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အဲဒီ ပမာဏ အတိုင်း ဆိုပါက စတာလင်ဟာ ပရီးမီးယားလိဂ် ရဲ့ လုပ်ခ လစာ အများဆုံး ဘောလုံးသမား ဖြစ်လာဖွယ် ရှိနေပါတယ်။

• မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ ကတော့ သူ့အနေနဲ့ ဒီညမှာ ကစားမယ့် လီဗာပူး နဲ့ ယူနိုက်တက် တို့ ပွဲစဉ်ကို ကြည့်မှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပြီး ၊ ချန်ပီယံလိဂ် ပွဲစဉ် အတွက် ပြိုင်ဘက်ရဲ့ ကစားကွက်ကို လေ့လာရဦးမှာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

• ရီးရဲ မက်ဒရစ် အသင်းဟာ လာလီဂါမှာ ဒီရာသီ ပထမဆုံး ရှုံးပွဲတွေ့ကြုံသွားခဲ့ရပြီ ဖြစ်ပြီး ၊ တန်းတက် မာယော့ကာ အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာပါ။ ဂိုးသမား ကော့တွိုက် ကတော့ ဒီရာသီမှာ ပေးဂိုးက 12 ဂိုး အထိ ပေးထားရပြီးပြီ ဖြစ်သော်လဲ ၊ ဂိုးပေါက် ကာကွယ်မှုက 11 ကြိမ်သာ ပြုလုပ် ထားနိုင်သေးတာ ဖြစ်ပါတယ်။

• နည်းပြ ဇီဒန်း ကတော့ ဒီပွဲ အရှုံးရလာဒ်ဟာ ဒဏ်ရာ ပြသနာတွေကြောင့် မဟုတ်ဘူးလို့ ပြောဆိုလိုက်ပြီး ၊ အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းဟာ ရီးရဲ မက်ဒရစ် အတွက် ကိုယ်စားပြုနိုင်တဲ့ စွမ်းဆောင်ရည်တွေ ရှိရမယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။

• အေတီကို အသင်းရဲ့ ကြယ်ပွင့် ကစားသမားလေး ဂျိုအာအို ဖီးလစ်ဟာ ဗလင်စီယာ နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အနည်းဆုံး 3 ပတ် အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ လေဗာကူဆင် ၊ ဘီဘာအို ၊ အလာဗက် ၊ ဆီဗီလာ တို့နဲ့ ကစားမယ့် ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

• ဘာစီလိုနာ အသင်းရဲ့ ကစားသမား ရော်ဘတ်တို ဟာ အီဘာနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိသွားတာကြောင့် ၊ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် ကစားမယ့် ဆလားဗီးယားပရဂ် နဲ့ ပွဲစဉ်ကို ပါဝင် ကစားပေးနိုင်မှာ မဟုတ်တော့ပါဘူး။

SPORTS MYANMAR

Zawgyi

လီဗာပူးကို စကားလုံး တိုက္ပြဲ ဆင္ႏႊဲလိုက္တဲ့ ဆိုးရွား နဲ႔ နံနက္ခင္းသတင္းမ်ား
*********************************

• စပါး အသင္းနဲ႔ လမ္းခြဲဖြယ္ ရွိေနတဲ့ ဒိန္းမတ္ ကြင္းလယ္ ကစားသမား အဲရစ္ဆင္ ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းေတြ ထဲမွာ ရီးရဲ မက္ဒရစ္ တစ္သင္းထဲ မဟုတ္ေတာ့ပဲ ၊ ပီအက္စ္ဂ်ီ ကပါ စိတ္ဝင္စားလာေနၿပီ ျဖစ္ပါတယ္။ အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ ကတည္းက အသင္းေျပာင္းဖို႔ အရိပ္အႁမြက္ ထုတ္ေဖာ္ ေျပာဆိုခဲ့ေပမယ့္ ၊ သူ႔ကို အေရးတယူ နဲ႔ ကမ္းလွမ္းမယ့္ အသင္းကို ထြက္ေပၚလာခဲ့ျခင္း မရွိတာေၾကာင့္ စပါးမွာပဲ ဆက္ရွိေနခဲ့တာ ျဖစ္ပါတယ္။

• စပိန္ က သတင္းေတြမွာေတာ့ အာဆင္နယ္ အသင္းရဲ့ ကြင္းလယ္ ကစားသမား စီဘယ္ေလာ့ဟာ ရီးရဲ ဥကၠဌ ပီရက္ နဲ႔ ေတြ႕ဆုံၿပီး သူ႔ရဲ့ အနာဂတ္ အတြက္ တရားဝင္ ေဆြးေႏြးမွုေတြ ျပဳလုပ္သြားခဲ့တယ္လို႔ ဆိုပါတယ္။ သတင္းေတြ အရ ရီးရဲဟာ သူ႔ကို မလိုခ်င္ေတာ့ဘူး ဆိုပါက ၊ လက္ရွိ အငွားနဲ႔ ကစားေပးေနတဲ့ အာဆင္နယ္မွာပဲ အၿပီးသတ္ ေျပာင္းေရႊ႕မယ့္ အေၾကာင္း ပီရက္ကို အသိေပးခဲ့တယ္လို႔ သိရပါတယ္။

• ယူနိုက္တက္ဟာ မာတစ္ကို အလြတ္ေၾကး နဲ႔ ဆုံးရွုံးမွု မရွိေစဖို႔ ၊ တစ္ႏွစ္ စာခ်ဳပ္ သက္တမ္းတိုးဖို႔ စဥ္းစားေနပါတယ္။ ကစားသမားရဲ့ လက္ရွိ စာခ်ဳပ္ဟာ ဒီရာသီ အကုန္မွာ သက္တမ္း ကုန္ဆုံးမွာ ျဖစ္ၿပီး ၊ အီတလီ ကလပ္ေတြက သူ႔ကို ေခၚယူဖို႔ မ်က္စိက်ေနတာ ျဖစ္ပါတယ္။

• ယူနိုက္တက္ နည္းၿပ ဆိုးရွား ကေတာ့ လီဗာပူး နဲ႔ ရင္ဆိုင္ မကစားမီ မွာပဲ ၿပိဳင္ဘက္ ကို စကားလုံး တိုက္ပြဲ ဆင္ႏႊဲရင္း ၊ စစ္ေျမျပင္ကို အခု ကတည္းက စတင္လိုက္ၿပီ ျဖစ္ပါတယ္။ အဲဒါကေတာ့ သူ႔တို႔ရဲ့ ယူနိုက္တက္ဟာ ဟာ ဘယ္ေလာက္အထိပဲ အေျခအေန ဆိုးဝါး ေနပါေစ ၊ ပရီးမီးယားလိဂ္ ဖလား ေနာက္တစ္ႀကိမ္ သိမ္းပိုက္ဖို႔အတြက္ ႏွစ္ 30 ေလာက္ အခ်ိန္ယူစရာ မလိုဘူးလို႔ ခပ္ေငါ့ေငါ့ ေျပာသြားတာ ျဖစ္ပါတယ္။ ဒါဟာ ႏွစ္ေပါင္း 30 ေက်ာ္ ၾကာေအာင္ ေစာင့္ဆိုင္းေနရတဲ့ လီဗာပူး ရဲ့ အရွိုက္ကို ထိုးႏွက္လိုက္သလိုပါပဲ။

• ေဆာ္ဒီ ေတာ္ဝင္မိသားစုဟာ ယူနိုက္တက္ ကို ဝယ္ယူဖို႔ အတြက္ တတိယ အႀကိမ္ေျမႇာက္ ထပ္မံ ခ်ဥ္းကပ္လာေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ဂေလဇာ မိသားစု တစ္ဦးဟာ သူပိုင္ဆိုင္တဲ့ ရွယ္ယာေတြကို ျပန္လည္ေရာင္းခ်ဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္လာၿပီး ေနာက္ပိုင္း ၊ ဒီသတင္းက ထပ္မံ ထြက္ေပၚလာခဲ့တာပါ။ ယခင္ကေတာ့ ေပါင္ 3 ဘီလီယံ နဲ႔ ကမ္းလွမ္းခဲ့သည့္တိုင္ေအာင္ ၊ ပယ္ခ်ထားခဲ့တာ ျဖစ္ပါတယ္။

• မန္စီးတီးဟာ သူတို႔ရဲ့တိုက္စစ္မွုး စတာလင္ကို တစ္ပတ္ လုပ္ခ ေပါင္ 450000 အထိ ေပးၿပီး ၊ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ အဲဒီ ပမာဏ အတိုင္း ဆိုပါက စတာလင္ဟာ ပရီးမီးယားလိဂ္ ရဲ့ လုပ္ခ လစာ အမ်ားဆုံး ေဘာလုံးသမား ျဖစ္လာဖြယ္ ရွိေနပါတယ္။

• မန္စီးတီး နည္းၿပ ပက္ဂြာဒီယိုလာ ကေတာ့ သူ႔အေနနဲ႔ ဒီညမွာ ကစားမယ့္ လီဗာပူး နဲ႔ ယူနိုက္တက္ တို႔ ပြဲစဥ္ကို ၾကည့္မွာ မဟုတ္ဘူးလို႔ ေျပာဆိုသြားခဲ့ၿပီး ၊ ခ်န္ပီယံလိဂ္ ပြဲစဥ္ အတြက္ ၿပိဳင္ဘက္ရဲ့ ကစားကြက္ကို ေလ့လာရဦးမွာ ျဖစ္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

• ရီးရဲ မက္ဒရစ္ အသင္းဟာ လာလီဂါမွာ ဒီရာသီ ပထမဆုံး ရွုံးပြဲေတြ႕ၾကဳံသြားခဲ့ရၿပီ ျဖစ္ၿပီး ၊ တန္းတက္ မာေယာ့ကာ အသင္းကို အေဝးကြင္းမွာ ရွုံးနိမ့္ခဲ့တာပါ။ ဂိုးသမား ေကာ့တြိဳက္ ကေတာ့ ဒီရာသီမွာ ေပးဂိုးက 12 ဂိုး အထိ ေပးထားရၿပီးၿပီ ျဖစ္ေသာ္လဲ ၊ ဂိုးေပါက္ ကာကြယ္မွုက 11 ႀကိမ္သာ ျပဳလုပ္ ထားနိုင္ေသးတာ ျဖစ္ပါတယ္။

• နည္းၿပ ဇီဒန္း ကေတာ့ ဒီပြဲ အရွုံးရလာဒ္ဟာ ဒဏ္ရာ ျပသနာေတြေၾကာင့္ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ၿပီး ၊ အသင္းမွာ ရွိတဲ့ ကစားသမားတိုင္းဟာ ရီးရဲ မက္ဒရစ္ အတြက္ ကိုယ္စားျပဳနိုင္တဲ့ စြမ္းေဆာင္ရည္ေတြ ရွိရမယ္လို႔ သတိေပး ေျပာဆိုသြားခဲ့ပါတယ္။

• ေအတီကို အသင္းရဲ့ ၾကယ္ပြင့္ ကစားသမားေလး ဂ်ိဳအာအို ဖီးလစ္ဟာ ဗလင္စီယာ နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေျခက်င္းဝတ္ ဒဏ္ရာ ရရွိသြားခဲ့တာေၾကာင့္ အနည္းဆုံး 3 ပတ္ အထိ အနားယူရေတာ့မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူဟာ ေလဗာကူဆင္ ၊ ဘီဘာအို ၊ အလာဗက္ ၊ ဆီဗီလာ တို႔နဲ႔ ကစားမယ့္ ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။

• ဘာစီလိုနာ အသင္းရဲ့ ကစားသမား ေရာ္ဘတ္တို ဟာ အီဘာနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ဒူးဒဏ္ရာ ရရွိသြားတာေၾကာင့္ ၊ ခ်န္ပီယံလိဂ္ ပြဲစဥ္ အျဖစ္ ကစားမယ့္ ဆလားဗီးယားပရဂ္ နဲ႔ ပြဲစဥ္ကို ပါဝင္ ကစားေပးနိုင္မွာ မဟုတ္ေတာ့ပါဘူး။

SPORTS MYANMAR