VAR

ပရီးမီးယားလိဂ် မှာတော့ VAR နည်းပညာ ကို ပထမဆုံး စတင် သုံးစွဲတဲ့ ဘောလုံးရာသီမှာပဲ အငြင်းပွားစရာ အနေအထားတွေဟာ တစ်ပတ်နဲ့ တစ်ပတ် မရိုးနိုင်အောင် ပေါ်ထွက်လာလျှက် ရှိနေပါတယ်။

မန်စီးတီး ပရိသတ်တွေက ဒီဘရိုင်း အပေါ် ဇာဟာ က ပြစ်ဒဏ်ကျူးလွန်းတာကို ပင်နယ်တီ မပေးလို့ မေးခွန်းထုတ်နေကြချိန်မှာ ၊ အဲဒီ ဆိုးတဲ့ အဖြစ်အပျက် တစ်ခုက ဝက်ဖို့ဒ် နဲ့ စပါးတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖြစ်ပျက်သွားခဲ့ပါတယ်။

ဝက်ဖို့ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲ လုံး၀ မရသေးတာကြောင့် ဒီကနေ့ပွဲမှာတော့ အစွမ်းကုန် ပြင်ဆင်လာခဲ့တာပါ။ ပွဲစလို့ 6 မီးနစ် အရောက်မှာပဲ ဒိုကူရီ ရဲ့ သွင်းဂိုး နဲ့ ဦးဆောင်နိုင်ခဲ့လို့ ၊ ပထမဆုံး နိုင်ပွဲရဖို့ နီးစပ်နေပြီလို့ ယူဆနေကြဆဲမှာပဲ 86 မီးနစ် အရောက်မှ စပါး ကွင်းလယ် ကစားသမား အလီ ရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုလိုက်ရပါတယ်။

အဲဒီ ဂိုးနဲ့ ပတ်သက်ပြီး VAR နဲ့ ပြန်လည် ကြည့်ရှု သုံးသပ်ခဲ့ရာ ၊ ကွင်းထဲမှာ ရှိတဲ့ Big Screen မှာ No Goal လို့ ပြသခဲ့သည့်တိုင်အောင် ၊ ဒိုင်လူကြီးကတော့ ဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။ အဲဒီလို လွဲချော်မှုကြောင့်ပဲ ဝက်ဖို့ဒ် ကစားသမားတွေရော ၊ ပရိသတ်တွေကပါ စိတ်ပျက်ခဲ့ကြပြီး ၊ VAR အပေါ် အခုလို မေးခွန်း ထုတ်လာခဲ့ကြပါတယ်။

 

“ ဂိုးပေးလိုက်တာ တော်တော်လေးကို ထူးဆန်းတယ်ဗျာ။ ကျနော် က VAR ဟာ ဘောလုံးလောက ကို အကူအညီပေးနေတယ်လို့ ထင်ထားတယ် ၊ နောက်ဆုံးတော့ မျှော်လင့်ထားသလို ဖြစ်မလာပါဘူး။

အလီ ဂိုးသွင်းသွားတဲ့ အနေအထားကို ပြောပြရမယ် ဆိုရင် သူတို့ဟာ Build-Up အနေအထားမှာ ကတည်းက ဟယ်ရီးကိန်းက ကာဘာစီလီ ကို လက်နဲ့ တွန်းချလိုက်တာပါ။

ဒါကိုတော့ သေချာ မြင်သင့်ပါတယ်။ ကျနော့် ကစားသမားတွေဟာ ဒီပွဲမှာ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပြီး ၊ အခုလို ပုံစံမျိုး နဲ့ ချေပဂိုး ပေးလိုက်ရတော့ ဘယ်လိုလုပ်ပြီး ကျေနပ်မလဲဗျာ။ VAR ဟာ ဘယ်လို အလုပ်လုပ် သွားတယ်ဆိုတာ ကျနော်လဲ မပြောပြတတ်တော့ ပါဘူး” လို့ ဝက်ဖို့ဒ် နည်းပြ ဖလောရက် က မှတ်ချက် ပေးသွားခဲ့ပါတယ်။

စပါး အသင်းရဲ့ နည်းပြ ပိုချက်တီနို ကတော့ အဲဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ဝက်ဖို့ဒ် အတွက် ကိုယ်ချင်းစာမိတယ်လို့ မှတ်ချက် ပေးသွားခဲ့သလို ၊ အဓိက ဖြေရှင်းရမယ့် သူက ပရီးမီးယားလိဂ်သာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

“ ချေပဂိုး နဲ့ ပတ်သက်ပြီး ဒွိဟ ဖြစ်နေကြတဲ့ အချက်က ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ပရီးမီးယားလိဂ် နဲ့ပဲ ဆိုင်တာပါ။

ဒါပေမယ့် သူတို့ ပရိသတ်တွေ ၊ ကစားသမားတွေ ဟာ ဘယ်လို ခံစားနေရမလဲ ဆိုတာ ကိုယ်ချင်းစာမိပါတယ်။

No Goal လို့ ပြမိတာလဲ ၊ အထဲက တာဝန် ရှိသူ တစ်ယောက်က ခလုတ်မှားပြီး နှိပ်မိသွားတာမျိုးလဲ ဖြစ်နိုင်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ချက်ခြင်း ဆိုသလို ပရီးမီးယားလိဂ် ရဲ့ VAR နည်းပညာ ကို တာဝန်ယူထားတဲ့ Hawk-Eye ကွန်ပနီ က အခုလို လွဲမှားသွားရတဲ့ အတွက် တရားဝင် တောင်းပန်ကြောင်း ကြေငြာချက် ထုတ်ပြန်လာခဲ့ပါတယ်။ အဲဒီ ကြေငြာချက်မှာတော့ –

“ Hawk-Eye အနေနဲ့ စပါး ပရိသတ်တွေ ကိုရော ၊ ဝက်ဖို့ဒ် ပရိသတ်တွေ ကိုပါ ဒွိဟတွေ ဖြစ်စေခဲ့တဲ့ အတွက် တောင်းပန်ပါတယ်။ ကျနော်တို့ ဟာ ဒိုင်လူကြီးများ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ဒီကိစ္စအပေါ် ပြန်လည် လုပ်ဆောင်နေပါတယ်။

ပရီးမီးယားလိဂ် ကလဲ ကျနော်တို့ ရဲ့ နည်းပညာ စိန်ခေါ်မှုကို နားလည်ပါတယ်။ နောက် နောင်မှာ ဒါမျိုး မဖြစ်အောင် စနစ်တကျ ဆောင်ရွက်သွားပါ့မယ်လို့ ကတိပေးပါတယ်” လို့ ဖော်ပြသွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

VAR Screen က No Goal လို႔ ျပၿပီး ၊ ဒိုင္လူႀကီးက ဂိုး ခြင့္ျပဳခဲ့လို႔ ၊ အျငင္းပြားစရာေတြ နဲ႔ အဆုံးသတ္ခဲ့ရတဲ့ ဝက္ဖို႔ဒ္ 1-1 စပါး ပြဲ
*************************************************

ပရီးမီးယားလိဂ္ မွာေတာ့ VAR နည္းပညာ ကို ပထမဆုံး စတင္ သုံးစြဲတဲ့ ေဘာလုံးရာသီမွာပဲ အျငင္းပြားစရာ အေနအထားေတြဟာ တစ္ပတ္နဲ႔ တစ္ပတ္ မရိုးနိုင္ေအာင္ ေပၚထြက္လာလၽွက္ ရွိေနပါတယ္။

မန္စီးတီး ပရိသတ္ေတြက ဒီဘရိုင္း အေပၚ ဇာဟာ က ျပစ္ဒဏ္က်ဴးလြန္းတာကို ပင္နယ္တီ မေပးလို႔ ေမးခြန္းထုတ္ေနၾကခ်ိန္မွာ ၊ အဲဒီ ဆိုးတဲ့ အျဖစ္အပ်က္ တစ္ခုက ဝက္ဖို႔ဒ္ နဲ႔ စပါးတို႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ျဖစ္ပ်က္သြားခဲ့ပါတယ္။

ဝက္ဖို႔ဒ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ နိုင္ပြဲ လုံး၀ မရေသးတာေၾကာင့္ ဒီကေန႔ပြဲမွာေတာ့ အစြမ္းကုန္ ျပင္ဆင္လာခဲ့တာပါ။ ပြဲစလို႔ 6 မီးနစ္ အေရာက္မွာပဲ ဒိုကူရီ ရဲ့ သြင္းဂိုး နဲ႔ ဦးေဆာင္နိုင္ခဲ့လို႔ ၊ ပထမဆုံး နိုင္ပြဲရဖို႔ နီးစပ္ေနၿပီလို႔ ယူဆေနၾကဆဲမွာပဲ 86 မီးနစ္ အေရာက္မွ စပါး ကြင္းလယ္ ကစားသမား အလီ ရဲ့ ေခ်ပဂိုးကို ျပန္လည္ ခြင့္ျပဳလိုက္ရပါတယ္။

အဲဒီ ဂိုးနဲ႔ ပတ္သက္ၿပီး VAR နဲ႔ ျပန္လည္ ၾကည့္ရွု သုံးသပ္ခဲ့ရာ ၊ ကြင္းထဲမွာ ရွိတဲ့ Big Screen မွာ No Goal လို႔ ျပသခဲ့သည့္တိုင္ေအာင္ ၊ ဒိုင္လူႀကီးကေတာ့ ဂိုးအျဖစ္ ခြင့္ျပဳခဲ့ပါတယ္။ အဲဒီလို လြဲေခ်ာ္မွုေၾကာင့္ပဲ ဝက္ဖို႔ဒ္ ကစားသမားေတြေရာ ၊ ပရိသတ္ေတြကပါ စိတ္ပ်က္ခဲ့ၾကၿပီး ၊ VAR အေပၚ အခုလို ေမးခြန္း ထုတ္လာခဲ့ၾကပါတယ္။

“ ဂိုးေပးလိုက္တာ ေတာ္ေတာ္ေလးကို ထူးဆန္းတယ္ဗ်ာ။ က်ေနာ္ က VAR ဟာ ေဘာလုံးေလာက ကို အကူအညီေပးေနတယ္လို႔ ထင္ထားတယ္ ၊ ေနာက္ဆုံးေတာ့ ေမၽွာ္လင့္ထားသလို ျဖစ္မလာပါဘူး။

အလီ ဂိုးသြင္းသြားတဲ့ အေနအထားကို ေျပာျပရမယ္ ဆိုရင္ သူတို႔ဟာ Build-Up အေနအထားမွာ ကတည္းက ဟယ္ရီးကိန္းက ကာဘာစီလီ ကို လက္နဲ႔ တြန္းခ်လိုက္တာပါ။

ဒါကိုေတာ့ ေသခ်ာ ျမင္သင့္ပါတယ္။ က်ေနာ့္ ကစားသမားေတြဟာ ဒီပြဲမွာ အစြမ္းကုန္ တိုက္ပြဲဝင္ခဲ့တာ ျဖစ္ၿပီး ၊ အခုလို ပုံစံမ်ိဳး နဲ႔ ေခ်ပဂိုး ေပးလိုက္ရေတာ့ ဘယ္လိုလုပ္ၿပီး ေက်နပ္မလဲဗ်ာ။ VAR ဟာ ဘယ္လို အလုပ္လုပ္ သြားတယ္ဆိုတာ က်ေနာ္လဲ မေျပာျပတတ္ေတာ့ ပါဘူး” လို႔ ဝက္ဖို႔ဒ္ နည္းၿပ ဖေလာရက္ က မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

စပါး အသင္းရဲ့ နည္းၿပ ပိုခ်က္တီနို ကေတာ့ အဲဒီ ကိစၥ နဲ႔ ပတ္သက္ၿပီး ဝက္ဖို႔ဒ္ အတြက္ ကိုယ္ခ်င္းစာမိတယ္လို႔ မွတ္ခ်က္ ေပးသြားခဲ့သလို ၊ အဓိက ေျဖရွင္းရမယ့္ သူက ပရီးမီးယားလိဂ္သာ ျဖစ္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

“ ေခ်ပဂိုး နဲ႔ ပတ္သက္ၿပီး ဒြိဟ ျဖစ္ေနၾကတဲ့ အခ်က္က က်ေနာ္တို႔နဲ႔ မဆိုင္ပါဘူး။ ပရီးမီးယားလိဂ္ နဲ႔ပဲ ဆိုင္တာပါ။

ဒါေပမယ့္ သူတို႔ ပရိသတ္ေတြ ၊ ကစားသမားေတြ ဟာ ဘယ္လို ခံစားေနရမလဲ ဆိုတာ ကိုယ္ခ်င္းစာမိပါတယ္။

No Goal လို႔ ျပမိတာလဲ ၊ အထဲက တာဝန္ ရွိသူ တစ္ေယာက္က ခလုတ္မွားၿပီး ႏွိပ္မိသြားတာမ်ိဳးလဲ ျဖစ္နိုင္ပါတယ္” လို႔ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

ခ်က္ျခင္း ဆိုသလို ပရီးမီးယားလိဂ္ ရဲ့ VAR နည္းပညာ ကို တာဝန္ယူထားတဲ့ Hawk-Eye ကြန္ပနီ က အခုလို လြဲမွားသြားရတဲ့ အတြက္ တရားဝင္ ေတာင္းပန္ေၾကာင္း ေၾကျငာခ်က္ ထုတ္ျပန္လာခဲ့ပါတယ္။ အဲဒီ ေၾကျငာခ်က္မွာေတာ့ –

“ Hawk-Eye အေနနဲ႔ စပါး ပရိသတ္ေတြ ကိုေရာ ၊ ဝက္ဖို႔ဒ္ ပရိသတ္ေတြ ကိုပါ ဒြိဟေတြ ျဖစ္ေစခဲ့တဲ့ အတြက္ ေတာင္းပန္ပါတယ္။ က်ေနာ္တို႔ ဟာ ဒိုင္လူႀကီးမ်ား အဖြဲ႕အစည္းနဲ႔ ပူးေပါင္းၿပီး ဒီကိစၥအေပၚ ျပန္လည္ လုပ္ေဆာင္ေနပါတယ္။

ပရီးမီးယားလိဂ္ ကလဲ က်ေနာ္တို႔ ရဲ့ နည္းပညာ စိန္ေခၚမွုကို နားလည္ပါတယ္။ ေနာက္ ေနာင္မွာ ဒါမ်ိဳး မျဖစ္ေအာင္ စနစ္တက် ေဆာင္ရြက္သြားပါ့မယ္လို႔ ကတိေပးပါတယ္” လို႔ ေဖာ္ျပသြားခဲ့ပါတယ္။

SPORTS MYANMAR