အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်စတီယန် ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ မှာ ဂျာမန် ကလပ် ဒေါ့မွန် အသင်း ကနေ ချယ်လ်ဆီး အသင်း ထံသို့ ပေါင် ၅၈ သန်း နဲ့ ပြောင်းရွှေ့လာဖို့ သဘောတူညီမှု ရခဲ့ပြီး ရာသီကုန် အထိ ဒေါ့မွန် အသင်း မှာ အငှား ဆက်ကစား ခဲ့ပါတယ် ။

ယခုနှစ် ဘောလုံး ရာသီ မှာတော့ ချယ်လ်ဆီး အသင်း နဲ့ စတင် ပူးပေါင်း နေပြီ ဖြစ်တဲ့ ပူလီဆစ် ဟာ အစောပိုင်း မှာ ချယ်လ်ဆီး အသင်း အတွက် ပွဲထွက်ခွင့် တချို့ ရရှိ ခဲ့ပေမယ့် နောက်ဆုံး ပရီးမီးယားလိဂ် ၅ပွဲ ဆက်တိုက် ပွဲထွက်ခွင့် တွေ ပျောက်ဆုံး ခဲ့ရပါတယ် ။ ဝါရင့် တောင်ပံ ကစားသမား ဝီလီယံ ခြေစွမ်း ပြနေမှု ၊ အကယ်ဒမီ လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဒဏ်ရာ က ပြန်ကောင်းလာမှု တွေကြောင့် ပူလီဆစ် အတွက် ပွဲထွက်ခွင့် ရဖို့ ပိုပြီး ရုန်းကန် နေရပါတယ် ။

မနေ့က နယူးကာဆယ် နဲ့ ပွဲရဲ့ ဒုတိယပိုင်း မှာတော့ ပူလီဆစ် ဟာ မေဆင်မောင့် အစား လူစားဝင် ကစားခွင့် ရရှိခဲ့ကာ အထူး ခြေစွမ်း ပြသ နို်င်ခဲ့သလို ၊ မားကို့စ် အလွန်ဆို ရဲ့ တလုံးတည်းသော အနိုင်ဂိုး ဟာလည်း ၄င်းဆီက မြစ်ဖျား ခံလာတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ပူလီဆစ် ရဲ့ ပေးပို့မှု ကို အိုဒွိုင်း ရဲ့ တည်ငြိမ်တဲ့ ဘောလုံး ထိန်းချုပ်မှု နဲ့ အတူ အလွန်ဆို ကို ပေးပို့ရာ အလွန်ဆို က အပြင်း ကန်သွင်း အဆုံးသတ် ခဲ့တာ ဖြစ်ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က အခုလို မနေ့က ပွဲမှာ လူစားဝင်ခွင့် ရတဲ့ အချိန် အတွင်း မှာ အကောင်းဆုံး ကြိုးစားပြီး ခြေစွမ်း ပြနိုင်ခဲ့တဲ့ ပူလီဆစ် အတွက် ဝမ်းသာ မိကြောင်း ၊ တန်ကြေး မြင့်မားမှု နဲ့ နိုင်ငံ လက်ရွေးစင် အသင်း မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် ကြောင့် ခက်ခဲတဲ့ အခိုက်အတန့် တွေကြား က အခုလို ပူလီဆစ် ရုန်းထွက် ပြခဲ့ကြောင်း ချီးကျူး ခဲ့ပါတယ် ။

လမ်းပတ် က ” ဒီနေ့ ပွဲက ခရစ်တီယန် ရဲ့ ခြေစွမ်း နဲ့ ပတ်သက်ပြီး ကျွန်တော် အတော်လေး ကျေနပ် မိပါတယ် ။ ပြောင်းရွှေ့ကြေး က အရမ်း မြင့်မား ခဲ့တာကြောင့် ခရစ်တီယန် ဟာ လူတွေရဲ့ ပါးစပ်ဖျား မှာ ဆွေးနွေးစရာ အဖြစ် ရှိလို့ နေခဲ့ပါတယ် ။ ဒါ့အပြင် နိုင်ငံ လက်ရွေးစင် အသင်း မှာ သူ့ရဲ့ အရေးပါမှု ၊ ကမ္ဘာ တလွှားက ဘောလုံးကြည့် ပရိသတ် တွေရဲ့ စောင့်ကြည့်မှု ကိုပါ သူ ခံခဲ့ရပါတယ် ။ ”

” လူတွေက သူ ခြေစွမ်း မပြနိုင်တဲ့ အရာ တွေကို အခုလို အချိန်တို အတွင်းမှာ ဝေဖန်ကောင်း ဝေဖန် နိုင်ပါတယ် ။ ကျွန်တော် တို့ အတွက် ရေရှည် ကို စဉ်းစား ရမယ် ဆိုရင် ခရစ်တီယန် ဟာ အသက် ၂၁ နှစ်ပဲ ရှိပါသေးတယ် ၊ ဒီနေ့ ပွဲမှာ သူ ဒီလောက် ပမာဏ ခြေစွမ်းမျိုး ပြသ နိုင်ခဲ့တယ် ၊ နောက်ပွဲ တွေမှာ အခုထက် ပိုကောင်းတဲ့ ပုံစံ တွေ သူ့ဆီကနေ ထပ်လာ နိုင်ပါသေးတယ် ။ ”

” ဒါဟာ ခရစ်တီယန် ရဲ့ ပုံပြင် နိဂုံး မဟုတ်သေးပါဘူး ။ ခင်ဗျား တို့ဟာ သူ့ရဲ့ ဟန်ချက် ၊ တုန့်ပြန်မှု ၊ ပြိုင်ဖက် တွေရဲ့ ချဉ်းကပ်မှု ကို စောင့်ကြည့်နေမှု အားတွေက အရမ်း ကောင်းခဲ့တာ ကို မြင်တွေ့ ခဲ့ရမှာပါ ။ လူငယ် ကစားသမား တွေနဲ့ ပတ်သက် လာရင် ခြေစွမ်းပိုင်း တိုးတက်မှု တွေကို အမြဲ မြင်တွေ့ ရလေ့ ရှိပေမယ့် ဒီနေ့ ပွဲမှာတော့ ကျွန်တော် ဟာ ခရစ်တီယန် အတွက် ဝမ်းသာ အားရ မိပါတယ် ။ ”

” ခရစ်တီယန် ကိုယ်တိုင် လည်း ဒီနေ့ ပွဲမှာ သူ့ရဲ့ ခြေစွမ်း အတွက် အတော်လေး ကျေနပ် နေမိမယ် လို့ ထင်ပါတယ် ။ သူ ကျေလည်း ကျေနပ် သင့်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ဒီနေ့ပွဲ မှာ ကျွန်တော် တို့ အသင်း ရဲ့ ကြီးမားတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့လို့ပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

နယူးကာဆယ္ နဲ႕ ပြဲမွာ လူစားဝင္ျပီး ေျခစြမ္း ျပခဲ့တဲ့ ပူလီဆစ္ ကို အထူး ခ်ီးက်ဴး ေျပာဆိုလိုက္တဲ့ #လမ္းပတ္

အေမရိကန္ လက္ေရြးစင္ ေတာင္ပံ ကစားသမား ခရစ္စတီယန္ ပူလီဆစ္ ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႕ ကာလ မွာ ဂ်ာမန္ ကလပ္ ေဒါ့မြန္ အသင္း ကေန ခ်ယ္လ္ဆီး အသင္း ထံသို႕ ေပါင္ ၅၈ သန္း နဲ႕ ေျပာင္းေရႊ႕လာဖို႕ သေဘာတူညီမႈ ရခဲ့ျပီး ရာသီကုန္ အထိ ေဒါ့မြန္ အသင္း မွာ အငွား ဆက္ကစား ခဲ့ပါတယ္ ။

ယခုႏွစ္ ေဘာလံုး ရာသီ မွာေတာ့ ခ်ယ္လ္ဆီး အသင္း နဲ႕ စတင္ ပူးေပါင္း ေနျပီ ျဖစ္တဲ့ ပူလီဆစ္ ဟာ အေစာပိုင္း မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ပြဲထြက္ခြင့္ တခ်ိဳ႕ ရရွိ ခဲ့ေပမယ့္ ေနာက္ဆံုး ပရီးမီးယားလိဂ္ ၅ပြဲ ဆက္တိုက္ ပြဲထြက္ခြင့္ ေတြ ေပ်ာက္ဆံုး ခဲ့ရပါတယ္ ။ ဝါရင့္ ေတာင္ပံ ကစားသမား ဝီလီယံ ေျခစြမ္း ျပေနမႈ ၊ အကယ္ဒမီ လူငယ္ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း ဒဏ္ရာ က ျပန္ေကာင္းလာမႈ ေတြေၾကာင့္ ပူလီဆစ္ အတြက္ ပြဲထြက္ခြင့္ ရဖို႕ ပိုျပီး ရုန္းကန္ ေနရပါတယ္ ။

မေန႕က နယူးကာဆယ္ နဲ႕ ပြဲရဲ႕ ဒုတိယပိုင္း မွာေတာ့ ပူလီဆစ္ ဟာ ေမဆင္ေမာင့္ အစား လူစားဝင္ ကစားခြင့္ ရရွိခဲ့ကာ အထူး ေျခစြမ္း ျပသ ႏို္င္ခဲ့သလို ၊ မားကို႕စ္ အလြန္ဆို ရဲ႕ တလံုးတည္းေသာ အႏိုင္ဂိုး ဟာလည္း ၄င္းဆီက ျမစ္ဖ်ား ခံလာတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ ပူလီဆစ္ ရဲ႕ ေပးပို႕မႈ ကို အိုဒိြဳင္း ရဲ႕ တည္ျငိမ္တဲ့ ေဘာလံုး ထိန္းခ်ဳပ္မႈ နဲ႕ အတူ အလြန္ဆို ကို ေပးပို႕ရာ အလြန္ဆို က အျပင္း ကန္သြင္း အဆံုးသတ္ ခဲ့တာ ျဖစ္ပါတယ္ ။

ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က အခုလို မေန႕က ပြဲမွာ လူစားဝင္ခြင့္ ရတဲ့ အခ်ိန္ အတြင္း မွာ အေကာင္းဆံုး ၾကိဳးစားျပီး ေျခစြမ္း ျပႏိုင္ခဲ့တဲ့ ပူလီဆစ္ အတြက္ ဝမ္းသာ မိေၾကာင္း ၊ တန္ေၾကး ျမင့္မားမႈ နဲ႕ ႏိုင္ငံ လက္ေရြးစင္ အသင္း မွာ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ ေၾကာင့္ ခက္ခဲတဲ့ အခိုက္အတန္႕ ေတြၾကား က အခုလို ပူလီဆစ္ ရုန္းထြက္ ျပခဲ့ေၾကာင္း ခ်ီးက်ဴး ခဲ့ပါတယ္ ။

လမ္းပတ္ က ” ဒီေန႕ ပြဲက ခရစ္တီယန္ ရဲ႕ ေျခစြမ္း နဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ အေတာ္ေလး ေက်နပ္ မိပါတယ္ ။ ေျပာင္းေရႊ႕ေၾကး က အရမ္း ျမင့္မား ခဲ့တာေၾကာင့္ ခရစ္တီယန္ ဟာ လူေတြရဲ႕ ပါးစပ္ဖ်ား မွာ ေဆြးေႏြးစရာ အျဖစ္ ရွိလို႕ ေနခဲ့ပါတယ္ ။ ဒါ့အျပင္ ႏိုင္ငံ လက္ေရြးစင္ အသင္း မွာ သူ႕ရဲ႕ အေရးပါမႈ ၊ ကမၻာ တလႊားက ေဘာလံုးၾကည့္ ပရိသတ္ ေတြရဲ႕ ေစာင့္ၾကည့္မႈ ကိုပါ သူ ခံခဲ့ရပါတယ္ ။ ”

” လူေတြက သူ ေျခစြမ္း မျပႏိုင္တဲ့ အရာ ေတြကို အခုလို အခ်ိန္တို အတြင္းမွာ ေဝဖန္ေကာင္း ေဝဖန္ ႏိုင္ပါတယ္ ။ ကြ်န္ေတာ္ တို႕ အတြက္ ေရရွည္ ကို စဥ္းစား ရမယ္ ဆိုရင္ ခရစ္တီယန္ ဟာ အသက္ ၂၁ ႏွစ္ပဲ ရွိပါေသးတယ္ ၊ ဒီေန႕ ပြဲမွာ သူ ဒီေလာက္ ပမာဏ ေျခစြမ္းမ်ိဳး ျပသ ႏိုင္ခဲ့တယ္ ၊ ေနာက္ပြဲ ေတြမွာ အခုထက္ ပိုေကာင္းတဲ့ ပံုစံ ေတြ သူ႕ဆီကေန ထပ္လာ ႏိုင္ပါေသးတယ္ ။ ”

” ဒါဟာ ခရစ္တီယန္ ရဲ႕ ပံုျပင္ နိဂံုး မဟုတ္ေသးပါဘူး ။ ခင္ဗ်ား တို႕ဟာ သူ႕ရဲ႕ ဟန္ခ်က္ ၊ တုန္႕ျပန္မႈ ၊ ျပိဳင္ဖက္ ေတြရဲ႕ ခ်ဥ္းကပ္မႈ ကို ေစာင့္ၾကည့္ေနမႈ အားေတြက အရမ္း ေကာင္းခဲ့တာ ကုိ ျမင္ေတြ႕ ခဲ့ရမွာပါ ။ လူငယ္ ကစားသမား ေတြနဲ႕ ပတ္သက္ လာရင္ ေျခစြမ္းပိုင္း တိုးတက္မႈ ေတြကို အျမဲ ျမင္ေတြ႕ ရေလ့ ရွိေပမယ့္ ဒီေန႕ ပြဲမွာေတာ့ ကြ်န္ေတာ္ ဟာ ခရစ္တီယန္ အတြက္ ဝမ္းသာ အားရ မိပါတယ္ ။ ”

” ခရစ္တီယန္ ကိုယ္တိုင္ လည္း ဒီေန႕ ပြဲမွာ သူ႕ရဲ႕ ေျခစြမ္း အတြက္ အေတာ္ေလး ေက်နပ္ ေနမိမယ္ လို႕ ထင္ပါတယ္ ။ သူ ေက်လည္း ေက်နပ္ သင့္ပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူဟာ ဒီေန႕ပြဲ မွာ ကြ်န္ေတာ္ တို႕ အသင္း ရဲ႕ ၾကီးမားတဲ့ အခန္း က႑ ကေန ပါဝင္ခဲ့လို႕ပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR