ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ နယူးကာဆယ် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ နောက်ခံလူ မားကို့စ် အလွန်ဆို သွင်းယူ ခဲ့တဲ့ တလုံးတည်းသော အနိုင်ဂိုး နဲ့ အတူ အနိုင်ရခဲ့ပါတယ် ။ ဒီ နိုင်ပွဲကြောင့် ၊ အာဆင်နယ် အသင်း ထက် တပွဲပို ကစားကာ အဆင့် ၄ နေရာ ကို ချယ်လ်ဆီး အသင်း ရောက်ရှိ လာခဲ့ပါတယ် ။ ထို ပွဲစဉ် မှာ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက် ကို အခုလိုပဲ ဖော်ပြ ပေးလိုက်ရပါတယ် ။

၁ ။ ဒဏ်ရာ က ပြန်လာပြီးနောက် ပိုကောင်းတဲ့ ခြေစွမ်း ရလာတဲ့ အိုဒွိုင်း

ချယ်လ်ဆီး အသင်း ရဲ့ ဆယ်ကျော်သက် လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တဝက်လောက် အထိ နည်းပြဟောင်း မော်ရစ်ဇီယို ဆာရီ လက်အောက် မှာ ကစားဖို့ အခွင့်အရေး မရခဲ့ပဲ ၊ ဒုတိယ ရာသီဝက် မှသာ အခွင့်အရေး တချို့ ရရှိခဲ့ကာ ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် ပုံစံကောင်း တွေ ရရှိနေတဲ့ အချိန် မှာ အိုဒွိုင်း ဟာ ပြင်းထန်တဲ့ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ရပါတယ် ။

အခုအခါမှာတော့ ဒဏ်ရာ က ပြန်လည် သက်သာ လာပြီးနောက် အိုဒွိုင်း ဟာ မနေ့က နယူးကာဆယ် နဲ့ ပွဲစဉ် မှာ ဒီရာသီ အသင်း အတွက် ဒုတိယမြောက် ပွဲထွက် ကစားပေးခဲ့ကာ အလွန်ဆို ရဲ့ အဖိုးတန် အနိုင်ဂိုး ကိုလည်း ဖန်တီး ပေးနိုင်ခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၄ပွဲဆက် ဂိုးဖန်တီးမှု ပြုလုပ် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် အိုဒွိုင်း ရဲ့ လျင်မြန်မှု ၊ ပြိုင်ဖက် ကို လှည့်စား နိုင်မှု နဲ့ ဘောလုံး ပေးပို့မှု ၊ ဖြတ်တင်ဘော စကေး တွေက အရင် ကထက် များစွာ ပိုကောင်း လာခဲ့တာကို လက်ခံ ရမှာ ဖြစ်ပါတယ် ။

၂ ။ နယူးကာဆယ် ရဲ့ နောက်ထပ် ကြယ်ပွင့် အဲလက်စ် စိန့် မက်ဆီမင်

မနေ့ည က ပွဲမှာ နယူးကာဆယ် အသင်း နဲ့ အတူ အတောက်ပဆုံး ဖြစ်ခဲ့တဲ့ ကစားသမား ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ နိုက်စ် အသင်း ကနေ ခေါ်ယူခဲ့တဲ့ ပြင်သစ် တောင်ပံ ကစားသမား မက်ဆီမင် ဖြစ်ပါတယ် ။ ၄င်းဟာ ချယ်လ်ဆီး အသင်း ရဲ့ ဂိုးသမား ကီပါ ရဲ့ ဂိုးပေါက် ကိုတော့ ထိရောက်တဲ့ ခြိမ်းခြောက်မှု တွေ မပြုလုပ် နိုင်ခဲ့ပေမယ့် ပွဲချိန်ပြည့် ချယ်လ်ဆီး အသင်း ရဲ့ နောက်တန်း ကို မွှေနှောက် ကစား ပေးနိုင်ခဲ့ပါတယ် ။

၃ ။ တပွဲတည်းမှာ မတူညီတဲ့ စွမ်းဆောင်ရည် ၂ခု ကို ပြသ သွားတဲ့ အလွန်ဆို

မနေ့ည က နယူးကာဆယ် ကို အနိုင် ရစေခဲ့တဲ့ ချယ်လ်ဆီး သူရဲကောင်း ကတော့ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို ဖြစ်ပါတယ် ။ အလွန်ဆို ဟာ မနေ့ည က ပွဲမှာ ပြိုင်ဖက် အသင်း ရဲ့ တောင်ပံ ကစားသမား ၂ဦး ဖြစ်တဲ့ မက်ဆီမင် နဲ့ အယ်လ်မီရွန် တို့ကို ထိန်းချုပ် ရာမှာ အလွန် အားနည်း ခဲ့တာကို တွေ့ခဲ့ ရပါတယ် ။

ဒါ့အပြင် တချိန် က ဆန်းဒါလန်း အသင်း မှာ ကစားခဲ့ဖူးတာကြောင့် ဒါဘီ ပြိုင်ဖက် ဖြစ်ခဲ့ဖူးတဲ့ နယူးကာဆယ် အသင်း ရဲ့ ပရိသတ် တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင်မှု ကို ခံခဲ့ရတာကြောင့် အလွန်ဆို တယောက် ခံစစ်ပိုင်း မှာ အတော်လေး ဖိအား ပိခဲ့ရပါတယ် ။ သို့ပေမယ့် လည်း အရင် ကတည်းက ချယ်လ်ဆီး အတွက် wing-back နေရာ ကနေ ဂိုးရအောင် စွမ်းဆောင် ပေးနိုင်တဲ့ အလွန်ဆို ဟာ မနေ့က ပွဲရဲ့ hero တဦး လို့ သတ်မှတ် ရမှာ ဖြစ်ပါတယ် ။

၄ ။ မျှော်လင့်ချက် တွေ ရှိနေသေးတဲ့ နယူူးကာဆယ် ခံစစ်

ချယ်လ်ဆီး လို ဒီနှစ် ပရီးမီးယားလိဂ် တတိယမြောက် ဂိုးသွင်းအား အကောင်းဆုံး အသင်း ကို အတော်လေး ပိတ်ဆို့ ကစားပြ သွားနိုင်ခဲ့တာ နဲ့ ပတ်သက်ပြီး နယူးကာဆယ် ခံစစ် စွမ်းဆောင်ရည် ကို ချီးကျူး ရမှာ ဖြစ်ပါတယ် ။ အထူးသဖြင့် ပထမပိုင်း တပိုင်းလုံး ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ် ကို အခွင့်အရေး မယ်မယ်ရရ မပေးခဲ့ရတာ ကို တွေ့ခဲ့ရပါတယ် ။

ဒုတိယပိုင်း မှသာ အာရုံစိုက်မှု နည်းလာသလို ချယ်လ်ဆီး အသင်း ရဲ့ တရစပ် ဖွင့်တိုက်မှုကြောင့် အပိုင် ကန်သွင်းခွင့် တွေ ခွင့်ပြု ခဲ့ရတယ် ဆိုပေမယ့် နယူးကာဆယ် နည်းပြ စတိဗ် ဘရုစ် နဲ့ အသင်းသား တွေ အခု အနေအထား ကို နောက်ထပ် တဆင့် မြှင့်တင် နိုင်မယ် ဆိုရင် လာမယ့် ပွဲစဉ် တွေမှာ ခံစစ်ပိုင်း အရ အရမ်း ကျစ်လျစ် သိပ်သည်းအောင် ကစားနိုင်မှာ သေချာပါတယ် ။

၅ ။ ချယ်လ်ဆီး နည်းပြ ဘဝ ပထမဆုံး ပြိုင်ပွဲစုံ ၅ပွဲဆက် အနိုင် ရခဲ့တဲ့ လမ်းပတ်

မန်နေဂျာ လောက ထဲကို ဝင်ရောက် လာတာ ၂ရာသီ ပဲ ရှိသေးတဲ့ လမ်းပတ် အဖို့ကတော့ အချို ပေါ် သကာ လောင်းထားတဲ့ အနေအထား တွေကို ပိုင်ဆိုင် နေပြီ ဖြစ်ပါတယ် ။ ပြိုင်ပွဲစုံ ၅ပွဲဆက် နိုင်ပွဲ မှတ်တမ်း ကို ရရှိခဲ့သလို ၊ အိမ်ကွင်း ဒုတိယမြောက် Clean Sheet ကြောင့် ပိုပြီး ပြီးပြည့်စုံ ခဲ့ပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR

Zawgyi

ဖရန္႕ လမ္းပတ္ ရဲ႕ ပရီးမီးယားလိဂ္ ၃ပြဲဆက္ ႏိုင္ပြဲ ျဖစ္တဲ့ ခ်ယ္လ္ဆီး ၁ – ၀ နယူးကာဆယ္ ပြဲစဥ္ မွ ေျပာစရာ ျဖစ္ခဲ့တဲ့ အခ်က္ ၅ခ်က္

ခ်ယ္လ္ဆီး အသင္း ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ နယူးကာဆယ္ အသင္း ကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ ေနာက္ခံလူ မားကို႕စ္ အလြန္ဆို သြင္းယူ ခဲ့တဲ့ တလံုးတည္းေသာ အႏိုင္ဂိုး နဲ႕ အတူ အႏိုင္ရခဲ့ပါတယ္ ။ ဒီ ႏိုင္ပြဲေၾကာင့္ ၊ အာဆင္နယ္ အသင္း ထက္ တပြဲပို ကစားကာ အဆင့္ ၄ ေနရာ ကို ခ်ယ္လ္ဆီး အသင္း ေရာက္ရွိ လာခဲ့ပါတယ္ ။ ထို ပြဲစဥ္ မွာ ေျပာစရာ ျဖစ္ခဲ့တဲ့ အခ်က္ ၅ခ်က္ ကို အခုလိုပဲ ေဖာ္ျပ ေပးလိုက္ရပါတယ္ ။

၁ ။ ဒဏ္ရာ က ျပန္လာျပီးေနာက္ ပိုေကာင္းတဲ့ ေျခစြမ္း ရလာတဲ့ အိုဒိြဳင္း

ခ်ယ္လ္ဆီး အသင္း ရဲ႕ ဆယ္ေက်ာ္သက္ လူငယ္ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တဝက္ေလာက္ အထိ နည္းျပေဟာင္း ေမာ္ရစ္ဇီယို ဆာရီ လက္ေအာက္ မွာ ကစားဖို႕ အခြင့္အေရး မရခဲ့ပဲ ၊ ဒုတိယ ရာသီဝက္ မွသာ အခြင့္အေရး တခ်ိဳ႕ ရရွိခဲ့ကာ ေျခစြမ္းျပ ကစား ႏိုင္ခဲ့ပါတယ္ ။ သို႕ေပမယ့္ ပံုစံေကာင္း ေတြ ရရွိေနတဲ့ အခ်ိန္ မွာ အိုဒိြဳင္း ဟာ ျပင္းထန္တဲ့ ေျခက်င္းဝတ္ ဒဏ္ရာ ရရွိခဲ့ရပါတယ္ ။

အခုအခါမွာေတာ့ ဒဏ္ရာ က ျပန္လည္ သက္သာ လာျပီးေနာက္ အိုဒိြဳင္း ဟာ မေန႕က နယူးကာဆယ္ နဲ႕ ပြဲစဥ္ မွာ ဒီရာသီ အသင္း အတြက္ ဒုတိယေျမာက္ ပြဲထြက္ ကစားေပးခဲ့ကာ အလြန္ဆို ရဲ႕ အဖိုးတန္ အႏိုင္ဂိုး ကိုလည္း ဖန္တီး ေပးႏိုင္ခဲ့တာေၾကာင့္ ေနာက္ဆံုး ကစားခဲ့တဲ့ ပြဲစဥ္ ၄ပြဲဆက္ ဂိုးဖန္တီးမႈ ျပဳလုပ္ ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္ ။ ဒါ့အျပင္ အိုဒိြဳင္း ရဲ႕ လ်င္ျမန္မႈ ၊ ျပိဳင္ဖက္ ကို လွည့္စား ႏိုင္မႈ နဲ႕ ေဘာလံုး ေပးပို႕မႈ ၊ ျဖတ္တင္ေဘာ စေကး ေတြက အရင္ ကထက္ မ်ားစြာ ပိုေကာင္း လာခဲ့တာကို လက္ခံ ရမွာ ျဖစ္ပါတယ္ ။

၂ ။ နယူးကာဆယ္ ရဲ႕ ေနာက္ထပ္ ၾကယ္ပြင့္ အဲလက္စ္ စိန္႕ မက္ဆီမင္

မေန႕ည က ပြဲမွာ နယူးကာဆယ္ အသင္း နဲ႕ အတူ အေတာက္ပဆံုး ျဖစ္ခဲ့တဲ့ ကစားသမား ကေတာ့ ျပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ မွာ ႏိုက္စ္ အသင္း ကေန ေခၚယူခဲ့တဲ့ ျပင္သစ္ ေတာင္ပံ ကစားသမား မက္ဆီမင္ ျဖစ္ပါတယ္ ။ ၄င္းဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂိုးသမား ကီပါ ရဲ႕ ဂိုးေပါက္ ကိုေတာ့ ထိေရာက္တဲ့ ျခိမ္းေျခာက္မႈ ေတြ မျပဳလုပ္ ႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္ျပည့္ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေနာက္တန္း ကို ေမႊေႏွာက္ ကစား ေပးႏိုင္ခဲ့ပါတယ္ ။

၃ ။ တပြဲတည္းမွာ မတူညီတဲ့ စြမ္းေဆာင္ရည္ ၂ခု ကို ျပသ သြားတဲ့ အလြန္ဆို

မေန႕ည က နယူးကာဆယ္ ကို အႏိုင္ ရေစခဲ့တဲ့ ခ်ယ္လ္ဆီး သူရဲေကာင္း ကေတာ့ ဘယ္ေနာက္ခံလူ မားကို႕စ္ အလြန္ဆို ျဖစ္ပါတယ္ ။ အလြန္ဆို ဟာ မေန႕ည က ပြဲမွာ ျပိဳင္ဖက္ အသင္း ရဲ႕ ေတာင္ပံ ကစားသမား ၂ဦး ျဖစ္တဲ့ မက္ဆီမင္ နဲ႕ အယ္လ္မီရြန္ တို႕ကို ထိန္းခ်ဳပ္ ရာမွာ အလြန္ အားနည္း ခဲ့တာကို ေတြ႕ခဲ့ ရပါတယ္ ။

ဒါ့အျပင္ တခ်ိန္ က ဆန္းဒါလန္း အသင္း မွာ ကစားခဲ့ဖူးတာေၾကာင့္ ဒါဘီ ျပိဳင္ဖက္ ျဖစ္ခဲ့ဖူးတဲ့ နယူးကာဆယ္ အသင္း ရဲ႕ ပရိသတ္ ေတြရဲ႕ ပစ္မွတ္ထား ေလွာင္ေျပာင္မႈ ကို ခံခဲ့ရတာေၾကာင့္ အလြန္ဆို တေယာက္ ခံစစ္ပိုင္း မွာ အေတာ္ေလး ဖိအား ပိခဲ့ရပါတယ္ ။ သို႕ေပမယ့္ လည္း အရင္ ကတည္းက ခ်ယ္လ္ဆီး အတြက္ wing-back ေနရာ ကေန ဂိုးရေအာင္ စြမ္းေဆာင္ ေပးႏိုင္တဲ့ အလြန္ဆို ဟာ မေန႕က ပြဲရဲ႕ hero တဦး လို႕ သတ္မွတ္ ရမွာ ျဖစ္ပါတယ္ ။

၄ ။ ေမွ်ာ္လင့္ခ်က္ ေတြ ရွိေနေသးတဲ့ နယူူးကာဆယ္ ခံစစ္

ခ်ယ္လ္ဆီး လုိ ဒီႏွစ္ ပရီးမီးယားလိဂ္ တတိယေျမာက္ ဂိုးသြင္းအား အေကာင္းဆံုး အသင္း ကုိ အေတာ္ေလး ပိတ္ဆို႕ ကစားျပ သြားႏိုင္ခဲ့တာ နဲ႕ ပတ္သက္ျပီး နယူးကာဆယ္ ခံစစ္ စြမ္းေဆာင္ရည္ ကို ခ်ီးက်ဴး ရမွာ ျဖစ္ပါတယ္ ။ အထူးသျဖင့္ ပထမပိုင္း တပိုင္းလံုး ခ်ယ္လ္ဆီး အသင္း ရဲ႕ တိုက္စစ္ ကို အခြင့္အေရး မယ္မယ္ရရ မေပးခဲ့ရတာ ကို ေတြ႕ခဲ့ရပါတယ္ ။

ဒုတိယပိုင္း မွသာ အာရုံစိုက္မႈ နည္းလာသလို ခ်ယ္လ္ဆီး အသင္း ရဲ႕ တရစပ္ ဖြင့္တိုက္မႈေၾကာင့္ အပိုင္ ကန္သြင္းခြင့္ ေတြ ခြင့္ျပဳ ခဲ့ရတယ္ ဆိုေပမယ့္ နယူးကာဆယ္ နည္းျပ စတိဗ္ ဘရုစ္ နဲ႕ အသင္းသား ေတြ အခု အေနအထား ကို ေနာက္ထပ္ တဆင့္ ျမွင့္တင္ ႏိုင္မယ္ ဆိုရင္ လာမယ့္ ပြဲစဥ္ ေတြမွာ ခံစစ္ပိုင္း အရ အရမ္း က်စ္လ်စ္ သိပ္သည္းေအာင္ ကစားႏိုင္မွာ ေသခ်ာပါတယ္ ။

၅ ။ ခ်ယ္လ္ဆီး နည္းျပ ဘဝ ပထမဆံုး ျပိဳင္ပြဲစံု ၅ပြဲဆက္ အႏိုင္ ရခဲ့တ့ဲ လမ္းပတ္

မန္ေနဂ်ာ ေလာက ထဲကို ဝင္ေရာက္ လာတာ ၂ရာသီ ပဲ ရွိေသးတဲ့ လမ္းပတ္ အဖို႕ကေတာ့ အခ်ိဳ ေပၚ သကာ ေလာင္းထားတဲ့ အေနအထား ေတြကို ပိုင္ဆိုင္ ေနျပီ ျဖစ္ပါတယ္ ။ ျပိဳင္ပြဲစံု ၅ပြဲဆက္ ႏိုင္ပြဲ မွတ္တမ္း ကို ရရွိခဲ့သလို ၊ အိမ္ကြင္း ဒုတိယေျမာက္ Clean Sheet ေၾကာင့္ ပိုျပီး ျပီးျပည့္စံု ခဲ့ျပီ ျဖစ္ပါတယ္ ။

SPORTS MYANMAR