စနေ နေ့ညရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ မန်စီးတီး အသင်းက ပဲလေ့စ် အသင်းကို
၀-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဂိုးတွေကိုတော့ ပထမပိုင်း ပြီးဆုံး ခါနီးမှာ ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး ဂျေးဆု နဲ့ ဒေးဗစ် ဆေးလ်ဗား တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာနိုင်ငံတကာ ပွဲတွေမတိုင်မီ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဝုဗ် အသင်းကိုိ အီတီဟတ်မှာ မထင်မှတ်ပဲ ၀-၂ ဂိုးတဲ့ အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း ဦးဆောင်သူ လီဗာပူး အသင်းနဲ့ ၈မှတ်အထိကွာဟ နေခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်ကို အနိုင်ရခဲ့တာကြောင့် ယနေ့ ညမှာ ကစားဖို့ရှိနေတဲ့ ယူနိုက်တက် vs လီဗာပူး ပွဲ မတိုင်မီမှာ လီဗာပူး အသင်းနဲ့ ရမှတ်ကွာဟချက်ကို ၅မှတ်အကွာအထိ လျှော့ချလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင် အစောပိုင်းပွဲတွေ အပြီးမှာ ဇယားထိပ်နားကိုယာယီတက်ရောက်နေတဲ့ လက်စတာ၊ ချဲဆီးလ်တို့ကိုလည်းပြန်ပြီးကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂျေးဆု အတွက်တော့ မန်စီးတီးကစားသမား ဘဝ သွင်းဂိုး ၅၀ ပြည့်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒါ့အပြင်နည်းပြဂွာဒီယိုလာရဲ့ လက်အောက်မှာ ကစားသမားဂိုး၅၀ ပြည့်တဲ့ ရဦးမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
မန်စီးတီး အသင်းဟာ အခုပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်းက ရ၁.၃ အထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု က ၂၁ကြိမ်အထိရှိခဲ့ပေမယ့် ပွဲချိန် ၃၉ မိနစ်ရောက်မှ ဂျေးဆုရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ဂိုးရပြီးပြီချင်းကစားတက်သွားလို့ ချက်ချင်းဆိုသလိုပဲ ဒေးဗစ်ဆေးလ်ဗားရဲ့ဂိုးကိုထပ်ရခဲ့တာဖြစ်ပါတယ်။
စပိန် နာမည်ကြီး နည်းပြတဦးဖြစ်တဲ့ ဂွာဒီယိုလာဟာ နည်းပြဘဝမှာ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် ၊ မန်စီးတီးတို့ကို ကိုင်တွယ်နေခဲ့တဲ့ နည်းပြတဦးဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ သွင်းဂိုး၅၀ ပြည့်ခဲ့ကြတဲ့ သူတွေကတော့ ဘာစီလိုနာအိုင်ကွန်မက်ဆီ၊ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ဂျေးဆုရဲ့ မန်စီးတီး အသင်းဖော်တွေဖြစ်တဲ့ အဂွေရိုနဲ့ စတာလင်တို့လည်းပါဝင်နေတာဖြစ်ပါတယ်။
နည်းပြဂွာဒီယိုလာလက်အောက်မှာ ဂိုးအများဆုံးသွင်းယူထားနိုင်သူ အဖြစ်ဦးဆောင်နေတာကတော့ မက်ဆီဖြစ်ပြီးစုစုပေါင်း ၂၁၁ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဂျေးဆုကတော့ ပက်ဒရို( ၅၈ဂိုး )ရဲ့နောက် သတ္တမနေရာမှာ သွင်းဂိုး ၅၀ပြည့်နဲ့အတူရှိနေတာဖြစ်ပါတယ်။
မန်စီးတီး အသင်းအတွက် ပွဲထွက်ခွင့်ရတဲ့ နောက်ဆုံးရ ပွဲဆက် သွင်းဂိုးတွေ သွင်းယူထားနိုင်ခဲ့တဲ့ ဂျေးဆုက – ” ခင်ဗျားတို့ သိပါသလား၊ အခုကျွန်တော် အရမ်းကိုပျော်ရွှင်နေပါတယ်။ဘာကြောင့်လည်းဆိုတော့ ပြီးခဲ့တဲ့ ရာသီတုန်းက ကျွန်တော် ဟာဆိုးရွားတဲ့ ရာသီအစကို ကြုံတွေ့ထားခဲ့ရလို့ ဖြစ်ပါတယ်။
ဒီရာသီကတော့ ကျွန်တော့်အတွက် လုံးဝကို ကွဲပြား ခြားနားသွားတော့မှာဖြစ်ပါတယ်။ကျွန်တော််ဟာအလုပ်ကိုလည်းကြိုးစားလုပ်ဆောင်နေပါတယ်။တချိန်လုံး ဂိုးပေါက်ကိုပဲအာရုံစိုက်ထားပါတယ်။ဒါကြောင့်လည်းဂိုးတွေအများကြီး သွင်းယူနိုင်နေတာလို့ ထင်ပါတယ် ” လို့ပြောခဲ့ပါတယ်။
မန်စီးတီး အသင်းဟာ ဒီပွဲအနိုင်ကြောင့် ပွဲစဉ် ၉အပြီး ရမှတ် ၁၉မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာကိုပြန်ရောက်သွားခဲ့ပါတယ်။သူတို့ဟာကြားရက်အတွင်းမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ်အတ္တလန်တာကို အီတာဟတ်မှာ ဧည့်ခံရမှာဖြစ်ပါတယ်။
ဂွာဒီယိုလာရဲ့ လက်အောက်မှာ ဂိုးအများဆုံးသွင်းယူထားခဲ့သူများ –
မက်ဆီ – ၂၁၁ ဂိုး
အဂွေရို – ၁၀၃ဂိုး
မူလာ – ရ၉ ဂိုး
စတာလင် – ၆၇ဂိုး
လီဝန်ဒေါစကီး -၆၇ဂိုး
ပက်ဒရို – ၅၈ဂိုး
ဂျေးဆု – ၅၀ ဂိုး
SPORTS MYANMAR
Zawgyi
ပဲလေ့စ်နဲ့ ပွဲမှာသွင်းယူခဲ့တဲ့ဂိုးကြောင့် မက်ဆီ၊ လီဝန်ဒေါစကီးတို့နဲ့ အတူမှတ်တမ်းတခုမှာပါဝင်သွားခဲ့တဲ့ #ဂျေးဆု
==================================
မက်ဆီ – ၂၁၁ ဂိုး
အဂွေရို – ၁၀၃ဂိုး
မူလာ – ၇၉ ဂိုး
စတာလင် – ၆၇ဂိုး
လီဝန်ဒေါစကီး -၆၇ဂိုး
ပက်ဒရို – ၅၈ဂိုး
ဂျေးဆု – ၅၀ ဂိုး
SPORTS MYANMAR