ဂ်ဴဗီ အသင္းရဲ႕ ဂႏၲဝင္ကစားသမားတဦးျဖစ္တဲ႔ ပီယာလို က အင္တာမီလန္ အသင္းရဲ႕ နည္းျပသစ္ လာဖို႕ ကြန္တီက ေမာ္ရင္ထက္ ပိုျပီးသင့္ေတာ္ ေကာင္းမြန္တယ္လို႕ ဆုိလိုက္ပါတယ္။အင္တာမီလန္ အသင္း ဟာနည္းျပျကီး စပယ္လတ္တီရဲ႕ လက္ေအာက္မွာ ခ်န္ပီယံလိဂ္ျပိဳင္ ပဲြကို ၂ႏွစ္ဆက္ ဝင္ေရာက္ယွဥ္ျပိဳင္ ခြင့္ရရွိေတာ့မွာျဖစ္ေပမယ့္ ၂ဖက္ သေဘာတူလမ္းခြဲဖို႔ ရွိေနတာျဖစ္ျပီး ကြန္တီ ကိုနည္းျပသစ္ အျဖစ္ခန္႔အပ္ဖို႔ သတင္းေတြက်ယ္ေလာင္ေနတာျဖစ္ပါတယ္။

နာမည္ျကီး နည္းျပတဦးျဖစ္တဲ႔ ေမာ္ရင္ဟိုက လည္း သူ႔ရဲ႕ အသင္းေဟာင္းျဖစ္တဲ႔ အင္တာမီလန္ကို တေက်ာ့ျပန္ ေရာက္လာဖို႔ရွိေနတယ္ဆိုတဲ႔ သတင္းေတြလည္း ထြက္ေနတာျဖစ္ပါတယ္။ပီယာလိုကေတာ့ ဂ်ဴဗီ အသင္းမွာ သူနဲ႔ လက္တြဲခဲ႔ဖူးတဲ႔ ဆရာေဟာင္းျဖစ္သူ ကြန္တီဟာ ေမာ္ရင္ထက္ပိုျပီး သင့္ေတာ္ေကာင္းမြန္တဲ႔သူျဖစ္တယ္လု႔ိ ယံုျကည္ေနပါတယ္။

Sky sport နဲ႔အင္တာဗ်ဴးမွာ ပီယာလိုက – – – ” က်ြန္ေတာ့္ရဲ႕ ထင္ျမင္ခ်က္အရေတာ့ ကြန္တီဟာ အင္တာအသင္းကို ေမာ္ရင္ဟိုထက္ပိုျပီး ေပးစြမ္းႏိုင္ပါလိမ့္မယ္။အထူးသျဖင့္ အသင္းကို ဖြဲ႕စည္းတည္ေဆာက္ရာမွာ အမုန္းတရားေတြ မရွိေစေအာင္ျဖစ္ပါတယ္။ကြန္တီသာအင္တာကို ေရာက္လာခဲ႔ရင္ပရိသတ္ေတြက ပိုျပီးတာင္အားေပးလာျကမွာျဖစ္ပါတယ္။ကစားသမားေတြနဲ႔ လည္း ပိုျပီး နီးကပ္ေႏြးေထြးလာပါလိမ့္မယ္ ” လို႔ေျပာခဲ႔ပါတယ္။

အင္တာမီလန္ နည္းျပသစ္အျဖစ္ ကြန္တီ ေရပန္းစားေနတဲ႔ အခ်ိန္နဲ႔တျပိဳင္နက္တည္းမွာပဲ ယူႏိုက္တက္ အသင္းရဲ႕ တိုက္စစ္မွဴး လူကာကူ ဟာလည္း အင္တာအသင္းကို ေရာက္လာဖို႕ ခ်ိတ္ဆက္ခံထားခဲ႔ရတယ္ဆိုတဲ႔ သတင္းေတြထြက္လာပါတယ္။

အေျကာင္းကေတာ့ ကြန္တီဟာ ခ်ဲဆီးလ္ အသင္းမွာ ရွိေနစဥ္ကတည္းက ဒီဘယ္ဂ်ီယံသားကိုေခၚယူခ်င္ခဲ႔တာျဖစ္ပါတယ္။ထိုစဥ္က ခ်ဲဆီးလ္အသင္းဟာ လူကာကူကို အရင္စိတ္ဝင္စားခဲ႕ေပမယ့္ ယူႏိုက္တက္ အသင္းက ေပါင္ ၇၅သန္းအထိ ေပးေခ်ျပီး ေခၚယူသြားခဲ႔တာျဖစ္ပါတယ္။

အင္တာမီလန္ အသင္းရဲ႕ တိုက္စစ္မွဴး တဦးျဖစ္တဲ႔ အိုက္ကာဒီ ဟာလည္း အသင္းနဲ႔ ဆက္ဆံေရး အဆင္ မေျပ ျဖစ္ထားခဲ႔တာ ျဖစ္လို႔ သူ႔ရဲ႕ ေနရာအတြက္ လူကာကူကို အင္တာမီလန္ အသင္းက စိတ္ဝင္စားေနတာျဖစ္ပါတယ္။

အိုက္ကာဒီ ဟာ ဒူးဒဏ္ရာအေျကာင္းျပ ခ်က္နဲ႔ အတူ အင္တာမီလန္ စီနီ ယာ အသင္းနဲ႕ ၂လေလာက္ေဝးကြာေနခဲ႔တာျဖစ္ျပီး အသင္းနဲ႔လမ္းခြဲဖို႔မ်ားေနတဲ႔ သူ႔ကို ဂ်ဴဗီ၊နာပိုလီ၊ ရီးရဲလ္ နဲ႔ ယူႏိုက္တက္ အသင္းေတြက စိတ္ဝင္စားေနတာျဖစ္ပါတယ္။

အိုက္ကာဒီနဲ႔ ပတ္သက္ျပီး ပီယာလိုက- – ” သူဟာ ကြန္တီရဲ႕ ကစားပံုနည္းစနစ္ အခင္းအက်င္းနဲ႔ ကိုက္ညီသင့္ေတာ္ မယ့္ တိုက္စစ္မွဴးတဦးလို႔ေတာ့ က်ြန္ေတာ္မထင္ပါဘူူး။ကြန္တီဟာ သူ႔အသင္းမွာ အျခားအသင္းေဖာ္ေတြနဲ႔ ေကာင္းေကာင္းတြဲဖက္ ကစားႏိုင္မယ့္ တိုက္စစ္မွဴး မ်ိဳးကို လုိခ်င္ေနတာျဖစ္ပါတယ္။

အသင္းေဖာ္ေတြ အခ်င္းခ်င္းနဲ႔ ေဘာလံုး ေပးပို႕မွဳ ေတြ အျပန္လွန္ လုပ္တတ္ တဲ႔ တိုက္စစ္ မွဴးေတြကို ကြန္တီက လိုခ်င္ေနတာျဖစ္ပါတယ္။ဒါေပမယ့္ အိုက္ကာဒီကေတာ့ ေဘာလံုး ေပးပို႔ မွဳေတြကို မျကာခဏျပဳလုပ္ေလ့ရွိတဲ႔ တိုက္စစ္မွဴးမ်ိဳးေတာ့မဟုတ္ပါဘူး ” လို႔အဆံုးသတ္ေျပာခဲ႔ပါတယ္။

ယူႏိုက္တက္ အသင္းရဲ႕ နည္းျပေဟာင္းတဦးျဖစ္တဲ႔ ေမာ္ရင္ဟုိဟာဒီဇင္ဘာလ အတြင္း အသင္းနဲ႔လမ္းခြဲထားခဲ႔အျပီး မွာ နည္းျပေလာကအတြင္းကို ျပန္လည္ဝင္ေရာက္ထားျခင္းမရွိေသးတာျဖစ္ပါတယ္။သူနဲ႔ ကြန္တီ တို႔ ၂ဦးစလံုးဟာ ခ်ဲဆီးလ္ အသင္းရဲ႕ နည္းျပေဟာင္းေတြျဖစ္ျပီး ပရီးမီးယားလိဂ္ဖလားေတြ ကိုယ္စီရယူေပးထားႏိုင္ခဲ႔ျကတဲ႔နည္းျပေတြလည္းျဖစ္ပါတယ္။

Unicode

မော်ရင်ဟို နဲ့ ကွန်တီဘယ်သူကပိုကောင်းတယ်ဆိုတာပြောပြလိုက်တဲ့ #ပီယာလို
============================

ဂျူဗီ အသင်းရဲ့ ဂန္တဝင်ကစားသမားတဦးဖြစ်တဲ့ ပီယာလို က အင်တာမီလန် အသင်းရဲ့ နည်းပြသစ် လာဖို့ ကွန်တီက မော်ရင်ထက် ပိုပြီးသင့်တော် ကောင်းမွန်တယ်လို့ ဆိုလိုက်ပါတယ်။အင်တာမီလန် အသင်း ဟာနည်းပြကြီး စပယ်လတ်တီရဲ့ လက်အောက်မှာ ချန်ပီယံလိဂ်ပြိုင် ပွဲကို ၂နှစ်ဆက် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိတော့မှာဖြစ်ပေမယ့် ၂ဖက် သဘောတူလမ်းခွဲဖို့ ရှိနေတာဖြစ်ပြီး ကွန်တီ ကိုနည်းပြသစ် အဖြစ်ခန့်အပ်ဖို့ သတင်းတွေကျယ်လောင်နေတာဖြစ်ပါတယ်။

နာမည်ကြီး နည်းပြတဦးဖြစ်တဲ့ မော်ရင်ဟိုက လည်း သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ အင်တာမီလန်ကို တကျော့ပြန် ရောက်လာဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာဖြစ်ပါတယ်။
ပီယာလိုကတော့ ဂျူဗီ အသင်းမှာ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်းဖြစ်သူ ကွန်တီဟာ မော်ရင်ထက်ပိုပြီး သင့်တော်ကောင်းမွန်တဲ့သူဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

Sky sport နဲ့အင်တာဗျူးမှာ ပီယာလိုက – – – ” ကျွန်တော့်ရဲ့ ထင်မြင်ချက်အရတော့ ကွန်တီဟာ အင်တာအသင်းကို မော်ရင်ဟိုထက်ပိုပြီး ပေးစွမ်းနိုင်ပါလိမ့်မယ်။အထူးသဖြင့် အသင်းကို ဖွဲ့စည်းတည်ဆောက်ရာမှာ အမုန်းတရားတွေ မရှိစေအောင်ဖြစ်ပါတယ်။ကွန်တီသာအင်တာကို ရောက်လာခဲ့ရင်ပရိသတ်တွေက ပိုပြီးတာင်အားပေးလာကြမှာဖြစ်ပါတယ်။ကစားသမားတွေနဲ့ လည်း ပိုပြီး နီးကပ်နွေးထွေးလာပါလိမ့်မယ် ” လို့ပြောခဲ့ပါတယ်။

အင်တာမီလန် နည်းပြသစ်အဖြစ် ကွန်တီ ရေပန်းစားနေတဲ့ အချိန်နဲ့တပြိုင်နက်တည်းမှာပဲ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး လူကာကူ ဟာလည်း အင်တာအသင်းကို ရောက်လာဖို့ ချိတ်ဆက်ခံထားခဲ့ရတယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။

အကြောင်းကတော့ ကွန်တီဟာ ချဲဆီးလ် အသင်းမှာ ရှိနေစဉ်ကတည်းက ဒီဘယ်ဂျီယံသားကိုခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။ထိုစဉ်က ချဲဆီးလ်အသင်းဟာ လူကာကူကို အရင်စိတ်ဝင်စားခဲ့ပေမယ့် ယူနိုက်တက် အသင်းက ပေါင် ရ၅သန်းအထိ ပေးချေပြီး ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

အင်တာမီလန် အသင်းရဲ့ တိုက်စစ်မှူး တဦးဖြစ်တဲ့ အိုက်ကာဒီ ဟာလည်း အသင်းနဲ့ ဆက်ဆံရေး အဆင် မပြေ ဖြစ်ထားခဲ့တာ ဖြစ်လို့ သူ့ရဲ့ နေရာအတွက် လူကာကူကို အင်တာမီလန် အသင်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အိုက်ကာဒီ ဟာ ဒူးဒဏ်ရာအကြောင်းပြ ချက်နဲ့ အတူ အင်တာမီလန် စီနီ ယာ အသင်းနဲ့ ၂လလောက်ဝေးကွာနေခဲ့တာဖြစ်ပြီး အသင်းနဲ့လမ်းခွဲဖို့များနေတဲ့ သူ့ကို ဂျူဗီ၊နာပိုလီ၊ ရီးရဲလ် နဲ့ ယူနိုက်တက် အသင်းတွေက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အိုက်ကာဒီနဲ့ ပတ်သက်ပြီး ပီယာလိုက- – ” သူဟာ ကွန်တီရဲ့ ကစားပုံနည်းစနစ် အခင်းအကျင်းနဲ့ ကိုက်ညီသင့်တော် မယ့် တိုက်စစ်မှူးတဦးလို့တော့ ကျွန်တော်မထင်ပါဘူူး။ကွန်တီဟာ သူ့အသင်းမှာ အခြားအသင်းဖော်တွေနဲ့ ကောင်းကောင်းတွဲဖက် ကစားနိုင်မယ့် တိုက်စစ်မှူး မျိုးကို လိုချင်နေတာဖြစ်ပါတယ်။

အသင်းဖော်တွေ အချင်းချင်းနဲ့ ဘောလုံး ပေးပို့မှု တွေ အပြန်လှန် လုပ်တတ် တဲ့ တိုက်စစ် မှူးတွေကို ကွန်တီက လိုချင်နေတာဖြစ်ပါတယ်။ဒါပေမယ့် အိုက်ကာဒီကတော့ ဘောလုံး ပေးပို့ မှုတွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ တိုက်စစ်မှူးမျိုးတော့မဟုတ်ပါဘူး ” လို့အဆုံးသတ်ပြောခဲ့ပါတယ်။

ယူနိုက်တက် အသင်းရဲ့ နည်းပြဟောင်းတဦးဖြစ်တဲ့ မော်ရင်ဟိုဟာဒီဇင်ဘာလ အတွင်း အသင်းနဲ့လမ်းခွဲထားခဲ့အပြီး မှာ နည်းပြလောကအတွင်းကို ပြန်လည်ဝင်ရောက်ထားခြင်းမရှိသေးတာဖြစ်ပါတယ်။သူနဲ့ ကွန်တီ တို့ ၂ဦးစလုံးဟာ ချဲဆီးလ် အသင်းရဲ့ နည်းပြဟောင်းတွေဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားတွေ ကိုယ်စီရယူပေးထားနိုင်ခဲ့ကြတဲ့နည်းပြတွေလည်းဖြစ်ပါတယ်။