လီဗာပူး ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂျေမီ ကာရေဂါ က ကမ႓ာ့ အဆင့် နည်းပြ တစ်ဦး ဖြစ်တဲ့ ယာဂင် ကလော့ပ် က လက်ရှိ ရုန်းကန် နေ ရတဲ့ ယူနိုက်တက် နဲ့ လီဗာပူး တို့ အကြား အကြီးမားဆုံး ခြားနားချက် တစ်ခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အဲ့ဒီနောက် ကာရေဂါ က အကယ်လို့ ယာဂင် ကလော့ပ် သာ အိုးလ် ထရပ်ဖို့ဒ် မှာ ရှိနေ ခဲ့မယ် ဆိုရင် လက်ရှိ ပရီးမီးယား လိဂ် အမှတ်ပေး ဇယား မှာ ခြားနားချက် တွေကို မြင်တွေ့ ရမှာ ဖြစ်ကြောင်း ကာရေဂါ က ဂျာမန်သား နည်းပြ ရဲ့ အရည်အသွေး တွေကို ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ ဒီ ရာသီ အိုးလ် ထရပ်ဖို့ဒ် မှာ ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေခဲ့ တာကြောင့် ဝေဖန် မှု တွေအောက် ကျရောက် နေခဲ့ ပြီး ယူနိုက်တက် ကို ရေရှည် ကိုင်တွယ် နိုင်မယ့် နည်းပြ ရော ဟုတ်ရဲ့ လား ဆိုတဲ့ မေးခွန်း တွေကို အမေး ခံနေ ခဲ့ရ ပါတယ် ။
အခြား တစ်ဖက် မှာတော့ ဒေါ့မွန် မှ ယူနိုက်တက် ဆီ ရောက်ရှိ ဖို့ သတင်း ထွက်ပေါ် ခဲ့ဖူးတဲ့ ယာဂင် ကလော့ပ် က ဒီ ရာသီ လီဗာပူး အသင်း နဲ့ အတူ ရာနှုန်းပြည့် နိုင်ပွဲ ရယူ ရင်း အမှတ်ပေး ဇယား ထိပ်မှာ အမှား အယွင်း မရှိ ဦးဆောင် ထား နိုင်ခဲ့ ပါတယ် ။
ဒါ့ကြောင့် လီဗာပူး ဂန္ဓဝင် ကာရေဂါ က လက်ရှိ ယူနိုက်တက် နဲ့ လီဗာပူး အသင်း အကြား မှာ အကြီးမားဆုံး ခြားနားချက် ပြုလုပ် နေသူ က ယာဂင် ကလော့ပ် သာ ဖြစ်ကြောင်း ဂျာမန် နည်းပြ ကို ချီးကျူး သွားခဲ့ တာပဲ ဖြစ် ပါတယ် ။
” အကယ်လို့ ယူနိုက်တက် သာ ဂွာဒီယိုလာ ကို ခေါ်ယူ နိုင်ခဲ့ မယ် ဆိုရင် ဆု ဖလား အောင်မြင် မှု တွေကို ရယူ နိုင်ဖို့ အတွက် အကြာကြီး စောင့်မျှော် ရမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ကို လွန်ခဲ့တဲ့ 2 နှစ် လောက်က ကျွန်တော် ရေးသား ခဲ့ဖူး ပါတယ် ”
” ကလော့ပ် ဟာလည်း အဲ့တာ နဲ့ တူညီ လှတဲ့ နည်းပြ တစ်ဦး ပါပဲ ။ အကယ်လို့ သူသာ ယူနိုက်တက် နည်းပြ ဖြစ်ခဲ့ လိမ့်မယ် ဆိုရင် ဒီ အချိန် မှာ ကျွန်တော် တို့ ခြားနား တဲ့ ပရီးမီးယား လိဂ် အမှတ်ပေး ဇယား ကို မြင်တွေ့ ရပါ လိမ့်မယ် ”
” ဒါပေမယ့် တစ်ခု တော့ မမေ့ ပါနဲ့ ၊ ဒီလောက် အထိ တိုးတက် ကောင်းမွန် လာတဲ့ လီဗာပူး အသင်း ဟာ 2016 နဲ့ 2018 ခုနှစ် အတွင်း အမှတ်ပေး ဇယား ရပ်တည် မှုမှာ ယူနိုက်တက် အောက် ရပ်တည် ခဲ့ရ ပါ သေးတယ် ”
” ဒါတွေ အားလုံး က အသင်း ပိုင်ရှင် ၊ အသင်း ရဲ့ အကြီးအကဲ တွေနဲ့ ကင်းထောက် တွေရဲ့ ပူးပေါင် မှု တွေကြောင့် ဖြစ်လာ ခဲ့ ရတာ ပါ ။ အဓိက အကျဆုံး ကတော့ နည်းပြ ပေါ့ဗျာ ။ မှန်ကန် တဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ် ခဲ့ပြီး အားလုံး ကို ပိုကောင်းမွန် နိုင်အောင် မြှင့်တင် ပေးခဲ့ ပါတယ် ” လို့ ကာရေဂါ က ပြောကြား သွားခဲ့ ပါတယ် ။
အဲ့ဒီနောက် ယူနိုက်တက် နဲ့ လီဗာပူး တို့ ထိပ်တိုက် ရင်ဆိုင် ရမယ့် ပွဲစဉ် မတိုင်မီ အသင်းဟောင်း ရဲ့ သမိုင်း ကြောင်းကို ကလော့ပ် ရောက်ရှိ လာတဲ့ 2015 မတိုင်မီ အချိန် ကာလ နဲ့ သူ ရောက်ရှိ ပြီးနောက် ကာလ ဆိုပြီး နှစ်မျိုး ပိုင်းခြား လို့ ရနိုင် ကြောင်း ကာရေဂါ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” မော်ဒန် လီဗာပူး အသင်း အကြောင်း ပြောကြား ရမယ် ဆိုရင် ကလော့ပ် မရောက်ခင် နဲ့ ကလော့ပ် ရောက်ရှိ ပြီးနောက် ကာလ ဆိုပြီး နှစ်မျိုး ပိုင်းခြား ရပါ လိမ့်မယ် ။ 2015 အောက်တိုဘာ လ တုန်းက လီဗာပူး ဆီ သူ ရောက်ရှိ ခဲ့တဲ့ နောက် အသင်း ဟာ အမြန်ဆုံး ပြောင်းလဲ သွားခဲ့ ပါတယ် ။
” ကလော့ပ် ဟာ လီဗာပူး ကို လက်ရှိ ရောက်ရှိ နေတဲ့ နေရာ ဆီ ရောက်အောင် ဆွဲခေါ် နိုင်ခဲ့ ပါတယ် ။ သူဟာ အသင်း ရဲ့ တောင်းဆိုမှု တွေကို ဖြည့်ဆည်းရင်း တစ်ကြိမ် မှာ အဆင့် တစ်ခု ဆီကို တက်လှမ်း နိုင်အောင် ဦးဆောင် နိုင်ခဲ့ ပါတယ် ”
” ခင်ဗျား ရဲ့ အချိန် တွေ အားလုံး ကို အသင်း ပိုင်ရှင် ၊ ဥက္ကဋ္ဌ ၊ အကြီးအကဲ တွေနဲ့ ကစားသမား သစ် ခေါ်ယူ ရေး ဌာန တွေ အတွက် အသုံး ပြုရ နိုင် ပါတယ် ။ ပြီးရင် အဲ့တာ တွေ အားလုံး ကို တစ်စု ထဲ ဖြစ်အောင် ပေါင်းစည်း ရ ပါ့မယ် ။ ယူနိုက်တက် မှာ လိုအပ် နေတာ အဲ့တာ ပါပဲ ။ ဒီလို နေရာ မှာ ကလော့ပ် လို ကမ႓ာ့ အဆင့် မန်နေဂျာ က အရေး ပါလှ ပါတယ် ” လို့ ကာရေဂါ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
ယူနိုက်တက်နဲ့ လီဗာပူး အကြားမှာ အကြီးမားဆုံး ခြားနားချက်က ဘာလဲဆိုတာ ပြောကြားလိုက်တဲ့ #ကာရေဂါ
=============
လီဗာပူး ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂျေမီ ကာရေဂါ က ကမ္ဘာ့ အဆင့် နည်းပြ တစ်ဦး ဖြစ်တဲ့ ယာဂင် ကလော့ပ် က လက်ရှိ ရုန်းကန် နေ ရတဲ့ ယူနိုက်တက် နဲ့ လီဗာပူး တို့ အကြား အကြီးမားဆုံး ခြားနားချက် တစ်ခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar