Martial

ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အားအထားရဆုံး တိုက်စစ် ကစားသမား တဦးဖြစ်တဲ့ လူကာကူ ကို အခုနွေမှာအင်တာမီလန် အသင်း ကိုရောင်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လည်း တိုက်စစ်က တပွဲတဂိုးတောင် ရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

သူတို့ဟာ နောက်ထပ် တိုက်စစ် ကစားသမားတဦးဖြစ်တဲ့ ဆန်းချက်ကို ပါအဆိုပါ မီလန် မြို့ခံအသင်းထံကို အငှား ချထားခဲ့လို့ မာရှယ်နဲ့ ရတ်ဖို့ဒ် ၂ဦးတည်းကိုသာအားကိုးနေရတာဖြစ်ပါတယ်။သူတို့နှစ်ဦးတပြိုင်နက်တည်းဒဏ်ရာရှိနေချိန်မှာ တော့လူငယ်လေး ဂရင်းဝုဒ်ကို အသုံးပြုထားခဲ့ပေမယ့်ထင်သလောက်တော့ အားကိုးလို့မရသေးတာဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြကြီး ဆိုးလ်ရှား ဟာနွေရာသီမှာ ရောင်းထုတ်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူရဲ့ ကျောနံပါတ်၉ ကို မာရှယ်ထံလွှဲပြောင်း ပေးအပ်ခဲ့ပြီး အခန်းကဏ္ဍ သစ်တရပ်ကို လည်း တာဝန်ပေးအပ်ထားခဲ့တာဖြစ်ပါတယ်။မာရှယ်ဟာပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာတော့ ကျောနံပါတ် ၁၁ ကိုသာ၃ရာသီလောက်ဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။

မာရှယ်ဟာပြီးခဲ့တဲ့ ရာသီမှာ ယူနိုက်တက် အသင်းအတွက် လိဂ်ဂိုး ၁၀ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အခုအချိန်မှာ ဂိုးတွေပိုသွင်းယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။သူဟာ ဒီရာသီအဖွင့် ၂ပွဲ မှာ ၂ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် ပဲလေ့စ်နဲ့ပွဲစဉ်မှာရခဲ့တဲ့ပေါင် ဒဏ်ရာကြောင့်ပွဲတွေနဲ့ ဝေးနေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ယနေ့ညမှာ အင်္ဂလန် ဒါဘီ ပွဲစဉ်အဖြစ် လီဗာပူး အသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး ဒီပွဲမှာ မာရှယ်ပါဝင်နိုင်ဖို့ရှိမရှိကို ဆိုးလ်ရှားက အတည်ပြုထားခြင်းမရှိသေးတာဖြစ်ပါတယ်။ဒါပေမယ့်လည်းဆိုးလ်ရှားက သူ့အပေါ်ဘယ်လောက်အထိမျှော်လင့်ထားတယ်ဆိုတာကို မာရှယ်က နားလည်ထားပုံပါပဲ။

Inside United နဲ့ အင်တာဗျူးမှာ မာရှယ်က – ” အခုတော့ ကျောနံပါတ် ၉ဂျာစီကို ကျွန်တော်ပြန်ရခဲ့ပါပြီ။ ဆိုးလ်ရှားက ကျွန်တော့်ကို ပြောခဲ့တာကတော့ ကျွမ်တော့်မှာ တာဝန်ယူမှု တာဝန်ခံမှုတွေပိုများလာနေခဲ့လို့ဂိုးတွေကို မဖြစ်မမေ သွင်းယူပေးရတော့မယ့်ကိစ္စဖြစ်ပါတယ်။ဒါကိုလည်း ကျွန်တော်ကြိုးစား လုပ်ဆောင်နေပါတယ်။

ကျွန်တော်တို့ကတော့လှပတဲ့ ဂိုးတွေကိုပဲ သွင်းယူ ချင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းအဆုံးသတ်မှာတော့ သွင်းတဂိုးက သွင်းဂိုးတဂိုးပါပဲ။ဒါကြောင့်လည်း ချဲဆီးလ်နဲ့ပွဲမှာ သွင်းခဲ့တဲ့ ဂိုးတွေလိုဂိုး၃၀ လောက်သွင်းယူထားနိုင်ရင်လည်းဒီလိုပဲပြောမှာဖြစ်ပါတယ်။

ကျွန်တော်ဟာ လှပတဲ့ ဂိုးတွေကို သွင်းယူချင်ခဲ့တယ်ဆိုတာကို ကိုယ့်ကိုယ်ကို ခန့်မှန်းမိပါတယ်။တကယ်လို့သာ အဲ့လို ဂိုးတွေ ထပ်ပြီးသွင်းယူနိုင်မယ်ဆိုရင် လည်း ကျွန်တော်ကတော့ ရာသီ အဆုံးသတ်ချိန်မှာ ဂိုးတွေပိုပြီး အများကြီးနဲ့ အဆုံးသတ်ဖို့ကိုပဲ စိတ်ဝင်စားပါတယ် ” လို့ပြောခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် ၃ပွဲမှာ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့ကို ရှုံးနိမ့်ထားပြီး အာဆင်နယ်အသင်းကို သရေကစားထားပါတယ်။သူတို့ဟာ လတ်တလောမှာ အဆင့် ၁၄ နေရာအထိကို ကျဆင်းနေပါတယ်။ယနေ့ညမှာ ရင်ဆိုင်ရဖို့ရှိနေတဲ့ လီဗာပူး အသင်းကတော့ ၈ပွဲကစား ၈ပွဲအနိုင်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ တကောင်တည်းပြေးနေတဲ့ အသင်းလည်းဖြစ်ပါတယ်။

SM

Zawgyi

မာရွယ္ကို ေက်ာနံပါတ္ ၉ေပးအပ္အျပီးမွာ နည္းျပဆိုးလ္ရွားက ဘာေျပာခဲ႔သလဲ !
===================================

ယူႏိုက္တက္ အသင္းဟာ ျပီးခဲ႔တဲ႔ ႏွစ္ေတြအတြင္း အားအထားရဆံုး တိုက္စစ္ ကစားသမား တဦးျဖစ္တဲ႔ လူကာကူ ကို အခုေႏြမွာအင္တာမီလန္ အသင္း ကိုေရာင္းထုတ္ထားခဲ႔တာ ျဖစ္ပါတယ္။ ဒါေျကာင့္ လည္း တိုက္စစ္က တပြဲတဂိုးေတာင္ ရဖို႕ ရုန္းကန္ေနခဲ႕ရတာျဖစ္ပါတယ္။

သူတို႔ဟာ ေနာက္ထပ္ တိုက္စစ္ ကစားသမားတဦးျဖစ္တဲ႔ ဆန္းခ်က္ကို ပါအဆိုပါ မီလန္ ျမိဳ႔ခံအသင္းထံကုိ အငွား ခ်ထားခဲ႔လို႕ မာရွယ္နဲ႔ ရတ္ဖို႕ဒ္ ၂ဦးတည္းကိုသာအားကိုးေနရတာျဖစ္ပါတယ္။သူတို႔ႏွစ္ဦးတျပိဳင္နက္တည္းဒဏ္ရာရွိေနခ်ိန္မွာ ေတာ့လူငယ္ေလး ဂရင္းဝုဒ္ကုိ အသံုးျပဳထားခဲ႔ေပမယ့္ထင္သေလာက္ေတာ့ အားကိုးလို႔မရေသးတာျဖစ္ပါတယ္။

ယူႏိုက္တက္ နည္းျပျကီး ဆိုးလ္ရွား ဟာေႏြရာသီမွာ ေရာင္းထုတ္ခဲ႔တဲ႔ တိုက္စစ္မွဴး လူကာကူရဲ႕ ေက်ာနံပါတ္၉ ကို မာရွယ္ထံလႊဲေျပာင္း ေပးအပ္ခဲ႔ျပီး အခန္းက႑ သစ္တရပ္ကို လည္း တာဝန္ေပးအပ္ထားခဲ့တာျဖစ္ပါတယ္။မာရွယ္ဟာျပီးခဲ႔တဲ႔ ႏွစ္ေတြအတြင္းမွာေတာ့ ေက်ာနံပါတ္ ၁၁ ကိုသာ၃ရာသီေလာက္ဝတ္ဆင္ထားခဲ႔တာျဖစ္ပါတယ္။

မာရွယ္ဟာျပီးခဲ႔တဲ႔ ရာသီမွာ ယူႏိုက္တက္ အသင္းအတြက္ လိဂ္ဂိုး ၁၀ ဂိုးသြင္းယူေပးႏိုင္ခဲ႔ျပီး အခုအခ်ိန္မွာ ဂိုးေတြပိုသြင္းယူႏိုင္ဖို႔ ေမ်ွာ္လင့္ေနတာျဖစ္ပါတယ္။သူဟာ ဒီရာသီအဖြင့္ ၂ပြဲ မွာ ၂ဂိုးသြင္းယူထားႏိုင္ခဲ႕ေပမယ့္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာရခဲ႔တဲ႔ေပါင္ ဒဏ္ရာေျကာင့္ပြဲေတြနဲ႔ ေဝးေနခဲ႔တာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ယေန႔ညမွာ အဂၤလန္ ဒါဘီ ပြဲစဥ္အျဖစ္ လီဗာပူး အသင္းနဲ႔ ရင္ဆိုင္ရဖို႕ရွိေနျပီး ဒီပြဲမွာ မာရွယ္ပါဝင္ႏိုင္ဖို႔ရွိမရွိကို ဆိုးလ္ရွားက အတည္ျပဳထားျခင္းမရွိေသးတာျဖစ္ပါတယ္။ဒါေပမယ့္လည္းဆိုးလ္ရွားက သူ႔အေပၚဘယ္ေလာက္အထိေမ်ွာ္လင့္ထားတယ္ဆိုတာကို မာရွယ္က နားလည္ထားပံုပါပဲ။

Inside United နဲ႕ အင္တာဗ်ဴးမွာ မာရွယ္က – ” အခုေတာ့ ေက်ာနံပါတ္ ၉ဂ်ာစီကို က်ြန္ေတာ္ျပန္ရခဲ႔ပါျပီ။ ဆိုးလ္ရွားက က်ြန္ေတာ့္ကို ေျပာခဲ႔တာကေတာ့ က်ြမ္ေတာ့္မွာ တာဝန္ယူမွဳ တာဝန္ခံမွဳေတြပိုမ်ားလာေနခဲ႔လို႕ဂိုးေတြကို မျဖစ္မေမ သြင္းယူေပးရေတာ့မယ့္ကိစၥျဖစ္ပါတယ္။ဒါကိုလည္း က်ြန္ေတာ္ျကိုးစား လုပ္ေဆာင္ေနပါတယ္။

က်ြန္ေတာ္တို႔ကေတာ့လွပတဲ႔ ဂိုးေတြကိုပဲ သြင္းယူ ခ်င္ျကတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္းအဆံုးသတ္မွာေတာ့ သြင္းတဂိုးက သြင္းဂိုးတဂိုးပါပဲ။ဒါေျကာင့္လည္း ခ်ဲဆီးလ္နဲ႕ပြဲမွာ သြင္းခဲ႕တဲ႔ ဂိုးေတြလိုဂိုး၃၀ ေလာက္သြင္းယူထားႏိုင္ရင္လည္းဒီလိုပဲေျပာမွာျဖစ္ပါတယ္။

က်ြန္ေတာ္ဟာ လွပတဲ႔ ဂိုးေတြကို သြင္းယူခ်င္ခဲ႔တယ္ဆိုတာကို ကိုယ့္ကုိယ္ကို ခန္႔မွန္းမိပါတယ္။တကယ္လို႔သာ အဲ႔လို ဂိုးေတြ ထပ္ျပီးသြင္းယူႏိုင္မယ္ဆိုရင္ လည္း က်ြန္ေတာ္ကေတာ့ ရာသီ အဆံုးသတ္ခ်ိန္မွာ ဂိုးေတြပိုျပီး အမ်ားျကီးနဲ႔ အဆံုးသတ္ဖို႔ကိုပဲ စိတ္ဝင္စားပါတယ္ ” လို႕ေျပာခဲ႕ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ေနာက္ဆံုးပရီးမီးယားလိဂ္ ၃ပြဲမွာ ဝက္စ္ဟမ္းနဲ႔ နယူးကာဆယ္တို႔ကို ရွံုးနိမ့္ထားျပီး အာဆင္နယ္အသင္းကို သေရကစားထားပါတယ္။သူတို႔ဟာ လတ္တေလာမွာ အဆင့္ ၁၄ ေနရာအထိကုိ က်ဆင္းေနပါတယ္။ယေန႔ညမွာ ရင္ဆိုင္ရဖို႔ရွိေနတဲ႔ လီဗာပူး အသင္းကေတာ့ ၈ပြဲကစား ၈ပြဲအႏိုင္နဲ႔ အမွတ္ေပးဇယားထိပ္ဆံုးမွာ တေကာင္တည္းေျပးေနတဲ႔ အသင္းလည္းျဖစ္ပါတယ္။

SM