ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက အာဆင်နယ် အသင်း လူငယ် ကြယ်ပွင့် တိုက်စစ်မှူး အန်ခီရှား ဟာ အတွေ့အကြုံကောင်းတွေ ရရှိဖို့နဲ့ ပုံမှန် ပွဲထွက် ကစားခွင့် ရရှိဖို့ အတွက် ချန်ပီယံရှစ် ကလပ် လိဒ်ယူနိုက်တက် အသင်းကို တစ်ရာသီ အငှား သွားရောက် ကစား ခဲ့ပါတယ် ။

ဒါပေမယ့်လည်း အန်ခီရှား ဟာ လိဒ်ယူနိုက်တက် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရဘဲ လူစားဝင် ကစားသမား အဖြစ်သာ ကစား နေရတာလည်း ဖြစ်ပါတယ် ။ အန်ခီရှား ဟာ လိဒ်ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၄ ဂိုးအထိ သွင်းယူ ပေးထားသလိို ကြားရက်မှာ ကစားခဲ့တဲ့ ယူရို ယူ-၂၁ ခြေစစ်ပွဲမှာလည်း အင်္ဂလန် ယူ-၂၁ အသင်းအတွက် ဟက်ထရစ် ရယူ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း ပရိသတ်တွေကတော့ လိဒ်ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့် မရတဲ့ အန်ခီရှား ကို အသင်းထံ ပြန်လည် ခေါ်ဆောင်ဖို့ အလို ရှိနေကြပါတယ် ။ နည်းပြ အမ်မရီ ကတော့ အန်ခီရှား ပွဲထွက် ကစားတာကို မြင်တွေ့ ချင်ပေမယ့် အသင်းထံ ပြန်ခေါ်ဖို့ကတော့ စောလွန်းနေသေးကြောင်း ပြောကြား လိုက်ပါတယ် ။

အမ်မရီက အန်ခီရှား ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ” အခု အချိန် မကျသေးပါဘူး ၊ အခုမှ အောက်တိုဘာပဲ ရှိပါသေးတယ် ၊ သူက လိဒ်မှာ ကစားနေတာပါ ၊ ဒါကြောင့် သူတို့ နည်းပြ နဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် ကို လေးစားရမှာပါ ။ ”

” သူ(အန်ခီရှား ) ပွဲထွက် ကစားခွင့် နဲ့ ထိုက်တန်တဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ပွဲထွက်ခွင့် ပိုရလာလိမ့်မယ်လို့ ကျနော်ကတော့ ထင်ပါတယ် ။ နိုင်ငံ အသင်း နဲ့ ကစားတဲ့ ပွဲတိုင်း ၊ လိဒ် အသင်းမှာ ပါဝင် ကစားတဲ့ ပွဲတိုင်းက သူ့အတွက်ကော ကျနော်တို့ အာဆင်နယ် အသင်းအတွက်ပါ အရေးပါပါတယ် ။ ”

” ဘာကြောင့်လဲ ဆိုတော့ သူ့ကို အငှားထွက် ကစားခိုင်းတဲ့ ရည်ရွယ်ချက်ကိုက ယုံကြည်မှု ပိုမို ရှိလာဖို့ နဲ့ အတွေ့အကြုံကောင်းတွေ ရရှိဖို့ အတွက်ပါ ၊ အခု အချိန်မှာ ကျနော်တို့ မျှော်မှန်း ထားသလောက် သူပွဲကစားခွင့် မရသေးပေမယ့် သူ ပွဲတွေ အများကြီး ကစားခွင့် ရလာလိမ့်မယ်လို့ ကျနော်ကတော့ သေချာပေါက် ပြောရဲပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ အန်ခီတီးယား ကတော့ ” ကျနော့်ဘက်က ပြောရမယ်ဆိုရင် ပုံမှန် ပွဲထွက်ခွင့် အာမခံချက် ရရှိဖို့ ကျနော် တက်နိုင်သလောက် အစွမ်းကုန် ကြိုးစား နေတာပါ ၊ ကျနော် လုပ်နိုင်တာက အင်္ဂလန်မှာ ကစားခွင့် ရတဲ့ အချိန် ၊ လိဒ်ယူနိုက်တက် အသင်းအတွက် ကစားခွင့်ရတဲ့ အချိန်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသပြီး ပွဲထွက်ခွင့် အတွက် ဖိအားပေးတာလောက်ပါပဲ ။ ”

” ကျနော် ဒီကို အငှား လာကစားတာက ပွဲများများ ကစားခွင့် ရဖို့ နဲ့ ခြေစွမ်းပိုင်း တိုးတက် ကောင်းမွန်လာဖို့ပါ ၊ လာမယ့် အပတ်တွေမှာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ အခွင့်အရေး ရမယ်လို့ မျှော်လင့်ပါတယ် ။ လိဂ်ပြိုင်ပွဲမှာ ပွဲထွက် ကစားခွင့် မရတဲ့ အတွက်တော့ စိတ်ပျက်မိတာ အမှန်ပါပဲ ၊ ကျနော် ဒီကို လာတာက ပွဲများများ ကစားခွင့် ရဖို့လေဗျာ ။ ”

” အခုမှ အစပဲ ရှိပါသေးတယ် ၊ ဒါပေမယ့် ကျနော် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ ကျနော့်ကို ဘာကြောင့် ကစားခွင့် ပေးသင့်သလဲ ဆိုတာ သက်သေပြထားနိုင်တယ်လို့ ထင်ပါတယ်။ ” လို့ ဖွင့်ဟ ပြောကြား ထားပါတယ် ။

SPORTS MYANMAR

Zawgyi

လိဒ္ မွာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ အန္ခီရွား ကို အာဆင္နယ္ အသင္းထံ ျပန္ေခၚမွာလားဆိုတာကို အေျဖေပးလိုက္တဲ့ အမ္မရီ
==================================

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕တုန္းက အာဆင္နယ္ အသင္း လူငယ္ ၾကယ္ပြင့္ တိုက္စစ္မွူး အန္ခီရွား ဟာ အေတြ႕အၾကဳံေကာင္းေတြ ရရွိဖို႔နဲ႔ ပုံမွန္ ပြဲထြက္ ကစားခြင့္ ရရွိဖို႔ အတြက္ ခ်န္ပီယံရွစ္ ကလပ္ လိဒ္ယူနိုက္တက္ အသင္းကို တစ္ရာသီ အငွား သြားေရာက္ ကစား ခဲ့ပါတယ္ ။

ဒါေပမယ့္လည္း အန္ခီရွား ဟာ လိဒ္ယူနိုက္တက္ အသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ မရဘဲ လူစားဝင္ ကစားသမား အျဖစ္သာ ကစား ေနရတာလည္း ျဖစ္ပါတယ္ ။ အန္ခီရွား ဟာ လိဒ္ယူနိုက္တက္ အသင္းအတြက္ ၿပိဳင္ပြဲစုံ စုစုေပါင္း ၄ ဂိုးအထိ သြင္းယူ ေပးထားသလိို ၾကားရက္မွာ ကစားခဲ့တဲ့ ယူရို ယူ-၂၁ ေျခစစ္ပြဲမွာလည္း အဂၤလန္ ယူ-၂၁ အသင္းအတြက္ ဟက္ထရစ္ ရယူ နိုင္ခဲ့ပါတယ္ ။

အာဆင္နယ္ အသင္း ပရိသတ္ေတြကေတာ့ လိဒ္ယူနိုက္တက္ အသင္းမွာ ပြဲထြက္ခြင့္ မရတဲ့ အန္ခီရွား ကို အသင္းထံ ျပန္လည္ ေခၚေဆာင္ဖို႔ အလို ရွိေနၾကပါတယ္ ။ နည္းၿပ အမ္မရီ ကေတာ့ အန္ခီရွား ပြဲထြက္ ကစားတာကို ျမင္ေတြ႕ ခ်င္ေပမယ့္ အသင္းထံ ျပန္ေခၚဖို႔ကေတာ့ ေစာလြန္းေနေသးေၾကာင္း ေျပာၾကား လိုက္ပါတယ္ ။

အမ္မရီက အန္ခီရွား ရဲ့ အနာဂတ္ နဲ႔ ပတ္သက္ၿပီး ” အခု အခ်ိန္ မက်ေသးပါဘူး ၊ အခုမွ ေအာက္တိုဘာပဲ ရွိပါေသးတယ္ ၊ သူက လိဒ္မွာ ကစားေနတာပါ ၊ ဒါေၾကာင့္ သူတို႔ နည္းၿပ နဲ႔ သူ႔ရဲ့ ဆုံးျဖတ္ခ်က္ ကို ေလးစားရမွာပါ ။ ”

” သူ(အန္ခီရွား ) ပြဲထြက္ ကစားခြင့္ နဲ႔ ထိုက္တန္တဲ့ ကစားသမား တစ္ဦး ျဖစ္တာေၾကာင့္ ပြဲထြက္ခြင့္ ပိုရလာလိမ့္မယ္လို႔ က်ေနာ္ကေတာ့ ထင္ပါတယ္ ။ နိုင္ငံ အသင္း နဲ႔ ကစားတဲ့ ပြဲတိုင္း ၊ လိဒ္ အသင္းမွာ ပါဝင္ ကစားတဲ့ ပြဲတိုင္းက သူ႔အတြက္ေကာ က်ေနာ္တို႔ အာဆင္နယ္ အသင္းအတြက္ပါ အေရးပါပါတယ္ ။ ”

” ဘာေၾကာင့္လဲ ဆိုေတာ့ သူ႔ကို အငွားထြက္ ကစားခိုင္းတဲ့ ရည္ရြယ္ခ်က္ကိုက ယုံၾကည္မွု ပိုမို ရွိလာဖို႔ နဲ႔ အေတြ႕အၾကဳံေကာင္းေတြ ရရွိဖို႔ အတြက္ပါ ၊ အခု အခ်ိန္မွာ က်ေနာ္တို႔ ေမၽွာ္မွန္း ထားသေလာက္ သူပြဲကစားခြင့္ မရေသးေပမယ့္ သူ ပြဲေတြ အမ်ားႀကီး ကစားခြင့္ ရလာလိမ့္မယ္လို႔ က်ေနာ္ကေတာ့ ေသခ်ာေပါက္ ေျပာရဲပါတယ္ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

အသက္ ၂၀ အရြယ္ ရွိၿပီ ျဖစ္တဲ့ အန္ခီတီးယား ကေတာ့ ” က်ေနာ့္ဘက္က ေျပာရမယ္ဆိုရင္ ပုံမွန္ ပြဲထြက္ခြင့္ အာမခံခ်က္ ရရွိဖို႔ က်ေနာ္ တက္နိုင္သေလာက္ အစြမ္းကုန္ ႀကိဳးစား ေနတာပါ ၊ က်ေနာ္ လုပ္နိုင္တာက အဂၤလန္မွာ ကစားခြင့္ ရတဲ့ အခ်ိန္ ၊ လိဒ္ယူနိုက္တက္ အသင္းအတြက္ ကစားခြင့္ရတဲ့ အခ်ိန္မွာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသၿပီး ပြဲထြက္ခြင့္ အတြက္ ဖိအားေပးတာေလာက္ပါပဲ ။ ”

” က်ေနာ္ ဒီကို အငွား လာကစားတာက ပြဲမ်ားမ်ား ကစားခြင့္ ရဖို႔ နဲ႔ ေျခစြမ္းပိုင္း တိုးတက္ ေကာင္းမြန္လာဖို႔ပါ ၊ လာမယ့္ အပတ္ေတြမွာ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပဖို႔ အခြင့္အေရး ရမယ္လို႔ ေမၽွာ္လင့္ပါတယ္ ။ လိဂ္ၿပိဳင္ပြဲမွာ ပြဲထြက္ ကစားခြင့္ မရတဲ့ အတြက္ေတာ့ စိတ္ပ်က္မိတာ အမွန္ပါပဲ ၊ က်ေနာ္ ဒီကို လာတာက ပြဲမ်ားမ်ား ကစားခြင့္ ရဖို႔ေလဗ်ာ ။ ”

” အခုမွ အစပဲ ရွိပါေသးတယ္ ၊ ဒါေပမယ့္ က်ေနာ္ ကစားခြင့္ ရတဲ့ အခ်ိန္တိုင္းမွာ က်ေနာ့္ကို ဘာေၾကာင့္ ကစားခြင့္ ေပးသင့္သလဲ ဆိုတာ သက္ေသျပထားနိုင္တယ္လို႔ ထင္ပါတယ္။ ” လို႔ ဖြင့္ဟ ေျပာၾကား ထားပါတယ္ ။

SPORTS MYANMAR