ေဂ်မီကာေရဂါ က လာမည့္ ဇြန္လ ၁ ရက္ေန႕ ေတာ့တင္ဟမ္ နဲ႕ မက္ဒရစ္ မွာ ကစား ရမယ့္ ခ်န္ပီယံလိဂ္ ဖိုင္နယ္ မွာ လီဗာပူး အသင္း အေကာင္းဆံုး ပြဲထြက္ လူစာရင္းကို ေရြးခ်ယ္ ႏုိင္လိမ့္မယ္လို႕ ေမွ်ာ္လင့္ ထားပါတယ္။

သုိ႕ေပမ့ယ္လည္း လီဗာပူး ေနာက္ခံလူေဟာင္း က ယာဂန္ကေလာ့ အေနနဲ႕ အဆုိပါ ဖို္င္နယ္ အတြက္ ၾကီးမားတဲ့ ဆံုးျဖတ္ခ်က္ တစ္ခုကို ခ်မွတ္ သြားရမွာ ျဖစ္တယ္လို႕ ဆုိလိုက္ျပီး ဒါကေတာ့ ကြင္းလယ္မွာ ဘယ္သူေတြကို ပြဲထြက္ခြင့္ ေပးသြား မလဲ ဆုိတာပဲ ျဖစ္တယ္လို႕ ေျပာလိုက္ ပါတယ္။

ကာေရဂါက “ကြၽန္ေတာ္ကေတာ့ ကေလာ့မွာ လူေရြးခ်ယ္မႈပိုင္းနဲ႔ ပက္သက္ၿပီး ေခါင္းကိုက္စရာ တစ္ခု ႐ွိေနတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ကေတာ့ ဂ်ိမ္းမီနာ အေနနဲ႔ ကံမေကာင္းစြာနဲ႔ ပြဲထြက္ ကစားသမား နဲ႔ လြဲေခ်ာ္မယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္ သူ႔ကို ခ်စ္ပါတယ္။ သူဟာ လီဗာပူး ကို ေရာက္လာကတည္းက အေကာင္းဆံုး လုပ္ခဲ့ပါတယ္။ လိုအပ္တဲ့ အခ်ိန္ေတြမွာ အသင္းအတြက္ ေနရာစံု ကစား ေပးခဲ့ပါတယ္။ ကြင္းလယ္လူ ေနရာမွာလည္း အေကာင္းဆံုး လုပ္ခဲ့ပါတယ္။

ကြၽန္ေတာ္ကေတာ့ တစ္ရာသီလံုး ဝိုင္နယ္ဒန္ ရဲ႕ စြမ္းေဆာင္မႈ အရ သူဟာ ကြၽန္ေတာ္တို႔ အသင္းရဲ႕ အေကာင္းဆံုး ကြင္းလယ္လူ အျဖစ္ အနည္းငယ္ အသာရ သြားပါတယ္။ ဒါေပမယ့္ သူဟာ တစ္ရာသီလံုး အေကာင္းဆံုး လုပ္ခဲ့တယ္လို႔ ကြၽန္ေတာ္ မထင္မိ ပါဘူး။ သူဟာ ဒုတိယရာသီဝက္မွာ အနည္းငယ္ ပင္ပန္း ေနတာေၾကာင့္ ေျခစြမ္း အတကအက်ေတြ ႐ွိခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ ဘာစီလိုနာ နဲ႔ ပြဲမွာေတာ့ ဦးစားေပး ေရြးခ်ယ္မႈမွာ မပါဝင္ ခဲ့ေပမယ့္လည္း လူစားဝင္ လာခဲ့ၿပီးေနာက္ ၂ဂိုးသြင္းကာ အသင္းအတြက္ အေကာင္းဆံုး လုပ္ေပး ခဲ့ပါတယ္။

ဟန္ဒါဆန္ ကလည္း ပြဲထြက္ စာရင္းမွာ မပါဝင္ ခဲ့တဲ့ အခ်ိန္ေတြ ႐ွိခဲ့ပါတယ္။ ဖာဘင္ညိဳ ကလည္း ပထမရာသီဝက္မွာ ခက္ခဲမႈေတြ ႐ွိခဲ့ပါတယ္။ ကြၽန္ေတာ္ကေတာ့ ေတာ့တင္ဟမ္ နဲ႔ ပြဲမွာ ဟန္ဒါဆန္ ၊ ဝိုင္နယ္ဒန္ နဲ႔ ဖာဘင္ညိဳ တို႔ ပါဝင္မယ္လို႔ ထင္ပါတယ္။” လို႔ ေျပာသြားပါတယ္။

ဆက္လက္ၿပီး ကာေရဂါက “နာဘီကီတာ ၾကံ့ခိုင္မႈ ျပည့္လာ မလား ဆိုတာ ကြၽန္ေတာ္ စိတ္ဝင္စား ပါတယ္။ အကယ္၍ နာဘီကီတာ သာ ၾကံ့ခိုင္မႈ ျပည့္ဝ ခဲ့မယ္ဆိုရင္ ကေလာ့ အေနနဲ႔ ႀကီးမားတဲ့ ဆံုးျဖတ္ခ်က္ ကို ခ်မွတ္ ရမွာ ျဖစ္ပါတယ္။ မီနာ အေနနဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ အစိတ္အပိုင္း တစ္ခု အေနနဲ႔ ပါဝင္ခြင့္ ရမွာ ရာႏႈန္းျပည့္ ေသခ်ာပါတယ္။ ဒါနဲ႔ ပက္သက္ၿပီး ကြၽန္ေတာ္ လံုးဝ သံသယ မ႐ွိပါဘူး။

မီနာ အေနနဲ႔ ကြၽန္ေတာ္တို႔ အသင္း တစ္စံုတစ္ရာ ထိန္းခ်ဳပ္ဖို႔ လိုအပ္တဲ့ အခ်ိန္ ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ သြင္းဂိုး လိုအပ္တဲ့ အခ်ိန္မွာ ပါဝင္ခြင့္ ရမွာ ျဖစ္ပါတယ္။ အမွန္ပါပဲ။ ကြၽန္ေတာ္တို႔ အသင္းမွာ တိုက္စစ္ ကစားသမားေတြ ႐ွိပါတယ္။ ဒါေပမယ့္ သူ့ရဲ့ စြမ္းအင္ အေတြ႔အၾကံဳကို ကြၽန္ေတာ္တို႔ လိုအပ္ပါတယ္။ သူဟာ အသင္းအတြက္ အရမ္း အေရးႀကီးတဲ့ ပင္နယ္တီ ေတြကိုလည္း ကန္သြင္း ႏိုင္ပါတယ္။ သူဟာ ႀကီးမားတဲ့ အစိတ္အပိုင္း အျဖစ္ ႐ွိေနဆဲ ျဖစ္ပါတယ္။” လို႔ ဆိုသြားပါတယ္။

လီဗာပူး အသင္းဟာ ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ အဆင့္ မွာ ဘာစီလိုနာ အသင္းကို ႏွစ္ေက်ာ့ေပါင္း ရလဒ္ ၄ – ၃ နဲ႕ အံ့ဖြယ္ ေက်ာ္ျဖတ္ လာခဲ့တာ ျဖစ္သလို ေတာ့တင္ဟမ္ ကလည္း အုိင္ယက္ ကို မျဖစ္ႏုိင္ေတာ့ဘူးလို႕ ထင္ထားတဲ့ အေနအထား ကေန ဖိုင္နယ္ကို တက္ေအာင္ အံ့အားသင့္ဖြယ္ စြမ္းေဆာင္ ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

SM

Unicode

တော့တင်ဟမ် နဲ့ ချန်ပီယံလိဂ် ဖိုင်နယ် မှာ ပွဲထွက်ခွင့် ရနိုင်မယ့် ကွင်းလယ်လူ ၃ ဦးကို ခန့်မှန်းလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါ က လာမည့် ဇွန်လ ၁ ရက်နေ့ တော့တင်ဟမ် နဲ့ မက်ဒရစ် မှာ ကစား ရမယ့် ချန်ပီယံလိဂ် ဖိုင်နယ် မှာ လီဗာပူး အသင်း အကောင်းဆုံး ပွဲထွက် လူစာရင်းကို ရွေးချယ် နိုင်လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။

သို့ပေမ့ယ်လည်း လီဗာပူး နောက်ခံလူဟောင်း က ယာဂန်ကလော့ အနေနဲ့ အဆိုပါ ဖို်င်နယ် အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ် သွားရမှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ဒါကတော့ ကွင်းလယ်မှာ ဘယ်သူတွေကို ပွဲထွက်ခွင့် ပေးသွား မလဲ ဆိုတာပဲ ဖြစ်တယ်လို့ ပြောလိုက် ပါတယ်။

ကာရေဂါက “ကျွန်တော်ကတော့ ကလော့မှာ လူရွေးချယ်မှုပိုင်းနဲ့ ပက်သက်ပြီး ခေါင်းကိုက်စရာ တစ်ခု ရှိနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ဂျိမ်းမီနာ အနေနဲ့ ကံမကောင်းစွာနဲ့ ပွဲထွက် ကစားသမား နဲ့ လွဲချော်မယ်လို့ ထင်ပါတယ်။ ကျွန်တော် သူ့ကို ချစ်ပါတယ်။ သူဟာ လီဗာပူး ကို ရောက်လာကတည်းက အကောင်းဆုံး လုပ်ခဲ့ပါတယ်။ လိုအပ်တဲ့ အချိန်တွေမှာ အသင်းအတွက် နေရာစုံ ကစား ပေးခဲ့ပါတယ်။ ကွင်းလယ်လူ နေရာမှာလည်း အကောင်းဆုံး လုပ်ခဲ့ပါတယ်။

ကျွန်တော်ကတော့ တစ်ရာသီလုံး ဝိုင်နယ်ဒန် ရဲ့ စွမ်းဆောင်မှု အရ သူဟာ ကျွန်တော်တို့ အသင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ် အနည်းငယ် အသာရ သွားပါတယ်။ ဒါပေမယ့် သူဟာ တစ်ရာသီလုံး အကောင်းဆုံး လုပ်ခဲ့တယ်လို့ ကျွန်တော် မထင်မိ ပါဘူး။ သူဟာ ဒုတိယရာသီဝက်မှာ အနည်းငယ် ပင်ပန်း နေတာကြောင့် ခြေစွမ်း အတကအကျတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဘာစီလိုနာ နဲ့ ပွဲမှာတော့ ဦးစားပေး ရွေးချယ်မှုမှာ မပါဝင် ခဲ့ပေမယ့်လည်း လူစားဝင် လာခဲ့ပြီးနောက် ၂ဂိုးသွင်းကာ အသင်းအတွက် အကောင်းဆုံး လုပ်ပေး ခဲ့ပါတယ်။

ဟန်ဒါဆန် ကလည်း ပွဲထွက် စာရင်းမှာ မပါဝင် ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဖာဘင်ညို ကလည်း ပထမရာသီဝက်မှာ ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ တော့တင်ဟမ် နဲ့ ပွဲမှာ ဟန်ဒါဆန် ၊ ဝိုင်နယ်ဒန် နဲ့ ဖာဘင်ညို တို့ ပါဝင်မယ်လို့ ထင်ပါတယ်။” လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး ကာရေဂါက “နာဘီကီတာ ကြံ့ခိုင်မှု ပြည့်လာ မလား ဆိုတာ ကျွန်တော် စိတ်ဝင်စား ပါတယ်။ အကယ်၍ နာဘီကီတာ သာ ကြံ့ခိုင်မှု ပြည့်ဝ ခဲ့မယ်ဆိုရင် ကလော့ အနေနဲ့ ကြီးမားတဲ့ ဆုံးဖြတ်ချက် ကို ချမှတ် ရမှာ ဖြစ်ပါတယ်။ မီနာ အနေနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ အစိတ်အပိုင်း တစ်ခု အနေနဲ့ ပါဝင်ခွင့် ရမှာ ရာနှုန်းပြည့် သေချာပါတယ်။ ဒါနဲ့ ပက်သက်ပြီး ကျွန်တော် လုံးဝ သံသယ မရှိပါဘူး။

မီနာ အနေနဲ့ ကျွန်တော်တို့ အသင်း တစ်စုံတစ်ရာ ထိန်းချုပ်ဖို့ လိုအပ်တဲ့ အချိန် ဒါမှမဟုတ် ကျွန်တော်တို့ သွင်းဂိုး လိုအပ်တဲ့ အချိန်မှာ ပါဝင်ခွင့် ရမှာ ဖြစ်ပါတယ်။ အမှန်ပါပဲ။ ကျွန်တော်တို့ အသင်းမှာ တိုက်စစ် ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ စွမ်းအင် အတွေ့အကြုံကို ကျွန်တော်တို့ လိုအပ်ပါတယ်။ သူဟာ အသင်းအတွက် အရမ်း အရေးကြီးတဲ့ ပင်နယ်တီ တွေကိုလည်း ကန်သွင်း နိုင်ပါတယ်။ သူဟာ ကြီးမားတဲ့ အစိတ်အပိုင်း အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့် မှာ ဘာစီလိုနာ အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၄ – ၃ နဲ့ အံ့ဖွယ် ကျော်ဖြတ် လာခဲ့တာ ဖြစ်သလို တော့တင်ဟမ် ကလည်း အိုင်ယက် ကို မဖြစ်နိုင်တော့ဘူးလို့ ထင်ထားတဲ့ အနေအထား ကနေ ဖိုင်နယ်ကို တက်အောင် အံ့အားသင့်ဖွယ် စွမ်းဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

SM