ရော်ဘီဆားဗေ့ချ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ လူသစ် စုဆောင်းရေး အသင်းကို ဝေဖန် ပြစ်တင် လိုက်ပြီး အသင်းကို အလုံးစုံ ဘယ်လို ပြုပြင် ပြောင်းလဲ ဆိုတာ လီဗာပူး ကို အဓိက ဥပမာ ယူသင့် တယ်လို့ ဆိုသွား ပါတယ်။

ဆားဗေ့ချ်က “ယာဂန်ကလော့ ဟာ လေးနှစ် အတွင်းမှာပဲ လီဗာပူး အသင်းကို ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့ အတွက်သာ ရည်မှန်းခွင့် ရတဲ့ အသင်း အနေအထား ကနေ ချန်ပီယံဖြစ်အောင် ပြောင်းလဲဖို့ ဖြစ်နိုင်တယ် ဆိုတာ ပြသ ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ်တိုင်း ကတော့ ဒါကို နာကျည်းစွာ နဲ့ပဲ ၀န်ခံ သွားရ ပါလိမ့်မယ်။

ကလော့ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ က လီဗာပူး နည်းပြ ဖြစ်လာ ခဲ့ပြီးနောက်ပိုင်း ကစားသမားသစ် ခေါ်ယူမှု အတွက် ပေါင် ၃၉၅ သန်း အသုံးပြု ခဲ့ပြီး အသားတင် ငွေကြေး သုံးစွဲမှုဟာ ပေါင် သန်း ရ၀ အောက်သာ ရှိပါတယ်။ ဒီအချိိန်မှာ သူဟာ အန်ဖီးကို ချန်ပီယံလိဂ် ဖလား ယူဆောင် ပေးလာ နိုင်ခဲ့တဲ့ အပြင် အဓိက ဖိုင်နယ် ၄ ခုကို ပို့ဆောင် ပေးထား ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ လက်ရှိ အချိန််မှာ လီဗာပူးကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ အမှတ်အသာ နဲ့ ဦးဆောင် နိုင်အောင် လုပ်ပေး ထားခဲ့ ပါတယ်။

ယှဉ်ပြော ရရင်တော့ ကလော့ဟာ လီဗာပူးကို တိုးတက် စေခဲ့ပြီး ယူနိုက်တက် ကတော့ လွန်ခဲ့တဲ့ ၂၁၀၃ ခုနှစ် ဆာအဲလက်စ် ဖာဂူဆန် အနားယူ ခဲ့ပြီး နောက်ပိုင်း ရုတ်ချည်း ကျဆင်း သွားခဲ့ ပါတယ်။ နောက်ဆုံး ၆ ရာသီကို ကြည့်လိုက်မယ် ဆိုရင် ယူနို်က်တက် ဟာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းရဲ့ နောက် ပျမ်းမျှ ရမှတ် ၂၁.၅ မှတ် အကွာမှာ ရှိနေ ခဲ့ပါတယ်။ ဒီလို ပြောရတာ ကျွန်တော့်ကို ရင်နာ စေပေမယ့် သူတို့ဟာ အခု ချိန်မှာ ပရီးမီးယားလိဂ် title race နဲ့ စပ်ဆက်မှု မရှိတဲ့ အသင်း ဖြစ်နေ ပါတယ်။

လီဗာပူး ဟာ အိုးထရပ်ဖို့ဒ်မှာ ရလဒ်ကောင်းလေ့ မရှိခဲ့ဘဲ နောက်ဆုံး ၁၈ ပွဲမှာ ၂ ပွဲသာ နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် သူတို့ဟာ အခုချိန်မှာ အနိုင်ရဖို့ ရေပန်းစားတဲ့ အသင်း အနေနဲ့ သွားမှာပါ။ အကယ်၍ လီဗာပူး တို့ ရလဒ် ကြီးကြီးမားမား နဲ့ အနိုင် ရခဲ့မယ် ဆိုရင်လည်း ဒါဟာ ကျွန်တော့်ကို အံ့သြ စေမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ကမ္ဘာ့ အကောင်းဆုံး မန်နေဂျာ နဲ့ ၃ ဦးတွဲ တိုက်စစ်ကို ပိုင်ဆိုင် ထားလို့ပါ။

လွန်ခဲ့တဲ့ ၄ နှစ်က ၀ုိက်ဟန်လိန်းမှာ တော့တင်ဟမ် နဲ့ သွားရင်ဆိုင် ရတုန်းက ကလော့ ရွေးချယ် ခဲ့တဲ့ ပွဲထွက် ကစားသမား ၁၁ ယောက်ကို ကြည့်လိုက်ပါ။ ခင်ဗျားတို့ သူ့ရဲ့ ပြုပြင် ပြောင်းလဲမှု ပမာဏကို တွေ့ရ ပါလိမ့်မယ်။ အဲဒီ ၁၁ ယောက်က – မစ်နိုင်လက် ၊ ကလိုင်နီ ၊ စကာတယ် ၊ ဆာခို ၊ မိုရီနို ၊ ချန် ၊ လီဗာ ၊ မီနာ ၊ လယ်လာနာ ၊ ကော်တင်ညို ၊ အိုရီဂီ တို့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ဒီထဲက ကျန်တဲ့သူ မရှိသလောက် နည်းသွား ခဲ့ပါတယ်။

ကလော့ဟာ ၂၀၁၅-၁၆ ရာသီက အဆင့် ၈ နေရာ ရခဲ့တဲ့ အသင်းကို နောက်သုံးနှစ် အကြာမှာ ချန်ပီယံလိဂ် ရဲ့ ချန်ပီယံ အဖြစ် ပြောင်းလဲ ပေးနိုင် ခဲ့ပါတယ်။ Wow! ဂိုးသမား အလီဆွန် ၊ နောက်တန်း က ဗန်ဒိုက် တို့ကနေ စပြီး ရှေ့တန်းက မိုဆာလား နဲ့ ဆာဒီယို မာနေး တို့အထိ သူ့ရဲ့ ကစားသမား ခေါ်ယူမှု တွေဟာ ပေးခဲ့ ရတဲ့ ငွေကြေးထက် အများကြီး ထိုက်တန်အောင် စွမ်းဆောင် ပြခဲ့ ကြပါတယ်။

ကလော့ရဲ့ ပထမဦးဆုံး ပွဲစဉ် တုန်းက ယူနိုက်တက်ရဲ့ First Line-up ကို ယှဉ်ကြည့်လိုက်ပါ။ ဒီဂီယာ ၊ ဒါမီယန် ၊ ဂျုံး ၊ စမောလင်း ၊ ရိုဟို ၊ ရှနိုက်ဒါလင်း ၊ ရှဝိုင်းစတိုင်ဂါ ၊ မာတာ ၊ ဟာရဲရား ၊ မာရှယ် ၊ ရွန်းနီ တို့ ဖြစ်ပါတယ်။ အမှန်ပါပဲ။ ကြားထဲမှာ အပြောင်းအလဲတွေ ရှိခဲ့ ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ဟာ ဖာဂီ ထွက်သွားပြီး နောက်ပိုင်း ကစားသမားသစ် တွေ အတွက် ပေါင်သန်း ၉၀၀ သုံးစွဲ ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ နောက်ပြန် သွားနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM

Zawgyi

ေပါင္သန္း ၉၀၀ ျဖဳန္းတီးမွဳ အတြက္ ယူႏုိက္တက္ကုိ ျပစ္တင္ေ၀ဖန္လိုက္ျပီး လီဗာပူးကုိ ဥပမာယူရန္ တုိက္တြန္းလိုက္တဲ့ ေရာ္ဘီဆားေဗ့ခ်္

ေရာ္ဘီဆားေဗ့ခ်္ဟာ မန္ခ်က္စတာ ယူႏုိက္တက္ အသင္း ရဲ႕ လူသစ္ စုေဆာင္းေရး အသင္းကို ေ၀ဖန္ ျပစ္တင္ လိုက္ျပီး အသင္းကို အလံုးစံု ဘယ္လို ျပဳျပင္ ေျပာင္းလဲ ဆုိတာ လီဗာပူး ကို အဓိက ဥပမာ ယူသင့္ တယ္လို႕ ဆုိသြား ပါတယ္။

ဆားေဗ့ခ်္က “ယာဂန္ကေလာ့ ဟာ ေလးႏွစ္ အတြင္းမွာပဲ လီဗာပူး အသင္းကို ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႕ အတြက္သာ ရည္မွန္းခြင့္ ရတဲ့ အသင္း အေနအထား ကေန ခ်န္ပီယံျဖစ္ေအာင္ ေျပာင္းလဲဖို႕ ျဖစ္ႏုိင္တယ္ ဆုိတာ ျပသ ခဲ့ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ ပရိတ္သတ္တုိင္း ကေတာ့ ဒါကို နာက်ည္းစြာ နဲ႕ပဲ ၀န္ခံ သြားရ ပါလိမ့္မယ္။

ကေလာ့ဟာ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ေအာက္တုိဘာလ က လီဗာပူး နည္းျပ ျဖစ္လာ ခဲ့ျပီးေနာက္ပိုင္း ကစားသမားသစ္ ေခၚယူမွဳ အတြက္ ေပါင္ ၃၉၅ သန္း အသံုးျပဳ ခဲ့ျပီး အသားတင္ ေငြေၾကး သံုးစြဲမွဳဟာ ေပါင္ သန္း ၇၀ ေအာက္သာ ရွိပါတယ္။ ဒီအခ်ိိန္မွာ သူဟာ အန္ဖီးကို ခ်န္ပီယံလိဂ္ ဖလား ယူေဆာင္ ေပးလာ ႏုိင္ခဲ့တဲ့ အျပင္ အဓိက ဖုိင္နယ္ ၄ ခုကို ပို႕ေဆာင္ ေပးထား ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ လက္ရွိ အခ်ိန္္မွာ လီဗာပူးကုိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္မွာ အမွတ္အသာ နဲ႕ ဦးေဆာင္ ႏုိင္ေအာင္ လုပ္ေပး ထားခဲ့ ပါတယ္။

ယွဥ္ေျပာ ရရင္ေတာ့ ကေလာ့ဟာ လီဗာပူးကုိ တုိးတက္ ေစခဲ့ျပီး ယူႏုိက္တက္ ကေတာ့ လြန္ခဲ့တဲ့ ၂၁၀၃ ခုႏွစ္ ဆာအဲလက္စ္ ဖာဂူဆန္ အနားယူ ခဲ့ျပီး ေနာက္ပိုင္း ရုတ္ခ်ည္း က်ဆင္း သြားခဲ့ ပါတယ္။ ေနာက္ဆံုး ၆ ရာသီကုိ ၾကည့္လုိက္မယ္ ဆုိရင္ ယူႏုိ္က္တက္ ဟာ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ အသင္းရဲ႕ ေနာက္ ပ်မ္းမွ် ရမွတ္ ၂၁.၅ မွတ္ အကြာမွာ ရွိေန ခဲ့ပါတယ္။ ဒီလို ေျပာရတာ ကၽြန္ေတာ့္ကို ရင္နာ ေစေပမယ့္ သူတုိ႕ဟာ အခု ခ်ိန္မွာ ပရီးမီးယားလိဂ္ title race နဲ႕ စပ္ဆက္မွဳ မရွိတဲ့ အသင္း ျဖစ္ေန ပါတယ္။

လီဗာပူး ဟာ အုိးထရပ္ဖို႕ဒ္မွာ ရလဒ္ေကာင္းေလ့ မရွိခဲ့ဘဲ ေနာက္ဆံုး ၁၈ ပြဲမွာ ၂ ပြဲသာ ႏုိင္ခဲ့ ပါတယ္။ ဒါေပမယ့္ သူတုိ႕ဟာ အခုခ်ိန္မွာ အႏုိင္ရဖို႕ ေရပန္းစားတဲ့ အသင္း အေနနဲ႕ သြားမွာပါ။ အကယ္၍ လီဗာပူး တုိ႕ ရလဒ္ ၾကီးၾကီးမားမား နဲ႕ အႏုိင္ ရခဲ့မယ္ ဆုိရင္လည္း ဒါဟာ ကၽြန္ေတာ့္ကို အံ့ၾသ ေစမွာ မဟုတ္ပါဘူး။ ဘာလို႕လဲ ဆုိေတာ့ သူတုိ႕ဟာ ကမာၻ႕ အေကာင္းဆံုး မန္ေနဂ်ာ နဲ႕ ၃ ဦးတြဲ တုိက္စစ္ကို ပိုင္ဆုိင္ ထားလုိ႕ပါ။

လြန္ခဲ့တဲ့ ၄ ႏွစ္က ၀ုိက္ဟန္လိန္းမွာ ေတာ့တင္ဟမ္ နဲ႕ သြားရင္ဆုိင္ ရတုန္းက ကေလာ့ ေရြးခ်ယ္ ခဲ့တဲ့ ပြဲထြက္ ကစားသမား ၁၁ ေယာက္ကို ၾကည့္လုိက္ပါ။ ခင္ဗ်ားတုိ႕ သူ႕ရဲ႕ ျပဳျပင္ ေျပာင္းလဲမွဳ ပမာဏကို ေတြ႕ရ ပါလိမ့္မယ္။ အဲဒီ ၁၁ ေယာက္က – မစ္ႏုိင္လက္ ၊ ကလိုင္နီ ၊ စကာတယ္ ၊ ဆာခုိ ၊ မုိရီႏုိ ၊ ခ်န္ ၊ လီဗာ ၊ မီနာ ၊ လယ္လာနာ ၊ ေကာ္တင္ညိဳ ၊ အုိရီဂီ တုိ႕ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ ဒီထဲက က်န္တဲ့သူ မရွိသေလာက္ နည္းသြား ခဲ့ပါတယ္။

ကေလာ့ဟာ ၂၀၁၅-၁၆ ရာသီက အဆင့္ ၈ ေနရာ ရခဲ့တဲ့ အသင္းကို ေနာက္သံုးႏွစ္ အၾကာမွာ ခ်န္ပီယံလိဂ္ ရဲ႕ ခ်န္ပီယံ အျဖစ္ ေျပာင္းလဲ ေပးႏုိင္ ခဲ့ပါတယ္။ Wow! ဂိုးသမား အလီဆြန္ ၊ ေနာက္တန္း က ဗန္ဒိုက္ တုိ႕ကေန စျပီး ေရွ႕တန္းက မုိဆာလား နဲ႕ ဆာဒီယုိ မာေနး တုိ႕အထိ သူ႕ရဲ႕ ကစားသမား ေခၚယူမွဳ ေတြဟာ ေပးခဲ့ ရတဲ့ ေငြေၾကးထက္ အမ်ားၾကီး ထုိက္တန္ေအာင္ စြမ္းေဆာင္ ျပခဲ့ ၾကပါတယ္။

ကေလာ့ရဲ႕ ပထမဦးဆံုး ပြဲစဥ္ တုန္းက ယူႏုိက္တက္ရဲ႕ First Line-up ကို ယွဥ္ၾကည့္လိုက္ပါ။ ဒီဂီယာ ၊ ဒါမီယန္ ၊ ဂ်ံဳး ၊ စေမာလင္း ၊ ရုိဟုိ ၊ ရွႏုိက္ဒါလင္း ၊ ရွ၀ုိင္းစတုိင္ဂါ ၊ မာတာ ၊ ဟာရဲရား ၊ မာရွယ္ ၊ ရြန္းနီ တုိ႕ ျဖစ္ပါတယ္။ အမွန္ပါပဲ။ ၾကားထဲမွာ အေျပာင္းအလဲေတြ ရွိခဲ့ ပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္ ဟာ ဖာဂီ ထြက္သြားျပီး ေနာက္ပိုင္း ကစားသမားသစ္ ေတြ အတြက္ ေပါင္သန္း ၉၀၀ သံုးစြဲ ခဲ့ပါတယ္။ ဒါေပမယ့္ သူတုိ႕ဟာ ေနာက္ျပန္ သြားေနပါတယ္။” လို႕ ဆုိလိုက္ပါတယ္။

SM