* စပိန် ကွင်းလယ်လူ စီဘယ်လောစ့် က သူ့ရဲ့ အနာဂတ်အတွက် ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ် နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အာဆင်နယ် အသင်း ကို အပြီးသတ် ပြောင်းရွှေ့ခွင့် ပေးဖို့ တောင်းဆိုခဲ့တယ်လို့ စပိန် အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြ နေကြပါတယ် ။

* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ရှက်ဖီးယူနိုက်တက် အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမယ့် ပွဲဟာ ခက်ခဲ နိုင်တာကြောင့် ပွဲချိန်ပြည့် နိုင်လိုစိတ် အပြည့် နဲ့ ကစားဖို့ လိုအပ်ကြောင်း အသင်းသားတွေကို တိုက်တွန်း သွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်း နောက်ခံလူ ဒေးဗစ်လူးဝဇ် က နည်းပြကြီး အူနိုင်း အမ်မရီ ဟာ အသင်း ရဲ့ ခံစစ်ပိုင်း ပိုမို တိုးတက် ကောင်းမွန်လာဖို့ ပြင်ဆင် လုပ်ဆောင် နေကြောင်း နဲ့ လာမယ့်ပွဲတွေမှာ အာဆင်နယ် အသင်းရဲ့ခံစစ်ပိုင်း ပိုမို တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ ဆိုပါတယ် ။

* နည်းပြ အမ်မရီ က လိဒ်ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့် မရ ဖြစ်နေတဲ့ အန်ခီရှားရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး အန်ခီရှား ပွဲထွက် ကစားတာကို မြင်တွေ့ ချင်ပေမယ့် အသင်းထံ ပြန်ခေါ်ဖို့ကတော့ စောလွန်းနေသေးကြောင်း ပြောကြား လိုက်ပါတယ် ။

*စကော့တလန် ဂန္တဝင် ကစားသမားဟောင်း ခရစ်ဘွိုင် က ဆဲလ်တစ် တိုက်စစ်မှူး အော့ဆွန်နီ အက်ဒွာ အနေနဲ့ ကစားသမား ဘဝ တက်လမ်းအတွက် အာဆင်နယ် သို့မဟုတ် မန်ယူနိုက်တက် ကို ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးလိုက်ပါတယ် ။ အက်ဒွာဟာ ဂွမ်ဒူဇီနဲ့ ပြင်သစ် ယူ-၂၁မှာ အသင်းဖော်တွေလည်း ဖြစ်ပါတယ် ။

* ဂန်းနားတို့ရဲ့ ဂန္တဝင် နောက်ခံလူ မာတင်ကီယွန် ကအိုဇေးလ် ရဲ့ ကွင်းအတွင်း အပြုအမူတွေ အပေါ် သဘောမကျကြောင်း နဲ့ သူကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး ပွဲထွက်ခွင့် အတွက် ကြိုးစားပြဖို့ လိုအပ်ကြောင်း ဝေဖန် ထောက်ပြ လိုက်ပါတယ် ။

* ၂၀၁၉ ခုနှစ် အတွက် ဖီဖာ Golden Boy ဆုအတွက် ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုမှာ အာဆင်နယ် အသင်း ကွင်းလယ်လူ မက်တီယို ဂွမ်ဒူဇီ ဟာ မဲအရေအတွက် ၂၇၃၃ ( မဲ ၁၂ % ) နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့် မဲအရေအတွက် ၂၅၉၇ ( မဲ ၁၂% ) နဲ့ ဒုတိယ လိုက်နေပါတယ် ။ ( နေ့လည် ၃:၁၁ တုန်းက နောက်ဆုံး ရရှိတဲ့ မဲရလဒ် ဖြစ်ပါတယ် )

* အာဆင်နယ် အသင်း ပရိသတ်တွေဟာ ရှက်ဖီး ယူနိုက်တက် အသင်း နဲ့ ပွဲမှာ ကွင်းလယ်လူ ရှာကာ နဲ့ နောက်ခံလူ ဆိုကရက်တစ် ကို ပွဲထွက် လူစာရင်းကနေ ချန်လှပ် စေချင် နေကြပါတယ် ။ အာဆင်နယ် အသင်း ပရိသတ်တွေ မြင်တွေ့ချင်ကြတဲ့ လူစာရင်း –
ဂိုး – လီနို ။
နောက်တန်း – ချိန်ဘာ ၊ လူးဝဇ် ၊ ဟိုးလ်ဒင်း ၊ တီယာနေး ။
အလယ်တန်း – ဂွမ်ဒူဇီ ၊တော်ရီးယား ၊ စီဘယ်လောစ့် ။
ရှေ့တန်း – အူဘာမီယန်း ၊ နီကိုလပ်စ် ပေပေ ၊ ဆာကာ ။

* မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ယူ-၁၈ ပွဲစဉ်မှာ အာဆင်နယ် ယူ-၁၈ အသင်းဟာ တော့တင်ဟမ် ယူ-၁၈ အသင်းနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျ သွားခဲ့ပါတယ် ။ အာဆင်နယ် ယူ-၁၈ အသင်းအတွက် ဂိုးတွေကိုတော့ ဘတ်တလာ အိုရီဒီဂျီ တစ်ဦးတည်းက သွင်းယူ ပေးခဲ့တာပါ။

* တစ်နေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစဉ် မှာ အာဆင်နယ် ယူ-၂၃ အသင်း ဟာ ချဲလ်ဆီး ယူ-၂၃ အသင်းကို သုံးဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။ အဆိုပါ ပွဲမှာ အာဆင်နယ် ယူ-၂၃ အသင်းအတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ဘန်ကော့ရယ် က သွင်းယူ ပေးခဲ့တာပါ ။

SPORTS MYANMAR

Zawgyi

အာဆင်နယ် သတင်းတိုများ
===================








ဂိုး – လီနို ။



SPORTS MYANMAR