ဂန်းနားတို့ရဲ့ တိုက်စစ်မှူးဟောင်း အီယန်ရိုက် က ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာ အာဆင်နယ် အသင်း တိုက်စစ် အတွဲ ဖြစ်တဲ့ အူဘာမီယန်း နဲ့ လာကာဇက် တို့ဟာ ချဲလ်ဆီး အသင်း နောက်တန်းကို ကောင်းကောင်း ဒုက္ခ ပေးနိုင်တဲ့သူတွေ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ် ။

ဒါ့အပြင် ချလ်ဆီး အသင်း တောင်ပံ ကစားသမား အီဒင်ဟာဇက် ဟာလည်း အာဆင်နယ် အသင်း နောက်တန်း ကစားသမားတွေ အတွက် ထိန်းချုပ်ရ ခက်ခဲမယ့် ကစားသမား တစ်ဦး ဖြစ်ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

ဘယ်ဂျီယံ တောင်ပံ ကစားသမား အီဒင်ဟာဇက် ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ချဲလ်ဆီး အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း အတော်လေး များနေပါတယ် ။ ယူရိုပါလိဂ် ဗိုလ်လုပွဲ ဟာ ဟာဇက်ရဲ့ ချဲလ်ဆီး ကစားသမား ဘဝ နောက်ဆုံးပွဲ ဖြစ်ဖွယ် ရှိနေတာကြောင့် အစွမ်းကုန် ကြိုးစား အားထုတ် ကစားဖွယ် ရှိနေပါတယ် ။

ဟာဇက် ဟာ ဗိုလ်လုပွဲ ပြီးတာနဲ့ ရီးရဲလ် မက်ဒရစ် အသင်းကို ပြောင်းရွှေ့ တော့မယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး ချဲလ်ဆီး အသင်းက မထွက်ခွာမှီ ယူရိုပါလိဂ် ဖလား အရယူချင်ကြောင်းလည်း ထုတ်ဖော် ပြောကြား ထားပါတယ် ။

အီယန်ရိုက် က Mirror သတင်းစာ မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲ မှာ အာဆင်နယ် အသင်း တိုက်စစ် အတွဲဟာ သေချာပေါက် ဂိုးသွင်း နိုင်လိမ့်မယ်လို့ ပြောကြား လိုက်ပြီး အီဒင်ဟာဇက် ဟာလည်း သူ့ရဲ့ နောက်ဆုံးပွဲမှာ ချဲလ်ဆီးအသင်း အတွက် အစွမ်းကုန် ပေးဆပ် ကစားသွားမယ်လို့ ဆိုပါတယ် ။

အီယန်ရိုက် က ” အာဆင်နယ် အသင်းက ဒီရာသီမှာ အဝေးကွင်း ပွဲစဉ်တွေမှာ ပုံစံကောင်း မပြသထ ထားနိုင်ပါဘူး ။ ဒါပေမယ့် နောက်ဆုံး အဝေးကွင်း နှစ်ပွဲကတော့ ရလဒ်ကောင်း ရယူထားနိုင်ပါတယ် ။ ဗလန်စီယာ အသင်းက အရမ်းကောင်းတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး ။ ”

” ဒါပေမယ့် အာဆင်နယ် အသင်းက ဗလန်စီယာ နဲ့ ပွဲမှာ မညှာမတာ ကစားခဲ့တာပါ ။ ချဲလ်ဆီး အသင်း နောက်တန်း ကလည်း သူတို့ကို ဖိအားပေးလာရင် အမှားလုပ်လေ့ ရှိပါတယ် ။ အထူးသဖြင့် အူဘာမီယန်း နဲ့ လာကာဇက် တို့လို့ တိုက်စစ်မှူးတွေနဲ့ ရင်ဆိုင် ရတဲ့ အခါမှာပေါ့ ။ ”

” အာဆင်နယ် အသင်း နောက်တန်း ကလည်း ဒီရာသီမှာ အားနည်းတာပါပဲ ။ ဟာဇက် က ပြိုင်ဘက် အသင်းကို ကောင်းကောင်း ဒုက္ခ ပေးနိုင်တဲ့ ကစားသမားပါ ။ အာဆင်နယ် အသင်းမှာ ခံစစ်ကို ဆင်းကူနိုင်တဲ့ ကွင်းလယ် ကစားသမားမျိုး မရှိပါဘူး ။ ကန်တေ လို ကစားသမားမျိုးပေါ့ ။ ဒါကြောင့် ဟာဇက် က အာဆင်နယ် အသင်းအတွက် အခက်အခဲ ဖြစ်စေမှာပါ ။ ”

” ဟာဇက်ကလည်း သူ့ရဲ့ နောက်ဆုံးပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့ အစွမ်းကုန် ကစားမှာပါ။ နှစ်သင်းစလုံးမှာ ပြောစရာတွေက ရှိနေတာပါပဲ ။ ကျနော်ကတော့ အာဆင်နယ် အသင်းကို အနိုင်ရစေချင်ပါတယ် ။ ရှေ့ တန်း တိုက်စစ်မှူး နှစ်ဦးကြောင့် အာဆင်နယ် အသင်း သေချာပေါက် ဂိုးရမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR