စနေ နေ့ည ညဉ့်နက်ပိုင်းမှာ ကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ တန်းတက် မာယော့ကာ အသင်းက ရီးရဲလ် မက်ဒရစ် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။နည်းပြ ဇီဒန်းရဲ့ ရီးရဲလ် အသင်းဟာ အခုပွဲမတိုင်မီနောက်ဆုံးပြိုင်ပွဲစုံ၅ပွဲဆက် ရှုံးပွဲမရှိကစားထားသလို လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အခုပွဲမှာတော့ ပွဲချိန် ရ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂျူနီယာလက်ဂိုရဲ့ သွင်းဂိုးကို ပြန်ပြီးချေပနိုင်ခြင်း မရှိခဲ့ လို့ ရှံုးပွဲ တွေ့သွားခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာဟာဇက်၊မိုဒရစ်၊ တိုနီကရူးစ်၊ ဘေးလ်၊အစရှိတဲ့ အဓ်ကကစားသမားတွေ ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ဒဏ်ရာပြသနာတွေဟာ ရီးရဲလ် ရှံုးနိမ့်မှုအတွက် လုံလောက်တဲ့အကြောင်းပြချက်တွေတော့မဟုတ်တာဖြစ်ပါတယ်။အခြားဖြစ်နိုင်တဲ့ အကြောင်းရင်း၅ ချက်ကို အောင်ပါအတိုင်းတွေ့ရဦးမှာဖြစ်ပါတယ်။

၁။ ကွင်းလယ်သမားကောင်းစစ်စစ်မပါနိုင်ခဲ့ခြင်း

ဒီပြသနာ ရဲ့ အရင်းအမြစ်က နွေရာသီမှာ ကွင်းလယ်လူကောင်းတဦးကို ရီးရဲလ်အသင်းမခေါ်နိုင်ခဲ့တာကနေ စတင်တာဖြစ်ပါတယ်။မိုဒရစ်နဲ့ ကရူးစ်တို့မပါနိုင်ချိန်မှာကေ့စ်မီယိုကကွင်းလယ်မှာ တသီးတခြားပုံစံဖြစ်နေပြီး ရိုဒရီဂွက်နဲ့ အစ္စကိုတို့ရဲ့ကာကွယ်ပေးမှုကို များများစားစားမရခဲ့ပါဘူး။

၂။ အလုပ်မဖြစ်သေးတဲ့ ဘန်ဇီမာ+ ဂျိုဗစ် တိုက်စစ်အတွဲ

နည်းပြဇီဒန်းဟာ ဒီပွဲမှာ ဘန်ဇီမာ၊ ဂျိုဗစ်တို့ ၂ဦးကို တွဲဖက်ပြီး အထောင်တိုက်စစ်နေရာမှာအသုံးပြုခဲ့တာဖြစ်ပါတယ်။ဘန်ဇီမာက အနည်းအကျဉ်း ခြေစွမ်းကောင်းပြနိုင်ခဲ့ပေမယ့် ဂျိုဗစ်ကတော့ သုံးစားလို့ တောင်မရခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ အတွဲအဖက်ဟာကောင်းကောင်း ချိတ်ဆက်နိုင်မှု မရှိခဲ့တာဖြစ်လို့ ဇီဒန်း မှားယွင်းခဲ့ပြီ ဆိုတာကိုလည်းသက်သေပြသလိုဖြစ်ခဲ့ပါတယ်။

၃။ တိုက်စစ်အစွယ်အငေါတွေ ပျောက်ဆုံးနေခဲ့တဲ့ ရိုဒရီဂွက်

မိုဒရစ် နဲ့ ကရူးစ် တို့မပါနိုင်ချိန်မှာ ရိုဒရီဂွက်က ကေ့စ်မီယိုရဲ့ ဘောလုံး ပျက်မှုတွေကို ပါ လိုက်ခံဆယ်ယူပေးခဲ့ရလို့ သူ့ရဲ့ အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ပါဘူး။ဒါကြောင့် ပြိုင်ဘက်ခံစစ်ဇုံအထိ မရောက်နိုင်ခဲ့ပဲ သက်ရောက်မှုတခုမှ မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာသူတယောက်တည်းရဲ့အမှားတော့မဟုတ်ပါဘူး။ဇီဒန်းအနေနဲ့လည်း နည်းစနစ်ပိုင်းအမှားတွေအတွက် အပြစ်တင်ခံရမှာဖြစ်ပါတယ်။

၄။ ဆိုးရွားတဲ့ ခံစစ်ပိုင်း

မာယော့ကာ အသင်းဟာ တခုတည်းသော ဂိုးပေါက်တည့်ကန်ချက်ကနေ ဂိုးရခဲ့တာဖြစ်ပြီး ကွင်းလယ်လူတွေရဲ့ ပံ့ပိုးမှုတောင် မလိုခဲ့တာဖြစ်ပါတယ်။ အိုဒရီရိုဇိုလာအနေနဲ့ လက်ဂိုရဲ့ ပြေးလမ်းကြောင်းကို တွက်ဆနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ရီးရဲလ်လို ချန်ပီယံဆုတွေ ရှာဖွေနေတဲ့ အသင်းမျိုးကို သူ သွင်းယူခဲ့တဲ့ ဂိုးက လွယ်ကူလွန်းခဲ့တာဖြစ်ပါတယ်။

၅။ တိုက်စစ်ပိုင်းကို ပံ့ပို့မှုနည်းပါးခဲ့တဲ့ မာဆယ်လို

ဒီဘရာဇီးလ်သားဟာ ခံစစ်စွမ်းဆောင်ရည်အရမ်းကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို အားလုံးကသိကြပါတယ်။ဒါပေမယ့် တိုက်စစ်မှာပါ သုံးမရချိန်မှာ အသင်းမှာသူဆက်ရှိသင့် မရှိသင့်ဆိုတဲ့ မေးခွန်းမျိုးတွေပါ ထွက်လာပြီဖြစ်ပါတယ်။

SM