ခ်ယ္လ္ဆီး အသင္း ဟာ မေန႕ည က ယူရိုပါလိဂ္ ဖိုင္နယ္ ပြဲစဥ္ မွာ အာဆင္နယ္ အသင္း ကို ၄ – ၁ နဲ႔ ဂိုးျပတ္ အႏိုင္ရကာ ယူရိုပါလိဂ္ ခ်န္ပီယံဆု ကို ဒုတိယ အၾကိမ္ေျမာက္ ရရွိခဲ့ျပီး ျဖစ္ပါတယ္ ။ ဒီ ဖလား ဟာ ခ်ယ္လ္ဆီး နည္းျပ ေမာ္ရစ္ဇီယို ဆာရီ အတြက္ ပေရာ္ဖက္ရွင္နယ္ နည္းျပ ဘဝ ပထမဆံုး အဓိက ဖလား ျဖစ္ခဲ့သလို အသင္း ရဲ႕ အဓိက ေတာင္ပံ ကစားသမား အီဒင္ ဟာဇတ္ အတြက္ ေနာက္ဆံုး ဖလား လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။

မေန႕က ပြဲျပီး အင္တာဗ်ဴး မွာေတာ့ ဟာဇတ္ က သူဟာ ခ်ယ္လ္ဆီး အသင္း မွ ထြက္ခြာေတာ့ မွာ ျဖစ္ျပီး ဒီ ယူရိုပါလိဂ္ ဖိုင္နယ္ ပြဲဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ ပရိသတ္ ေတြကို ေနာက္ဆံုး အေနနဲ႕ ႏႈတ္ဆက္ျခင္း ျဖစ္ေၾကာင္း ဖြင့္ဟ ခဲ့သလို သူဟာ လက္ရွိ မွာ ၂ဖက္ အသင္း ရဲ႕ အေျပာင္းအေရႊ႕ ညွိႏႈိင္းမႈ ကို ေစာင့္ေနရဆဲ ျဖစ္ေၾကာင္း နဲ႕ သူ႕ အနာဂတ္ နဲ႕ ပတ္သက္ျပီး လြန္ခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္ ကတည္းက ဆံုးျဖတ္ခဲ့ျပီး ျဖစ္ေၾကာင္း ဆိုပါတယ္ ။

လာမယ့္ ေႏြရာသီ အေျပာင္းအေရႊ႕ မွာ ဟာဇတ္ ထြက္ခြာမႈ အျပင္ ခ်ယ္လ္ဆီး အသင္း နည္းျပ ေမာ္ရစ္ဇီယို ဆာရီ ရဲ႕ အနာဂတ္ လည္း တည္ျငိမ္မႈ မရွိေတာ့တဲ့ သတင္းေတြလည္း ထြက္ေပၚ လာခဲ့ပါတယ္ ။ ေလာေလာဆယ္ မွာ ဆာရီ ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း ၂ႏွစ္ က်န္ရွိေနေသး ေပမယ့္ ၄င္းကို ေခၚယူဖို႕ စီးရီးေအ ကလပ္ အသင္း ေတြ ျဖစ္ၾကတဲ့ ဂ်ဴဗင္တပ္ ၊ ရိုးမား ၊ အင္တာမီလန္ နဲ႕ ေအစီမီလန္ စတဲ့ အသင္း ေတြက အျပိဳင္ စိတ္ဝင္စား ေနၾကပါတယ္ ။

အခု အခ်ိန္မွာ ဆာရီ နဲ႕ သတင္း အထြက္ဆံုး ကေတာ့ ဂ်ဴဗင္တပ္ ျဖစ္ျပီး အယ္လီဂရီ ရဲ႕ ေနရာ ကို ဝင္ေရာက္ လာဖို႕ ေရပန္း အစားဆံုး နည္းျပ အျဖစ္ ရွိေနပါတယ္ ။ သို႕ေပမယ့္ လည္း မေန႕က ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာ သူ႕ရဲ႕ အနာဂတ္ ကို မၾကာခင္ မွာ အသင္းမွ တာဝန္ရွိသူ ေတြနဲ႕ တိုင္ပင္ ေဆြးေႏြးမွာ ျဖစ္ေၾကာင္း ၊ အီဒင္ ဟာဇတ္ ဟာ ခ်ယ္လ္ဆီး မွ ထြက္ခြာေတာ့မွာ ျဖစ္တဲ့ အတြက္ သူ႕ အေနနဲ႕ စိတ္မေကာင္း ျဖစ္မိေၾကာင္း လည္း ထပ္ေဆာင္း ေျပာၾကား ခဲ့ပါတယ္ ။

ဆာရီ က ” ကြ်န္ေတာ္ စိတ္မေကာင္းပါဘူး ။ ဒါေပမယ့္ အီဒင္ က အသင္းေျပာင္းေတာ့မွာပါ ။ အီဒင္ ဟာ အရမ္း ေတာ္တဲ့ ကစားသမား ျဖစ္ေပမယ့္ သူ႕ကို သာမန္ လူတေယာက္လို နားလည္ ေပးဖို႕ ၊ ခင္မင္ ရင္းႏွီး ဖို႕ အတြက္ ၂လ ၊ ၃လ ေလာက္ အခ်ိန္ယူ ရပါတယ္ ။ ဒါေပမယ့္ ခင္ဗ်ား ဟာ သူ႕ကို သာမန္ လူတေယာက္လို အျမင္ နဲ႕ နားလည္ လို႕ ရျပီ ဆိုရင္ သူဟာ ခင္ဗ်ား အတြက္ အေတာ္ ႏွစ္လိုဖြယ္ ေကာင္းသူ ျဖစ္ပါတယ္ ။ ”

” အီဒင္ ဟာ ခ်ယ္လ္ဆီး ကေန ထြက္ခြာခ်င္ ေနခဲ့တာ ကြ်န္ေတာ္ အေစာကတည္းက သိပါတယ္ ။ ဟုတ္ပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ အရင္ က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ ေတြမွာ ေျပာခဲ့တဲ့ အတိုင္း ကြ်န္ေတာ္ တို႕ဟာ သူ႕ရဲ႕ ဆံုးျဖတ္ခ်က္ ကို ေလးစား ဖို႕ လိုပါတယ္ ။ အခု သူျပီးေတာ့ ကြ်န္ေတာ္ ကိုယ္တိုင္ လည္း ကြ်န္ေတာ့ ရဲ႕ အနာဂတ္ နဲ႕ ပတ္သက္ျပီး အသင္း က တာဝန္ရွိသူ ေတြနဲ႕ ေဆြးေႏြး ရပါေတာ့မယ္ ။ ”

” ဒီႏွစ္ ေဘာလံုး ရာသီ ဟာ လြန္ခဲ့တဲ့ တနာရီ အၾကာကပဲ ျပီးဆံုး သြားခဲ့ပါျပီ ။ မနက္ျဖန္ က်ရင္ေတာ့ ကြ်န္ေတာ္ ဟာ အနာဂတ္ နဲ႕ ပတ္သက္ျပီး ကလပ္ က တာဝန္ရွိသူ ေတြနဲ႕ ေဆြးေႏြး သြားခ်င္ပါတယ္ ။ အသင္းပိုင္ရွင္ ၊ ဒါရိုက္တာ မာရီနာ အစရွိသူေတြနဲ႕ေပါ့ ။ အခုေတာ့ ကြ်န္ေတာ္ မသိေသးပါဘူး ။ ကြ်န္ေတာ္ တို႕ဟာ ေဘာလံုး ရာသီ တခု ျပီးဆံုး တဲ့ အခါ ကိုယ့္ရဲ႕ အနာဂတ္ အေၾကာင္း အသင္း နဲ႕ တိုင္ပင္ ေဆြးေႏြး ဖို႕ လိုပါတယ္ ။ ”

” ကြ်န္ေတာ့ အေနနဲ႕ ကလပ္ က ကြ်န္ေတာ့ အတြက္ ဘာေတြ လုပ္ေပး ႏိုင္သလဲ ဆိုတာ သိဖို႕ လိုပါတယ္ ။ ကြ်န္ေတာ္ ဒီ ကလပ္ အတြက္ ပိုေကာင္းတဲ့ အရာ ေတြ လုပ္ေပးႏိုင္ေသးတယ္ ဆိုတဲ့ အေၾကာင္း ေတြ သူတို႕ နားလည္ ေအာင္ ရွင္းျပဖို႕ လိုပါတယ္ ။ အဲ့ဒီေနာက္ ေနာက္ ၂ ရက္ ၊ ၃ ရက္ အၾကာမွာ ကြ်န္ေတာ့ ရဲ႕ အနာဂတ္ နဲ႕ ပတ္သက္ျပီး အတိအလင္း ဆံုးျဖတ္ခ်က္ ခ်သြားမွာပါ ။ အခု အခ်ိန္မွာေတာ့ ကြ်န္ေတာ့ မွာ အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း ၂ႏွစ္ က်န္ေနေသးတဲ့ အတြက္ ကြ်န္ေတာ္ တို႕ ဘာတခုမွ ေျပာေနတာမ်ိဳး မရွိေသးပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဟာဇတ် ထွက်ခွာမှု နဲ့ အတူ ၄င်းရဲ့ အနာဂတ် ဘယ်လို ရှိလာနိုင်သလဲ ဆိုတာ အရိပ်အမြွက် ဆိုလိုက်တဲ့ #ဆာရီ

ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ယူရိုပါလိဂ် ဖိုင်နယ် ပွဲစဉ် မှာ အာဆင်နယ် အသင်း ကို ၄ – ၁ နဲ့ ဂိုးပြတ် အနိုင်ရကာ ယူရိုပါလိဂ် ချန်ပီယံဆု ကို ဒုတိယ အကြိမ်မြောက် ရရှိခဲ့ပြီး ဖြစ်ပါတယ် ။ ဒီ ဖလား ဟာ ချယ်လ်ဆီး နည်းပြ မော်ရစ်ဇီယို ဆာရီ အတွက် ပရော်ဖက်ရှင်နယ် နည်းပြ ဘဝ ပထမဆုံး အဓိက ဖလား ဖြစ်ခဲ့သလို အသင်း ရဲ့ အဓိက တောင်ပံ ကစားသမား အီဒင် ဟာဇတ် အတွက် နောက်ဆုံး ဖလား လို့ ဆိုရမှာ ဖြစ်ပါတယ် ။

မနေ့က ပွဲပြီး အင်တာဗျူး မှာတော့ ဟာဇတ် က သူဟာ ချယ်လ်ဆီး အသင်း မှ ထွက်ခွာတော့ မှာ ဖြစ်ပြီး ဒီ ယူရိုပါလိဂ် ဖိုင်နယ် ပွဲဟာ ချယ်လ်ဆီး အသင်း နဲ့ ပရိသတ် တွေကို နောက်ဆုံး အနေနဲ့ နှုတ်ဆက်ခြင်း ဖြစ်ကြောင်း ဖွင့်ဟ ခဲ့သလို သူဟာ လက်ရှိ မှာ ၂ဖက် အသင်း ရဲ့ အပြောင်းအရွှေ့ ညှိနှိုင်းမှု ကို စောင့်နေရဆဲ ဖြစ်ကြောင်း နဲ့ သူ့ အနာဂတ် နဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် ကတည်းက ဆုံးဖြတ်ခဲ့ပြီး ဖြစ်ကြောင်း ဆိုပါတယ် ။

လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှာ ဟာဇတ် ထွက်ခွာမှု အပြင် ချယ်လ်ဆီး အသင်း နည်းပြ မော်ရစ်ဇီယို ဆာရီ ရဲ့ အနာဂတ် လည်း တည်ငြိမ်မှု မရှိတော့တဲ့ သတင်းတွေလည်း ထွက်ပေါ် လာခဲ့ပါတယ် ။ လောလောဆယ် မှာ ဆာရီ ဟာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း ၂နှစ် ကျန်ရှိနေသေး ပေမယ့် ၄င်းကို ခေါ်ယူဖို့ စီးရီးအေ ကလပ် အသင်း တွေ ဖြစ်ကြတဲ့ ဂျူဗင်တပ် ၊ ရိုးမား ၊ အင်တာမီလန် နဲ့ အေစီမီလန် စတဲ့ အသင်း တွေက အပြိုင် စိတ်ဝင်စား နေကြပါတယ် ။

အခု အချိန်မှာ ဆာရီ နဲ့ သတင်း အထွက်ဆုံး ကတော့ ဂျူဗင်တပ် ဖြစ်ပြီး အယ်လီဂရီ ရဲ့ နေရာ ကို ဝင်ရောက် လာဖို့ ရေပန်း အစားဆုံး နည်းပြ အဖြစ် ရှိနေပါတယ် ။ သို့ပေမယ့် လည်း မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာ သူ့ရဲ့ အနာဂတ် ကို မကြာခင် မှာ အသင်းမှ တာဝန်ရှိသူ တွေနဲ့ တိုင်ပင် ဆွေးနွေးမှာ ဖြစ်ကြောင်း ၊ အီဒင် ဟာဇတ် ဟာ ချယ်လ်ဆီး မှ ထွက်ခွာတော့မှာ ဖြစ်တဲ့ အတွက် သူ့ အနေနဲ့ စိတ်မကောင်း ဖြစ်မိကြောင်း လည်း ထပ်ဆောင်း ပြောကြား ခဲ့ပါတယ် ။

ဆာရီ က ” ကျွန်တော် စိတ်မကောင်းပါဘူး ။ ဒါပေမယ့် အီဒင် က အသင်းပြောင်းတော့မှာပါ ။ အီဒင် ဟာ အရမ်း တော်တဲ့ ကစားသမား ဖြစ်ပေမယ့် သူ့ကို သာမန် လူတယောက်လို နားလည် ပေးဖို့ ၊ ခင်မင် ရင်းနှီး ဖို့ အတွက် ၂လ ၊ ၃လ လောက် အချိန်ယူ ရပါတယ် ။ ဒါပေမယ့် ခင်ဗျား ဟာ သူ့ကို သာမန် လူတယောက်လို အမြင် နဲ့ နားလည် လို့ ရပြီ ဆိုရင် သူဟာ ခင်ဗျား အတွက် အတော် နှစ်လိုဖွယ် ကောင်းသူ ဖြစ်ပါတယ် ။ ”

” အီဒင် ဟာ ချယ်လ်ဆီး ကနေ ထွက်ခွာချင် နေခဲ့တာ ကျွန်တော် အစောကတည်းက သိပါတယ် ။ ဟုတ်ပါတယ် ။ ဒါပေမယ့် ကျွန်တော် အရင် က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ တွေမှာ ပြောခဲ့တဲ့ အတိုင်း ကျွန်တော် တို့ဟာ သူ့ရဲ့ ဆုံးဖြတ်ချက် ကို လေးစား ဖို့ လိုပါတယ် ။ အခု သူပြီးတော့ ကျွန်တော် ကိုယ်တိုင် လည်း ကျွန်တော့ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး အသင်း က တာဝန်ရှိသူ တွေနဲ့ ဆွေးနွေး ရပါတော့မယ် ။ ”

” ဒီနှစ် ဘောလုံး ရာသီ ဟာ လွန်ခဲ့တဲ့ တနာရီ အကြာကပဲ ပြီးဆုံး သွားခဲ့ပါပြီ ။ မနက်ဖြန် ကျရင်တော့ ကျွန်တော် ဟာ အနာဂတ် နဲ့ ပတ်သက်ပြီး ကလပ် က တာဝန်ရှိသူ တွေနဲ့ ဆွေးနွေး သွားချင်ပါတယ် ။ အသင်းပိုင်ရှင် ၊ ဒါရိုက်တာ မာရီနာ အစရှိသူတွေနဲ့ပေါ့ ။ အခုတော့ ကျွန်တော် မသိသေးပါဘူး ။ ကျွန်တော် တို့ဟာ ဘောလုံး ရာသီ တခု ပြီးဆုံး တဲ့ အခါ ကိုယ့်ရဲ့ အနာဂတ် အကြောင်း အသင်း နဲ့ တိုင်ပင် ဆွေးနွေး ဖို့ လိုပါတယ် ။ ”

” ကျွန်တော့ အနေနဲ့ ကလပ် က ကျွန်တော့ အတွက် ဘာတွေ လုပ်ပေး နိုင်သလဲ ဆိုတာ သိဖို့ လိုပါတယ် ။ ကျွန်တော် ဒီ ကလပ် အတွက် ပိုကောင်းတဲ့ အရာ တွေ လုပ်ပေးနိုင်သေးတယ် ဆိုတဲ့ အကြောင်း တွေ သူတို့ နားလည် အောင် ရှင်းပြဖို့ လိုပါတယ် ။ အဲ့ဒီနောက် နောက် ၂ ရက် ၊ ၃ ရက် အကြာမှာ ကျွန်တော့ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး အတိအလင်း ဆုံးဖြတ်ချက် ချသွားမှာပါ ။ အခု အချိန်မှာတော့ ကျွန်တော့ မှာ အသင်း နဲ့ စာချုပ် သက်တမ်း ၂နှစ် ကျန်နေသေးတဲ့ အတွက် ကျွန်တော် တို့ ဘာတခုမှ ပြောနေတာမျိုး မရှိသေးပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR