အဒမ်လယ်လာနာ လီဗာပူး ကို ဒီရာသီမှာ ရှုံးပွဲမရှိအောင် ကယ်တင် ပေးခဲ့ပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ လီဗာပူး ထံမှ ပထမဦးဆုံး အမှတ် ရယူ နိုင်တဲ့ အသင်း ဖြစ်လာ ခဲ့ပါတယ်။ မာကပ်ရပ်ဖို့ဒ်ရဲ့ ပထမပိုုင်း သွင်းဂိုးဟာ ပွဲရလဒ်ကို ခြားနားမှု ဖြစ်သွား စေခဲ့ပေမယ့်လည်း ဒီဂိုးမှာ အငြင်းပွားစရာ တွေတော့ ပါ၀င် နေပါတယ်။

Bulid-up မှာ အိုရီဂီ ကို လင်ဒီလော့ဖ် ပြစ်ဒဏ် ကျူးလွန် ခဲ့သလို ရှိတာကြောင့် VAR ပြန်လည် ကြည့်ရှု ခဲ့ပေမယ့်လည်း ဒိုင်တွေဟာ ဒီဆုံးဖြတ်ချက်ကို ပြန်မပြင် ခဲ့ပါဘူး။ မာနေး ဟာ လီဗာပူး အတွက် ပထမပိုင်း ပြီးခါနီးမှာ ချေပဂိုး သွင်းပေး ခဲ့ပေမယ့်လည်း VAR ထပ်မံ ကြားဝင်ခဲ့ရပြီး လက်ထိဘော ဖြစ်ခဲ့တာကြောင့် လီဗာပူး တို့ ဂိုးမရ ခဲ့ပါဘူး။

ဒါပေမယ့်လည်း အရန်ခုံကနေ ထလာ ခဲ့တဲ့ လယ်လာနာဟာ လီဗာပူး အသင်း အတွက် ပွဲပြီးခါနီးမှာ ချေပဂိုးကို သွင်းယူ ပေးခဲ့ပြီး ယာဂန်ကလော့ရဲ့ အသင်း ရှံုးပွဲ မတွေ့အောင် ကူညီ ပေးခဲ့ပါတယ်။ အနိုင်ရခဲ့မယ် ဆိုရင် ယူနိုက်တက်ရဲ့ ရာသီကို အလှည့်အပြောင်း ဖြစ်သွား စေနိုင်ပေမယ့်လည်း သရေ နဲ့သာ ကျေနပ် ခဲ့ရပြီး လီဗာပူး ကတော့ မန်စီးတီးကို ၆ မှတ် ဖြတ်ထား နိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက်
ဒီဂီယာ – ရ
ဒဏ်ရာ အလျှင်အမြန် သက်သာ လာခဲ့တာကြောင့် ပွဲထွက် စာရင်းမှာ ပါ၀င်လာ နိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ ဂိုးပေါက်မှာ တည်ငြိမ်မှု အပြည့်နဲ့ အမှားအယွင်း မရှိ ကစား သွားခဲ့ ပါတယ်။

၀မ်ဘစ်ဆာကာ – ရ
လီဗာပူး ရဲ့ ဘယ်တောင်ပံ တိုက်စစ်ကို ဟန့်တားမှုတွေ ကောင်းမွန်တဲ့ အပြင် ညာတောင်ပံ ကနေလည်း တိုက်စစ်ကို ကောင်းစွာ လိုက်ပါ ပံ့ပိုုး ပေးခဲ့ပြီး အင်္ဂလန် မန်နေဂျာ ဆောက်ဂိတ်ကို မျက်စိကျအောင် ကစား သွားခဲ့ ပါတယ်။

လင်ဒီလော့ – ၆
အစပိုင်းမှာ အိုရီဂီ ရဲ့ ထိုးဖောက်မှု တွေကို တားဆီးဖို့ အတွက် ရုန်းကန် ခဲ့ရ ပေမယ့်လည်း ပွဲချိန် ကြာလာ တာနဲ့ အမျှ ကစားပုံ ကောင်းလာ ခဲ့ပြီး မက်ဂွိုင်းယား နဲဲ့ အတွဲညီ ခဲ့ပါတယ်။

မက်ဂွိုင်းယား – ရ
ယူနိုက်တက်ရဲ့ ၃ ဦးတန်း ခံစစ်ကြောင်း ကို ကောင်းစွာ ဦးဆောင်ကာ လီဗာပူး ရဲဲ့ တိုက်စစ် ဆင်မှု တွေကို အကောင်းဆုံး ဟန့်တား ပေးနိုင် ခဲ့ပြီး ၎င်းရဲ့ ကစားပုံဟာ ချွန်ထွက် နေခဲ့ ပါတယ်။

ရိုဟို – ရ
တွမ်ဇန်ဘီ သွေးပူလေ့ကျင့်ခန်း မှာ ဒဏ်ရာ ရခဲ့တာကြောင့် နောက်ဆုံး မိနစ်မှာမှ line-up မှာ ပါ၀င် လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ ၃ ဦးတန်း ခံစစ်မှာ ၎င်းရဲ့ ခံစစ် အရည်အသွေးကောင်း တွေကို ပြသ ခဲ့ပြီး အားရစရာ အားထုတ်မှု တွေကို လုပ်ခဲ့ ပါတယ်။

ယန်း – ရ
ဘယ်တောင်ပံမှာ ကစား ခဲ့ရပေမယ့် အစွမ်းကုန် ပေးဆပ် ကစားခဲ့ကာ လီဗာပူး ရဲ့ တောင်ပံ တိုက်စစ်တွေ အသက် မဝင်အောင် ဟန့်တား ပေးခဲ့ ပါတယ်။

တိုမီနေး – ရ
မက်တိုမီနေး ရဲ့ မောင်းနှင် ကစားမှုတွေ နဲ့ ကြိုးစား အားထုတ််မှု တွေဟာ ယူနိုက်တက် ရဲ့ အနာဂတ် မှာ ဘယ်လောက်တောင် အားကိုး ရမလဲ ဆိုတာကို ပြသ ခဲ့တာ ဖြစ်ပါတယ်။ ဒီအတိုင်းသာ ဆက်ပြီး တိုးတက်နေမယ် ဆိုရင်တော့ ယူနို်က်တက်ရဲ့ ဂန္တဝင် ဖြစ်လာ နိုင်ပါတယ်။

ဖရက် – ၆
ဖရက်ဟာ တိုက်စစ်ကို လိုက်ပါ ထောက်ပံ့ ရာမှာတော့ ဘောလုံး အပျက် များခဲ့ပြီး သိပ်ပြီး ထိရောက်မှု မရှိ ခဲ့ပါဘူး။ ဒါပေမယ့်လည်း ၎င်းရဲ့ လုပ်အား ဟာ လီဗာပူး ကို ကစားကွက် တည်မရအောင် လုပ်နိုင်ဖို့ အထောက်အပံ့ ဖြစ်ခဲ့ ပါတယ်။

ပါရဲရား – ရ
နံပါတ် ၁၀ နေရာမှာ ကစား သွားခဲ့ပြီး လုပ်အား ကောင်းကောင်း နဲ့ ကစားကာ လီဗာပူး ရဲ့ build-up play ကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ၎င်းရဲ့ ဘောလုံး ဖြန့်ဝေပုံ တွေဟာ ယူနိုက်တက်ရဲ့ တန်ပြန် တိုက်စစ်မှာ များစွာ အရေးပါခဲ့ ပါတယ်။

ဂျိမ်း – ရ
မားရပ်ရပ်ဖို့ဒ် ရဲ့ အဖွင့်ဂိုး အတွက် အကောင်းဆုံး ဖန်တီးမှု လုပ်ပေး ခဲ့ပါတယ်။ တစ်ပွဲလုံး အင်တိုက် အားတိုက် ကစား သွားခဲ့ပြီး ယူနိုက်တက်ရဲ့ တန်ပြန် တိုက်စစ်မှာ အဓိက ပါ၀င် လှုပ်ရှား ခဲ့ပါတယ်။

ရပ်ဖို့ဒ် – ၈
စွမ်းအင် အပြည့်နဲ့ ကျားကုတ်ကျားခဲ ကစား သွားခဲ့ပြီး လီဗာပူး ခံစစ်ပိုင်းကို ဒုက္ခကောင်းကောင်း ပေးသွား ခဲ့ကာ ဂိုးလည်း သွင်းယူ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေက ရပ်ဖို့ဒ် အပေါ် ဝေဖန််မှုတွေဟာ ဒီပွဲရဲ့ စွမ်းဆောင်ရည်ကြောင့် တိတ်ဆိတ် သွားကြမှာပါ။

လူစားဝင် – မာရှယ် ၊ ၀ီလီယံ (ပွဲချိန် မလုံလောက်)

လီဗာပူး
အလီဆွန် – ၆
ဒီပွဲမှာ သိပ်ပြီး အလုပ်များ ခဲ့ခြင်း မရှိဘဲ လီဗာပူး ရဲ့ build-up play အတွက်သာ ဘောလုံး ဖြန့်ဝေမှုတွေ အဓိက လုပ်သွား ခဲ့ရပါတယ်။

အလက်ဇန်းဒါးအာနိုး – ၆
ယူနိုက်တက် ရဲ့ နောက်တန်း ၃ ယောက် ကစားပုံ အပြင် wing backs တွေကလည်း ဆင်းကစား သွားခဲ့ တာကြောင့် နေရာလွတ်တွေ သိပ်မရ ခဲ့တဲ့ အပြင် ဖြတ်တင်ဘောတွေ ကလည်း ခါတိုင်းလို သိပ်ပြီး မထိရောက် ခဲ့ပါဘူး။

မာတစ် – ရ
တွဲဖက် ဗဟို နောက်ခံလူ ထက်တောင် ခံစစ်မှာ ပိုမို လုံခြံု စိတ်ချအောင် ကစား သွားခဲ့ပြီး ရှေ့တက် ဖျက်ထုတ်ပုံ ၊ ပွဲကို ဖတ်ရှု နိုင်မှုတွေ ကောင်းမွန် ခဲ့ပါတယ်။

ဗန်ဒိုက် – ၆
ရပ်ဖို့ဒ် နဲ့ ယူနိုက်တက်ရဲ့ တိုက်စစ် ကစားသမား တွေဟာ ဗန်ဒိုက် ကို ဒီရာသီ အခက်ခဲဆုံး ပွဲစဉ် ဖြစ်စေ ခဲ့တဲ့ အပြင် ယူနိုက်တက်ရဲ့ press ကြောင့် အမြင့်ဘော ဖြန့်ဝေမှုတွေ ထိရောက်မှု နည်းခဲ့ပါတယ်။

ရောဘတ်ဆန် – ရ
ခံစစ် ကစားပုံ မာကျော ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ဟန့်တားမှုတွေ ကောင်းခဲ့တာကြောင့် တစ်ပွဲလုံး တိုက်စစ်ကို စိတ်ကြိုက် ပံ့ပိုးပေးနိုင်ခြင်း မရှိ ခဲ့ပါဘူး။ ဒါပေမယ့် ၎င်းရဲ့ ဖြတ်တင်ဘောဟာ လီဗာပူး ကို ချေပဂုုိး ရစေ ခဲ့ပါတယ်။

ဖာဘင်ညို – ၆
ယူနိုက်တက်ရဲ့ ကွင်းလယ် နဲ့ အပြိုင် ဘောလုံး အသာစီး ရအောင် ကစား သွားနိုင် ခဲ့ပြီး ပြိုင်ဘက်ရဲ့ တန်ပြန် တိုက်စစ်ကို ကောင်းကောင်း ဟန့်တား ပေးခဲ့ပါတယ်။

ဟန်ဒါဆန် – ၅
တိုက်စစ်ကို လိုက်ပြီး ထောက်ပံ့ရာမှာ ဘောလုံး ပေးပို့မှုတွေ မကောင်း ခဲ့တာကြောင့် ထိရောက်မှု အားနည်း ခဲ့ပြီး ကောင်းမွန်တဲ့ လုပ်အားကိုတော့ ပြသ သွားခဲ့ ပါတယ်။

၀ုိင်နယ်ဒန် – ရ
ပြိုင်ဘက်ရဲ့ pressing တွေကို ကျော်ဖြတ်ရာမှာ ကောင်းမွန် ခဲ့ပြီး ၎င်းရဲ့ စွမ်းအင် ၊ လုပ်အား နဲ့ တိုက်စစ်ကို လိုက်ပါ ပံ့ပိုးမှုတွေဟာ အားရစရာ ကောင်းခဲ့ ပါတယ်။

ဖာမီနို – ၆
နောက်ထိ ဆင်းကာ ချိတ်ဆက် ကစား ပေးခဲ့ပြီး ပထမပိုင်းမှာ ရခဲ့တဲ့ အခွင့်အရေးကို အသုံးချ နိုင်ခဲ့သင့်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဖာမီနို ရဲ့ အကောင်းဆုံး ပွဲစဉ်တော့ မဟုတ် ခဲ့ပါဘူး။

မာနေး – ၆
ဂိုးသွင်း နိုင်ခဲ့ပေမယ့်လည်း လက်နဲ့ ထိခဲ့တာကြောင့် VAR ရဲ့ ပြန်လည် ပယ်ဖျက်ခြင်း ခံခဲ့ ရပါတယ်။ ယူနိုက်တက်ရဲ့ ၅ ယောက်တန်း ခံစစ်ကြောင့် ဖြတ်ကျော်ရန် ခက်ခဲ နေခဲ့ ပေမယ့်လည်း လီဗာပူး ရဲ့ ဂိုးသွင်း နိုင်ခြေ အရှိဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ်။

အိုရီဂီ – ၆
ပထမပိုင်းမှာ တောက်ပစွာ ကစား သွားခဲ့ပြီး ၎င်းရဲ့ ပါ၀ါ နဲ့ ပြေးအားတွေဟာ ယူနိုက်တက် ခံစစ်ကြောင်းကို ပြသနာတွေ ပေးစွမ်း ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ကစားအား ကျသွားခဲ့ပြီး လူစားလဲ ခံခဲ့ ရပါတယ်။

လူစားဝင်
ချိန်ဘာလိန် – ရ ၊ လယ်လယ်နာ – ၆.၅ ၊ ကီတာ (ပွဲချိန်မလုံလောက်)

SM