• “ ဒီနှစ်ရော ၊ မနှစ်ကရော ၊ ဟိုး…အရင် တစ်နှစ်ကရော ယူနိုက်တက်ဟာ လီဗာပူး နဲ့ တွေ့ရင် ခံစစ်ကိုပဲ အရင် အားပြုတာပါ။ ဒါက ဝေဖန်တာ မဟုတ်ပါဘူး ၊ အချက်အလက်တွေကို ကိုးကားပြီး ပြောတာပါ” ကလော့ပ် (ကလော့ပ်ဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက် ကို အိုးထရက်ဖို့ ကွင်းကြီးထဲမှာ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးပါဘူး)

• အင်တာမီလန် အသင်းဟာ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆတ်ဆူလို နဲ့ ပွဲစဉ်မှာတော့ ဒဏ်ရာ ပြသနာတွေ နှိပ်စက်နေတဲ့ အကြားက နိုင်ပွဲရအောင်တော့ စွမ်းဆောင်ပြသွားခဲ့ပါတယ်။ အဲဒီ ပွဲစဉ်ဟာ 3-4 ရလာဒ် နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပြီး ၊ အင်တာမီလန် အတွက် သွင်းဂိုးတွေကို တိုက်စစ်မှုး နှစ်ယောက် ဖြစ်တဲ့ မာတီနက် နဲ့ လူကာကူ တို့က နှစ်ဂိုးစီ သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

• ယူနိုက်တက် ရဲ့ မာလိန်မှုး အက်ဒ်ဝုဒ်ဝပ် ကတော့ သူ့ကို ဆန္ဒပြခဲ့တဲ့သူတွေ ကို တုန့်ပြန်တဲ့ အနေနဲ့ ၊ သူဟာ အသင်းကို ဦးဆောင်ဖို့ အသင့်တော်ဆုံး လူတစ်ယောက် ဖြစ်တယ်လို့ တုန့်ပြန် သွားခဲ့ပြီး ၊ ဂလေဇာမိသား စုဝင်တွေ ကလဲ သူ့အတွက် ရေရှည် စီမံကိန်းတွေ နဲ့ ခန့်အပ်ပေးထားတာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

• ရီးရဲ မက်ဒရစ် နဲ့ ယူနိုက်တက် ကင်းထောက်တွေဟာ ဒေါ့မွန် က အင်္ဂလန် လူငယ် ကစားသမားလေး ဆန်ချို နဲ့ ဆဲလ်ဘု အသင်းက နော်ေ၀ တိုက်စစ်မှုး ဟာလန်း တို့ကို အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ဆိုးရှားဟာ သူ့ရဲ့ တိုက်စစ်ကို အားဖြည့်ဖို့ အတွက် လိုက်ပ်ဇစ် က ဂျာမန် တိုက်စစ်မှုး တီမို ဗာနာ ကို စိတ်ဝင်စားလာနေပါတယ်။

• ယူနိုက်တက်ဟာ လူငယ် ကစားသမားလေးတွေ ဖြစ်တဲ့ ဂိုးမက် နဲ့ တာဟစ်ချောင် တို့ကို စာချုပ် သက်တမ်းတိုးဖို့ စတင် ဆွေးနွေးခဲ့ပြီ ဖြစ်ပါတယ်။ အထူူးသဖြင့် အခြားထိပ်သီး ကလပ်တွေက အဆိုပါ ကစားသမားတွေ ကို ချဉ်းကပ်လာတာကြောင့် ၊ စာချုပ်သစ် ကိစ္စတွေကို အလျှင်အမြန် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားလာခဲ့တာပါ။

• ချဲဆီးနည်းပြကြီး လမ်းပတ် က သူ့အနေနဲ့ အသင်းမှာ ကစားခွင့် မပေးနိုင်ပဲ ဖြစ်နေတဲ့ တိုက်စစ်မှုးကြီး ဂျရူးကို စတမ်းဖို့ဒ် ဘရစ်ချ်မှာပဲ ဆက်ရှိသွားစေချင်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဂျရူးကတော့ ကစားခွင့် မရပဲ ဖြစ်နေတာကြောင့် ၊ ချဲဆီးမှာ မပျော်ဘူးလို့ မကြာခင်က ထုတ်ဖော် ပြောဆိုထားခဲ့တာပါ။

• ချဲဆီးဟာ အတ္တလန္တာ အသင်းရဲ့ အသက် 26 နှစ် အရွယ် ယူကရိန်း ကွင်းလယ် ကစားသမား မီလီနော့ဗ်စကီးကို သူတို့ရဲ့ စောင့်ကြည့် စာရင်းမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ကင်းထောက် အကြီးအကဲ မက်ခ်လီလီ က ကစားသမားနဲ့ ပတ်သက်ပြီး ၊ သူ့ရဲ့ သဘောကျတဲ့ အချက်တွေကို အသင်းထံ တင်ပြလိုက်တဲ့ နောက်ပိုင်းမှာ အခုလို စောင့်ကြည့် စာရင်းမှာ ထည့်သွင်းဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

• အာဆင်နယ် ပရိသတ်တွေ အတွက် သတင်းကောင်းကတော့ တိုက်စစ်မှုး လန်ကာဇက်ဟာ ရှက်ဖီးယူနိုက်တက် နဲ့ ကစားမယ့် ပွဲစဉ်မှာ ပါဝင် ကစားဖို့ ပစ်မှတ်ထားလာနေပြီ ဖြစ်ပါတယ်။ သူဟာ အသင်းဖော် အချို့နဲ့ လေ့ကျင့်ခန်းတွေ ပါဝင်လုပ်ဆောင်နေပြီ ဖြစ်တာကြောင့် ၊ နောက်ဆုံး စစ်ဆေးမယ့် ကြံ့ခိုင်မှု အစီအစဉ်ကိုသာ ကျော်ဖြတ်နိုင်ခဲ့ပါက အသင်းရဲ့ ကစားသမား စာရင်းမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။

• ရှက်ဖီးယူနိုက်တက် နဲ့ မကစားမီမှာတော့ အာဆင်နယ် နည်းပြကြီး အူနိုင်း အမ်မရီ က သူတို့ အသင်းဟာ ဒီရာသီမှာ အရေးပါတဲ့ အောင်မြင်မှု တစ်ခုတော့ ရအောင် ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ သတင်းသမားတွေ ကတော့ အမ်မရီ ပြောတဲ့ အရေးပါတဲ့ အောင်မြင်မှု တစ်ခု ဆိုတာ အဆင့် 4 အတွင်း ရပ်တည်ဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

• ပရိသတ်တွေ အားလုံးက ဒီရာသီ မန်စီးတီး ရဲ့ ပစ်မှတ်ဟာ ချန်ပီယံလိဂ် ဖလား ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြသည့်တိုင်အောင် ပက်ဂွာဒီယိုလာ ကတော့ သူတို့ အသင်းဟာ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး ဖို့အတွက် အသင့် မဖြစ်သေးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ အထူးသဖြင့် ပြိုင်ဘက် ဂိုးနားမှာ ဘောလုံးကို ကိုင်ထားနိုင်သည့်တိုင်အောင် ၊ ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း နည်းပါးနေသေးတာက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပက်က သုံးသပ်သွားခဲ့ပါတယ်။

• ရီးရဲ မက်ဒရစ် အသင်းဟာ ဂါလာတာစာရေး အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားမယ့် ကစားသမား စာရင်းကို ထုတ်ပြန် ကြေငြာလိုက်ရာ ဘေးလ် ၊ မိုဒရစ် တို့ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ သို့သော ်ဟာဇက် ၊ ကာဗာဂျယ် နဲ့ ခရူး တို့ကတော့ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

 

• ဟော်လန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌကြီး ကတော့ လက်ရွေစင် နည်းပြ ကိုးမန်း ဟာ ဘာစီလိုနာ မှာနည်းပြ ခွင့် ရဖို့ အိပ်မက် မက်ထားတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး ၊ သူ့ရဲ့ စာချုပ်မှာလဲ အဲဒီ အကြောင်း ထည့်သွင်းထားတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟော်လန် အတွက် အောင်မြင်မှု ရအောင်သာ စွမ်းဆောင်ပြမယ် ဆိုပါက ကိုးမန်း အနေနဲ့ ဘာစီလိုနာ နည်းပြ ဖြစ်လာဖို့ အခွင့်အရေး များလာနိုင်တာမို့ ၊ လက်ရှိ အလုပ်တွေကို ဆက်ပြီး ကြိုးစားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

• ရီးရဲ မက်ဒရစ် အသင်းရဲ့ ကစားသမား အိုဒရီယိုဇိုလာ ဟာ မကြာသေးခင်ကပဲ ပြိုင်မြင်း တစ်ကောင်ကို ဝယ်ယူလိုက်ပြီး ၊ ယူရို 50000 အထိ ပေးလိုက်ရတယ်လို့ သိရပါတယ်။

SPORTS MYANMAR

Zawgyi

မန္စီးတီးဟာ ခ်န္ပီယံလိဂ္ ဖလားရယူဖို႔ အသင့္ မျဖစ္ေသးဘူးလို႔ ေျပာဆိုလိုက္တဲ့ ပက္ နဲ႔ နံနက္ခင္း သတင္းမ်ား

• “ ဒီႏွစ္ေရာ ၊ မႏွစ္ကေရာ ၊ ဟိုး…အရင္ တစ္ႏွစ္ကေရာ ယူနိုက္တက္ဟာ လီဗာပူး နဲ႔ ေတြ႕ရင္ ခံစစ္ကိုပဲ အရင္ အားျပဳတာပါ။ ဒါက ေဝဖန္တာ မဟုတ္ပါဘူး ၊ အခ်က္အလက္ေတြကို ကိုးကားၿပီး ေျပာတာပါ” ကေလာ့ပ္ (ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္မွာ ယူနိုက္တက္ ကို အိုးထရက္ဖို႔ ကြင္းႀကီးထဲမွာ နိုင္ပြဲရေအာင္ စြမ္းေဆာင္နိုင္ျခင္း မရွိေသးပါဘူး)

• အင္တာမီလန္ အသင္းဟာ မေန႔ညက ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ဆတ္ဆူလို နဲ႔ ပြဲစဥ္မွာေတာ့ ဒဏ္ရာ ျပသနာေတြ ႏွိပ္စက္ေနတဲ့ အၾကားက နိုင္ပြဲရေအာင္ေတာ့ စြမ္းေဆာင္ျပသြားခဲ့ပါတယ္။ အဲဒီ ပြဲစဥ္ဟာ 3-4 ရလာဒ္ နဲ႔ ၿပီးဆုံးခဲ့တာ ျဖစ္ၿပီး ၊ အင္တာမီလန္ အတြက္ သြင္းဂိုးေတြကို တိုက္စစ္မွုး ႏွစ္ေယာက္ ျဖစ္တဲ့ မာတီနက္ နဲ႔ လူကာကူ တို႔က ႏွစ္ဂိုးစီ သြင္းယူ သြားခဲ့တာ ျဖစ္ပါတယ္။

• ယူနိုက္တက္ ရဲ့ မာလိန္မွုး အက္ဒ္ဝုဒ္ဝပ္ ကေတာ့ သူ႔ကို ဆႏၵျပခဲ့တဲ့သူေတြ ကို တုန႔္ျပန္တဲ့ အေနနဲ႔ ၊ သူဟာ အသင္းကို ဦးေဆာင္ဖို႔ အသင့္ေတာ္ဆုံး လူတစ္ေယာက္ ျဖစ္တယ္လို႔ တုန႔္ျပန္ သြားခဲ့ၿပီး ၊ ဂေလဇာမိသား စုဝင္ေတြ ကလဲ သူ႔အတြက္ ေရရွည္ စီမံကိန္းေတြ နဲ႔ ခန႔္အပ္ေပးထားတာ ျဖစ္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

• ရီးရဲ မက္ဒရစ္ နဲ႔ ယူနိုက္တက္ ကင္းေထာက္ေတြဟာ ေဒါ့မြန္ က အဂၤလန္ လူငယ္ ကစားသမားေလး ဆန္ခ်ိဳ နဲ႔ ဆဲလ္ဘု အသင္းက ေနာ္ေ၀ တိုက္စစ္မွုး ဟာလန္း တို႔ကို အနီးကပ္ ေစာင့္ၾကည့္မွုေတြ ျပဳလုပ္လၽွက္ ရွိေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဆိုးရွားဟာ သူ႔ရဲ့ တိုက္စစ္ကို အားျဖည့္ဖို႔ အတြက္ လိုက္ပ္ဇစ္ က ဂ်ာမန္ တိုက္စစ္မွုး တီမို ဗာနာ ကို စိတ္ဝင္စားလာေနပါတယ္။

• ယူနိုက္တက္ဟာ လူငယ္ ကစားသမားေလးေတြ ျဖစ္တဲ့ ဂိုးမက္ နဲ႔ တာဟစ္ေခ်ာင္ တို႔ကို စာခ်ဳပ္ သက္တမ္းတိုးဖို႔ စတင္ ေဆြးေႏြးခဲ့ၿပီ ျဖစ္ပါတယ္။ အထူူးသျဖင့္ အျခားထိပ္သီး ကလပ္ေတြက အဆိုပါ ကစားသမားေတြ ကို ခ်ဥ္းကပ္လာတာေၾကာင့္ ၊ စာခ်ဳပ္သစ္ ကိစၥေတြကို အလၽွင္အျမန္ အေကာင္အထည္ေဖာ္နိုင္ဖို႔ ႀကိဳးစားလာခဲ့တာပါ။

• ခ်ဲဆီးနည္းျပႀကီး လမ္းပတ္ က သူ႔အေနနဲ႔ အသင္းမွာ ကစားခြင့္ မေပးနိုင္ပဲ ျဖစ္ေနတဲ့ တိုက္စစ္မွုးႀကီး ဂ်႐ူးကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာပဲ ဆက္ရွိသြားေစခ်င္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ဂ်႐ူးကေတာ့ ကစားခြင့္ မရပဲ ျဖစ္ေနတာေၾကာင့္ ၊ ခ်ဲဆီးမွာ မေပ်ာ္ဘူးလို႔ မၾကာခင္က ထုတ္ေဖာ္ ေျပာဆိုထားခဲ့တာပါ။

• ခ်ဲဆီးဟာ အတၱလႏၲာ အသင္းရဲ့ အသက္ 26 ႏွစ္ အရြယ္ ယူကရိန္း ကြင္းလယ္ ကစားသမား မီလီေနာ့ဗ္စကီးကို သူတို႔ရဲ့ ေစာင့္ၾကည့္ စာရင္းမွာ ထည့္သြင္းလိုက္ၿပီ ျဖစ္ပါတယ္။ အထူးသျဖင့္ ကင္းေထာက္ အႀကီးအကဲ မက္ခ္လီလီ က ကစားသမားနဲ႔ ပတ္သက္ၿပီး ၊ သူ႔ရဲ့ သေဘာက်တဲ့ အခ်က္ေတြကို အသင္းထံ တင္ျပလိုက္တဲ့ ေနာက္ပိုင္းမွာ အခုလို ေစာင့္ၾကည့္ စာရင္းမွာ ထည့္သြင္းဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္တာ ျဖစ္တယ္လို႔ သိရပါတယ္။

• အာဆင္နယ္ ပရိသတ္ေတြ အတြက္ သတင္းေကာင္းကေတာ့ တိုက္စစ္မွုး လန္ကာဇက္ဟာ ရွက္ဖီးယူနိုက္တက္ နဲ႔ ကစားမယ့္ ပြဲစဥ္မွာ ပါဝင္ ကစားဖို႔ ပစ္မွတ္ထားလာေနၿပီ ျဖစ္ပါတယ္။ သူဟာ အသင္းေဖာ္ အခ်ိဳ႕နဲ႔ ေလ့က်င့္ခန္းေတြ ပါဝင္လုပ္ေဆာင္ေနၿပီ ျဖစ္တာေၾကာင့္ ၊ ေနာက္ဆုံး စစ္ေဆးမယ့္ ႀကံ့ခိုင္မွု အစီအစဥ္ကိုသာ ေက်ာ္ျဖတ္နိုင္ခဲ့ပါက အသင္းရဲ့ ကစားသမား စာရင္းမွာ ပါဝင္လာဖြယ္ ရွိေနပါတယ္။

• ရွက္ဖီးယူနိုက္တက္ နဲ႔ မကစားမီမွာေတာ့ အာဆင္နယ္ နည္းျပႀကီး အူနိုင္း အမ္မရီ က သူတို႔ အသင္းဟာ ဒီရာသီမွာ အေရးပါတဲ့ ေအာင္ျမင္မွု တစ္ခုေတာ့ ရေအာင္ ဆြတ္ခူးနိုင္လိမ့္မယ္လို႔ ယုံၾကည္ေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ သတင္းသမားေတြ ကေတာ့ အမ္မရီ ေျပာတဲ့ အေရးပါတဲ့ ေအာင္ျမင္မွု တစ္ခု ဆိုတာ အဆင့္ 4 အတြင္း ရပ္တည္ဖို႔ ျဖစ္နိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။

• ပရိသတ္ေတြ အားလုံးက ဒီရာသီ မန္စီးတီး ရဲ့ ပစ္မွတ္ဟာ ခ်န္ပီယံလိဂ္ ဖလား ျဖစ္နိုင္တယ္လို႔ ခန႔္မွန္းေနၾကသည့္တိုင္ေအာင္ ပက္ဂြာဒီယိုလာ ကေတာ့ သူတို႔ အသင္းဟာ ခ်န္ပီယံလိဂ္ ဖလားကို ဆြတ္ခူး ဖို႔အတြက္ အသင့္ မျဖစ္ေသးဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။ အထူးသျဖင့္ ၿပိဳင္ဘက္ ဂိုးနားမွာ ေဘာလုံးကို ကိုင္ထားနိုင္သည့္တိုင္ေအာင္ ၊ ဂိုးအျဖစ္ ေျပာင္းလဲနိုင္ျခင္း နည္းပါးေနေသးတာက ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ သက္ေရာက္မွုေတြ ျဖစ္လာနိုင္တယ္လို႔ ပက္က သုံးသပ္သြားခဲ့ပါတယ္။

• ရီးရဲ မက္ဒရစ္ အသင္းဟာ ဂါလာတာစာေရး အသင္းနဲ႔ အေဝးကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ ကစားမယ့္ ကစားသမား စာရင္းကို ထုတ္ျပန္ ေၾကျငာလိုက္ရာ ေဘးလ္ ၊ မိုဒရစ္ တို႔ ပါဝင္လာခဲ့ျခင္း မရွိပါဘူး။ သို႔ေသာ ္ဟာဇက္ ၊ ကာဗာဂ်ယ္ နဲ႔ ခ႐ူး တို႔ကေတာ့ ျပန္လည္ ပါဝင္လာခဲ့ပါတယ္။

• ေဟာ္လန္ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌႀကီး ကေတာ့ လက္ေရြစင္ နည္းၿပ ကိုးမန္း ဟာ ဘာစီလိုနာ မွာနည္းၿပ ခြင့္ ရဖို႔ အိပ္မက္ မက္ထားတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ၿပီး ၊ သူ႔ရဲ့ စာခ်ဳပ္မွာလဲ အဲဒီ အေၾကာင္း ထည့္သြင္းထားတယ္လို႔ ဖြင့္ဟလိုက္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေဟာ္လန္ အတြက္ ေအာင္ျမင္မွု ရေအာင္သာ စြမ္းေဆာင္ျပမယ္ ဆိုပါက ကိုးမန္း အေနနဲ႔ ဘာစီလိုနာ နည္းၿပ ျဖစ္လာဖို႔ အခြင့္အေရး မ်ားလာနိုင္တာမို႔ ၊ လက္ရွိ အလုပ္ေတြကို ဆက္ၿပီး ႀကိဳးစားဖို႔ တိုက္တြန္းသြားခဲ့ပါတယ္။

• ရီးရဲ မက္ဒရစ္ အသင္းရဲ့ ကစားသမား အိုဒရီယိုဇိုလာ ဟာ မၾကာေသးခင္ကပဲ ၿပိဳင္ျမင္း တစ္ေကာင္ကို ဝယ္ယူလိုက္ၿပီး ၊ ယူရို 50000 အထိ ေပးလိုက္ရတယ္လို႔ သိရပါတယ္။

SPORTS MYANMAR