အာဆင္နယ္ နဲ႔ ခ်ဲလ္ဆီး အသင္း ကစားသမားေဟာင္း ဆက္စ္ ဖာဘရီဂက္စ္ က ဂန္းနားတုိ႔ရဲ႕ ကြင္းလယ္ ၾကယ္ပြင့္ ကစားသမား အုိေဇးလ္ ဟာ အသင္း ကုိ ဦးေဆာင္နုိင္တဲ့ ကစားသမား တစ္ဦး မဟုတ္ေၾကာင္း ေဝဖန္ ေျပာၾကား လုိက္ပါတယ္ ။

အုိေဇးလ္ ဟာ ယေန႔ နံနက္က ယွဥ္ျပိဳင္ ကစားခ့ဲတဲ့ ယူရုိပါလိဂ္ ဗုိလ္လုပြဲမွွာ ပြဲထြက္ ကစားခြင့္ ရခဲ့ေပမယ့္ ေျခစြမ္းျပ ကစားနုိင္ခဲ့ျခင္း မရွိဘဲ လူစားလဲ ခံရတဲ့ အခ်ိန္မွာလည္း ကြင္းအတြင္းက တျဖည္းျဖည္းခ်င္း ထြက္ခြာ ခဲ့တာေၾကာင့္ ပရိသတ္ေတြ ၊ ကစားသမားေဟာင္းေတြရဲ႕ ေဝဖန္မႈေတြနဲ႔ ရင္ဆုိင္ ခဲ့ရပါတယ္ ။

အသက္ ၃၀ အရြယ္ ရွိျပီ ျဖစ္တဲ့ အုိေဇးလ္ ဟာ အာဆင္နယ္ အသင္းကုိ ၂၀၁၃ ခုႏွစ္က ရီးရဲလ္ မက္ဒရစ္ အသင္းကေန ကလပ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ယူရုိသန္း ၅၀ နဲ႔ ေရာက္ရွိ လာတာလည္း ျဖစ္ပါတယ္ ။ ဒါ့အျပင္ အိုေဇးလ္ ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႕ တုန္းက အာဆင္နယ္ အသင္းနဲ႔ သုံးႏွစ္ခြဲ စာခ်ဳပ္ သက္တမ္း တုိးထားျပီး တစ္ပတ္ လစာ ေပါင္ ၃၅၀၀၀၀ အထိ ရရွိေနသူပါ ။

ဂ်ာမနီ ကြင္းလယ္လူေဟာင္း မီဆြတ္ အုိေဇးလ္ ဟာ နည္းျပ အူနုိင္း အမ္မရီ လက္ထက္မွာ ပုံမွန္ ပြဲထြက္ခြင့္ မရခဲ့ဘဲ ၊ ပြဲထြက္ လူစာရင္းမွာ ပါလုိက္ မပါလုိက္ဘဲ နဲ႔ တစ္ရာသီလုံးကုိ ျဖတ္သန္း ခဲ့ရပါတယ္ ။

နည္းျပ အမ္မရီ ဟာ နည္းစနစ္ပုိင္း အရေကာ ၊ အုိေဇလ္ ရဲ႕ ၾကံခုိင္မႈ အရေကာ ပြဲထြက္ လူစာရင္း ကေန အုိေဇးလ္ ကုိ မၾကာခဏ ခ်န္လွပ္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈ ေတြနဲ႔ ရင္ဆုိင္ ခဲ့ရပါတယ္ ။ အုိေဇးလ္ ကေတာ့ အာဆင္နယ္ အသင္းမွာ ေပ်ာ္ရႊင္ေနေၾကာင္း နဲ႔ အသင္းကေန ထြက္ခြာမယ္ဆုိတဲ့ သတင္းေတြကုိ ျငင္းဆန္ ထားပါတယ္ ။

အာဆင္နယ္ အသင္းေခါင္းေဆာင္ေဟာင္း တစ္ဦး ျဖစ္တဲ့ ဖာဘရီဂက္စ္ က အုိေဇးလ္ ဟာ ထိပ္တန္း ကစားသမားေတြနဲ႔ တြဲကစားရတဲ့ အခါမ်ဳိးမွာ ေျခစြမ္းျပ ကစားနုိင္ ေပမယ့္ အသင္းကုိ ဦးေဆာင္ နုိင္တဲ့ ေခါင္းေဆာင္ တစ္ဦးေတာ့ မဟုတ္ေၾကာင္း ေဝဖန္ လုိက္ပါတယ္ ။

” အုိေဇးလ္ ရီးရဲလ္မက္ဒရစ္ အသင္းမွာ ကစားစဥ္တုန္းက သူ႔ေဘးနားမွာ ထိပ္တန္း ကစားသမားေတြခ်ည္း ပါပဲ ။ သမုိင္းတစ္ေလ်ွာက္ အေကာင္းဆုံး ကစားသမား တစ္ဦး ျဖစ္တဲ့ ခရစၥ တီယာနုိ ရုိနယ္လ္ဒုိ နဲ႔ တြဲကစား ခဲ့ပါတယ္ ။ သူ အဲ့မွာတုန္းက ထိပ္တန္း ေျခစြမ္း ျပသနုိင္ခဲ့ပါတယ္ ။ ”

” အာဆင္နယ္ အသင္းက သူ႔ကုိ အသင္းကုိ ဦးေဆာင္ ဆြဲတင္ဖုိ႔ ေခၚခဲ့တာပါ ။ ဒါေပမယ့္ အုိေဇးလ္ အသင္းကုိ ဆြဲတင္ နုိင္ျခင္း မရွိေသးဘူးလုိ႔ က်ေနာ္ေတာ့ ျမင္ပါတယ္ ။ က်ေနာ္ သူနဲ႔ ေန႔တုိင္း ေလ့က်င့္ခန္း ဆင္းေနတဲ့ ကစားသမားေတာ့ မဟုတ္ေပမယ့္ သူက ေခါင္းေဆာင္ တစ္ေယာက္ေတာ့ မျဖစ္နုိင္ပါဘူး ။ ” လုိ႔ ေဝဖန္ သြားခဲ့ပါတယ္ ။

Assist King လုိ႔ တင္စား ေခၚေဝၚ ၾကတဲ့ အိုေဇးလ္ ဟာ ဒီရာသီ မွာေတာ့ ဂုိးဖန္တီးမႈႏႈန္း သိသိသာသာ က်ဆင္း သြားခဲ့ျပီး အာဆင္နယ္ အသင္း အတြက္ ျပိဳင္ပြဲစုံ ၃၄ ပြဲ ယွဥ္ ျပိဳင္ ကစားခဲ့ရာမွာ ၆ ဂုိး သြင္း ယူ ကာ ဂုိး ဖန္တီးမႈ ၃ ၾကိမ္ သာ ျပဳ လုပ္ နုိင္ ခဲ့ ပါ တယ္ ။

SPORTS MYANMAR

Unicode

အိုဇေးလ် ဟာ အသင်းကို ဦးဆောင်နိုင်တဲ့ ကစားသမား တစ်ဦးမဟုတ်ကြောင်း ဝေဖန်လိုက်တဲ့#ဖာဘရီဂက်စ်
=============================

အာဆင်နယ် နဲ့ ချဲလ်ဆီး အသင်း ကစားသမားဟောင်း ဆက်စ် ဖာဘရီဂက်စ် က ဂန်းနားတို့ရဲ့ ကွင်းလယ် ကြယ်ပွင့် ကစားသမား အိုဇေးလ် ဟာ အသင်း ကို ဦးဆောင်နိုင်တဲ့ ကစားသမား တစ်ဦး မဟုတ်ကြောင်း ဝေဖန် ပြောကြား လိုက်ပါတယ် ။

အိုဇေးလ် ဟာ ယနေ့ နံနက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှှာ ပွဲထွက် ကစားခွင့် ရခဲ့ပေမယ့် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိဘဲ လူစားလဲ ခံရတဲ့ အချိန်မှာလည်း ကွင်းအတွင်းက တဖြည်းဖြည်းချင်း ထွက်ခွာ ခဲ့တာကြောင့် ပရိသတ်တွေ ၊ ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ အိုဇေးလ် ဟာ အာဆင်နယ် အသင်းကို ၂၀၁၃ ခုနှစ်က ရီးရဲလ် မက်ဒရစ် အသင်းကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ရောက်ရှိ လာတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် အိုဇေးလ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အာဆင်နယ် အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် သက်တမ်း တိုးထားပြီး တစ်ပတ် လစာ ပေါင် ၃၅၀၀၀၀ အထိ ရရှိနေသူပါ ။

ဂျာမနီ ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ဟာ နည်းပြ အူနိုင်း အမ်မရီ လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့ဘဲ ၊ ပွဲထွက် လူစာရင်းမှာ ပါလိုက် မပါလိုက်ဘဲ နဲ့ တစ်ရာသီလုံးကို ဖြတ်သန်း ခဲ့ရပါတယ် ။

နည်းပြ အမ်မရီ ဟာ နည်းစနစ်ပိုင်း အရကော ၊ အိုဇေလ် ရဲ့ ကြံခိုင်မှု အရကော ပွဲထွက် လူစာရင်း ကနေ အိုဇေးလ် ကို မကြာခဏ ချန်လှပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။ အိုဇေးလ် ကတော့ အာဆင်နယ် အသင်းမှာ ပျော်ရွှင်နေကြောင်း နဲ့ အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ထားပါတယ် ။

အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်တဲ့ ဖာဘရီဂက်စ် က အိုဇေးလ် ဟာ ထိပ်တန်း ကစားသမားတွေနဲ့ တွဲကစားရတဲ့ အခါမျိုးမှာ ခြေစွမ်းပြ ကစားနိုင် ပေမယ့် အသင်းကို ဦးဆောင် နိုင်တဲ့ ခေါင်းဆောင် တစ်ဦးတော့ မဟုတ်ကြောင်း ဝေဖန် လိုက်ပါတယ် ။

” အိုဇေးလ် ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားစဉ်တုန်းက သူ့ဘေးနားမှာ ထိပ်တန်း ကစားသမားတွေချည်း ပါပဲ ။ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ ခရစ္စ တီယာနို ရိုနယ်လ်ဒို နဲ့ တွဲကစား ခဲ့ပါတယ် ။ သူ အဲ့မှာတုန်းက ထိပ်တန်း ခြေစွမ်း ပြသနိုင်ခဲ့ပါတယ် ။ ”

” အာဆင်နယ် အသင်းက သူ့ကို အသင်းကို ဦးဆောင် ဆွဲတင်ဖို့ ခေါ်ခဲ့တာပါ ။ ဒါပေမယ့် အိုဇေးလ် အသင်းကို ဆွဲတင် နိုင်ခြင်း မရှိသေးဘူးလို့ ကျနော်တော့ မြင်ပါတယ် ။ ကျနော် သူနဲ့ နေ့တိုင်း လေ့ကျင့်ခန်း ဆင်းနေတဲ့ ကစားသမားတော့ မဟုတ်ပေမယ့် သူက ခေါင်းဆောင် တစ်ယောက်တော့ မဖြစ်နိုင်ပါဘူး ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

Assist King လို့ တင်စား ခေါ်ဝေါ် ကြတဲ့ အိုဇေးလ် ဟာ ဒီရာသီ မှာတော့ ဂိုးဖန်တီးမှုနှုန်း သိသိသာသာ ကျဆင်း သွားခဲ့ပြီး အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ယှဉ် ပြိုင် ကစားခဲ့ရာမှာ ၆ ဂိုး သွင်း ယူ ကာ ဂိုး ဖန်တီးမှု ၃ ကြိမ် သာ ပြု လုပ် နိုင် ခဲ့ ပါ တယ် ။

SPORTS MYANMAR