လီဗာပူး မန်နေဂျာ ယာဂန်ကလော့ဟာ မနေ့ညက မန်ယူနိုက်တက် နဲ့ ၁ ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ အသင်းကို ထိခိုက်စေ ခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်နေ ခဲ့ပါတယ်။ မားကပ်ရပ်ဖို့ဒ် သွင်းယူ ပေးခဲ့တဲ့ အိမ်ရှင်တို့ရဲ့ ဦးဆောင်ဂိုးမှာ ကံကောင်းမှု ရှိခဲ့တယ်လို့ ဆိုနိုင်ပြီး ဂိုးမရမီ Bulid-up မှာ အိုရီဂီ ကို လင်ဒီလော့ဖ် ပြစ်ဒဏ် ကျူးလွန် ခဲ့သလို ရှိတာကြောင့် VAR ပြန်လည် ကြည့်ရှု ခဲ့ပေမယ့်လည်း ဒိုင်တွေဟာ ဒီဆုံးဖြတ်ချက်ကို ပြန်မပြင် ခဲ့ပါဘူး။
မာနေး ဟာ လီဗာပူး အတွက် ပထမပိုင်း ပြီးခါနီးမှာ ချေပဂိုး သွင်းပေး ခဲ့ပေမယ့်လည်း VAR ထပ်မံ ကြားဝင်ခဲ့ရပြီး လက်ထိဘော ဖြစ်ခဲ့တာကြောင့် လီဗာပူး တို့ ဂိုးမရ ခဲ့ပါဘူး။ အိုးထရပ်ဖို့ဒ်မှာ ယူနိုက်တက်တို့ ရလဒ်ကောင်း ပိုင်ဆိုင် တော့မယ်လို့ ယူဆ ထားခဲ့ပေမယ့်လည်း အရန်ခုံကနေ ထလာ ခဲ့တဲ့ လယ်လာနာဟာ လီဗာပူး အသင်း အတွက် ၈၅ မိနစ်မှာ ချေပဂိုးကို သွင်းယူ ပေးခဲ့ပြီး ယာဂန်ကလော့ရဲ့ အသင်း ရှုံးပွဲ မတွေ့အောင် ကူညီ ပေးခဲ့ပါတယ်။
ဒီရလဒ်ကြောင့် လီဗာပူး ရဲ့ ဒီရာသီ ၁၀၀% နိုင်ပွဲ မှတ်တမ်း အဆုံးသတ် နိုင်ခဲ့တဲ့ အပြင် အန်ဖီး ကလပ်ရဲ့ ပရီးမီးယားလိဂ် ၁၇ ပွဲဆက် ကလည်း ရပ်တန့် ခဲ့ပါတယ်။ သို့ပေမည်း ဂျာမန် နည်းပြဟာ ရပ်ဖို့ဒ်ရဲ့ ဂိုးကို ခွင့်ပြု ခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်း ထုတ်သွား ခဲ့ပြီး အရာအားလုံးဟာ သူတို့ဘက်မှာ ရှိမနေတဲ့ပုံ ပေါက်နေတယ်လို့ မှတ်ချက် ပေးသွား ပါတယ်။
ဒီဗို့အိုရီဂီ ကို ပြစ်ဒဏ်ကျူးလွန်မှု ရှိခဲ့ ပေမယ့်လည်း ရပ်ဖို့ဒ် ရဲ့ အဖွင့်ဂိုးကို ခွင့်ပြု ခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက် အပေါ် ကလော့ က “ဒါနဲ့ ပက်သက်ပြီး ခင်ဗျားတို့ ဘယ်လို ယူဆနေမလဲ ဆိုတာ စိတ်ဝင်စား စရာ ပါပဲ။ မဟုတ်ပါဘူး။ စစချင်း ကျွန်တော် ဒေါသ မဖြစ်ခဲ့ ပါဘူး။ ကျွန်တော် အားလုံးကို စိတ်အေးအေးထားဖို့တောင် ပြောခဲ့ ပါတယ်။ ဘာလို့လဲ ဆိုတော့ ချက်ချင်း တွေ့လိုက်တာ ရှိလို့ပါ..မစ္စတာ အက်ကင်ဆန် က ဒါဟာ ဂိုးဖြစ်နိုင်တယ်လို့ ထင်ထား ခဲ့ပါတယ်။ ဒါပေမယ့် VAR ကို ချက်ချင်း ပြခဲ့ပါတယ်။
ကျွန်တော့် နည်းပြတွေဟာ စောဒက တက်ဖို့ ထွက်လာ နေကြပါပြီ။ ဒါပေမယ့် ကျွန်တော် သူတို့ကို ‘VAR က စစ်ဆေးနေတယ်’ ဆိုပြီး စိတ်အေးအေး ထားဖို့ ပြောခဲ့ပါတယ်။ VAR ဟာ ဒီဂိုးကို ပယ်ဖျက်မယ်လို့ ကျွန်တော် ၁၀၀% ယုံကြည် ခဲ့ပါတယ်။ ဒါပေမယ့် အခု ခင်ဗျားတို့ မြင်ခဲ့ကြတဲ့ အတိုင်း ပြသနာ ဖြစ်ခဲ့ပါတယ်။ ဒိုင်လူကြီးဟာ VAR ရှိနေတာကြောင့် ဆက်ကစား စေခဲ့ပါတယ်။ ဒါပေမယ့် VAR က သိပ်ပြီး မရှင်းခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့် ဒါဟာ ပြစ်ဒဏ်ဘော မဟုတ်ဘူးလို့ ပြောခဲ့ပြီး ဒီဂိုးကို မပယ်ဖျက် ခဲ့တာပါ။
ဒါဟာ သိပ်ပြီးတော့ အဓိပ္ပာယ် မရှိပါဘူး။ ကျွန်တော်တို့ ဘာမှ ပြန်မရတော့တာ မှန်ပေမယ့် ဒါဟာ VAR ပြသနာ ဖြစ်ပြီး ဒီအချိန်မှာ ကျွန်တော်တို့ ရင်ဆိုင် နေရတဲ့ အရာပါ။ ကျွန်တော် ဒေါသထွက်တာတို့ ဘာတို့ မရှိပါဘူး။ ကျွန်တော် ပြစ်ဒဏ်ဘော ဆိုတာကို သေချာ မြင်ခဲ့ပါတယ်။ မာတင် အက်ကင်ဆန် အနေနဲ့ VAR သာ မရှိခဲ့ဘူး ဆိုရင် ၀ီစီမှုတ် ခဲ့နိုင်ပါတယ်။ ဒါပေမယ့် သူခွင့်ပြု ခဲ့ပါတယ်။
ကျွန်တော်တို့ ဘာမှ ပြောင်းလဲလို့ မရတော့ ပါဘူး။ ဒါပေမယ့် တော်တော် များများဟာ ကျွန်တော်တို့ကို နစ်နာ စေပါတယ်။ ကျွန်တော်တို့ရဲ့ ပထမပိုင်း ခြေစွမ်းကလည်း ဒီအတိုင်း ပါပဲ။ ကျွန်တော်တို့ အခုထိ မရှံုးသေးဘဲ ဒီပွဲကို အနိုင်ရမလို ဖြစ်ခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် ပထမပိုင်း ခြေစွမ်း ကိုတော့ လုံးဝပါပဲ။ ဒီလို မဖြစ်ခဲ့ သင့်ပါဘူး။ ဒီလို အခြေအနေမျိုးဟာ ယူနို်က်တက် အတွက် ကစားရ လွယ်ကူပြီး သူတို့ဟာ ၅-၃-၂ နဲ့ ပွဲထွက်ပြီး တိုက်ပွဲဝင် ခဲ့ကာ အားလုံးဟာ ဒါကို ပျော်ရွှင် ကြပါတယ်။
ကျွန်တော်တို့ အနေအထား တစ်ခုကို မရောက်ခဲ့ ပါဘူး။ ပထမပိုင်းမှာ ပွဲအရှိန် မရ ခဲ့ပါဘူး။ သူတို့ ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တန်ပြန် တိုက်စစ်ကနေ အခွင့်အရေး ကြီးကြီးမားမား ရခဲ့ပါသေးတယ်။ ဘော်ဘီရဲ့ အားထုတ်မှုဟာ မဖြစ်မနေ ဂိုးရသင့်တယ်လို့ ကျွန်တေ်ာ ဆိုလိုတာ မဟုတ်ပေမယ့် ကြီးမားတဲ့ အခွင့်အရေးပါ။ ပထမပိုင်း အပြီးမှာ ကျွန်တော်တို့ ချိန်ညှိမှု အနည်းငယ် လုပ်ခဲ့ပြီး ကစားပုံ ကောင်းလာ ခဲ့ကာ ဂိုးရခဲ့ ပါတယ်။နောက်ဆုံး မှာတော့ ကျွန်တော်တို့ ဒီအမှတ် အတွက် ပျော်ရွှင် ရမှာပါ။ ဒါဟာ ရှငိးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တစ်ပွဲလုံး ခြေစွမ်းကို မပျော်ရွှင် မိပါဘူး။ ဒါပေမယ့် အိုကေပါ။ ဒီလိုမျိုး ဖြစ်တက် ပါတယ်။’ လို့ ဆိုလိုက် ပါတယ်။
SM
Zawgyi
မန်ယူနိုက်တက် ရဲ့ အငြင်းပွားဖွယ် အဖွင့်ဂိုးကို ခွင့်ပြု ခဲ့တဲ့ အပေါ် အတော် မကျေမနပ် ဖြစ်နေတဲ့ ယာဂန်ကလော့
SM