မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် မှာ လီဗာပူး အသင်း ကို ဧည့်ခံ ကစား ခဲ့ရ ပြီး 1 – 1 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တာ ကြောင့် နှစ်ဖက် အသင်း ဟာ သရေ တစ်မှတ် ခွဲယူရင်း ကျေနပ် ခဲ့ကြ ရ ပါတယ် ။ ဒါဟာ လီဗာပူး အတွက် တော့ ဒီ ရာသီ ပထမဆုံး အကြိမ် အမှတ် ခွဲဝေ ပေးခြင်း ဖြစ်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ အဖွင့်ဂိုး ကို ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ က ပွဲချိန် 36 မိနစ် မှာ သွင်းယူ ခဲ့ပြီး ဦးဆောင် နိုင်ခဲ့ ပေမယ့် ဒုတိယပိုင်း ပွဲချိန် 85 မိနစ် မှာတော့ လီဗာပူး အသင်း အတွက် လူစားဝင် ကစား ပေးခဲ့တဲ့ ကွင်းလယ်လူ လယ်လာနာ က ခြေပ ဂိုး သွင်းယူ ခဲ့တာ ကြောင့် လီဗာပူး တို့ ရှုံးပွဲ မရှိ ဆိုတဲ့ မှတ်တမ်း ကောင်းကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို က အသင်း ဟောင်းဟာ နှလုံးသား နဲ့ ကစား ခဲ့ပြီး Game Plan တစ်ခု လည်း ရှိခဲ့ တယ်လို့ ခံစား ရကြောင်း ၊ ဒီ ရလဒ် ဟာ မျှတ တဲ့ ရလဒ် တစ်ခု ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဒီ ရာသီ ရှံုးပွဲ မရှိ သေးတဲ့ ရလဒ် နဲ့ ပရီးမီးယား လိဂ်ကို အကောင်းဆုံး ဦးဆောင် နေတဲ့ လီဗာပူး အသင်း ကို အခုလို ကစား နိုင် ခဲ့တဲ့ အတွက် ဂုဏ်ယူ နေမှာ ဖြစ်သလို ဦးဆောင် နေရာ ကနေ နှစ်မှတ် လျော့ကျ ခဲ့ ရတဲ့ အတွက် စိတ်ပျက် တဲ့ ခံစားချက်ပါ ဖြစ်ပေါ် နေလိမ့် မယ်လို့ သုံးသပ် သွားခဲ့ ပါတယ် ။

ဒါပေမယ့် ပွဲစဉ် ကို ခြံုကြည့် လိုက်တဲ့ အခါ မှာတော့ ဒီ ရာသီ ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ကို အခုလို စိတ်ဓါတ် ခံယူချက် မျိုး ၊ စိတ်အား ထက်သန် မှု မျိုးနဲ့ ကစား နိုင်ခဲ့ ခြင်းက ယူနိုက်တက် အတွက် များစွာ အပေါင်း လက္ခဏာ ဆောင်ကျဉ်း စေကြောင်း မော်ရင်ဟို က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပြောရ မှာတော့ အနည်းငယ် ခက်ခဲ ပါတယ် ။ ကျွန်တော့် အထင် သူတို့ ( ယူနိုက်တက် ) ဟာ ပြိုင်ဖက် ကို နာကျင် စေဖို့ အတွက် အားထုတ် မှုတွေ လုပ်ဆောင် ခဲ့ကြ ပါတယ် ။ ယာဂင် ဖက်က ကြည့်မယ် ဆိုရင် တော့ သူဟာ နောက်ဆုံး မိနစ် 20 အတွင်း တစ်စုံတရာ လုပ်ဆောင် နိုင်ဖို့ ကြိုးစား ခဲ့တာ တွေ့ရ ပါတယ် ”

” သူဟာ ယူနိုက်တက် တို့ ဖြေရှင်း ဖို့ ခက်ခဲ လှတဲ့ ပြသနာ တွေကို ပေးသွား နိုင်ဖို့ ကြိုးစား ခဲ့တယ် ။ ကွင်းလယ် မှာ ကစား သမား များများ ထည့်သွင်း စေခဲ့ ပြီး ပြိုင်ဖက် ဧရိယာ ထဲမှာ နေရာ လွတ်တွေ ဖန်တီး ဖို့ လုပ်ဆောင် ခဲ့ သလို နောက်ခံ အစွန်လူ တွေကို လည်း များများ ထိုးဖောက် စေလို ခဲ့ ပါတယ် ”

” သူဟာ ယူနိုက်တက် ကို ပြသနာတွေ ပေးရင်း အဲ့ဒီ အတွက် ဆုလာဘ် ပြန်လည် ရရှိ ခဲ့ ပါတယ် ။ ဒါပေမယ့် တူညီ တဲ့ အချိန် တစ်ခု မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်း ဖက်က အမှား တစ်ခု ကျူးလွန် ခဲ့ မိရာ ကနေ ရမှတ် နှစ်မှတ် လျော့နည်း သွားခဲ့ ရတဲ့ အတွက် အရမ်း ကိုပဲ စိတ်ပျက် ခဲ့ရ လိမ့် မယ်လို့ ကျွန်တော် ခံစား မိ ပါတယ် ”

” ပွဲစဉ် စတင် ကစား ကတည်းက ကျွန်တော် ဟာ ယူနိုက်တက် ကို နှလုံးသား နဲ့ ရင်းပြီး ( စိတ်ဓါတ် အပြည့် နဲ့ ) ကစား ကြဖို့ ပြောခဲ့ ပါ သေးတယ် ။ သူတို့ ဒါကို လုပ်ခဲ့ ကြ ပါတယ် ။ ကျွန်တော် ပြောတာ ထက်တောင် ပိုပြီး လုပ်နိုင် ခဲ့ကြ ပါတယ် ”

” သူတို့ တွေဟာ အသင်း လိုက် စုဖွဲ့ ကစား နိုင်ခဲ့ ကြ သလို သူတို့ ဆီမှာ သေချာ ရေရာ တဲ့ Game Plan လည်း ရှိနေ ခဲ့ ပါတယ် ။ ခင်ဗျား သဘောတူ မလား ၊ မတူ မလား ကျွန်တော် မသိ ပါဘူး ။ သူတို့ တွေ ဆီမှာ သေချာ လိုက်နာ ခဲ့တဲ့ Game Plan တစ်ခု ရှိနေ ခဲ့ ပါတယ် ”

” ပထမပိုင်း ပြီးတဲ့ အချိန် မှာ ဂရေမီ ဆောင်းနက်စ် က ယူနိုက်တက် ဟာ မိနစ် 90 လုံး ခံစစ် ပိုင်းကို အခု အတိုင်း ကစား နိုင်လိမ့် မလား ဆိုတဲ့ မေးခွန်း ကို ကျွန်တော် တို့ဆီ မေးခဲ့ ပါ သေးတယ် ။ သူတို့ မလုပ်နိုင် ခဲ့ကြ ပါဘူး ”

” ပွဲစဉ် ပြီးဆုံး သွားတဲ့ အခါ မှာ လီဗာပူး က သူတို့ အထက် မှာ ရှိနေ မှာ ပါပဲ ။ ဒါ့ကြောင့် ဒီ ရလဒ် က မျှတ တယ်လို့ ပြောလို့ ရနိုင် ပါတယ် ။ ကျွန်တော် သာ အိုလီ ဆိုရင် ကျွန်တော် တစ်ကယ် ပဲ ဂုဏ်ယူ မိမှာ ပါ ။ ကောင်လေး တွေက စွမ်းနိုင် သမျှ အကုန် ပေးဆပ် ကစားခဲ့ ကြတယ်လေ ” လို့ မော်ရင်ဟို က သူ့ရဲ့ ထင်မြင်ချက် ကို ချပြ သွားခဲ့ ပါတယ် ။

#Sports_Myanmar

Zawgyi

ယူနုိက္တက္တုိ့ လီဗာပူးနဲ့ သေရရလဒ္ ထြက္ေပၚခဲ့တဲ့ ပြဲစဥ္အေပၚ ထင္ျမင္ခ်က္ ေပးသြားတဲ့ #ေမာ္ရင္ဟို

” က်ြန္ေတာ္သာ အုိလီ ဆုိရင္ …… ”

==================

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ မေန့ ညက အိုးလ္ ထရပ္ဖုိ႔ဒ္ မွာ လီဗာပူး အသင္း ကို ဧည့္ခံ ကစား ခဲ့ရ ျပီး 1 – 1 ဆိုတဲ့ သေရ ရလဒ္ ထြက္ေပၚ ခဲ့တာ ေၾကာင့္ ႏွစ္ဖက္ အသင္း ဟာ သေရ တစ္မွတ္ ခြဲယူရင္း ေက်နပ္ ခဲ့ၾက ရ ပါတယ္ ။ ဒါဟာ လီဗာပူး အတြက္ ေတာ့ ဒီ ရာသီ ပထမဆံုး အၾကိမ္ အမွတ္ ခြဲေဝ ေပးျခင္း ျဖစ္ခဲ့ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာေတာ့ အဖြင့္ဂိုး ကို ယူနုိက္တက္ တုိက္စစ္မွဴး မားကပ္စ္ ရပ္ရွ္ဖုိ႔ က ပြဲခ်ိန္ 36 မိနစ္ မွာ သြင္းယူ ခဲ့ျပီး ဦးေဆာင္ နုိင္ခဲ့ ေပမယ့္ ဒုတိယပိုင္း ပြဲခ်ိန္ 85 မိနစ္ မွာေတာ့ လီဗာပူး အသင္း အတြက္ လူစားဝင္ ကစား ေပးခဲ့တဲ့ ကြင္းလယ္လူ လယ္လာနာ က ေျခပ ဂိုး သြင္းယူ ခဲ့တာ ေၾကာင့္ လီဗာပူး တုိ့ ရွံဳးပြဲ မရွိ ဆုိတဲ့ မွတ္တမ္း ေကာင္းကို ဆက္လက္ ထိန္းသိမ္း နုိင္ခဲ့ ၾက ပါတယ္ ။

အဆုိပါ ပြဲစဥ္ အျပီး မွာေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ နည္းျပ ေဟာင္း ျဖစ္သူ ဟုိေဆး ေမာ္ရင္ဟို က အသင္း ေဟာင္းဟာ ႏွလံုးသား နဲ့ ကစား ခဲ့ျပီး Game Plan တစ္ခု လည္း ရွိခဲ့ တယ္လို႔ ခံစား ရေၾကာင္း ၊ ဒီ ရလဒ္ ဟာ မ်ွတ တဲ့ ရလဒ္ တစ္ခု ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။

ဒါ့အျပင္ ဒီ ရာသီ ရွံဳးပြဲ မရွိ ေသးတဲ့ ရလဒ္ နဲ့ ပရီးမီးယား လိဂ္ကို အေကာင္းဆံုး ဦးေဆာင္ ေနတဲ့ လီဗာပူး အသင္း ကို အခုလို ကစား နုိင္ ခဲ့တဲ့ အတြက္ ဂုဏ္ယူ ေနမွာ ျဖစ္သလို ဦးေဆာင္ ေနရာ ကေန ႏွစ္မွတ္ ေလ်ာ့က် ခဲ့ ရတဲ့ အတြက္ စိတ္ပ်က္ တဲ့ ခံစားခ်က္ပါ ျဖစ္ေပၚ ေနလိမ့္ မယ္လို႔ သံုးသပ္ သြားခဲ့ ပါတယ္ ။

ဒါေပမယ့္ ပြဲစဥ္ ကို ျခံဳၾကည့္ လိုက္တဲ့ အခါ မွာေတာ့ ဒီ ရာသီ ရဲ့ အေကာင္းဆံုး ပြဲစဥ္ တစ္ပြဲ ကို အခုလို စိတ္ဓါတ္ ခံယူခ်က္ မ်ိဳး ၊ စိတ္အား ထက္သန္ မွဳ မ်ိဳးနဲ့ ကစား နုိင္ခဲ့ ျခင္းက ယူနုိက္တက္ အတြက္ မ်ားစြာ အေပါင္း လကၡဏာ ေဆာင္က်ဥ္း ေစေၾကာင္း ေမာ္ရင္ဟုိ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ေျပာရ မွာေတာ့ အနည္းငယ္ ခက္ခဲ ပါတယ္ ။ က်ြန္ေတာ့္ အထင္ သူတုိ့ ( ယူနုိက္တက္ ) ဟာ ျပိဳင္ဖက္ ကို နာက်င္ ေစဖုိ႔ အတြက္ အားထုတ္ မွဳေတြ လုပ္ေဆာင္ ခဲ့ၾက ပါတယ္ ။ ယာဂင္ ဖက္က ၾကည့္မယ္ ဆုိရင္ ေတာ့ သူဟာ ေနာက္ဆံုး မိနစ္ 20 အတြင္း တစ္စံုတရာ လုပ္ေဆာင္ နုိင္ဖုိ႔ ၾကိဳးစား ခဲ့တာ ေတြ့ရ ပါတယ္ ”

” သူဟာ ယူနုိက္တက္ တုိ့ ေျဖရွင္း ဖို႔ ခက္ခဲ လွတဲ့ ျပသနာ ေတြကို ေပးသြား နုိင္ဖုိ႔ ၾကိဳးစား ခဲ့တယ္ ။ ကြင္းလယ္ မွာ ကစား သမား မ်ားမ်ား ထည့္သြင္း ေစခဲ့ ျပီး ျပိဳင္ဖက္ ဧရိယာ ထဲမွာ ေနရာ လြတ္ေတြ ဖန္တီး ဖုိ႔ လုပ္ေဆာင္ ခဲ့ သလို ေနာက္ခံ အစြန္လူ ေတြကို လည္း မ်ားမ်ား ထိုးေဖာက္ ေစလို ခဲ့ ပါတယ္ ”

” သူဟာ ယူနုိက္တက္ ကို ျပသနာေတြ ေပးရင္း အဲ့ဒီ အတြက္ ဆုလာဘ္ ျပန္လည္ ရရွိ ခဲ့ ပါတယ္ ။ ဒါေပမယ့္ တူညီ တဲ့ အခ်ိန္ တစ္ခု မွာပဲ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဖက္က အမွား တစ္ခု က်ဴးလြန္ ခဲ့ မိရာ ကေန ရမွတ္ ႏွစ္မွတ္ ေလ်ာ့နည္း သြားခဲ့ ရတဲ့ အတြက္ အရမ္း ကိုပဲ စိတ္ပ်က္ ခဲ့ရ လိမ့္ မယ္လို႔ က်ြန္ေတာ္ ခံစား မိ ပါတယ္ ”

” ပြဲစဥ္ စတင္ ကစား ကတည္းက က်ြန္ေတာ္ ဟာ ယူနိုက္တက္ ကို ႏွလံုးသား နဲ့ ရင္းျပီး ( စိတ္ဓါတ္ အျပည့္ နဲ့ ) ကစား ၾကဖုိ႔ ေျပာခဲ့ ပါ ေသးတယ္ ။ သူတုိ႔ ဒါကို လုပ္ခဲ့ ၾက ပါတယ္ ။ က်ြန္ေတာ္ ေျပာတာ ထက္ေတာင္ ပိုျပီး လုပ္နုိင္ ခဲ့ၾက ပါတယ္ ”

” သူတုိ႔ ေတြဟာ အသင္း လိုက္ စုဖြဲ့ ကစား နုိင္ခဲ့ ၾက သလုိ သူတုိ႔ ဆီမွာ ေသခ်ာ ေရရာ တဲ့ Game Plan လည္း ရွိေန ခဲ့ ပါတယ္ ။ ခင္ဗ်ား သေဘာတူ မလား ၊ မတူ မလား က်ြန္ေတာ္ မသိ ပါဘူး ။ သူတုိ႔ ေတြ ဆီမွာ ေသခ်ာ လိုက္နာ ခဲ့တဲ့ Game Plan တစ္ခု ရွိေန ခဲ့ ပါတယ္ ”

” ပထမပိုင္း ျပီးတဲ့ အခ်ိန္ မွာ ဂေ႐မီ ေဆာင္းနက္စ္ က ယူနုိက္တက္ ဟာ မိနစ္ 90 လံုး ခံစစ္ ပိုင္းကို အခု အတုိင္း ကစား နုိင္လိမ့္ မလား ဆုိတဲ့ ေမးခြန္း ကို က်ြန္ေတာ္ တုိ့ဆီ ေမးခ့ဲ ပါ ေသးတယ္ ။ သူတုိ႔ မလုပ္နုိင္ ခဲ့ၾက ပါဘူး ”

” ပြဲစဥ္ ျပီးဆံုး သြားတဲ့ အခါ မွာ လီဗာပူး က သူတုိ႔ အထက္ မွာ ရွိေန မွာ ပါပဲ ။ ဒါ့ေၾကာင့္ ဒီ ရလဒ္ က မ်ွတ တယ္လို့ ေျပာလို့ ရနုိင္ ပါတယ္ ။ က်ြန္ေတာ္ သာ အိုလီ ဆုိရင္ က်ြန္ေတာ္ တစ္ကယ္ ပဲ ဂုဏ္ယူ မိမွာ ပါ ။ ေကာင္ေလး ေတြက စြမ္းနုိင္ သမ်ွ အကုန္ ေပးဆပ္ ကစားခဲ့ ၾကတယ္ေလ ” လို့ ေမာ္ရင္ဟို က သူ့ရဲ့ ထင္ျမင္ခ်က္ ကို ခ်ျပ သြားခဲ့ ပါတယ္ ။

#Sports_Myanmar