အာဆင္နယ္ အသင္း ကြင္းလယ္လူ ဂရန္းနစ္ ရွာကာ က ခ်ဲလ္ဆီး အသင္း ကုိ ဂုိးျပတ္ ရႈံးနိမ့္ျပီး ေနာက္ပုိင္း အဝတ္လဲခန္း အတြင္းမွာ နည္းျပ အူနုိင္း အမ္မရီ ေကာ ကစားသမားအားလုံးဟာ တိတ္ဆိတ္ ေနၾကေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ပါတယ္ ။

ျပီးခဲ့တဲ့ ႏွစ္ရာသီဆက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္နဲ႔ လြဲခဲ့တဲ့ အာဆင္နယ္ အသင္းဟာ ဒီရာသီမွာေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရဖုိ႔ အဓိက ပစ္မွတ္ထား ျပင္ဆင္ ခဲ့တာပါ ။ ဒါေပမယ့္လည္း အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၅ ေနရာမွာသာ ရပ္တည္ နုိင္ခဲ့သလုိ ယူရုိပါလိဂ္မွာလည္း ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ သုံးရာသီဆက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႔ လြဲဲေခ်ာ္ သြားခဲ့ပါျပီ ။

ခ်ဲလ္ဆီး အသင္း ကုိ ရႈံးနိမ့္ ခဲ့တဲ့ ပြဲအျပီးမွာ ကြင္းလယ္လူ ေတာ္ရီးယား နဲ႔ ပီတာဆက္ခ်္ တုိ႔ဟာ ဝမ္းနည္း မ်က္ရည္ က်ေနတာကုိ ေတြ႕ ခဲ့ရပါတယ္ ။ ပြဲအျပီးမွာလည္း နည္းျပၾကီး အူနုိင္း အမ္မရီ ဟာလည္း အဝတ္လဲခန္း အတြင္းမွာ ကစားသမားေတြကုိ ျပစ္တင္ ၾကိမ္းတာမ်ဳိး ျပဳလုပ္ျခင္း မရွိေၾကာင္း ရွာကာ က ဖြင့္ဟ ေျပာၾကား သြားခဲ့ပါတယ္ ။

အမ္မရီ ဟာ ဆီဗီလာ အသင္းကုိ နည္းျပ စဥ္တုန္းက ယူရုိပါလိဂ္ ဖလား သုံးၾကိမ္ဆက္ ရယူ နုိင္ခဲ့ျပီး အာဆင္နယ္ အသင္းနဲ႔သာ ထပ္မံ ဆြတ္ခူး နုိင္ခဲ့ပါက ယူရုိပါလိဂ္ သမုိင္းတစ္ေလ်ွာက္ အေအာင္ျမင္ဆုံး နည္းျပဆုိတဲ့ ဂုဏ္ပုဒ္ ကုိ ရရွိမွာပါ ။ ဒါေပမယ့္လည္း အမ္မရီ ဟာ ရႈံးပြဲ နဲ႔ ၾကံဳေတြ႕ သြားခဲ့ရျပီး သမုိင္းမွတ္တုိင္သစ္ ေရးထုိးနုိင္မယ့္ အခြင့္အေရးေကာင္းကုိ ဆုံးရႈံး သြားခဲ့ပါတယ္ ။

ရွာကာ က ယူရုိပါလိဂ္ ခ်န္ပီယံဆုကုိ လြဲေခ်ာ္ အျပီး အဝတ္လဲခန္း အတြင္း အေျခအေနကုိ ” သူ ( အမ္မရီ ) ေကာ ၊ ကစားသမားေတြေကာ ၊ ဘယ္သူမွ အဝတ္လဲခန္း အတြင္းမွာ စကား မေျပာၾက ပါဘူး ။ ”

နည္းျပ အမ္မရီ က ဘာေၾကာင့္ တိတ္ဆိတ္ေနတာလဲ ဆုိတဲ့ ေမးခြန္းကုိ ရွာကာ က ” က်ေနာ္ မသိပါဘူး ။ သူ စိတ္ပ်က္ ေနလုိ႔ ျဖစ္မွာပါ ။ က်ေနာ္တုိ႔ ဘယ္ေလာက္ပဲ ကစားနုိင္ခဲ့တယ္ ဆုိတာ သိပါတယ္ ။ ရႈံးနိမ့္ ခဲ့တာကုိလည္း သိပါတယ္ ။ ရႈံးနိမ့္ သြားလုိ႔ ဆုိျပီး ေအာ္ဟစ္ ေနမွာေတာ့ မဟုတ္ပါဘူး ။ ”

” ခင္ဗ်ား တုိ႔ ေျပာခ်င္သလုိ ေျပာနုိင္ပါတယ္ ။ ဘာေတြ ျဖစ္ပ်က္ သြားသလဲဆုိတာ ရွင္းျပေနရမယ့္ အခ်ိန္မဟုတ္ပါဘူး ။ က်ေနာ္တုိ႔ အတြက္ အခြင့္အေရးေကာင္း တစ္ခု ျဖစ္ေပမယ့္ အရ မယူ နုိင္ခဲ့ပါဘူး ။ ” လုိ႔ ေျပာၾကား သြားခဲ့ပါတယ္ ။

ဆက္လက္ျပီး ရွာကာ က ” က်ေနာ္တုိ႔ ရႈံးနိမ့္ ခဲ့တာက ရုပ္ပုိင္းဆုိင္ရာေကာ စိတ္ပုိင္းဆုိင္ရာနဲ႔ေကာ မဆုိင္ပါဘူး ။ က်ေနာ္တုိ႔ ဗုိလ္လုပြဲ အတြက္ အဆင္သင့္ ျဖစ္ေနခဲ့ျပီး ေန႔တုိင္းလည္း ေလ့က်င့္ ခဲ့ပါတယ္ ။ က်ေနာ္တုိ႔ တစ္ရာသီလုံး ျခံဳၾကည့္ရင္ ေကာင္းခဲ့ပါတယ္ ။ ”

” ပရီးမီးယားလိဂ္ ေနာက္ဆုံး ငါးပြဲဆက္ ရလဒ္ေကာင္း မရယူ နုိင္ခဲ့ေပမယ့္ ခ်ဲလ္ဆီး အသင္း ကုိ အနုိင္ကစားျပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရယူ ဖုိ႔ အခြင့္အေရး ရွိခဲ့ေပမယ့္ အသုံး မခ် နုိင္ခဲ့ပါဘူး ။ အခြင့္အေရး ကုိ အသုံးမခ် နုိင္ႏင္ေတာ့ ယူရုိပါလိဂ္ ပဲ ကန္ေန ရဦးမွာပါ ။ ”

” ဒုတိယပုိင္းမွာ က်ေနာ္တုိ႔ ပြဲကုိ အလ်င္စလုိ ဖြင့္ ကစားမိခဲ့ပါတယ္ ။ ၁-၀ ျဖစ္ေနတဲ့ အခ်ိန္မွာ ျပန္လာ နုိင္ေခ် ရွိေနပါေသးတယ္ ။ အခြင့္အေရး ေတြ ရခဲ့သလုိ အမွားေတြလည္း က်ဴးလြန္ ခဲ့မိပါတယ္ ။ ခ်ဲလ္ဆီး အသင္းရဲ႕ တစ္ဦးခ်င္း စြမ္းေဆာင္ရည္ေကာင္းေတြက ပြဲအေျဖကုိ ေျပာင္းလဲ ေပးသြားတာပါပဲ ။ ” လုိ႔ ဆုိပါတယ္ ။

SPORTS MYANMAR

Unicode

ယူရိုပါလိဂ် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပြီးနောက် အဝတ်လဲခန်း အတွင်း အာဆင်နယ် အသင်း ကစားသမားတွေရဲ့ အခြေအနေကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ရှာကာ
=============================

အာဆင်နယ် အသင်း ကွင်းလယ်လူ ဂရန်းနစ် ရှာကာ က ချဲလ်ဆီး အသင်း ကို ဂိုးပြတ် ရှုံးနိမ့်ပြီး နောက်ပိုင်း အဝတ်လဲခန်း အတွင်းမှာ နည်းပြ အူနိုင်း အမ်မရီ ကော ကစားသမားအားလုံးဟာ တိတ်ဆိတ် နေကြကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နှစ်ရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲခဲ့တဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အဓိက ပစ်မှတ်ထား ပြင်ဆင် ခဲ့တာပါ ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာသာ ရပ်တည် နိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာကြောင့် သုံးရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲဲချော် သွားခဲ့ပါပြီ ။

ချဲလ်ဆီး အသင်း ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ ကွင်းလယ်လူ တော်ရီးယား နဲ့ ပီတာဆက်ချ် တို့ဟာ ဝမ်းနည်း မျက်ရည် ကျနေတာကို တွေ့ ခဲ့ရပါတယ် ။ ပွဲအပြီးမှာလည်း နည်းပြကြီး အူနိုင်း အမ်မရီ ဟာလည်း အဝတ်လဲခန်း အတွင်းမှာ ကစားသမားတွေကို ပြစ်တင် ကြိမ်းတာမျိုး ပြုလုပ်ခြင်း မရှိကြောင်း ရှာကာ က ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

အမ်မရီ ဟာ ဆီဗီလာ အသင်းကို နည်းပြ စဉ်တုန်းက ယူရိုပါလိဂ် ဖလား သုံးကြိမ်ဆက် ရယူ နိုင်ခဲ့ပြီး အာဆင်နယ် အသင်းနဲ့သာ ထပ်မံ ဆွတ်ခူး နိုင်ခဲ့ပါက ယူရိုပါလိဂ် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး နည်းပြဆိုတဲ့ ဂုဏ်ပုဒ် ကို ရရှိမှာပါ ။ ဒါပေမယ့်လည်း အမ်မရီ ဟာ ရှုံးပွဲ နဲ့ ကြုံတွေ့ သွားခဲ့ရပြီး သမိုင်းမှတ်တိုင်သစ် ရေးထိုးနိုင်မယ့် အခွင့်အရေးကောင်းကို ဆုံးရှုံး သွားခဲ့ပါတယ် ။

ရှာကာ က ယူရိုပါလိဂ် ချန်ပီယံဆုကို လွဲချော် အပြီး အဝတ်လဲခန်း အတွင်း အခြေအနေကို ” သူ ( အမ်မရီ ) ကော ၊ ကစားသမားတွေကော ၊ ဘယ်သူမှ အဝတ်လဲခန်း အတွင်းမှာ စကား မပြောကြ ပါဘူး ။ ”

နည်းပြ အမ်မရီ က ဘာကြောင့် တိတ်ဆိတ်နေတာလဲ ဆိုတဲ့ မေးခွန်းကို ရှာကာ က ” ကျနော် မသိပါဘူး ။ သူ စိတ်ပျက် နေလို့ ဖြစ်မှာပါ ။ ကျနော်တို့ ဘယ်လောက်ပဲ ကစားနိုင်ခဲ့တယ် ဆိုတာ သိပါတယ် ။ ရှုံးနိမ့် ခဲ့တာကိုလည်း သိပါတယ် ။ ရှုံးနိမ့် သွားလို့ ဆိုပြီး အော်ဟစ် နေမှာတော့ မဟုတ်ပါဘူး ။ ”

” ခင်ဗျား တို့ ပြောချင်သလို ပြောနိုင်ပါတယ် ။ ဘာတွေ ဖြစ်ပျက် သွားသလဲဆိုတာ ရှင်းပြနေရမယ့် အချိန်မဟုတ်ပါဘူး ။ ကျနော်တို့ အတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်ပေမယ့် အရ မယူ နိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆက်လက်ပြီး ရှာကာ က ” ကျနော်တို့ ရှုံးနိမ့် ခဲ့တာက ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာနဲ့ကော မဆိုင်ပါဘူး ။ ကျနော်တို့ ဗိုလ်လုပွဲ အတွက် အဆင်သင့် ဖြစ်နေခဲ့ပြီး နေ့တိုင်းလည်း လေ့ကျင့် ခဲ့ပါတယ် ။ ကျနော်တို့ တစ်ရာသီလုံး ခြံုကြည့်ရင် ကောင်းခဲ့ပါတယ် ။ ”

” ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက် ရလဒ်ကောင်း မရယူ နိုင်ခဲ့ပေမယ့် ချဲလ်ဆီး အသင်း ကို အနိုင်ကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရယူ ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် အသုံး မချ နိုင်ခဲ့ပါဘူး ။ အခွင့်အရေး ကို အသုံးမချ နိုင်နင်တော့ ယူရိုပါလိဂ် ပဲ ကန်နေ ရဦးမှာပါ ။ ”

” ဒုတိယပိုင်းမှာ ကျနော်တို့ ပွဲကို အလျင်စလို ဖွင့် ကစားမိခဲ့ပါတယ် ။ ၁-၀ ဖြစ်နေတဲ့ အချိန်မှာ ပြန်လာ နိုင်ချေ ရှိနေပါသေးတယ် ။ အခွင့်အရေး တွေ ရခဲ့သလို အမှားတွေလည်း ကျူးလွန် ခဲ့မိပါတယ် ။ ချဲလ်ဆီး အသင်းရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတွေက ပွဲအဖြေကို ပြောင်းလဲ ပေးသွားတာပါပဲ ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR