Klopp

အိုးထရက်ဖို့ဒ်မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ ယူနိုက်တက် အသင်းနဲ့ လီဗာပူး တို့ တဂိုးစီ သရေ ကျခဲ့ပါတယ်။ နည်းပြကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ၈ပွဲကစား ၈ပွဲအနိုင်နဲ့ အမှတ်ပေးဇယားကိိုဦးဆောင်နေပေမယ့် အိုးထရက်ဖို့ဒ်မှာတော့ ထုံးစံအတိုင်း အသည်းအသန်ကစားခဲ့ရသေးတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်း ဟာ ဒီရာသီမှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေပြီး အခုပွဲမတိုင်မီမှာ ၈ပွဲကစား ရမှတ် ၉မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၄နေရာ အထိ ကျရောက်နေတာဖြစ်ပါတယ်။နှစ်သင်းကြား လတ်တလော ခြေစွမ်း နဲ့ ရမှတ်ကွာဟ ချက်ကြီးမားလွန်းနေပေမယ့်လည်း ယူနိုင်တက်အသင်းနဲ့ လိဂ်အဝေးကွင်းပွဲတွေမှာ ရုန်းကန်ထားရမှုကို လီဗာပူး အသင်း မချေဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ချဲဆီးလ် အသင်းနဲ့ ၄ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်ကလွဲ ပြီး အခြားပွဲတွေမှာတပွဲတဂိုနှုန်းထက်တောင်ပိုပြီးသွင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ဒီလို တိုက်စစ် မျိုးကို လီဗာပူးအသင်းရဲ့ လူစုံပါဝင်လာတဲ့ခံစစ်ပိုင်းက ဦးဆောင်ဂိုး အရင်ခွင့်ပြုခဲ့ရသေးတာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ရတ်ဖို့ဒ်က ဒန်နီရယ်ဂျိန်းစ် ရဲ့ဖြတ်တင်ဘောကနေ အကောင်းဆုံး ပိတ်သွင်းယူပေး ခဲ့တာဖြစ်ပါတယ်။ချက်ချင်းဆိုသလိုပဲ မာနေးက လီဗာပူးအတွက်ပြန်ချေပခဲ့ပေမယ့် ဘောလုံးထိန်းရာမှာ လက်ထိခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ယူဆပြီး VAR နဲ့ ပြန်ကြည့်အပြီးမှာ ပယ်ဖျက်သွားခဲ့လို့ လီဗာပူး အသင်းနစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ချိန်ဘာလိန်၊ လယ်လာနာ၊ ကီတာတို့ ဝင်ရောက်လာခဲ့ပြီး လီဗာပူး အသင်း ပထမပိုင်းထက်ပိုကောင်းလာခဲ့ပါတယ်။ ချေပဂိုးကိုလည်း လူစားဝင်ကစားသမား လယ်လာနာက ရော်ဘတ်ဆန်ရဲ့ ဖြတ်တင်ဘောကနေ လွတ်လွတ်ပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲ ရလဒ်ကြောင့် ယူနိုက်တက် အသင်းဟာ အဆင့် ၁၄ နေရာက အဲဗာတန် အသင်းထက် ဂိုးကွာခြားချက် အသာရပြီး အဆင့် ၁၃ နေရာကိုရောက်ရှိသွားခဲ့ပါတယ်။လီဗာပူး အသင်းအတွက် တော့ ဒီရာသီပထမဆုံး သရေပွဲဖြစ်ခဲ့ပေမယ့် ဇယားထိပ်ဆုံးကနေ ဆက်ပြီးပြေးနေနိုင်ခဲ့ပါတယ်။

ဒါပေမယ့် နည်းပြ ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာအခု ပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးသွားခဲ့လို့ ရင်းနှီးပေးဆပ်လိုက်ရတာတွေကတော့ ရမှတ်၂ မှတ်ထက်ကို ပိုများခဲ့တာဖြစ်ပါတယ်။သူတို့ဟာ အခုပွဲစဉ်ကိုသာ အနိုင်ရခဲ့ပါက ချဲဆီးလ်အသင်းတို့တင်ထားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၉ပွဲဆက်အနိုင်ရတဲ့ စံချိန်ကို လိုက်မီသွားနိုင်မယ့်အနေအထားကနေလွဲချော်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူး အသင်းသာ အခုပွဲကို အနိုင်ရခဲ့ပါက နောက်ထပ် လိဂ်ပွဲအဖြစ် လတ်တလော အခြေအနေဆိုးနေတဲ့စပါးအသင်းကို အန်ဖီးလ်မှာ ဧည့်ခံရမှာဖြစ်လို့ စံချိန်သစ်ပါ ရေးထိုးနိုင်ဖို့ အခြေအနေကောင်းနေတာဖြစ်ပါတယ်။ဒါပေမယ့်လည်း ယူနိုက်တက် အသင်းက ရပ်တန့်လိုက်တာကို ခံခဲ့ရတာဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ အင်္ဂလန် နိုင်ငံရဲ့ အအောင်မြင်ဆုံးအသင်းတသင်းအဖြစ် ယူနိုက်တက် အသင်းနဲ့အတူ ရှိနေပေမယ့် ပရီးမီးယားလိဂ်ခေတ်မှာတော့ တန်းယှဉ်နိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။လီဗာပူးတို့ဟာပရီးမီးယားလိဂ်သမိုင်းမှာယူနိုက်တက်အသင်းကိုအိုးထရက်ဖို့ဒ်မှ၅ပွဲသာ အနိုင်ရထားဖူးသေးတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းကို ပရီးမီးယားလိဂ်အဝေးကွင်းပွဲတွေမှာ အများဆုံးအနိုင်ရထားတဲ့ အသင်းတွေအဖြစ်တော့ မန်စီးတီး ( ရပွဲ) နဲ့ ချဲဆီးလ်( ၆ပွဲ ) တို့ကရပ်ဆည်နေတာဖြစ်ပါတယ်။အကယ်၍ လီဗာပူးအသင်းသာ အခုပွဲမှာ အနိုင်ရခဲ့ပါက ချဲဆီးလ်အသင်းနဲ့ နိုင်ပွဲအရေအတွက် တူသွားဖို့ရှိနေခဲ့ပေမယ့် လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းကို အနိုင်မရခဲ့ လို့ လီဗာပူး အသင်း လက်လွှတ်လိုက်ရတဲ့ အကြီးမားဆုံး စံချိန်မှတ်တမ်းတခုကတော့ အင်္ဂလန် ထိပ်တန်း လိဂ်မှာ ဆက်တိုက်နိုင်ပွဲ အများဆုံးစံချိန်ပဲ ဖြစ်ပါတယ်။လတ်တလောမှာ လီဗာပူးအသင်းက ၁၇ ပွဲဆက်တိုက် အနိုင်ရထားခဲ့တာဖြစ်ပြီး အခုပွဲစဉ်ကိုသာအနိုင်ရခဲ့ပါက နိုင်ပွဲဆက်မှု အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ မန်စီးတီး အသင်း ( ၁၈ပွဲ )ကိုလိုက်မီနိုင်ဖို့ ရှိခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ပွဲစဉ်မှာ ခြေစွမ်းကျဆင်းနေတဲ့ စပါးကို အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ရှိနေတာကြောင့်လည်း အင်္ဂလန်ထိပ်တန်းလိဂ်သမိုင်းမှာ ဆက်တိုက်နိုင်ပွဲအများဆုံး စံချိန်ကိုတင်လိုက်နိုင်ဖို့ပါမျှော်လင့်ခွင့်ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း ယူနိုက်တက် အသင်းက မြို့ခံပြိုင်ဘက်ရဲ့ မှတ်တမ်းကောင်းတခုကို ကာကွယ်ပေးလိုက်သလို လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူး တို့နိုင်ပွဲဆက်မှု ရပ်တန့်သွားပေမယ့် ဂုဏ်ယူစရာမှတ်တမ်းတခုကိုဆော့ဆက်ပြီးမျှော်လင့်ခွင့်ရှိနေသေးတာဖြစ်ပါတယ်။သူတို့ဟာ အခုထိရှံုးပွဲမရှိနဲ့ ဦးဆောင်နေတာဖြစ်လို့ ရာသီကုန်အထိ ဆက်ထိန်းထားနိုင်ခဲ့ပါက အာဆင်နယ်အသင်း ( ၂၀၀၃-၂၀၀၄ရာသီ )မှာရထားတဲ့ ရှံုးပွဲမရှိဗိုလ်စွဲတဲ့ အသင်းစံချိန်ကို လိုက်မီနိုင်မှာဖြစ်ပါတယ်။

SM

Zawgyi

ယူႏိုက္တက္အသင္းကိုအႏိုင္မရခဲ႔လို႔ လီဗာပူးအသင္း ရမွတ္၂ မွတ္အျပင္ဘာေတြဆံုးရွံုးသြားခဲ႔ရလဲ !!!
====================================

အိုးထရက္ဖို႔ဒ္မွာ ကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ မွာ ယူႏိုက္တက္ အသင္းနဲ႔ လီဗာပူး တို႔ တဂိုးစီ သေရ က်ခဲ႕ပါတယ္။ နည္းျပကေလာ့ပ္ရဲ႕ လီဗာပူး အသင္းဟာ ၈ပြဲကစား ၈ပြဲအႏိုင္နဲ႕ အမွတ္ေပးဇယားကိိုဦးေဆာင္ေနေပမယ့္ အိုးထရက္ဖို႔ဒ္မွာေတာ့ ထံုးစံအတိုင္း အသည္းအသန္ကစားခဲ႕ရေသးတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္း ဟာ ဒီရာသီမွာ ရလဒ္ေတြ မတည္မျငိမ္ ျဖစ္ေနျပီး အခုပြဲမတိုင္မီမွာ ၈ပြဲကစား ရမွတ္ ၉မွတ္နဲ႔ အတူ အမွတ္ေပးဇယား အဆင့္ ၁၄ေနရာ အထိ က်ေရာက္ေနတာျဖစ္ပါတယ္။ႏွစ္သင္းျကား လတ္တေလာ ေျခစြမ္း နဲ႔ ရမွတ္ကြာဟ ခ်က္ျကီးမားလြန္းေနေပမယ့္လည္း ယူႏိုင္တက္အသင္းနဲ႔ လိဂ္အေဝးကြင္းပြဲေတြမွာ ရုန္းကန္ထားရမွဳကို လီဗာပူး အသင္း မေခ်ျဖတ္ႏိုင္ခဲ႔တာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ဒီရာသီမွာ ခ်ဲဆီးလ္ အသင္းနဲ႕ ၄ဂိုးျပတ္အႏိုင္ရခဲ႔တဲ႔ ပြဲစဥ္ကလြဲ ျပီး အျခားပြဲေတြမွာတပြဲတဂိုႏွဳန္းထက္ေတာင္ပိုျပီးသြင္းယူႏိုင္ျခင္းမရွိခဲ႔တာျဖစ္ပါတယ္။ဒီလို တိုက္စစ္ မ်ိဳးကို လီဗာပူးအသင္းရဲ႕ လူစံုပါဝင္လာတဲ႔ခံစစ္ပိုင္းက ဦးေဆာင္ဂိုး အရင္ခြင့္ျပဳခဲ႕ရေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာ ရတ္ဖို႔ဒ္က ဒန္နီရယ္ဂ်ိန္းစ္ ရဲ႕ျဖတ္တင္ေဘာကေန အေကာင္းဆံုး ပိတ္သြင္းယူေပး ခဲ႔တာျဖစ္ပါတယ္။ခ်က္ခ်င္းဆိုသလိုပဲ မာေနးက လီဗာပူးအတြက္ျပန္ေခ်ပခဲ႔ေပမယ့္ ေဘာလံုးထိန္းရာမွာ လက္ထိခဲ႕တယ္လို႔ ကြင္းလယ္ဒိုင္က ယူဆျပီး VAR နဲ႔ ျပန္ျကည့္အျပီးမွာ ပယ္ဖ်က္သြားခဲ႔လို႔ လီဗာပူး အသင္းနစ္နာခဲ႕ရပါတယ္။

ဒုတိယပိုင္းမွာ ခ်ိန္ဘာလိန္၊ လယ္လာနာ၊ ကီတာတို႕ ဝင္ေရာက္လာခဲ႔ျပီး လီဗာပူး အသင္း ပထမပိုင္းထက္ပိုေကာင္းလာခဲ႔ပါတယ္။ ေခ်ပဂိုးကိုလည္း လူစားဝင္ကစားသမား လယ္လာနာက ေရာ္ဘတ္ဆန္ရဲ႕ ျဖတ္တင္ေဘာကေန လြတ္လြတ္ပိတ္သြင္းယူေပးခဲ႔တာျဖစ္ပါတယ္။

ဒီပြဲ ရလဒ္ေျကာင့္ ယူႏိုက္တက္ အသင္းဟာ အဆင့္ ၁၄ ေနရာက အဲဗာတန္ အသင္းထက္ ဂိုးကြာျခားခ်က္ အသာရျပီး အဆင့္ ၁၃ ေနရာကိုေရာက္ရွိသြားခဲ႔ပါတယ္။လီဗာပူး အသင္းအတြက္ ေတာ့ ဒီရာသီပထမဆံုး သေရပြဲျဖစ္ခဲ႔ေပမယ့္ ဇယားထိပ္ဆံုးကေန ဆက္ျပီးေျပးေနႏိုင္ခဲ႕ပါတယ္။

ဒါေပမယ့္ နည္းျပ ကေလာ့ပ္ရဲ႕ လီဗာပူး အသင္းဟာအခု ပြဲစဥ္မွာ ႏိုင္ပြဲေပ်ာက္ဆံုးသြားခဲ႔လို႔ ရင္းႏွီးေပးဆပ္လိုက္ရတာေတြကေတာ့ ရမွတ္၂ မွတ္ထက္ကို ပိုမ်ားခဲ႕တာျဖစ္ပါတယ္။သူတို႔ဟာ အခုပြဲစဥ္ကိုသာ အႏိုင္ရခဲ႔ပါက ခ်ဲဆီးလ္အသင္းတို႔တင္ထားခဲ႔တဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲ ၉ပြဲဆက္အႏိုင္ရတဲ႔ စံခ်ိန္ကို လိုက္မီသြားႏိုင္မယ့္အေနအထားကေနလြဲေခ်ာ္သြားခဲ႔တာျဖစ္ပါတယ္။

လီဗာပူး အသင္းသာ အခုပြဲကို အႏိုင္ရခဲ႕ပါက ေနာက္ထပ္ လိဂ္ပြဲအျဖစ္ လတ္တေလာ အေျခအေနဆိုးေနတဲ႔စပါးအသင္းကို အန္ဖီးလ္မွာ ဧည့္ခံရမွာျဖစ္လို႔ စံခ်ိန္သစ္ပါ ေရးထိုးႏိုင္ဖို႔ အေျခအေနေကာင္းေနတာျဖစ္ပါတယ္။ဒါေပမယ့္လည္း ယူႏိုက္တက္ အသင္းက ရပ္တန္႔လိုက္တာကို ခံခဲ႕ရတာျဖစ္ပါတယ္။

လီဗာပူး အသင္းဟာ အဂၤလန္ ႏိုင္ငံရဲ႕ အေအာင္ျမင္ဆံုးအသင္းတသင္းအျဖစ္ ယူႏိုက္တက္ အသင္းနဲ႔အတူ ရွိေနေပမယ့္ ပရီးမီးယားလိဂ္ေခတ္မွာေတာ့ တန္းယွဥ္ႏိုင္ျခင္းမရွိေတာ့တာျဖစ္ပါတယ္။လီဗာပူးတို႔ဟာပရီးမီးယားလိဂ္သမိုင္းမွာယူႏိုက္တက္အသင္းကိုအိုးထရက္ဖို႔ဒ္မွ၅ပြဲသာ အႏိုင္ရထားဖူးေသးတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းကို ပရီးမီးယားလိဂ္အေဝးကြင္းပြဲေတြမွာ အမ်ားဆံုးအႏိုင္ရထားတဲ႔ အသင္းေတြအျဖစ္ေတာ့ မန္စီးတီး ( ၇ပြဲ) နဲ႕ ခ်ဲဆီးလ္( ၆ပြဲ ) တို႔ကရပ္ဆည္ေနတာျဖစ္ပါတယ္။အကယ္၍ လီဗာပူးအသင္းသာ အခုပြဲမွာ အႏိုင္ရခဲ႔ပါက ခ်ဲဆီးလ္အသင္းနဲ႕ ႏိုင္ပြဲအေရအတြက္ တူသြားဖို႕ရွိေနခဲ႔ေပမယ့္ လြဲေခ်ာ္ခဲ႔ရတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းကို အႏိုင္မရခဲ႔ လို႕ လီဗာပူး အသင္း လက္လႊတ္လိုက္ရတဲ႔ အျကီးမားဆံုး စံခ်ိန္မွတ္တမ္းတခုကေတာ့ အဂၤလန္ ထိပ္တန္း လိဂ္မွာ ဆက္တိုက္ႏိုင္ပြဲ အမ်ားဆံုးစံခ်ိန္ပဲ ျဖစ္ပါတယ္။လတ္တေလာမွာ လီဗာပူးအသင္းက ၁၇ ပြဲဆက္တိုက္ အႏိုင္ရထားခဲ႔တာျဖစ္ျပီး အခုပြဲစဥ္ကိုသာအႏိုင္ရခဲ႔ပါက ႏိုင္ပြဲဆက္မွဳ အမ်ားဆံုးအျဖစ္ စံခ်ိန္တင္ထားတဲ႔ မန္စီးတီး အသင္း ( ၁၈ပြဲ )ကိုလိုက္မီႏိုင္ဖို႔ ရွိခဲ႔တာျဖစ္ပါတယ္။

ေနာက္ထပ္ ပြဲစဥ္မွာ ေျခစြမ္းက်ဆင္းေနတဲ႔ စပါးကို အိမ္ကြင္းမွာ ရင္ဆိုင္ရဖို႕ရွိေနတာေျကာင့္လည္း အဂၤလန္ထိပ္တန္းလိဂ္သမိုင္းမွာ ဆက္တိုက္ႏိုင္ပြဲအမ်ားဆံုး စံခ်ိန္ကိုတင္လိုက္ႏိုင္ဖို႕ပါေမွ်ာ္လင့္ခြင့္ရွိခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္လည္း ယူႏိုက္တက္ အသင္းက ျမိဳ႔ခံျပိဳင္ဘက္ရဲ႕ မွတ္တမ္းေကာင္းတခုကို ကာကြယ္ေပးလိုက္သလို လုပ္ေပးႏိုင္ခဲ႔တာျဖစ္ပါတယ္။

လီဗာပူး တို႔ႏိုင္ပြဲဆက္မွဳ ရပ္တန္႔သြားေပမယ့္ ဂုဏ္ယူစရာမွတ္တမ္းတခုကိုေဆာ့ဆက္ျပီးေမ်ွာ္လင့္ခြင့္ရွိေနေသးတာျဖစ္ပါတယ္။သူတို႔ဟာ အခုထိရွံုးပြဲမရွိနဲ႔ ဦးေဆာင္ေနတာျဖစ္လို႕ ရာသီကုန္အထိ ဆက္ထိန္းထားႏိုင္ခဲ႔ပါက အာဆင္နယ္အသင္း ( ၂၀၀၃-၂၀၀၄ရာသီ )မွာရထားတဲ႔ ရွံုးပြဲမရွိဗိုလ္စြဲတဲ႔ အသင္းစံခ်ိန္ကို လိုက္မီႏိုင္မွာျဖစ္ပါတယ္။

SM