ပရီးမီးယားလိဂ်ခေတ်မှာ ပြိုင်ဘက်မရှိ အကောင်းဆုံး အသင်းတသင်းမဖြစ် ရှိနေတဲ့ ယူနိုက်တက် အသင်းဟာ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် အလွန်ကာလတွေမှာတော့ အနေအထားတွေက အောက်ကိုပဲ တဖြည်းဖြည်းကျဆင်းလာနေတာဖြစ်ပါတယ်။နည်းပြတွေ အလီလီပြောင်းထားခဲ့ပေမယ့်လည်း အသင်းရဲ့ စံညွှန်းတွေနဲ့ကိုက်ညီ ထားခြင်းမရှိခဲ့သေးတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂၀၁၂-၁၃ နောက်ပိုင်းကတည်းက ရယူထားနိုင်ခြင်းမရှိတော့သလို ချန်ပီယံလိဂ်ဖလားနဲ့ လည်းဝေးနေခဲ့တာ ဆယ်စုနှစ် တခုကျော်ခဲ့ပြီဖြစ်ပါတယ်။သူတို့ဟာ ယမန်နှစ်ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ထားခဲ့ပါတယ်။

လတ်ရှိရာသီမှာလည်း အခြေအနေဆိုးတွေ ကြုုံနေရပြီး နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရာသီအစကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။ဒီလို အနေအထားတေဖြစ်လာနေပေမယ့် အသင်းကိုပိုင်ရှင်ဖြစ်သူ ဂလေဇာက ရောင်းချဖို့ရှိမနေဘား လို့ ဒုဥက္ကဋ္ဌ ဖြစ်သူ အက်ဝုဒ်ဝက်ဒ်က ဆိုခဲ့ပါတယ်။

ဂလေဇာဟာ ၂၀၀၃ခုနှစ်မှာ ယူနိုက်တက် အသင်းရဲ့အစုရှယ်ယာတွေကို စတင်ဝယ်ယူခဲ့တာဖြစ်ပြီး ၂၀၀၅မှာတော့ အလုံးစုံ ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ထိုအချိန်ကတည်းက ပရိသတ်တွေရဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေကို အကြိမ်ကြိမ် ခံထားခဲ့ရတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ဆော်ဒီရဲ့ အိမ်ရှေ့စံ မင်းသား ဖြစ်သူ မိုဟာမက်ဘင်ဆယ်မန်က ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ဒါပေမယ့် ဂလေဇာက ယူနိုက်တက်ကို ကာလရှည် ထိန်းထားဦးမှာဖြစ်တယ်လို့ အက်ဝုဒ်ဝက်ဒ်က ထုတ်ပြောလိုက်တာဖြစ်ပါတယ်။

အင်တာဗျူးတခုမှာ အက်ဝုဒ်ဝက်ဒ်က –
” ကျွန်တော့်ရဲ့ အမြင်အရ ဆိုရင်တော့ သူတို့ဟာ အသင်းအတွက် ကာလရှည်ဆက်ပြီး ရင်းနှီးမြှပ်နှံထားချင်နေပါသေးတယ်။အသင်းကိုပြန်ဝယ်ဖို့ ကမ်းလှမ်းမှု တွေ ရောင်းစျေးမေးမြန်တာတွေနဲ့ ပတ်သက်ပြီးလည် ဘာဆွေးနွေမှုတွေမှ မလုပ်ထားကြသေးပါဘူး။

သူတို့နဲ့ ကျွန်တော်ပြောဆိုထားတဲ့ စကား အသွားအလာတွေအရတော့ ရေရှည်အတွက် အခြေခံထားပုံပါပဲ။အသင်းမှာတင်ရှိနေတဲ့ ကြွေးမြီတွေဆိုတာကလည်း ရေရှည်ပေးဆပ်ရမှာဖြစ်ပြီး အခြားအသင်းတွေနဲ့ အတူူတူပဲဖြစ်ပါတယ်။

သင့်တင့်ပြီး သက်သာနဲ့ နှုန်းထားတွေ နဲ့ အတူ ဆပ်ရမယ့် အချိန်ကာလကို အသေ သတ်မှတ်ပြီး ယူထားတာလည်းဖြစ်ပါတယ်။တနှစ်တနှစ်ပေးဆပ်ရတဲ့ ပမာဏကလည်း နှစ်စဉ်ဝင်ငွေရဲ့၂ရာခိုင်းနှုန်းလောက်တောင်မရှိလို့အသင်းအပေါ်ကို ဘာမှ သက်ရောက်မှု မရှိစေပါဘူး။

ဂလေဇာရဲ့လက်အောက်မှာ ယူနိုက်တက် အသင်းရဲ့ စျေးကွက် ဝင်ငွေရရှိမှုအရင်ကထက် ၃ဘီလီယံ နီးပါးအထိပိုတိုးလာခဲ့ပါတယ်။ကစားသမားတွေခေါ်ယူဖို့အတွက်လည်း ငွေကြေး တွေ အများကြီးသုံးစွဲနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ အသင်းဟာ ငွေကြေးအင်အားတောင့်တင်းသလို ကိုယ့်ကိုယ်ကိုယ်အကျိုးပြုအောင်လုပ်နိုင်ပါတယ်။ဒီအတွက်လည်းစိုးရိမ်ရမယ့်အရာဘာမှ မရှိပါဘူး။စပွန်ဆာကြေးနဲ့ပတ်သက်ပြီး အနုတ်လက္ခဏာနဲ့ ပြောနေကြပေမယ့် သူတို့ကြောင့် အခြားအသင်းတွေလုပ်ဖို့ခဲရင်းတာတွေတောင်လုပ်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ဆုဖလား အောင်မြင်မှု တွေဆီကို သွားဖို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီ လို့ လည်း လုံးဝခံစားနေရပြီ ဖြစ်ပါတယ်။ပရီးမီးယားလိဂ်ဖလားကို ပြန်ရဖို့ အတွက်လည်း တတ်နိုင်သမျှအကုန်လုပ်မှာဖြစ်ပါတယ်။

မလုပ်ဆောင် နိုင်သရွေ့ တော့ ကျွန်တော်တို့ အသင်း အောင်မြင်မှုတွေ ရပြီလို့ မဆိုနိုင်ပါဘူး။ဒုတိယနေရာကလည်း အောင်မြင်မှုတော့မဟုတ်ပါဘူး။ပရီးမီးယားလိဂ်ဖလားကို လည်းအရယူနိုင်ဖို့လိုပါတယ် ” လို့ပြောခဲ့ပါတယ်။

SM

Zawgyi

အေျခအေနဆိုးေနတဲ႔ယူႏိုက္တက္ အသင္းကို ေရာင္းခ်ေတာ့မွာလားဆိုတဲ႔ အေပၚ ေျဖျကားလိုက္တဲ႔ အက္ဝုဒ္ဝက္ဒ္
=================================

ပရီးမီးယားလိဂ္ေခတ္မွာ ျပိဳင္ဘက္မရွိ အေကာင္းဆံုး အသင္းတသင္းမျဖစ္ ရွိေနတဲ႔ ယူႏိုက္တက္ အသင္းဟာ ဂႏၲဝင္ နည္းျပျကီး ဆာအဲလက္စ္ အလြန္ကာလေတြမွာေတာ့ အေနအထားေတြက ေအာက္ကိုပဲ တျဖည္းျဖည္းက်ဆင္းလာေနတာျဖစ္ပါတယ္။နည္းျပေတြ အလီလီေျပာင္းထားခဲ႔ေပမယ့္လည္း အသင္းရဲ႕ စံညႊန္းေတြနဲ႔ကိုက္ညီ ထားျခင္းမရွိခဲ႔ေသးတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ၂၀၁၂-၁၃ ေနာက္ပိုင္းကတည္းက ရယူထားႏိုင္ျခင္းမရွိေတာ့သလို ခ်န္ပီယံလိဂ္ဖလားနဲ႔ လည္းေဝးေနခဲ႔တာ ဆယ္စုႏွစ္ တခုေက်ာ္ခဲ႔ျပီျဖစ္ပါတယ္။သူတို႔ဟာ ယမန္ႏွစ္ရာသီက ဖလားလက္မဲ႔ျဖစ္ခဲ႔ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ပါ လြဲေခ်ာ္ထားခဲ႔ပါတယ္။

လတ္ရွိရာသီမွာလည္း အေျခအေနဆိုးေတြ ျကုံုေနရျပီး ႏွစ္ေပါင္း ၃၀ အတြင္း အဆိုးရြားဆံုး ရာသီအစကို ျဖတ္သန္းေနရတာျဖစ္ပါတယ္။ဒီလို အေနအထားေတျဖစ္လာေနေပမယ့္ အသင္းကိုပိုင္ရွင္ျဖစ္သူ ဂေလဇာက ေရာင္းခ်ဖို႔ရွိမေနဘား လို႕ ဒုဥကၠ႒ ျဖစ္သူ အက္ဝုဒ္ဝက္ဒ္က ဆိုခဲ႔ပါတယ္။

ဂေလဇာဟာ ၂၀၀၃ခုႏွစ္မွာ ယူႏိုက္တက္ အသင္းရဲ႕အစုရွယ္ယာေတြကို စတင္ဝယ္ယူခဲ႔တာျဖစ္ျပီး ၂၀၀၅မွာေတာ့ အလံုးစံု ပိုင္ဆိုင္သြားခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ ထိုအခ်ိန္ကတည္းက ပရိသတ္ေတြရဲ႕ ဆန္႔က်င္ ဆႏၵျပမွဳေတြကုိ အျကိမ္ျကိမ္ ခံထားခဲ႔ရတာျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ေဆာ္ဒီရဲ႕ အိမ္ေရွ႔စံ မင္းသား ျဖစ္သူ မိုဟာမက္ဘင္ဆယ္မန္က ယူႏိုက္တက္ အသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားဖို႔ရွိေနတယ္ဆုိတဲ႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။ဒါေပမယ့္ ဂေလဇာက ယူႏိုက္တက္ကို ကာလရွည္ ထိန္းထားဦးမွာျဖစ္တယ္လို႕ အက္ဝုဒ္ဝက္ဒ္က ထုတ္ေျပာလိုက္တာျဖစ္ပါတယ္။

အင္တာဗ်ဴးတခုမွာ အက္ဝုဒ္ဝက္ဒ္က –
” က်ြန္ေတာ့္ရဲ႕ အျမင္အရ ဆိုရင္ေတာ့ သူတို႔ဟာ အသင္းအတြက္ ကာလရွည္ဆက္ျပီး ရင္းႏွီးျမွပ္ႏွံထားခ်င္ေနပါေသးတယ္။အသင္းကိုျပန္ဝယ္ဖို႔ ကမ္းလွမ္းမွဳ ေတြ ေရာင္းေစ်းေမးျမန္တာေတြနဲ႔ ပတ္သက္ျပီးလည္ ဘာေဆြးေႏြမွုေတြမွ မလုပ္ထားျကေသးပါဘူး။

သူတို႔နဲ႔ က်ြန္ေတာ္ေျပာဆိုထားတဲ႔ စကား အသြားအလာေတြအရေတာ့ ေရရွည္အတြက္ အေျခခံထားပံုပါပဲ။အသင္းမွာတင္ရွိေနတဲ႔ ေျကြးျမီေတြဆိုတာကလည္း ေရရွည္ေပးဆပ္ရမွာျဖစ္ျပီး အျခားအသင္းေတြနဲ႔ အတူူတူပဲျဖစ္ပါတယ္။

သင့္တင့္ျပီး သက္သာနဲ႔ ႏွဳန္းထားေတြ နဲ႔ အတူ ဆပ္ရမယ့္ အခ်ိန္ကာလကို အေသ သတ္မွတ္ျပီး ယူထားတာလည္းျဖစ္ပါတယ္။တႏွစ္တႏွစ္ေပးဆပ္ရတဲ႔ ပမာဏကလည္း ႏွစ္စဥ္ဝင္ေငြရဲ႕၂ရာခိုင္းႏွဳန္းေလာက္ေတာင္မရွိလို႔အသင္းအေပၚကို ဘာမွ သက္ေရာက္မွဳ မရွိေစပါဘူး။

ဂေလဇာရဲ႕လက္ေအာက္မွာ ယူႏိုက္တက္ အသင္းရဲ႕ ေစ်းကြက္ ဝင္ေငြရရွိမွဳအရင္ကထက္ ၃ဘီလီယံ နီးပါးအထိပိုတုိးလာခဲ႕ပါတယ္။ကစားသမားေတြေခၚယူဖို႔အတြက္လည္း ေငြေျကး ေတြ အမ်ားျကီးသံုးစြဲႏိုင္ခဲ႔ပါတယ္။

က်ြန္ေတာ္တို႔ အသင္းဟာ ေငြေျကးအင္အားေတာင့္တင္းသလို ကိုယ့္ကိုယ္ကိုယ္အက်ိဳးျပဳေအာင္လုပ္ႏိုင္ပါတယ္။ဒီအတြက္လည္းစိုးရိမ္ရမယ့္အရာဘာမွ မရွိပါဘူး။စပြန္ဆာေျကးနဲ႔ပတ္သက္ျပီး အႏုတ္လကၡဏာနဲ႔ ေျပာေနျကေပမယ့္ သူတို႔ေျကာင့္ အျခားအသင္းေတြလုပ္ဖို႔ခဲရင္းတာေတြေတာင္လုပ္ႏိုင္ခဲ႕ပါတယ္။

က်ြန္ေတာ္တုိ႔ဟာ ဆုဖလား ေအာင္ျမင္မွဳ ေတြဆီကို သြားဖို႔ လမ္းေျကာင္းမွန္ေပၚ ျပန္ေရာက္ေနျပီ လို႕ လည္း လံုးဝခံစားေနရျပီ ျဖစ္ပါတယ္။ပရီးမီးယားလိဂ္ဖလားကို ျပန္ရဖို႔ အတြက္လည္း တတ္ႏိုင္သမ်ွအကုန္လုပ္မွာျဖစ္ပါတယ္။

မလုပ္ေဆာင္ ႏိုင္သေရြ႕ ေတာ့ က်ြန္ေတာ္တို႔ အသင္း ေအာင္ျမင္မွဳေတြ ရျပီလို႕ မဆုိႏိုင္ပါဘူး။ဒုတိယေနရာကလည္း ေအာင္ျမင္မွဳေတာ့မဟုတ္ပါဘူး။ပရီးမီးယားလိဂ္ဖလားကို လည္းအရယူႏိုင္ဖို႔လိုပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SM