မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ အမှတ်ပေး ဇယား ထိပ်က ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး တစ်ဖက် တစ်ဂိုး စီ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဂိုးကို တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ က ပွဲချိန် ပထမပိုင်း မှာ သွင်းယူ ခဲ့ပြီး ဦးဆောင် စေနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် ပွဲစဉ် အတွင်း မှာလည်း သူဟာ ပြိုင်ဖက် အသင်း ရဲ့ အားထား ရတဲ့ ခံစစ် မှူး ဗန်ဒိုက် ကို အခက်အခဲ တွေ ပေးသွား နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ဒါဟာ ယူနိုက်တက် ကို သူ ရောက်ရှိ ခဲ့တဲ့ နောက် မြင်ခဲ့ ဖူးသမျှ ထဲ လူငယ် တိုက်စစ် ကစားသမား ဖြစ်သူ ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ကြောင်း အထူး ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် အဆိုပါ ဂိုးကို ဖန်တီး ပေးသွား ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား လေး ဒန်နီယယ် ဂျိမ်းစ် ကိုပါ ချီးကျူးရင်း သူတို့ အသင်း ဟာ အိုးလ် ထရပ်ဖို့ဒ် မှ ပရိသတ် တွေ လိုချင် ခဲ့တဲ့ ရမှတ် မျိုးနဲ့ ထိုက်တန် ခဲ့ကြောင်း ဆိုးလ်ရှား က ဆက်လက် ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ဟာ အသင်း ကစားသမား တွေနဲ့ ပရိသတ် တွေ ကိုယ်စား တစ်ကယ် ပဲ မကျေမနပ် ဖြစ်နေ ခဲ့ရ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ တွေဟာ တစ်မှတ် ထက် ပိုတဲ့ ရလဒ် နဲ့ ထိုက်တန် ခဲ့ ကြတယ် လေ ”

” တိုက်စစ် မှာ ကစား ခဲ့ ကြတဲ့ မားကပ်စ် ၊ အန်ဒရိစ် နဲ့ ဒန်တို့ အားလုံး ဟာ သူတို့ တွေကို ပြသနာ တွေ ပေးနိုင် ခဲ့ ကြတယ် လေ ။ မားကပ်စ် ကတော့ ကျွန်တော့် အတွက် ကစား ပေး ခဲ့တဲ့ 10 လတာ ကာလ အတွင်း မှာ အကောင်းဆုံး ပွဲစဉ် ကို ကစား ပေးသွား ခဲ့တာ ပါပဲ ”

” အပြောင်းအလဲ တွေကို လုပ်ဆောင် လာနိုင် ခဲ့ခြင်း နဲ့ အတူ ဒီ ကောင်လေး ဟာ ဘောလုံးကိုင် ကစားရင်း ကောင်းသထက် ကောင်းမွန် လာတာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ အထူးသဖြင့် ထောင့်စွန်း နားလေး မှာ ဗန်ဒိုက် နဲ့ တစ်ဦးချင်း ရင်ဆိုင် ရတဲ့ အခိုက်အတန့် က အထင်ကြီး ဖွယ်ရာ ပါပဲ ” လို့ ဆိုးလ်ရှား က ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် စိတ်ဓါတ် ပြင်းထန်မှု အပြည့် နဲ့ ကစားရင်း လီဗာပူး ခံစစ် ကို မွှေနှောက် ဒုက္ခ ပေးနိုင် ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား လေး ဒန်နီယယ် ဂျိမ်းစ် ရဲ့ အကြောက် အရွံ့ ကင်းမဲ့တဲ့ ပုံစံ ကို ဆိုးလ်ရှား က ဆက်လက် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” ဒီ ကောင်လေး က ကြောက်စိတ် လုံးဝ မရှိ ခဲ့ ပါဘူး ။ သူ ကန်ကျောက် ခံ ရတယ် ။ ပြီးရင် ပြန်ထ လာတာ ပါပဲ ။ ပြီးရင် ထပ်ကန် ခံ ရတယ် ၊ ပြန်ထ လာတာ ပါပဲ ။ သူနဲ့ ပြိုင်ဖက် အဖြစ် ရင်ဆိုင် ရခြင်း က အိပ်မက်ဆိုး တစ်ခုလို ဖြစ်နေ မှာ ပါပဲ ။ သူဟာ မားကပ်စ် နဲ့ အတူ တိုက်စစ် မှာ ကောင်းကောင်း ပူးပေါင်း နိုင်ခဲ့ ပါတယ် ” လို့ ဆိုးလ်ရှား က ချီးကျူး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

လီဗာပူးနဲ့ ပြဲစဥ္အျပီး အသင္းသား နွစ္ဦးရဲ့ စြမ္းေဆာင္ရည္ကို အထူး ခ်ီးက်ဴးလိုက္တဲ့ #ဆိုးလ္ရွား

===================

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ မေန့ ညက အိုးလ္ ထရပ္ဖုိ႔ဒ္ ကြင္းမွာ အမွတ္ေပး ဇယား ထိပ္က ခါးသီး ျပိဳင္ဖက္ လီဗာပူး အသင္း နဲ့ ရင္ဆုိင္ ကစား ခဲ့ ရျပီး တစ္ဖက္ တစ္ဂိုး စီ သေရ ရလဒ္ ထြက္ေပၚ ခဲ့ရ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း အတြက္ ဂိုးကို တုိက္စစ္မွဴး မားကပ္စ္ ရပ္ရွ္ဖုိ႔ က ပြဲခ်ိန္ ပထမပိုင္း မွာ သြင္းယူ ခဲ့ျပီး ဦးေဆာင္ ေစနုိင္ ခဲ့ ပါတယ္ ။ ဒါ့အျပင္ ပြဲစဥ္ အတြင္း မွာလည္း သူဟာ ျပိဳင္ဖက္ အသင္း ရဲ့ အားထား ရတဲ့ ခံစစ္ မွဴး ဗန္ဒိုက္ ကုိ အခက္အခဲ ေတြ ေပးသြား နုိင္ခဲ့ ပါတယ္ ။

ဒါ့ေၾကာင့္ ပြဲစဥ္ အျပီး မွာေတာ့ ယူနုိက္တက္ နည္းျပ ဆုိးလ္ရွား က ဒါဟာ ယူနုိက္တက္ ကို သူ ေရာက္ရွိ ခဲ့တဲ့ ေနာက္ ျမင္ခဲ့ ဖူးသမ်ွ ထဲ လူငယ္ တုိက္စစ္ ကစားသမား ျဖစ္သူ ရဲ့ အေကာင္းဆံုး စြမ္းေဆာင္ရည္ ျဖစ္ေၾကာင္း အထူး ခ်ီးက်ဴး သြားခဲ့ လိုက္ ပါတယ္ ။

အဲ့ဒီေနာက္ အဆုိပါ ဂိုးကို ဖန္တီး ေပးသြား ခဲ့တဲ့ ေတာင္ပံ တုိက္စစ္ ကစားသမား ေလး ဒန္နီယယ္ ဂ်ိမ္းစ္ ကိုပါ ခ်ီးက်ဴးရင္း သူတုိ႔ အသင္း ဟာ အိုးလ္ ထရပ္ဖုိ႔ဒ္ မွ ပရိသတ္ ေတြ လိုခ်င္ ခဲ့တဲ့ ရမွတ္ မ်ိဳးနဲ့ ထုိက္တန္ ခဲ့ေၾကာင္း ဆုိးလ္ရွား က ဆက္လက္ ဖြင့္ဟ သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ ဟာ အသင္း ကစားသမား ေတြနဲ့ ပရိသတ္ ေတြ ကိုယ္စား တစ္ကယ္ ပဲ မေက်မနပ္ ျဖစ္ေန ခဲ့ရ ပါတယ္ ။ ဘာျဖစ္လို့လဲ ဆုိေတာ့ သူတုိ႔ ေတြဟာ တစ္မွတ္ ထက္ ပိုတဲ့ ရလဒ္ နဲ့ ထုိက္တန္ ခဲ့ ၾကတယ္ ေလ ”

” တုိက္စစ္ မွာ ကစား ခဲ့ ၾကတဲ့ မားကပ္စ္ ၊ အန္ဒရိစ္ နဲ့ ဒန္တုိ့ အားလံုး ဟာ သူတုိ႔ ေတြကို ျပသနာ ေတြ ေပးနုိင္ ခဲ့ ၾကတယ္ ေလ ။ မားကပ္စ္ ကေတာ့ က်ြန္ေတာ့္ အတြက္ ကစား ေပး ခဲ့တဲ့ 10 လတာ ကာလ အတြင္း မွာ အေကာင္းဆံုး ပြဲစဥ္ ကို ကစား ေပးသြား ခဲ့တာ ပါပဲ ”

” အေျပာင္းအလဲ ေတြကို လုပ္ေဆာင္ လာနုိင္ ခဲ့ျခင္း နဲ့ အတူ ဒီ ေကာင္ေလး ဟာ ေဘာလံုးကိုင္ ကစားရင္း ေကာင္းသထက္ ေကာင္းမြန္ လာတာ ကို ျမင္ေတြ့ ခဲ့ရ ပါတယ္ ။ အထူးသျဖင့္ ေထာင့္စြန္း နားေလး မွာ ဗန္ဒိုက္ နဲ့ တစ္ဦးခ်င္း ရင္ဆုိင္ ရတဲ့ အခိုက္အတန့္ က အထင္ၾကီး ဖြယ္ရာ ပါပဲ ” လို႔ ဆုိးလ္ရွား က ခ်ီးက်ဴး သြားခဲ့ လိုက္ ပါတယ္ ။

အဲ့ဒီေနာက္ စိတ္ဓါတ္ ျပင္းထန္မွဳ အျပည့္ နဲ့ ကစားရင္း လီဗာပူး ခံစစ္ ကို ေမႊေနွာက္ ဒုကၡ ေပးနုိင္ ခဲ့တဲ့ ေတာင္ပံ တုိက္စစ္ ကစားသမား ေလး ဒန္နီယယ္ ဂ်ိမ္းစ္ ရဲ့ အေၾကာက္ အရြံ႔ ကင္းမဲ့တဲ့ ပံုစံ ကို ဆုိးလ္ရွား က ဆက္လက္ ခ်ီးက်ဴး သြားခဲ့ လိုက္ ပါတယ္ ။

” ဒီ ေကာင္ေလး က ေၾကာက္စိတ္ လံုးဝ မရွိ ခဲ့ ပါဘူး ။ သူ ကန္ေက်ာက္ ခံ ရတယ္ ။ ျပီးရင္ ျပန္ထ လာတာ ပါပဲ ။ ျပီးရင္ ထပ္ကန္ ခံ ရတယ္ ၊ ျပန္ထ လာတာ ပါပဲ ။ သူနဲ႔ ျပိဳင္ဖက္ အျဖစ္ ရင္ဆုိင္ ရျခင္း က အိပ္မက္ဆိုး တစ္ခုလို ျဖစ္ေန မွာ ပါပဲ ။ သူဟာ မားကပ္စ္ နဲ့ အတူ တုိက္စစ္ မွာ ေကာင္းေကာင္း ပူးေပါင္း နုိင္ခဲ့ ပါတယ္ ” လို႔ ဆုိးလ္ရွား က ခ်ီးက်ဴး စကား ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar