ဒန္နီမာဖီ က လီဗာပူး အသင္းဟာ ဒီတစ္ပတ္ ခ်န္ပီယံလိဂ္ ဖိုင္နယ္ မွာ ေတာ့တင္ဟမ္ အတြက္ အရမ္း ကို ေတာင့္တင္းလြန္း ေနတယ္လို႕ မွတ္ခ်က္ ေပးလိုက္ျပီး သူ႕အသင္းေဟာင္း ေတြရဲ႕ ျပင္းထန္တဲ့ တုိက္ပြဲ ကို ျမင္ေတြ႕ ရမယ္လို႕လည္း ဆုိသြား ပါတယ္။

လီဗာပူး ဟာ ၂ ရာသီဆက္ ခ်န္ပီယံလိဂ္ ဖိုင္နယ္ အတြက္ ျပင္ဆင္လ်က္ ရွိေနျပီး ျပီးခဲ့တဲ ခ်န္ပီယံလိဂ္ ဖိုင္နယ္ မွာေတာ့ အန္ဖီး ကလပ္ဟာ ရီးရဲယ္မက္ဒရစ္ ကို ၃ – ၁ နဲ႕ ရွံဳးကာ ေၾကကြဲ ခဲ့ရပါတယ္။ ဒီတစ္ပတ္ မက္ဒရစ္ မွာေတာ့ လီဗာပူး ဟာ ခ်န္ပီယံလိဂ္ ဖုိင္နယ္ ကို အသင္းရဲ႕ သမုိင္း တစ္ေလွ်ာက္ ပထမဦးဆံုး အၾကိမ္ တက္လွမ္း ႏုိင္ခဲ့တဲ့ ေတာ့တင္ဟမ္ နဲ႕ ယွဥ္ျပိဳင္ သြားရမွာ ျဖစ္ပါတယ္။

လီဗာပူး နဲ႕ ေတာ့တင္ဟမ္ ၂ သင္းစလံုး မွာ ကစား ခဲ့ဖူးတဲ့ မာဖီက ယာဂန္ကေလာ့ ရဲ႕ အသင္းဟာ စေနေန႕ည ပရီးမီးယားလိဂ္ ျပိဳင္ဘက္ အခ်င္းခ်င္း ေတြ႕ဆံု ယွဥ္ျပိဳင္တဲ့ ပြဲစဥ္ မွာ ရလဒ္ေကာင္း နဲ႕ ေပ်ာ္ရႊင္ ရလိမ့္မယ္လို႕ ေထာက္ခံ သြားပါတယ္။

မာဖီ က “ လာမည့္ ခ်န္ပီယံလိဂ္ ဖိုင္နယ္ ဟာ ပြဲေကာင္း တစ္ပြဲ ျဖစ္လာ ပါလိမ့္မယ္။ ဒါေပမယ့္ အားလံုး ျခံဳျပီး ေျပာရမယ္ ဆုိရင္ လီဗာပူး ဟာ ေတာ့တင္ဟမ္ အတြက္ အရမ္းကို ေတာင့္တင္းလြန္း ပါတယ္။ လီဗာပူး ဟာ မၾကာေသးမီက ဖိအား အေတာ္ မ်ားမ်ား ကို အႏုိင္ယူ ေက်ာ္ျဖတ္ ခဲ့ပါတယ္။ ျပီးေတာ့ ဒါဟာ သူတုိ႕ အတြက္ အေလ့အထ တစ္ခုလို ျဖစ္လာ ပါတယ္။ ျပီးေတာ့ သူတို႕ဟာ ျပီးခဲ့တဲ့ ႏွစ္ က ရီးရဲယ္မက္ဒရစ္ အသင္းကို ခ်န္ပီယံလိဂ္ ဖိုင္နယ္ မွာ ရွံဳးနိမ့္ ခဲ့မွဳကို ေခ်ဖ်က္ သြားခ်င္ မွာပါ။

ဖိုင္နယ္ မွာ တစ္ၾကိမ္ ဒါမွမဟုတ္ ႏွစ္ၾကိမ္ လုပ္ႏိုင္ ခဲ့မယ္ ဆုိရင္ ဆုဖလားေတြ ရဖို႕ အတြက္ လြယ္ကူ သြားမွာ ျဖစ္ျပီး ဒါဟာ လီဗာပူး အတြက္ အေပါင္းလကၡဏာ ေဆာင္တဲ့ အရာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေတာ့တင္ဟမ္ ရဲ႕ အေကာင္းဆုံး လုပ္ေဆာင္မွဳ တစ္ၾကိမ္ ဒါမွမဟုတ္ လီဗာပူး အသင္းရဲ႕ ရူးေၾကာင္ေၾကာင္ အမွားတစ္ခု ဟာ အရာအားလံုး ကို လံုး၀ ေျပာင္းလဲ သြားေစ ႏိုင္တာမ်ိဳး ေဘာလံုးမွာ အျမဲ ျဖစ္တက္ ပါတယ္။ ေဘာလံုးမွာ ဘာမဆို ျဖစ္သြား ႏိုင္ပါတယ္။


ကၽြန္ေတာ္ဟာ လီဗာပူး နဲ႕ ေတာ့တင္ဟမ္ ကစားသမားေဟာင္းပါ။ ဒါေပမယ့္ ကၽြန္ေတာ္ဟာ လီဗာပူး မွာ ၾကီးပ်င္း လာခဲ့ တာေၾကာင့္ ကၽြန္ေတာ္ သူတုိ႕ကုိ အႏုိင္ ရေစခ်င္ ပါတယ္။ ဒါေပမယ့္ အကယ္လို႕မ်ား သူတုိ႕ ရွံဳးနိမ့္ ခဲ့မယ္ ဆုိရင္ လီဗာပူး ဟာ အရမ္း ေတာ္တဲ့ မန္ေနဂ်ာ နဲ႕ ေငြသန္းေပါင္း မ်ားစြာ သံုးျပီး တည္ေဆာက္ ထားတာ မဟုတ္တဲ့ အသင္းကို ရွံဳးခဲ့တာပါ။ ဒါဟာ ကၽြန္ေတာ့္ အတြက္ win-win အေျခအေန ပါ။” လို႕ ဆုိသြား ပါတယ္။

မာဖီ က ဒီပြဲမွာ သာ စပါး အသင္း အႏိုင္ ရရွိ သြားခဲ့မယ္ ဆုိရင္ ဒီေအာင္ပြဲဟာ ေျမာက္လန္ဒန္သား ေတြရဲ႕ ေရွရွည္အနာဂတ္ အတြက္ ၾကီးမားတဲ့ အရာ ျဖစ္မယ္လို႕ ဆုိလိုက္ ပါတယ္။

မာဖီ က “ဒါဟာ လီဗာပူး ထက္စာရင္ ေတာ့တင္ဟမ္ အတြက္ ပိုမို အေရးၾကီး ပါတယ္။ အကယ္၍ လီဗာပူူး အသင္း ဒီပြဲကို ရွံဳးနိမ့္ ခဲ့မယ္ ဆုိရင္ေတာင္ သူတုိ႕ဟာ လာမည့္ ႏွစ္မွာ ဆုဖလားေတြ အတြက္ ဆက္လက္ ယွဥ္ျပိဳင္ ေနအံုး မွာပါ။ လီဗာပူး အသင္း ပိုင္ဆုိင္ ထားတဲ့ အရည္အေသြး အရ သူတုိ႕ဟာ တစ္ခ်ိန္ခ်ိန္မွာ ဒီ line ကို ေက်ာ္ႏုိင္ မွာပါ။

ကလပ္ အတြက္ ကေတာ့ ၾကီးမားတဲ့ စိတ္ပ်က္စရာ ျဖစ္လာ မွာပါ။ ဒါေပမယ့္ စပါး အသင္း ရွံဳးနိမ့္ ခဲမယ္ ဆုိရင္ သူတုိ႕ အေနနဲ႕ သူတုိ႕ရဲ႕ တုိးတက္မွဳကို ထိန္းထား ႏုိင္မယ္လို႕ ကၽြန္ေတာ္ မထင္ပါဘူး။ သူတုိ႕ဟာ ကစားသမား ေတြကို ဆြဲေဆာင္ဖို႕နဲ႕ ထိန္းသိမ္းရာမွာ ျပသနာေတြနဲ႕ ရင္ဆုိင္ ေနရပါတယ္။

ဥေရာပရဲ႕ ခ်န္ပီယံသူ ရုတ္တရက္ ျဖစ္လာ ခဲ့မယ္ ဆုိရင္ ေတာ့တင္ဟမ္ အတြက္ အက်ိဳးေက်းဇူး ၾကီးမား လွပါတယ္။ သူတုိ႕ဟာ ကစားသမား ေတြကို အမ်ားၾကီး ဆြဲေဆာင္ သြားႏုိင္ ပါျပီ။ ေငြေတြ အမ်ားၾကီး ထြက္လာမွာ ျဖစ္သလုိ အသင္းကို စြန္႕ခြာဖို႕ စဥ္းစား ေနသူေတြေတာင္ အေတြးေျပာင္း သြားႏုိင္ ပါတယ္။” လို႕ ဆုိလိုက္ ပါတယ္။

SM

Unicode

ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘယ်သူ ဗိုလ်စွဲ မလဲ ဆိုတာ ခန့်မှန်းလိုက်ပြီး ချန်ပီယံဖြစ်ခဲ့ရင် ဘယ်သူ ပိုပြီးအကျိုးများမလဲ ဆိုတာ ပြောပြလိုက်တဲ့ ဒန်နီမာဖီ

ဒန်နီမာဖီ က လီဗာပူး အသင်းဟာ ဒီတစ်ပတ် ချန်ပီယံလိဂ် ဖိုင်နယ် မှာ တော့တင်ဟမ် အတွက် အရမ်း ကို တောင့်တင်းလွန်း နေတယ်လို့ မှတ်ချက် ပေးလိုက်ပြီး သူ့အသင်းဟောင်း တွေရဲ့ ပြင်းထန်တဲ့ တိုက်ပွဲ ကို မြင်တွေ့ ရမယ်လို့လည်း ဆိုသွား ပါတယ်။

လီဗာပူး ဟာ ၂ ရာသီဆက် ချန်ပီယံလိဂ် ဖိုင်နယ် အတွက် ပြင်ဆင်လျက် ရှိနေပြီး ပြီးခဲ့တဲ ချန်ပီယံလိဂ် ဖိုင်နယ် မှာတော့ အန်ဖီး ကလပ်ဟာ ရီးရဲယ်မက်ဒရစ် ကို ၃ – ၁ နဲ့ ရှုံးကာ ကြေကွဲ ခဲ့ရပါတယ်။ ဒီတစ်ပတ် မက်ဒရစ် မှာတော့ လီဗာပူး ဟာ ချန်ပီယံလိဂ် ဖိုင်နယ် ကို အသင်းရဲ့ သမိုင်း တစ်လျှောက် ပထမဦးဆုံး အကြိမ် တက်လှမ်း နိုင်ခဲ့တဲ့ တော့တင်ဟမ် နဲ့ ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။

လီဗာပူး နဲ့ တော့တင်ဟမ် ၂ သင်းစလုံး မှာ ကစား ခဲ့ဖူးတဲ့ မာဖီက ယာဂန်ကလော့ ရဲ့ အသင်းဟာ စနေနေ့ည ပရီးမီးယားလိဂ် ပြိုင်ဘက် အချင်းချင်း တွေ့ဆုံ ယှဉ်ပြိုင်တဲ့ ပွဲစဉ် မှာ ရလဒ်ကောင်း နဲ့ ပျော်ရွှင် ရလိမ့်မယ်လို့ ထောက်ခံ သွားပါတယ်။

မာဖီ က “ လာမည့် ချန်ပီယံလိဂ် ဖိုင်နယ် ဟာ ပွဲကောင်း တစ်ပွဲ ဖြစ်လာ ပါလိမ့်မယ်။ ဒါပေမယ့် အားလုံး ခြံုပြီး ပြောရမယ် ဆိုရင် လီဗာပူး ဟာ တော့တင်ဟမ် အတွက် အရမ်းကို တောင့်တင်းလွန်း ပါတယ်။ လီဗာပူး ဟာ မကြာသေးမီက ဖိအား အတော် များများ ကို အနိုင်ယူ ကျော်ဖြတ် ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ သူတို့ အတွက် အလေ့အထ တစ်ခုလို ဖြစ်လာ ပါတယ်။ ပြီးတော့ သူတို့ဟာ ပြီးခဲ့တဲ့ နှစ် က ရီးရဲယ်မက်ဒရစ် အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ် မှာ ရှံုးနိမ့် ခဲ့မှုကို ချေဖျက် သွားချင် မှာပါ။

ဖိုင်နယ် မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လုပ်နိုင် ခဲ့မယ် ဆိုရင် ဆုဖလားတွေ ရဖို့ အတွက် လွယ်ကူ သွားမှာ ဖြစ်ပြီး ဒါဟာ လီဗာပူး အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ အရာ ဖြစ်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ် ရဲ့ အကောင်းဆုံး လုပ်ဆောင်မှု တစ်ကြိမ် ဒါမှမဟုတ် လီဗာပူး အသင်းရဲ့ ရူးကြောင်ကြောင် အမှားတစ်ခု ဟာ အရာအားလုံး ကို လုံးဝ ပြောင်းလဲ သွားစေ နိုင်တာမျိုး ဘောလုံးမှာ အမြဲ ဖြစ်တက် ပါတယ်။ ဘောလုံးမှာ ဘာမဆို ဖြစ်သွား နိုင်ပါတယ်။
ကျွန်တော်ဟာ လီဗာပူး နဲ့ တော့တင်ဟမ် ကစားသမားဟောင်းပါ။ ဒါပေမယ့် ကျွန်တော်ဟာ လီဗာပူး မှာ ကြီးပျင်း လာခဲ့ တာကြောင့် ကျွန်တော် သူတို့ကို အနိုင် ရစေချင် ပါတယ်။ ဒါပေမယ့် အကယ်လို့များ သူတို့ ရှံုးနိမ့် ခဲ့မယ် ဆိုရင် လီဗာပူး ဟာ အရမ်း တော်တဲ့ မန်နေဂျာ နဲ့ ငွေသန်းပေါင်း များစွာ သုံးပြီး တည်ဆောက် ထားတာ မဟုတ်တဲ့ အသင်းကို ရှံုးခဲ့တာပါ။ ဒါဟာ ကျွန်တော့် အတွက် win-win အခြေအနေ ပါ။” လို့ ဆိုသွား ပါတယ်။

မာဖီ က ဒီပွဲမှာ သာ စပါး အသင်း အနိုင် ရရှိ သွားခဲ့မယ် ဆိုရင် ဒီအောင်ပွဲဟာ မြောက်လန်ဒန်သား တွေရဲ့ ရှေရှည်အနာဂတ် အတွက် ကြီးမားတဲ့ အရာ ဖြစ်မယ်လို့ ဆိုလိုက် ပါတယ်။

မာဖီ က “ဒါဟာ လီဗာပူး ထက်စာရင် တော့တင်ဟမ် အတွက် ပိုမို အရေးကြီး ပါတယ်။ အကယ်၍ လီဗာပူူး အသင်း ဒီပွဲကို ရှံုးနိမ့် ခဲ့မယ် ဆိုရင်တောင် သူတို့ဟာ လာမည့် နှစ်မှာ ဆုဖလားတွေ အတွက် ဆက်လက် ယှဉ်ပြိုင် နေအုံး မှာပါ။ လီဗာပူး အသင်း ပိုင်ဆိုင် ထားတဲ့ အရည်အသွေး အရ သူတို့ဟာ တစ်ချိန်ချိန်မှာ ဒီ line ကို ကျော်နိုင် မှာပါ။

ကလပ် အတွက် ကတော့ ကြီးမားတဲ့ စိတ်ပျက်စရာ ဖြစ်လာ မှာပါ။ ဒါပေမယ့် စပါး အသင်း ရှံုးနိမ့် ခဲမယ် ဆိုရင် သူတို့ အနေနဲ့ သူတို့ရဲ့ တိုးတက်မှုကို ထိန်းထား နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့ဟာ ကစားသမား တွေကို ဆွဲဆောင်ဖို့နဲ့ ထိန်းသိမ်းရာမှာ ပြသနာတွေနဲ့ ရင်ဆိုင် နေရပါတယ်။

ဥရောပရဲ့ ချန်ပီယံသူ ရုတ်တရက် ဖြစ်လာ ခဲ့မယ် ဆိုရင် တော့တင်ဟမ် အတွက် အကျိုးကျေးဇူး ကြီးမား လှပါတယ်။ သူတို့ဟာ ကစားသမား တွေကို အများကြီး ဆွဲဆောင် သွားနိုင် ပါပြီ။ ငွေတွေ အများကြီး ထွက်လာမှာ ဖြစ်သလို အသင်းကို စွန့်ခွာဖို့ စဉ်းစား နေသူတွေတောင် အတွေးပြောင်း သွားနိုင် ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM