ချယ်လ်ဆီး အသင်း ရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ ပြီးခဲ့တဲ့ စနေနေ့ ည က ကစား သွားခဲ့တဲ့ နယူးကာဆယ် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ရဲ့ ဒုတိယပိုင်း မှာ ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ရဲ့ နေရာ ကနေ ဝင်ကစား ပေးခဲ့ကာ ခြေစွမ်း ပြ ကစား နိုင်ခဲ့ပါတယ် ။

နောက်ပိုင်း ပွဲစဉ် တွေမှာ ပွဲထွက်ခွင့် တွေ မရနေခဲ့ပေမယ့် အခုလို လမ်းပတ် အနေနဲ့ ပူလီဆစ် ကို ဒုတိယပိုင်း ရဲ့ မိနစ် အနည်းငယ် ကစားခွင့် ပေးလိုက်တာ ဟာ ခြေစွမ်း တိုးတက်အောင် ပံ့ပိုး ပေးရာ ရောက်သလို ၊ အတွေ့အကြုံ တွေနဲဲ့ ယုံကြည်မှု တွေ ပိုတိုးတက် လာစေတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ပူလီဆစ် ဟာ ထို ပွဲစဉ် မှာ ဂိုးရဖို့ အခွင့်အရေး ၂ကြိမ် အထိ နီးစပ်ခဲ့ကာ ၊ တလုံးတည်း သော အနိုင်ဂိုး စရဖို့ အတွက် အဖွင့် လမ်းကြောင်း ကို စတင် ပေးနိုင် ခဲ့ပါတယ် ။

ပွဲအပြီး ESPN သတင်း ဌာနနဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ပူလီဆစ် က အသင်းလိုက် စွမ်းဆောင်ရည် ၊ သူ ကိုယ်တိုင် ရဲ့ ကစားပုံ အတွက် ပျော်ရွှင် ဝမ်းသာ မိကြောင်း ၊ ဂိုးရဖို့ အခွင့်အရေး ကြီးကြီးမားမား ရခဲ့ပေမယ့် ဂိုးမရခဲ့တဲ့ အတွက် စိတ်ပျက် မိကြောင်း ၊ နယူးကာဆယ် နဲ့ ပွဲက ယုံကြည်မှု တွေကြောင့် လာမယ့် ပွဲစဉ် တွေမှာ ဂိုးစတင် ရရှိဖို့ မျှော်လင့် ထားကြောင်း ဆိုခဲ့ပါတယ် ။

ပူလီဆစ် က ” ဒီနေ့ ပွဲဟာ ကျွန်တော် တို့ အတွက် တကယ်ကောင်းတဲ့ ပွဲစဉ် တပွဲ ဖြစ်ခဲ့ပါတယ် ။ တောင့်တင်း ကောင်းမွန် တဲ့ အသင်းလိုက် စွမ်းဆောင်ရည် အတွက် ကျွန်တော် ပျော်ရွှင် ရပါတယ် ။ ပြိုင်ဖက် အသင်း ဟာလည်း ခံစစ်ပိုင်း အတော်လေး မာကျော ခဲ့ပါတယ် ။ ဒါ့အပြင် ဒုတိယပိုင်း မှာ လူစားဝင်ပြီး တခုခု လုပ်ပြခွင့် ရခဲ့လို့ ကျွန်တော် ဝမ်းသာ မိပါတယ် ။ ”

” ပထမ တကြိမ် တုန်းက ကျွန်တော့ ရဲ့ ကန်ချက် ဂိုးမဝင်ခဲ့ တာကြောင့် ဒုတိယ တကြိမ် အပိုင် ကန်ခွင့် ကနေ ဂိုးရဖို့ အစောပိုင်း မှာ စဉ်းစား ခဲ့ပါသေးတယ် ။ ဒါပေမယ့် တမ်မီ က ကျွန်တော့ ထက် ပိုပြီး လွတ်လွတ်ကျွတ်ကျွတ် အနေအထား တရပ် မှာ ရှိနေတာကြောင့် သူ့ကို ထိုးပေး ခဲ့ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ ကန်ချက် ကို ဒီအန်ဒရေ ( ယက်ဒ်လင် ) က မယုံနိုင်ဖွယ် ဖြတ်ထုတ် ကာကွယ် သွားခဲ့ပါတယ် ။ ”

” ဒီနေ့ ပွဲမှာ ကျွန်တော် ကိုက ဂိုးသွင်းဖို့ အခြေအနေ မပေးခဲ့ဘူး နဲ့ တူပါတယ် ။ ဒါပေမယ့် မကြာခင် မှာ ဂိုးသွင်းနိုင်စွမ်း တွေ ပြန်လာ နိုင်မယ် လို့ ယုံကြည် ထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ တဖက်မှာလည်း နယူးကာဆယ် နဲ့ ပွဲက အနိုင်ဂိုးရှင် ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ မားကို့စ် အလွန်ဆို ကလည်း နိုင်ငံ ပွဲစဉ် တွေ အပြီးမှာ နိုင်ပွဲ နဲ့ စတင်နိုင်ခဲ့တာ ၄င်းတို့ အတွက် ကြီးကျယ်တဲ့ အောင်ပွဲ တခု ဖြစ်တယ် လို့ ဆိုခဲ့ပါတယ် ။

အလွန်ဆို က ” နယူးကာဆယ် အသင်း ရဲ့ နောက်တန်း ကစားပုံ က အတော်လေး ကျစ်လျစ်မှု ရှိပါတယ် ။ သူတို့ရဲ့ ခံစစ် ကို ကျော်လွှား ထိုးဖောက်ဖို့ ၊ နေရာလွတ် ရှာဖွေဖို့ အတော်လေး ရုန်းကန် ခဲ့ရပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ဒုတိယပိုင်း မှာ ကစားပုံ အရမ်း ကောင်းခဲ့ပါတယ် ။ ကျွန်တော် တို့ ဂိုးရဖို့ ပြင်းပြင်းထန်ထန် ကြိုးစား ခဲ့တယ် ၊ နောက်ဆုံး မှာ လိုအပ် တဲ့ အနိုင်ဂိုး ရခဲ့ပြီး ရမှတ် ၃မှတ်လည်း စုဆောင်း နိုင်ခဲ့ပါတယ် ။ ”

” ဒီနေ့လို ပွဲမျိုး ကို ကျွန်တော် တို့ နိုင်ကို နိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက် ပြင်းထန် ခဲ့ပါတယ် ။ ဒီလို ခက်ခဲ ရုန်းကန်မှု မျိုးကို ကြံုတွေ့ ရမယ် ဆိုတာ ပွဲအစ ကတည်းက တွေးထားခဲ့ပြီးသားပါ ။ ပထမပိုင်း အတွင်း ပြိုင်ဖက် ရဲ့ ကွင်း ၃ပုံတပုံ နေရာ မှာ တိုက်စစ်ဆင် ကစားဖို့ ကျွန်တော် တို့ စိတ်ရှည် နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပွဲအပြီး မှာ ကျွန်တော် တို့ အနိုင် ၃မှတ် ရခဲ့လို့ ဝမ်းသာ ပျော်ရွှင် နေကြပါတယ် ။ ဒါဟာ နိုင်ငံ ပွဲစဉ် တွေ အပြီး ကြီးမားတဲ့ ရလဒ် တခု ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

နယူးကာဆယ္ နဲ႕ ပြဲမွာ လူစားဝင္ျပီး ေျခစြမ္းျပ ႏိုင္ခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ခဲ့တဲ့ မိမိ ရဲ႕ ေျခစြမ္း အေပၚ အားမရေသးတဲ့ #ပူလီဆစ္

ခ်ယ္လ္ဆီး အသင္း ရဲ႕ အေမရိကန္ လက္ေရြးစင္ ေတာင္ပံ ကစားသမား ခရစ္တီယန္ ပူလီဆစ္ ဟာ ျပီးခဲ့တဲ့ စေနေန႕ ည က ကစား သြားခဲ့တဲ့ နယူးကာဆယ္ အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ ရဲ႕ ဒုတိယပိုင္း မွာ ကြင္းလယ္ တိုက္စစ္ ကစားသမား ေမဆင္ေမာင့္ ရဲ႕ ေနရာ ကေန ဝင္ကစား ေပးခဲ့ကာ ေျခစြမ္း ျပ ကစား ႏိုင္ခဲ့ပါတယ္ ။

ေနာက္ပိုင္း ပြဲစဥ္ ေတြမွာ ပြဲထြက္ခြင့္ ေတြ မရေနခဲ့ေပမယ့္ အခုလို လမ္းပတ္ အေနနဲ႕ ပူလီဆစ္ ကို ဒုတိယပိုင္း ရဲ႕ မိနစ္ အနည္းငယ္ ကစားခြင့္ ေပးလိုက္တာ ဟာ ေျခစြမ္း တိုးတက္ေအာင္ ပံ့ပိုး ေပးရာ ေရာက္သလို ၊ အေတြ႕အၾကံဳ ေတြနဲဲ႕ ယံုၾကည္မႈ ေတြ ပိုတိုးတက္ လာေစတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ ပူလီဆစ္ ဟာ ထို ပြဲစဥ္ မွာ ဂိုးရဖို႕ အခြင့္အေရး ၂ၾကိမ္ အထိ နီးစပ္ခဲ့ကာ ၊ တလံုးတည္း ေသာ အႏိုင္ဂိုး စရဖို႕ အတြက္ အဖြင့္ လမ္းေၾကာင္း ကို စတင္ ေပးႏိုင္ ခဲ့ပါတယ္ ။

ပြဲအျပီး ESPN သတင္း ဌာနနဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ပူလီဆစ္ က အသင္းလိုက္ စြမ္းေဆာင္ရည္ ၊ သူ ကိုယ္တိုင္ ရဲ႕ ကစားပံု အတြက္ ေပ်ာ္ရႊင္ ဝမ္းသာ မိေၾကာင္း ၊ ဂိုးရဖို႕ အခြင့္အေရး ၾကီးၾကီးမားမား ရခဲ့ေပမယ့္ ဂိုးမရခဲ့တဲ့ အတြက္ စိတ္ပ်က္ မိေၾကာင္း ၊ နယူးကာဆယ္ နဲ႕ ပြဲက ယံုၾကည္မႈ ေတြေၾကာင့္ လာမယ့္ ပြဲစဥ္ ေတြမွာ ဂိုးစတင္ ရရွိဖို႕ ေမွ်ာ္လင့္ ထားေၾကာင္း ဆိုခဲ့ပါတယ္ ။

ပူလီဆစ္ က ” ဒီေန႕ ပြဲဟာ ကြ်န္ေတာ္ တို႕ အတြက္ တကယ္ေကာင္းတဲ့ ပြဲစဥ္ တပြဲ ျဖစ္ခဲ့ပါတယ္ ။ ေတာင့္တင္း ေကာင္းမြန္ တဲ့ အသင္းလိုက္ စြမ္းေဆာင္ရည္ အတြက္ ကြ်န္ေတာ္ ေပ်ာ္ရႊင္ ရပါတယ္ ။ ျပိဳင္ဖက္ အသင္း ဟာလည္း ခံစစ္ပိုင္း အေတာ္ေလး မာေက်ာ ခဲ့ပါတယ္ ။ ဒါ့အျပင္ ဒုတိယပိုင္း မွာ လူစားဝင္ျပီး တခုခု လုပ္ျပခြင့္ ရခဲ့လို႕ ကြ်န္ေတာ္ ဝမ္းသာ မိပါတယ္ ။ ”

” ပထမ တၾကိမ္ တုန္းက ကြ်န္ေတာ့ ရဲ႕ ကန္ခ်က္ ဂိုးမဝင္ခ့ဲ တာေၾကာင့္ ဒုတိယ တၾကိမ္ အပိုင္ ကန္ခြင့္ ကေန ဂိုးရဖို႕ အေစာပိုင္း မွာ စဥ္းစား ခဲ့ပါေသးတယ္ ။ ဒါေပမယ့္ တမ္မီ က ကြ်န္ေတာ့ ထက္ ပိုျပီး လြတ္လြတ္ကြ်တ္ကြ်တ္ အေနအထား တရပ္ မွာ ရွိေနတာေၾကာင့္ သူ႕ကုိ ထုိးေပး ခဲ့ပါတယ္ ။ ဒါေပမယ့္ သူ႕ရဲ႕ ကန္ခ်က္ ကို ဒီအန္ဒေရ ( ယက္ဒ္လင္ ) က မယုံႏိုင္ဖြယ္ ျဖတ္ထုတ္ ကာကြယ္ သြားခဲ့ပါတယ္ ။ ”

” ဒီေန႕ ပြဲမွာ ကြ်န္ေတာ္ ကိုက ဂိုးသြင္းဖို႕ အေျခအေန မေပးခဲ့ဘူး နဲ႕ တူပါတယ္ ။ ဒါေပမယ့္ မၾကာခင္ မွာ ဂိုးသြင္းႏိုင္စြမ္း ေတြ ျပန္လာ ႏိုင္မယ္ လို႕ ယံုၾကည္ ထားပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ တဖက္မွာလည္း နယူးကာဆယ္ နဲ႕ ပြဲက အႏိုင္ဂိုးရွင္ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေနာက္ခံလူ မားကို႕စ္ အလြန္ဆို ကလည္း ႏိုင္ငံ ပြဲစဥ္ ေတြ အျပီးမွာ ႏိုင္ပြဲ နဲ႕ စတင္ႏိုင္ခဲ့တာ ၄င္းတို႕ အတြက္ ၾကီးက်ယ္တဲ့ ေအာင္ပြဲ တခု ျဖစ္တယ္ လို႕ ဆိုခဲ့ပါတယ္ ။

အလြန္ဆို က ” နယူးကာဆယ္ အသင္း ရဲ႕ ေနာက္တန္း ကစားပံု က အေတာ္ေလး က်စ္လ်စ္မႈ ရွိပါတယ္ ။ သူတို႕ရဲ႕ ခံစစ္ ကို ေက်ာ္လႊား ထုိးေဖာက္ဖို႕ ၊ ေနရာလြတ္ ရွာေဖြဖို႕ အေတာ္ေလး ရုန္းကန္ ခဲ့ရပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ ဒုတိယပိုင္း မွာ ကစားပံု အရမ္း ေကာင္းခဲ့ပါတယ္ ။ ကြ်န္ေတာ္ တို႕ ဂိုးရဖို႕ ျပင္းျပင္းထန္ထန္ ၾကိဳးစား ခဲ့တယ္ ၊ ေနာက္ဆံုး မွာ လိုအပ္ တဲ့ အႏိုင္ဂိုး ရခဲ့ျပီး ရမွတ္ ၃မွတ္လည္း စုေဆာင္း ႏိုင္ခဲ့ပါတယ္ ။ ”

” ဒီေန႕လို ပြဲမ်ိဳး ကို ကြ်န္ေတာ္ တို႕ ႏိုင္ကို ႏိုင္ရမယ္ ဆိုတဲ့ ယံုၾကည္ခ်က္ ျပင္းထန္ ခဲ့ပါတယ္ ။ ဒီလို ခက္ခဲ ရုန္းကန္မႈ မ်ိဳးကို ၾကံဳေတြ႕ ရမယ္ ဆိုတာ ပြဲအစ ကတည္းက ေတြးထားခဲ့ျပီးသားပါ ။ ပထမပိုင္း အတြင္း ျပိဳင္ဖက္ ရဲ႕ ကြင္း ၃ပံုတပံု ေနရာ မွာ တိုက္စစ္ဆင္ ကစားဖို႕ ကြ်န္ေတာ္ တို႕ စိတ္ရွည္ ႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ပြဲအျပီး မွာ ကြ်န္ေတာ္ တို႕ အႏိုင္ ၃မွတ္ ရခဲ့လို႕ ဝမ္းသာ ေပ်ာ္ရႊင္ ေနၾကပါတယ္ ။ ဒါဟာ ႏိုင္ငံ ပြဲစဥ္ ေတြ အျပီး ၾကီးမားတဲ့ ရလဒ္ တခု ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR