တနင်္ဂနွေနေ့မှာကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက် အသင်းနဲ့ လီဗာပူးတို့ တဂိုးစီ သရေ နဲ့ ပွဲပြီးခဲ့ပါတယ်။အမှတ်ပေးဇယားကို ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဦးဆောင်နေတဲ့ လီဗာပူး တို့ အိုးထရက်ဖို့ဒ်အစဉ်အလာဆိုးကိုတော့ မကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အားထားရတဲ့ ဂိုးသမား အယ်လီဆင် ပြန်ပါလာတဲ့ ခံစစ်ပိုင်းက ယူနိုက်တက် အသင်းရဲ့ ညံ့ဖျင်းတဲ့ တိုက်စစ်ပိုင်းနဲ့ အတွေ့မှာ ဦးဆောင်ဂိုးပါ အရင်ပေးခဲ့ရတာဖြစ်ပါတယ်။ဒီဂိုးကို ပွဲချိန် ၃၆မိနစ်မှာရတ်ဖို့ဒ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ လီဗာပူး နည်းပြကလော့ပ်က ချိန်ဘာလိန်၊ ကီတာနဲ့ လယ်လာနာတို့ကို လူစားဝင်စေခဲ့ပြီး အသုံးပြုသွားခဲ့ပါတယ်။လီဗာပူး အတွက်ချေပဂိုးကို လယ်လာနာက ပွဲချိန်၈၅မိန်အရောက်မှာသွင်းယူပေးခဲ့ပြီး ဒီဂိုးမှာ ကီတာကလည်းပါဝင်ပတ်သက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ချိန်ဘာလိန်ကလည်း ပွဲပြီးခါနီးမှာ အနိုင်ဂိုးသွင်းယူပေးနိုင်ဖို့အထိနီးစပ်ခဲ့တာဖြစ်ပါတယ်။လူစားဝင်ရောက်လာအပြီးမှာ အသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အဆိုပါကစားသမားတွေကို နည်းပြကလော့ပ်က ချီးကျူးသွားခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးတခုမှာ ကလော့ပ်က – ” လူစားဝင် ကစားသမား တိုင်းဟာ ဒီနေ့ ပွဲမှာ အရမ်းကို အရေးပါခဲ့ကြပါတယ်။သူတို့ဟာ ပုံစံကောင်း မှာ ရှိနေကြပြီး ဝင်ရောက်လာ အပြီးမှာ ပွဲကို အပြောင်း အလဲဖြစ်အောင်လုပ် ဆောင်ပေးနိုင် ခဲ့ကြတာဖြစ်ပါတယ်။

သူတို့ ၃ယောက်ဝင်လာအပြီးမှာ ကျွန်တော်တို့ အသင်းက ပိုပြီးကောင်းကောင်းကစားသွားနိုင်ခဲ့ပါတယ်။သူတို့ကအသင်းကို ကူညီပေးခဲ့တဲ့အတွက်လည်းကျွန်တော်ပျော်ရွှင်မိပါတယ်။အထူးသဖြင့် လယ်လာနာသွင်းခဲ့တဲ့ ဂိုးအတွက်ဖြစ်ပါတယ်။

အရေးပါတဲ့ ဂိုးတဂိုးဖြစ်ပြီး သူတို့အားလုံး တကယ်ကောင်းခဲ့ပါတယ်။ကီတာကလည်း မြင်တွေ့နေကျ မဟုတ်တဲ့ ပေးပို့မှုတွေနဲ့ အသင်းကို ကူညီပေးနိုင်ခဲ့ပါတယ်။သွင်းဂိုးကလည်းသူ့ရဲ့ပေးပို့မှုကနေ ရော်ဘတ်ဆန်က ရသွားပြီး ဖြတ်တင်ပေးခဲ့တာကိုသွင်းယူခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့ အသေးစိတ်ဆောင်ရွက်မှုတိုင်းက အရေးပါခဲ့တာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ပွဲချိန်ပထမပိုင်းမှာခြေစွမ်းညံ့ဖျင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ရဲ့ 3-5-2 အခင်းအကျင်းကို 4-2-3-1 ကစားကွက်နဲ့ ပြန်ပြီး တန်ပြန်သွားနိုင်ခဲ့ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကလော့ပ်က –

” ယူနိုက်တက် အသင်းရဲ့ တည်ဆောက်ပုံက လုံးဝအရှင်းကြီးပါပဲ။ကျွန်တော်တို့က ခန့်မှန်းလို့ လွယ်ကူတဲ့ အရာတွေကို လုပ်ခဲ့မိလို့သူတို့က ခုခံနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူတို့မခန့်မှန်းထားတဲ့ အရာတွေကိုလည်း ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပြီးစစ်မှန်တဲ့ ဘောလုံးကစားပုံမျိုးနဲ့ ကျွန်တော်တို့ မကစားသွားခဲ့ကြပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ တောင်ပံ ကစားသမား ၂ယောက်ကို ထည့်သွင်းခဲ့ပြီး သူတို့က အသင်းအတွက် အများကြီးအကျိုးဖြစ်ထွန်းစေခဲ့သလို ယူနိုက်တက် အသင်းကို လည်း ဒုက္ခတွေ ဖြစ်စေနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ဟာအခွင့် အရေးတွေ တခုပြီး တခုတော့ ဖန်တီးနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့် လည်း ကျွန်တော်တို့ဟာ အဆိုပါ သွင်းဂိုး ကို ရရှိဖို့ အတွက်တော့ထိုက်တန် ခဲ့ကြတာ ဖြစ်ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး တယောက်ယောက် က ငြင်းဆန်လိမ့်မယ် လို့ လည်း ကျွန်တော်ကတော့ မထင်မိပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ အခု ပွဲမှာ နိုင်ပွဲ ပျောက်ခဲ့ပေမယ့် ဒုတိယနေရာက မန်စီးတီး အသင်းကို ၆မှတ်အထိဖြတ်ပြီး ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။သူတို့ဟာကြားရက်အတွင်း မှာတော့ ချန်ပီယံလိဂ်ပွဲအဖြစ် Genk အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

SM

Zawgyi

အိုးထရက္ဖို႔ဒ္က သေရပြဲ အတြက္ ဘယ္သူေတြကို ခ်ီးက်ဴးသင့္တယ္ဆိုတာေျပာျပလိုက္တဲ႔ #ကေလာ့ပ္
===================================

တနဂၤေႏြေန႔မွာကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ယူႏိုက္တက္ အသင္းနဲ႔ လီဗာပူးတို႔ တဂိုးစီ သေရ နဲ႔ ပြဲျပီးခဲ႕ပါတယ္။အမွတ္ေပးဇယားကို ရာႏွဳန္းျပည့္ႏိုင္ပြဲနဲ႔ ဦးေဆာင္ေနတဲ႔ လီဗာပူး တို႔ အိုးထရက္ဖုိ႔ဒ္အစဥ္အလာဆိုးကိုေတာ့ မေက်ာ္ႏိုင္ခဲ႔တာ ျဖစ္ပါတယ္။

အားထားရတဲ႕ ဂိုးသမား အယ္လီဆင္ ျပန္ပါလာတဲ႕ ခံစစ္ပိုင္းက ယူႏိုက္တက္ အသင္းရဲ႕ ညံ့ဖ်င္းတဲ႔ တိုက္စစ္ပိုင္းနဲ႔ အေတြ႔မွာ ဦးေဆာင္ဂိုးပါ အရင္ေပးခဲ႔ရတာျဖစ္ပါတယ္။ဒီဂိုးကို ပြဲခ်ိန္ ၃၆မိနစ္မွာရတ္ဖို႔ဒ္က သြင္းယူေပးခဲ႔တာျဖစ္ပါတယ္။

ဒုတိယပိုင္း မွာေတာ့ လီဗာပူး နည္းျပကေလာ့ပ္က ခ်ိန္ဘာလိန္၊ ကီတာနဲ႔ လယ္လာနာတို႔ကို လူစားဝင္ေစခဲ႔ျပီး အသံုးျပဳသြားခဲ႔ပါတယ္။လီဗာပူး အတြက္ေခ်ပဂိုးကို လယ္လာနာက ပြဲခ်ိန္၈၅မိန္အေရာက္မွာသြင္းယူေပးခဲ႔ျပီး ဒီဂိုးမွာ ကီတာကလည္းပါဝင္ပတ္သက္ႏိုင္ခဲ႔တာျဖစ္ပါတယ္။

ဒါ့အျပင္ ခ်ိန္ဘာလိန္ကလည္း ပြဲျပီးခါနီးမွာ အႏိုင္ဂိုးသြင္းယူေပးႏိုင္ဖို႔အထိနီးစပ္ခဲ႔တာျဖစ္ပါတယ္။လူစားဝင္ေရာက္လာအျပီးမွာ အသင္းရဲ႕ ရွံုးပြဲမရွိစံခ်ိန္ကို ဆက္ထိန္းႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ႔တဲ႔ အဆိုပါကစားသမားေတြကို နည္းျပကေလာ့ပ္က ခ်ီးက်ဴးသြားခဲ႔ပါတယ္။

ပြဲအျပီး အင္တာဗ်ဴးတခုမွာ ကေလာ့ပ္က – ” လူစားဝင္ ကစားသမား တိုင္းဟာ ဒီေန႔ ပြဲမွာ အရမ္းကို အေရးပါခဲ႔ျကပါတယ္။သူတို႔ဟာ ပံုစံေကာင္း မွာ ရွိေနျကျပီး ဝင္ေရာက္လာ အျပီးမွာ ပြဲကို အေျပာင္း အလဲျဖစ္ေအာင္လုပ္ ေဆာင္ေပးႏိုင္ ခဲ႔ျကတာျဖစ္ပါတယ္။

သူတို႔ ၃ေယာက္ဝင္လာအျပီးမွာ က်ြန္ေတာ္တို႕ အသင္းက ပိုျပီးေကာင္းေကာင္းကစားသြားႏိုင္ခဲ႔ပါတယ္။သူတို႔ကအသင္းကို ကူညီေပးခဲ႔တဲ႔အတြက္လည္းက်ြန္ေတာ္ေပ်ာ္ရႊင္မိပါတယ္။အထူးသျဖင့္ လယ္လာနာသြင္းခဲ႕တဲ႕ ဂိုးအတြက္ျဖစ္ပါတယ္။

အေရးပါတဲ႔ ဂိုးတဂိုးျဖစ္ျပီး သူတု႔ိအားလံုး တကယ္ေကာင္းခဲ႕ပါတယ္။ကီတာကလည္း ျမင္ေတြ႔ေနက် မဟုတ္တ႔ဲ ေပးပို႔မွုေတြနဲ႔ အသင္းကို ကူညီေပးႏိုင္ခဲ႕ပါတယ္။သြင္းဂိုးကလည္းသူ႔ရဲ႕ေပးပို႔မွဳကေန ေရာ္ဘတ္ဆန္က ရသြားျပီး ျဖတ္တင္ေပးခဲ႔တာကိုသြင္းယူခဲ႔တာျဖစ္ပါတယ္။သူတို႔ရဲ႕ အေသးစိတ္ေဆာင္ရြက္မွဳတိုင္းက အေရးပါခဲ႔တာျဖစ္ပါတယ္ ” လို႔ေျပာခဲ႕ပါတယ္။

လီဗာပူး အသင္းဟာ ပြဲခ်ိန္ပထမပိုင္းမွာေျခစြမ္းညံ့ဖ်င္းခဲ႔ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္ရဲ႕ 3-5-2 အခင္းအက်င္းကို 4-2-3-1 ကစားကြက္နဲ႔ ျပန္ျပီး တန္ျပန္သြားႏိုင္ခဲ႔ပါတယ္။ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး ကေလာ့ပ္က –

” ယူႏိုက္တက္ အသင္းရဲ႕ တည္ေဆာက္ပံုက လံုးဝအရွင္းျကီးပါပဲ။က်ြန္ေတာ္တို႔က ခန္႔မွန္းလို႕ လြယ္ကူတဲ႔ အရာေတြကုိ လုပ္ခဲ႔မိလို႔သူတို႕က ခုခံႏိုင္ခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ သူတို႔မခန္႔မွန္းထားတဲ႔ အရာေတြကိုလည္း က်ြန္ေတာ္တို႔ လုပ္ေဆာင္ခဲ႕ျပီးစစ္မွန္တဲ႔ ေဘာလံုးကစားပံုမ်ိဳးနဲ႔ က်ြန္ေတာ္တို႔ မကစားသြားခဲ႔ျကပါဘူး။

ဒါေပမယ့္ က်ြန္ေတာ္တို႔ ေတာင္ပံ ကစားသမား ၂ေယာက္ကို ထည့္သြင္းခဲ႔ျပီး သူတုိ႔က အသင္းအတြက္ အမ်ားျကီးအက်ိဳးျဖစ္ထြန္းေစခဲ႔သလို ယူႏိုက္တက္ အသင္းကို လည္း ဒုကၡေတြ ျဖစ္ေစႏိုင္ခဲ႕ပါတယ္။က်ြန္ေတာ္တို႔ဟာအခြင့္ အေရးေတြ တခုျပီး တခုေတာ့ ဖန္တီးႏိုင္ျခင္း မရွိခဲ႔ပါဘူး။

ဒါေပမယ့္ လည္း က်ြန္ေတာ္တို႔ဟာ အဆိုပါ သြင္းဂိုး ကို ရရွိဖို႔ အတြက္ေတာ့ထိုက္တန္ ခဲ႔ျကတာ ျဖစ္ပါတယ္။ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး တေယာက္ေယာက္ က ျငင္းဆန္လိမ့္မယ္ လို႔ လည္း က်ြန္ေတာ္ကေတာ့ မထင္မိပါဘူး ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

လီဗာပူး အသင္းဟာ အခု ပြဲမွာ ႏိုင္ပြဲ ေပ်ာက္ခဲ႕ေပမယ့္ ဒုတိယေနရာက မန္စီးတီး အသင္းကို ၆မွတ္အထိျဖတ္ျပီး ဦးေဆာင္ထားႏိုင္ဆဲ ျဖစ္ပါတယ္။သူတို႔ဟာျကားရက္အတြင္း မွာေတာ့ ခ်န္ပီယံလိဂ္ပြဲအျဖစ္ Genk အသင္းကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

SM