လီဗာပူး အသင်း ကစားသမားဟောင်း စတန် ကော်လီမိုး က အာဆင်နယ် အသင်းအနေနဲ့ ဒီရာသီမှာသာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ထပ်မံ လွဲချော် ခဲ့ရင် တိုက်စစ်မှူး အူဘာမီယန်း ကို လက်လွှတ် ဆုံးရှုံး ရနိုင်​ချေ ရှိကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ အူဘာမီယန်း ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက ဒေါ့မွန် အသင်းကနေ အာဆင်နယ် အသင်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၅၆ သန်း နဲ့ ရောက်ရှိလာသူပါ ။ အူဘာမီယန်း ဟာ အာဆင်နယ် အသင်းအတွက် ၇၅ ပွဲကစားပေးထားပြီး ၄၉ ဂိုး သွင်းယူ ပေးထားကာ ပြီးခဲ့တဲ့ ရာသီမှာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း ဒေါ့မွန် ဥက္ကဌ ဟန်ဂျိုအာချင်ဝက်ဇ် က အူဘာမီယန်းဟာ ငွေမက်လို့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ​ဖြစ်ကြောင်း စွပ်စွဲ ပြောကြား ခဲ့ပြီး ဗုဒ္ဓဟူးနေ့တွေမှာ အူဘာမီယန်း ဟာ ချန်ပီယံလိဂ်ပွဲတွေကို တီဗွီကနေပဲ ကြည့်နေရလို့ ဝမ်းနည်းနေလိမ့်မယ်လို့ သရော်ခဲ့ပါတယ် ။

ကော်လီမိုး ကတော့ အာဆင်နယ် အသင်းအနေနဲ့ အူဘာမီယန်းကို ဆက်လက် ထိန်းသိမ်းချင်ပါက ချန်ပီယံလိဂ် ဝင်ခွင့် အရယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ် ။အာဆင်နယ် အသင်းဟာ နောက်ဆုံး သုံးရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ငွေကြေး အတော်အသင့် သုံးစွဲကာ ကစားသမားကောင်းတွေကို အင်အားဖြည့် ခေါ်ယူ ထားပါတယ် ။

​ကော်လီမိုး က Daily Mirror ရဲ့ ဆောင်းပါးမှာ ” အာဆင်နယ် အသင်း အတွက် အရေးကြီးဆုံးက ရာသီကုန်မှာ အဆင့်လေး အတွင်း ရပ်တည် နိုင်ဖို့ပါ ၊ ဒါမှလည်း သူတို့ရဲ့ အဓိက တိုက်စစ်မှူးကြီးကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်မှာပါ ၊ အခု အချိန်မှာ အာဆင်နယ် အသင်းက ချန်ပီယံဆု ရယူနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ် ။ ”

” ဒီရာသီမှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရယူ နိုင်ဖို့ကို အဓိက ဦးစားပေး ရမှာပါ ၊ မရခဲ့ရင်တော့ အူဘာမီယန်း အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစား နိုင်ချေ ရှိနေပါတယ် ၊ ကျနော်သာ အူနိုင်း အမ်မရီ နေရာမှာဆိုရင် သူ့အပေါ် အလွန်အကျွံ မှီခို နေရတာမျိုး အဖြစ်မခံပါဘူး ၊ အာဆင်နယ် အသင်း ပရိသတ်တွေ အနေနဲ့ ဖြစ်လာမယ့် အကျိုးဆက်တွေကို သတိထားဖို့ လိုအပ်ပါတယ် ။ ” လို့ ရေးသား သွားခဲ့ပါတယ် ။

အူဘာမီယန်း ဟာ ယခုလက်ရှိ အာဆင်နယ် အသင်းမှာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်သလို ၊ဒုတိယ အသင်း ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ် ။ အူဘာမီယန်း ဟာ ဒီရာသီမှာလည်း ၈ ပွဲ ကစားထားရာမှာ ၈ ဂိုး သွင်းယူ ထားပါတယ် ။

အီတလီ သတင်းထောက် နီကိုလို စခီရာ ရဲ့ အဆိုအရ အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်း ကို ၂၀၂၃ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးဖို့ ဆွေးနွေး ညှိနှိုင်း နေတယ်လို့ သိရပါတယ် ။

SPORTS MYANMAR

Zawgyi

လာမယ့္ ရာသီမွာ အာဆင္နယ္ အသင္းအေနနဲ႔ အူဘာမီယန္းကို လက္လႊတ္ ဆုံးရွုံးရနိုင္ေခ် ရွိသလားဆိုတာ သုံးသပ္လိုက္တဲ့ ေကာ္လီမိုး
==================================

လီဗာပူး အသင္း ကစားသမားေဟာင္း စတန္ ေကာ္လီမိုး က အာဆင္နယ္ အသင္းအေနနဲ႔ ဒီရာသီမွာသာ ခ်န္ပီယံလိဂ္ ဝင္ခြင့္နဲ႔ ထပ္မံ လြဲေခ်ာ္ ခဲ့ရင္ တိုက္စစ္မွူး အူဘာမီယန္း ကို လက္လႊတ္ ဆုံးရွုံး ရနိုင္​ေခ် ရွိေၾကာင္း သုံးသပ္ ေျပာၾကား လိုက္ပါတယ္ ။

အသက္ ၃၀ အရြယ္ ရွိၿပီ ျဖစ္တဲ့ အူဘာမီယန္း ၂၀၁၈ ခုႏွစ္ ၊ ဇန္နဝါရီ အေျပာင္းအေရႊ႕ တုန္းက ေဒါ့မြန္ အသင္းကေန အာဆင္နယ္ အသင္းကို ကလပ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ ေၾကး ေပါင္ ၅၆ သန္း နဲ႔ ေရာက္ရွိလာသူပါ ။ အူဘာမီယန္း ဟာ အာဆင္နယ္ အသင္းအတြက္ ၇၅ ပြဲကစားေပးထားၿပီး ၄၉ ဂိုး သြင္းယူ ေပးထားကာ ၿပီးခဲ့တဲ့ ရာသီမွာလည္း ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို ရယူနိုင္ခဲ့ပါတယ္ ။

ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းကလည္း ေဒါ့မြန္ ဥကၠဌ ဟန္ဂ်ိဳအာခ်င္ဝက္ဇ္ က အူဘာမီယန္းဟာ ေငြမက္လို႔ အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕သြားခဲ့တာ ​ျဖစ္ေၾကာင္း စြပ္စြဲ ေျပာၾကား ခဲ့ၿပီး ဗုဒၶဟူးေန႔ေတြမွာ အူဘာမီယန္း ဟာ ခ်န္ပီယံလိဂ္ပြဲေတြကို တီဗြီကေနပဲ ၾကည့္ေနရလို႔ ဝမ္းနည္းေနလိမ့္မယ္လို႔ သေရာ္ခဲ့ပါတယ္ ။

ေကာ္လီမိုး ကေတာ့ အာဆင္နယ္ အသင္းအေနနဲ႔ အူဘာမီယန္းကို ဆက္လက္ ထိန္းသိမ္းခ်င္ပါက ခ်န္ပီယံလိဂ္ ဝင္ခြင့္ အရယူဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္ ။အာဆင္နယ္ အသင္းဟာ ေနာက္ဆုံး သုံးရာသီဆက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႔ လြဲေခ်ာ္ ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕မွာ ေငြေၾကး အေတာ္အသင့္ သုံးစြဲကာ ကစားသမားေကာင္းေတြကို အင္အားျဖည့္ ေခၚယူ ထားပါတယ္ ။

​ေကာ္လီမိုး က Daily Mirror ရဲ့ ေဆာင္းပါးမွာ ” အာဆင္နယ္ အသင္း အတြက္ အေရးႀကီးဆုံးက ရာသီကုန္မွာ အဆင့္ေလး အတြင္း ရပ္တည္ နိုင္ဖို႔ပါ ၊ ဒါမွလည္း သူတို႔ရဲ့ အဓိက တိုက္စစ္မွူးႀကီးကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းထားနိုင္မွာပါ ၊ အခု အခ်ိန္မွာ အာဆင္နယ္ အသင္းက ခ်န္ပီယံဆု ရယူနိုင္ဖို႔ အလွမ္းေဝးေနပါေသးတယ္ ။ ”

” ဒီရာသီမွာလည္း ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရယူ နိုင္ဖို႔ကို အဓိက ဦးစားေပး ရမွာပါ ၊ မရခဲ့ရင္ေတာ့ အူဘာမီယန္း အေနနဲ႔ အသင္းေျပာင္းဖို႔ စဥ္းစား နိုင္ေခ် ရွိေနပါတယ္ ၊ က်ေနာ္သာ အူနိုင္း အမ္မရီ ေနရာမွာဆိုရင္ သူ႔အေပၚ အလြန္အကၽြံ မွီခို ေနရတာမ်ိဳး အျဖစ္မခံပါဘူး ၊ အာဆင္နယ္ အသင္း ပရိသတ္ေတြ အေနနဲ႔ ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို သတိထားဖို႔ လိုအပ္ပါတယ္ ။ ” လို႔ ေရးသား သြားခဲ့ပါတယ္ ။

အူဘာမီယန္း ဟာ ယခုလက္ရွိ အာဆင္နယ္ အသင္းမွာ အေကာင္းဆုံး ကစားသမား တစ္ဦး ျဖစ္သလို ၊ဒုတိယ အသင္း ေခါင္းေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္ ။ အူဘာမီယန္း ဟာ ဒီရာသီမွာလည္း ၈ ပြဲ ကစားထားရာမွာ ၈ ဂိုး သြင္းယူ ထားပါတယ္ ။

အီတလီ သတင္းေထာက္ နီကိုလို စခီရာ ရဲ့ အဆိုအရ အာဆင္နယ္ အသင္းဟာ တိုက္စစ္မွူး အူဘာမီယန္း ကို ၂၀၂၃ ခုႏွစ္ အထိ စာခ်ဳပ္ သက္တမ္း တိုးဖို႔ ေဆြးေႏြး ညႇိႏွိုင္း ေနတယ္လို႔ သိရပါတယ္ ။

SPORTS MYANMAR