ကစားသမား ဘဝတလျှောက် လုံး ကို လီဗာပူး အသင်းနဲ့ အတူဖြတ်သန်းခဲ့ တဲ့ ခံစစ် ကစားသမားကြီး ကာရေဂါက ယူနိုက်တက် အသင်းနဲ့ ပွဲစဉ် ပထမပိုင်းက VAR ဆုံးဖြတ်ချက်တွေဟာ မှန်ကန်သင့်တော်မှု ရှိတယ်လို့ဆို လိုက် ပါတယ်။အိုးထရက်ဖို့ဒ်မှာကစားသွား ခဲ့တဲ့ အဆိုပါ ပွဲစဉ်ပထမပိုင်း မှာ အငြင်းပွယ်ဖွယ်ဖြစ်စေ ခဲ့တဲ့ VAR ဆုံးဖြတ်ချက်၂ ကြိမ်အထိ ရှိခဲ့ပြီး ဧည့်သည်လီဗာပူး အသင်းက ၂ကြိမ်စလုံး မှာ ခံဘက်ကပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ် မှာသွင်းယူခဲ့တဲ့ ရတ်ဖို့ဒ် ရဲ့ သွင်းဂိုး အတွက် ကစားကွက် ကို တည်ဆောက်ရာမှာ လင်ဒယ်လော့ဖ်က လီဗာပူး တိုက်စစ်မှူး အိုရီဂီကို ပြစ်ဒဏ်ကျူးလွန်ခဲ့သေးတာဖြစ်ပါတယ်။ဒါပေမယ့် ကွင်းလယ်ဒိုင်မာတင်အက်ကင်ဆန်က VAR စနစ်နဲ့ပြန်ကြည့်အပြီးမှာခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

လင်ဒယ်လော့ဖ်ရဲ့ ကျူးလွန်မှုက သိသာခဲ့လို့ အနည်းငယ်အငြင်းပွားစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ချက်ချင်းဆိုသလို သွင်းယူခဲ့တဲ့ မာနေးရဲ့ ချေပဂိုးမှာ ဒီဆီနီဂေါ သားကဘောလုံးကို လက်နဲ့ ထိန်းခဲ့တယ်လို့ ယူဆပြီး VAR စနစ်နဲ့ပြန်ကြည့်အပြီးမှာ ပယ်ဖျက်ခံခဲ့ရလို့ လီဗာပူးတို့ နစ်နာခဲ့ရပြန်ပါတယ်။

လီဗာပူး နည်းပြကလော့ပ်ဟာ အဆိုပါ ဆုံးဖြတ်ချက်တွေအပေါ် စတုတ္ထ ဒိုင်နဲ့စကားအချေအတင်ဖြစ်ခဲ့ပြီး ဒုတိယပိုင်းပြန်မစခင်မှာလည်း မာတင်အက်ကင်ဆန် နဲ့ အချင်းများနေခဲ့ပါသေးတယ်။ဒါပေမယ့် ကာရေဂါကတော့ VAR စနစ်ဟာ ဘောလုံးပွဲတွေကို တစုံတရာထည့်ဖြည့်စွမ်းပေးတဲ့ နည်းပညာ ထုတ်ကုန်တခုဖြစ်တယ်လို့ ခံစားနေရပုံပါပဲ။

Sky Sports ရဲ့ အစီအစဉ် တခုမှာ ကာရေဂါက – ” အဲ့ဒီ VAR စနစ်ဟာသူ့ရဲ့ အကောင်း ဆုံးအနေအထား မျိုးမှာရှိခဲ့တာ ဖြစ်ပါတယ်။အရင်တုန်းကဆိုရင် မာနေးလို ဂိုးမျိုးကို ခွင့်ပြုပေးခဲ့ လိမ့်မှာဖြစ်ပေမယ့် အခုချိန်မှာတော့ဒါဟာ လက်ထိဘော ပဲဖြစ်ပါတယ်။ဒါကြောင့် ဂိုးမဖြစ်သင့်ပါဘူး။

VAR စနစ်နဲ့ ပတ်သက်ပြီး ပြောစရာတွေ နဲ့ အငြင်းပွားစရာတွေ တော့ အများကြီး ရှိနေတာဖြစ်ပါတယ်။အထူးသဖြင့် တော့ ပထမဆုံး သွင်းဂိုးလို ဂိုးမှာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒီိလိုကိစ္စတွေ အတွက်ပဲ ဆုံးဖြတ်ဖို့ ဒီစနစ်ကို ထည့်သွင်းထားတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူး အသင်းခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ဂရေမီဆောင်းနက်စ်ကလည်း Sky sports ရဲ့ အစီအစဉ်မှာ – ” လင်ဒယ်လော့ဖ်က အိုရီဂီကို ထိခိုက်ခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်။ဘယ်လိုပဲကြည့်ကြည့်ဖြစ်ဒဏ်ဘောဖြစ်ပါတယ်။မာတစ်အနေနဲ့ ဒီဖြစ်ရပ်မှာကောင်းကောင်းလုပ်ဆောင်သင့်ခဲ့ပေမယ့် သူမလုပ်နိုင်ခဲ့ပါဘူး။

လင်ဒယ်လော့ဖ်အနေနဲ့ အိုရီဂီကို လုံးဝအတိအကျကို ထိခဲ့တာဖြစ်လို့ ဒါဟာပြစ်ဒဏ်ဘောဖြစ်ပါတယ်။ဒါပေမယ့်လည်း သူက အဲ့ဒီနောက်ကနေ ကျော်ပြီးဘောလုံးကို ရယူသွားခဲ့ပါတယ် ” လို့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူရွိုင်ကိန်းကတော့ သူ့အသင်းဟောင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံခဲ့ပြီးပထမပိုင်းကစားပုံကြောင့် ဒီလိုဖြစ်ဖို့ ထိုက်တန်ခဲ့တယ်လို့ လည်းဆိုပါတယ်။Sky sports ရဲ့ အစီအစဉ်မှာရွိုင်ကိန်းက-

” ဒီသွင်းဂိုးမှာ မာနေးရဲ့ လက်နဲ့ ဘောလုံးနဲ့ ထိခဲ့ပါတယ်။ဒါပေမယ့် ဒီလိုပွဲတွေမှာဆိုရင် ကံတရားရဲ့ဖေးမမှုတွေတော့လိုတာ ဖြစ်ပါတယ်။ယူနိုက်တက် အသင်းက ဒါကို ရခဲ့ပါတယ်။ဒါပေမယ့်လည်းသူတို့က ဒီပွဲရဲ့ အကောင်းဆုံးအသင်းဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR

Zawgyi

ယူႏိုက္တက္အသင္းနဲ႕ပြဲစဥ္ပထမပိုင္းက အျငင္းပြားဖြယ္ VAR ဆံုးျဖတ္ခ်က္ေတြအေပၚ မွတ္ခ်က္ေပးလိိုက္တဲ႔လီဗာပူး ဂႏၲဝင္ #ကာေရဂါ

==================================

ကစားသမား ဘဝတေလ်ွာက္ လံုး ကို လီဗာပူး အသင္းနဲ႔ အတူျဖတ္သန္းခဲ႔ တဲ႔ ခံစစ္ ကစားသမားျကီး ကာေရဂါက ယူႏိုက္တက္ အသင္းနဲ႔ ပြဲစဥ္ ပထမပိုင္းက VAR ဆံုးျဖတ္ခ်က္ေတြဟာ မွန္ကန္သင့္ေတာ္မွဳ ရွိတယ္လို႕ဆို လိုက္ ပါတယ္။အိုးထရက္ဖို႔ဒ္မွာကစားသြား ခဲ႔တဲ႔ အဆိုပါ ပြဲစဥ္ပထမပိုင္း မွာ အျငင္းပြယ္ဖြယ္ျဖစ္ေစ ခဲ႔တဲ႔ VAR ဆံုးျဖတ္ခ်က္၂ ျကိမ္အထိ ရွိခဲ႔ျပီး ဧည့္သည္လီဗာပူး အသင္းက ၂ျကိမ္စလံုး မွာ ခံဘက္ကပဲ ရွိခဲ႔တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္ မွာသြင္းယူခဲ႔တဲ႔ ရတ္ဖို႔ဒ္ ရဲ႕ သြင္းဂိုး အတြက္ ကစားကြက္ ကို တည္ေဆာက္ရာမွာ လင္ဒယ္ေလာ့ဖ္က လီဗာပူး တိုက္စစ္မွဴး အိုရီဂီကို ျပစ္ဒဏ္က်ဴးလြန္ခဲ႔ေသးတာျဖစ္ပါတယ္။ဒါေပမယ့္ ကြင္းလယ္ဒိုင္မာတင္အက္ကင္ဆန္က VAR စနစ္နဲ႔ျပန္ျကည့္အျပီးမွာခြင့္ျပဳေပးခဲ႔တာျဖစ္ပါတယ္။

လင္ဒယ္ေလာ့ဖ္ရဲ႕ က်ဴးလြန္မွဳက သိသာခဲ႔လို႔ အနည္းငယ္အျငင္းပြားစရာျဖစ္ခဲ႔တာျဖစ္ပါတယ္။ဒါ့အျပင္ ခ်က္ခ်င္းဆိုသလို သြင္းယူခဲ႔တဲ႔ မာေနးရဲ႕ ေခ်ပဂိုးမွာ ဒီဆီနီေဂါ သားကေဘာလံုးကို လက္နဲ႔ ထိန္းခဲ႕တယ္လို႔ ယူဆျပီး VAR စနစ္နဲ႔ျပန္ျကည့္အျပီးမွာ ပယ္ဖ်က္ခံခဲ႔ရလို႔ လီဗာပူးတို႕ နစ္နာခဲ႔ရျပန္ပါတယ္။

လီဗာပူး နည္းျပကေလာ့ပ္ဟာ အဆိုပါ ဆံုးျဖတ္ခ်က္ေတြအေပၚ စတုတၳ ဒိုင္နဲ႔စကားအေခ်အတင္ျဖစ္ခဲ႔ျပီး ဒုတိယပိုင္းျပန္မစခင္မွာလည္း မာတင္အက္ကင္ဆန္ နဲ႔ အခ်င္းမ်ားေနခဲ႔ပါေသးတယ္။ဒါေပမယ့္ ကာေရဂါကေတာ့ VAR စနစ္ဟာ ေဘာလံုးပြဲေတြကို တစံုတရာထည့္ျဖည့္စြမ္းေပးတဲ႔ နည္းပညာ ထုတ္ကုန္တခုျဖစ္တယ္လို႕ ခံစားေနရပံုပါပဲ။

Sky Sports ရဲ႕ အစီအစဥ္ တခုမွာ ကာေရဂါက – ” အဲ႔ဒီ VAR စနစ္ဟာသူ႔ရဲ႕ အေကာင္း ဆံုးအေနအထား မ်ိဳးမွာရွိခဲ႔တာ ျဖစ္ပါတယ္။အရင္တုန္းကဆိုရင္ မာေနးလို ဂိုးမ်ိဳးကို ခြင့္ျပဳေပးခဲ႔ လိမ့္မွာျဖစ္ေပမယ့္ အခုခ်ိန္မွာေတာ့ဒါဟာ လက္ထိေဘာ ပဲျဖစ္ပါတယ္။ဒါေျကာင့္ ဂိုးမျဖစ္သင့္ပါဘူး။

VAR စနစ္နဲ႔ ပတ္သက္ျပီး ေျပာစရာေတြ နဲ႔ အျငင္းပြားစရာေတြ ေတာ့ အမ်ားျကီး ရွိေနတာျဖစ္ပါတယ္။အထူးသျဖင့္ ေတာ့ ပထမဆံုး သြင္းဂိုးလို ဂိုးမွာျဖစ္ပါတယ္။ဒါေပမယ့္လည္း ဒီိလိုကိစၥေတြ အတြက္ပဲ ဆံုးျဖတ္ဖို႔ ဒီစနစ္ကို ထည့္သြင္းထားတာျဖစ္ပါတယ္ ” လို႕ေျပာသြားခဲ႔တာျဖစ္ပါတယ္။

လီဗာပူး အသင္းေခါင္းေဆာင္ေဟာင္းတဦးျဖစ္တဲ႔ ဂေရမီေဆာင္းနက္စ္ကလည္း Sky sports ရဲ႕ အစီအစဥ္မွာ – ” လင္ဒယ္ေလာ့ဖ္က အိုရီဂီကို ထိခိုက္ခဲ႔တယ္လို႔ က်ြန္ေတာ္ယူဆပါတယ္။ဘယ္လုိပဲျကည့္ျကည့္ျဖစ္ဒဏ္ေဘာျဖစ္ပါတယ္။မာတစ္အေနနဲ႔ ဒီျဖစ္ရပ္မွာေကာင္းေကာင္းလုပ္ေဆာင္သင့္ခဲ႔ေပမယ့္ သူမလုပ္ႏိုင္ခဲ႔ပါဘူး။

လင္ဒယ္ေလာ့ဖ္အေနနဲ႔ အိုရီဂီကို လံုးဝအတိအက်ကို ထိခဲ႔တာျဖစ္လို႔ ဒါဟာျပစ္ဒဏ္ေဘာျဖစ္ပါတယ္။ဒါေပမယ့္လည္း သူက အဲ႔ဒီေနာက္ကေန ေက်ာ္ျပီးေဘာလံုးကို ရယူသြားခဲ႕ပါတယ္ ” လို႔ ဒိုင္လူျကီးေတြရဲ႕ ဆံုးျဖတ္ခ်က္ကိုေဝဖန္ခဲ႔ပါတယ္။

ယူႏိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ျဖစ္သူရိြဳင္ကိန္းကေတာ့ သူ႔အသင္းေဟာင္း ကံေကာင္းခဲ႔တယ္လို႕ ဝန္ခံခဲ႔ျပီးပထမပိုင္းကစားပံုေျကာင့္ ဒီလိုျဖစ္ဖို႔ ထိုက္တန္ခဲ႔တယ္လို႔ လည္းဆိုပါတယ္။Sky sports ရဲ႕ အစီအစဥ္မွာရိြဳင္ကိန္းက-

” ဒီသြင္းဂိုးမွာ မာေနးရဲ႕ လက္နဲ႔ ေဘာလံုးနဲ႔ ထိခဲ႔ပါတယ္။ဒါေပမယ့္ ဒီလိုပြဲေတြမွာဆိုရင္ ကံတရားရဲ႕ေဖးမမွဳေတြေတာ့လိုတာ ျဖစ္ပါတယ္။ယူႏိုက္တက္ အသင္းက ဒါကို ရခဲ႔ပါတယ္။ဒါေပမယ့္လည္းသူတို႔က ဒီပြဲရဲ႕ အေကာင္းဆံုးအသင္းျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

SPORTS MYANMAR