ဘောလုံး ဟာ ကမ္ဘာ ပေါ်မှာ လူကြိုက် အများဆုံး အားကစား နည်းပါ ။ နာမည်ကျော် အားကစား သမား အမည်တွေကို ချ ရေး ကြည့်မယ် ဆိုရင် ဘောလုံး သမား အမည် က တင်းနစ် ၊ ဂေါ့ဖ် ၊ ဘက်စကတ်ဘော နဲ့ အခြား အားကစား နည်းက နာမည်ကျော်တွေ ထက် အဆမတန် ပိုများနေမှာ အသေ အချာ ပါပဲ ။ ဒါပေမယ့် အားကစား နည်းတွေကို ခုံမင် နှစ်သက် ကြပုံချင်း ၊ အရူး အမူး အားပေး ကြပုံချင်း က တော့ အ တူ တူ ပဲ ဖြစ်ကြမှာပါ ။

ဒီလို လူကြိုက်များတဲ့ အားကစား ဟာ ခေတ်တွေ ပြောင်းလာတာ နဲ့ အမျှ ပုံစံ တွေ ပြောင်းလဲ လာခဲ့ ပါပြီ ။ အားကစား လောက အတွင်းမှာ ကိုပဲ ရေစီးကြောင်း အပြောင်းအလဲ တွေ စတင် နေခဲ့ ပါပြီ ။ ဘောလုံး သမား တွေ ဟာ အရင်တုန်းက လို ရိုးရိုး အေးအေး နေထိုင်ပြီး ဘောလုံး ကိုပဲ အာရုံစိုက် ကစားကြတာ မဟုတ်တော့ ပါဘူး ။ ဆိုရှယ်မီဒီယာတွေ ပေါ် မှာ အချိန်တွေ ပိုပေးလာတယ် ၊ အဝတ် အစားတွေ ၊ ဖက်ရှင်တွေ ၊ ကားတွေ ၊ ဇိမ်ခံ အသုံးအဆောင် တွေ ပေါ်မှာ ပိုမို ပျော်မြူး လာခဲ့ကြပါတယ် ။ ဒါတွေ ဟာ အစပဲ ရှိပါသေးတယ် ။

ဒါပေမယ့် ဒါတွေ ထက် ပိုပြီး စိုးရိမ်ရမယ့် ကိစ္စ တွေ က လတ်တလော မှာ ရှိနေခဲ့ ပါတယ် ။ အဲ့ဒါကတော့ နိုင်ငံရေး ကိစ္စ တွေပါ ။ အခု ကတ်တလန် မှာ အခြေအနေ တွေ က တော်တော်လေး ပြင်းထန် နေပါတယ် ။ ဒါကြောင့် အောက်တိုဘာ ၂၆ မှာ ကစားမယ့် ဘာစီလိုနာ – ရီးရဲ မက်ဒရစ် ပွဲ ကို တောင် ရွှေ့ လိုက်ရ ပါပြီ ။ ဒီလို ရွှေ့လိုက် ရတာ က ဘယ် အသင်းအတွက် အကျိုး ပို ရှိသွား စေမလဲ ဆိုတာ တော့ မသိနိုင် ပါဘူး ။ သေချာတာ ကတော့ တစ်ခုခု အပြောင်း အလဲ ဖြစ်လာဖို့ ကံတရားက စီမံ လာခဲ့ တာပါ ။

Brexit ဆိုတာ ကတော့ ဥရောပ ကနေ ဗြိတိန် တို့ ခွဲထွက် တာပါပဲ ။ ဗြိတိန် ကျွန်းစု နိုင်ငံတွေ ဖြစ်တဲ့ အင်္ဂလန် ၊ စကော့တလန် ၊ အိုင်ယာန် နဲ့ မြောက် အိုင်ယာလန် တို့ဟာ ဥရောပ ယူနီယံကြီး ကနေ ခွဲထွက် ပြီး သီးခြား ရပ်တည် ဖို့ အစီအစဉ် တွေ ရေးဆွဲ နေပြီလို့ အသံလွှင့် ထားခဲ့တာ ကြာပါပြီ ။ အခု ထိ တော့ အလုံးစုံ အကောင် အထည် မပေါ် သေးပါဘူး ။

Brexit သာ တကယ် ဖြစ်လာ ခဲ့ရင် စီးပွားရေး ၊ ကုန်စည် ကူးသန်းရောင်းဝယ် ရေး ကဏ္ဍ တွေ ပြောင်းလဲ ကုန် မှာပါ ။ အားကစား မှာလည်း ဒီလို ပါပဲ ။ ဗြိတိန် က ခွဲထွက် မယ် ဆိုရင် အင်္ဂလန် ပရီးမီးယားလိဂ် အပါ အဝင် စကော့လိဂ် တို့ ဟာ UEFA ကနေ ကင်းလွတ် သွားမှာ ဖြစ်ပြီး ချန်ပီယံ လိဂ် ပြိုင်ပွဲ ကနေ လည်း ထွက်ရဖွယ် ရှိ ပါတယ် ။

ငွေကြေး တောင့်တင်း တဲ့ ပရီးမီးယားလိဂ် ကတော့ ဒါကို ကြံကြံခံ နိုင်မယ် လို့ ယုံကြည်ထား ပေမယ့် ပြည်ပ ကစား သမား ၀င်ထွက်မှု မှာတော့ အကြီး အကျယ် ပြောင်းလဲ သွားနိုင် ပါတယ် ။ မကြာသေးခင် က ပဲ ဗြိတိန် ရဲ့ ဥပဒေ ကျွမ်းကျင် တစ်ဦးက Brexit ပြုလုပ်ပြီး ပါက အပြစ်ဒဏ် ကျခံ ထားရတဲ့ သူတွေကို ဗြိတိန် အတွင်း ၀င်ခွင့် မပြု မယ့် အဆိုကို တင်သွားမယ် လို့ဆိုလာ ခဲ့ ပါတယ် ။

ဒါဟာ အခွန်ရှောင်လွှဲ ခဲ့တာကြောင့် ဆိုင်းငံ့ ထောင်ဒဏ်တွေ ကျခံ ထားရတဲ့ မက်ဆီ ၊ နေမာ အပါ အဝင် အခြား သော ကစား သမားတွေ အနေနဲ့ ဗြိတိန် ကျွန်းစု ကို ခြေချ ခွင့် ရရှိတော့ မှာ မဟုတ်ဘဲ ပရီးမီးယားလိဂ် ကို လည်း လာရောက် ကစားနိုင် တော့ မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် Brexit ဟာ တကယ် ဖြစ်မလာ သေးဘဲ နိုင်ငံရေးလှည့်ကွက် တစ်ခု လည်း ဖြစ်ကောင်း ဖြစ်လာ နိုင် ပါတယ် ။

ကတ်တလန် ဒေသ က တော့ ဗြိတိန် လို မဟုတ်ဘဲ အမှန် တကယ်ကြီး ခွဲထွက် ဖို့ ဆုံးဖြတ် ထားတာပါ ။ စပိန် ရဲ့ လက်အောက်ခံ ဒေသအဖြစ် ရှိမနေချင် တော့တာ ကြောင့် ကတ်တလန် ကို သီးခြား လွတ်လပ်ခွင့် ပြု့ပီး နိုင်ငံ ထူထောင် ဖို့ ဒေသခံ နိုင်ငံရေး သမားတွေ စီစဉ် နေခဲ့တာ ကြာခဲ့ ပါပြီ ။

တကယ်လို့ ကတ်တလန် သာ ခွဲထွက် သွားခဲ့ရင် ဒီဒေသထဲ မှာ ရှိတဲ့ ဘောလုံး အသင်းတွေ ( ဘာစီလိုနာ ၊ အက်စ်ပန်ညို ၊ ဂရန်နာဒါ ) ဟာ လာလီဂါ မှာ ၀င် ကစားခွင့် ရဖို့ မသေချာတော့ ပါဘူး ။ အစောပိုင်း နှစ်တွေ တုန်းက ဘာစီလိုနာ နဲ့ အက်စ်ပန်ညို တို့ ဟာ ကတ်တလန် ခွဲထွက် ခဲ့ပါက အင်္ဂလန် နဲ့ ပြင်သစ် လိဂ်တွေ မှာ ၀င်ကစား ဖို့ ညှိနှိုင်း နေတယ်လို့ သတင်းတွေ ထွက်ခဲ့ ဖူး ပါတယ် ။

ခွဲထွက်ကြပြီ ဆိုရင်တော့ ကောင်းတာရော ဆိုးတာပါ ဖြစ်လာ မှာပါပဲ ။ ကဏ္ဍ တစ်ခု တည်း ရဲ့ အကျိုးကို ကြည့်လို့ မရတော့ ပါဘူး ။ နောက်ပြီး ဒါဟာ ရှုပ်ထွေးတဲ့ နိုင်ငံရေး ကိစ္စ ဖြစ်တာကြောင့် ဒီလို ခွဲထွက်မှု တွေ ဟာ အားကစား အပါ အဝင် အခြား ကဏ္ဍ တွေကို ရိုက်ခတ် လာမှာ အသေအချာ ပါပဲ ။

အားကစား ဟာ အရင်တုန်းက အရောင် အဆင်း မရှိဘဲ ရိုးရိုး ရှင်းရှင်း ဖြစ်ခဲ့ ပါတယ် ။ ကစား သမားတွေ အားလုံး ဟာ အားကစား စိတ်ဓါတ် အပြည့် ရှိကြသလို ပြိုင်ပွဲတွေ ဟာလည်း ပြိုင်ပွဲ အရသာ အပြည့်အဝ ရှိခဲ့ကြ ပါတယ် ။ အောင်မြင်မှု ရဖို့ သွေးတွေ ချွေးတွေ ဇွဲလုံ့လ ၀ီရိယ အပြည့် နဲ့ ယှဉ်ပြိုင် ခဲ့ကြ ပါတယ် ။ အားကစား ဟာ အားကစားဆန်ခဲ့ ပါတယ် ။

အခု အချိန် မှာတော့ အားကစား ဟာ စီးပွားရေး ဆန်လာ ကြပါပြီ ။ အရောင်တွေ ဆိုးခံ နေရ ပါပြီ ။ ဒါကို နိုင်ငံရေး ကိစ္စ တွေ နဲ့ အရောင် ထပ်ဆိုး ကြတော့ မှာပါ ။ ဘာတွေ ဆက်ဖြစ်လာ မလဲ ဆိုတာ မှန်းရ ခက်ပေမယ့် စိတ်မကောင်း စရာတွေ ကတော့ အနည်းနဲ့ အများဆို သလို ပါလာ မှာ အသေ အချာ ပါပဲ ။

SPORTS MYANMAR

ကတ္တလန္ ၊ Brexit တို႔နဲ႔ ႏုိင္ငံေရးေၾကာင့္ အေရာင္စြန္းထင္းရေတာ့မယ့္ အားကစားေလာက . . .

=========================================

ေဘာလံုး ဟာ ကမၻာ ေပၚမွာ လူႀကဳိက္ အမ်ားဆံုး အားကစား နည္းပါ ။ နာမည္ေက်ာ္ အားကစား သမား အမည္ေတြကို ခ် ေရး ၾကည့္မယ္ ဆိုရင္ ေဘာလံုး သမား အမည္ က တင္းနစ္ ၊ ေဂါ့ဖ္ ၊ ဘက္စကတ္ေဘာ နဲ႔ အျခား အားကစား နည္းက နာမည္ေက်ာ္ေတြ ထက္ အဆမတန္ ပိုမ်ားေနမွာ အေသ အခ်ာ ပါပဲ ။ ဒါေပမယ့္ အားကစား နည္းေတြကို ခံုမင္ ႏွစ္သက္ ၾကပံုခ်င္း ၊ အရူး အမူး အားေပး ၾကပံုခ်င္း က ေတာ့ အ တူ တူ ပဲ ျဖစ္ၾကမွာပါ ။

ဒီလို လူႀကဳိက္မ်ားတဲ့ အားကစား ဟာ ေခတ္ေတြ ေျပာင္းလာတာ နဲ႕ အမွ် ပံုစံ ေတြ ေျပာင္းလဲ လာခဲ့ ပါၿပီ ။ အားကစား ေလာက အတြင္းမွာ ကိုပဲ ေရစီးေၾကာင္း အေျပာင္းအလဲ ေတြ စတင္ ေနခဲ့ ပါၿပီ ။ ေဘာလံုး သမား ေတြ ဟာ အရင္တုန္းက လုိ ရိုးရိုး ေအးေအး ေနထုိင္ၿပီး ေဘာလံုး ကိုပဲ အာရံုစိုက္ ကစားၾကတာ မဟုတ္ေတာ့ ပါဘူး ။ ဆိုရွယ္မီဒီယာေတြ ေပၚ မွာ အခ်ိန္ေတြ ပိုေပးလာတယ္ ၊ အ၀တ္ အစားေတြ ၊ ဖက္ရွင္ေတြ ၊ ကားေတြ ၊ ဇိမ္ခံ အသံုးအေဆာင္ ေတြ ေပၚမွာ ပိုမို ေပ်ာ္ျမဴး လာခဲ့ၾကပါတယ္ ။ ဒါေတြ ဟာ အစပဲ ရွိပါေသးတယ္ ။

ဒါေပမယ့္ ဒါေတြ ထက္ ပိုၿပီး စိုးရိမ္ရမယ့္ ကိစၥ ေတြ က လတ္တေလာ မွာ ရွိေနခဲ့ ပါတယ္ ။ အဲ့ဒါကေတာ့ ႏိုင္ငံေရး ကိစၥ ေတြပါ ။ အခု ကတ္တလန္ မွာ အေျခအေန ေတြ က ေတာ္ေတာ္ေလး ျပင္းထန္ ေနပါတယ္ ။ ဒါေၾကာင့္ ေအာက္တိုဘာ ၂၆ မွာ ကစားမယ့္ ဘာစီလုိနာ – ရီးရဲ မက္ဒရစ္ ပြဲ ကို ေတာင္ ေရႊ႕ လုိက္ရ ပါၿပီ ။ ဒီလုိ ေရႊ႕လုိက္ ရတာ က ဘယ္ အသင္းအတြက္ အက်ဳိး ပုိ ရွိသြား ေစမလဲ ဆုိတာ ေတာ့ မသိႏုိင္ ပါဘူး ။ ေသခ်ာတာ ကေတာ့ တစ္ခုခု အေျပာင္း အလဲ ျဖစ္လာဖို႔ ကံတရားက စီမံ လာခဲ့ တာပါ ။

Brexit ဆိုတာ ကေတာ့ ဥေရာပ ကေန ၿဗိတိန္ တို႔ ခြဲထြက္ တာပါပဲ ။ ၿဗိတိန္ ကြ်န္းစု ႏုိင္ငံေတြ ျဖစ္တဲ့ အဂၤလန္ ၊ စေကာ့တလန္ ၊ အုိင္ယာန္ နဲ႔ ေျမာက္ အုိင္ယာလန္ တို႔ဟာ ဥေရာပ ယူနီယံႀကီး ကေန ခြဲထြက္ ၿပီး သီးျခား ရပ္တည္ ဖို႔ အစီအစဥ္ ေတြ ေရးဆြဲ ေနၿပီလို႔ အသံလႊင့္ ထားခဲ့တာ ၾကာပါၿပီ ။ အခု ထိ ေတာ့ အလံုးစံု အေကာင္ အထည္ မေပၚ ေသးပါဘူး ။

Brexit သာ တကယ္ ျဖစ္လာ ခဲ့ရင္ စီးပြားေရး ၊ ကုန္စည္ ကူးသန္းေရာင္း၀ယ္ ေရး က႑ ေတြ ေျပာင္းလဲ ကုန္ မွာပါ ။ အားကစား မွာလည္း ဒီလို ပါပဲ ။ ၿဗိတိန္ က ခြဲထြက္ မယ္ ဆိုရင္ အဂၤလန္ ပရီးမီးယားလိဂ္ အပါ အ၀င္ စေကာ့လိဂ္ တို႔ ဟာ UEFA ကေန ကင္းလြတ္ သြားမွာ ျဖစ္ၿပီး ခ်န္ပီယံ လိဂ္ ၿပဳိင္ပြဲ ကေန လည္း ထြက္ရဖြယ္ ရွိ ပါတယ္ ။

ေငြေၾကး ေတာင့္တင္း တဲ့ ပရီးမီးယားလိဂ္ ကေတာ့ ဒါကို ႀကံႀကံခံ ႏုိင္မယ္ လုိ႔ ယံုၾကည္ထား ေပမယ့္ ျပည္ပ ကစား သမား ၀င္ထြက္မႈ မွာေတာ့ အႀကီး အက်ယ္ ေျပာင္းလဲ သြားႏုိင္ ပါတယ္ ။ မၾကာေသးခင္ က ပဲ ၿဗိတိန္ ရဲ႕ ဥပေဒ ကြ်မ္းက်င္ တစ္ဦးက Brexit ျပဳလုပ္ၿပီး ပါက အျပစ္ဒဏ္ က်ခံ ထားရတဲ့ သူေတြကို ၿဗိတိန္ အတြင္း ၀င္ခြင့္ မျပဳ မယ့္ အဆုိကို တင္သြားမယ္ လို႔ဆိုလာ ခဲ့ ပါတယ္ ။

ဒါဟာ အခြန္ေရွာင္လႊဲ ခဲ့တာေၾကာင့္ ဆုိင္းငံ့ ေထာင္ဒဏ္ေတြ က်ခံ ထားရတဲ့ မက္ဆီ ၊ ေနမာ အပါ အ၀င္ အျခား ေသာ ကစား သမားေတြ အေနနဲ႔ ၿဗိတိန္ ကြ်န္းစု ကို ေျခခ် ခြင့္ ရရွိေတာ့ မွာ မဟုတ္ဘဲ ပရီးမီးယားလိဂ္ ကို လည္း လာေရာက္ ကစားႏုိင္ ေတာ့ မွာ မဟုတ္ပါဘူး ။ ဒါေပမယ့္ Brexit ဟာ တကယ္ ျဖစ္မလာ ေသးဘဲ ႏုိင္ငံေရးလွည့္ကြက္ တစ္ခု လည္း ျဖစ္ေကာင္း ျဖစ္လာ ႏိုင္ ပါတယ္ ။

ကတ္တလန္ ေဒသ က ေတာ့ ၿဗိတိန္ လို မဟုတ္ဘဲ အမွန္ တကယ္ႀကီး ခြဲထြက္ ဖို႔ ဆံုးျဖတ္ ထားတာပါ ။ စပိန္ ရဲ႕ လက္ေအာက္ခံ ေဒသအျဖစ္ ရွိမေနခ်င္ ေတာ့တာ ေၾကာင့္ ကတ္တလန္ ကို သီးျခား လြတ္လပ္ခြင့္ ျပဳ႔ပီး ႏုိင္ငံ ထူေထာင္ ဖုိ႔ ေဒသခံ ႏုိင္ငံေရး သမားေတြ စီစဥ္ ေနခဲ့တာ ၾကာခဲ့ ပါၿပီ ။

တကယ္လုိ႔ ကတ္တလန္ သာ ခြဲထြက္ သြားခဲ့ရင္ ဒီေဒသထဲ မွာ ရွိတဲ့ ေဘာလံုး အသင္းေတြ ( ဘာစီလုိနာ ၊ အက္စ္ပန္ညဳိ ၊ ဂရန္နာဒါ ) ဟာ လာလီဂါ မွာ ၀င္ ကစားခြင့္ ရဖို႔ မေသခ်ာေတာ့ ပါဘူး ။ အေစာပုိင္း ႏွစ္ေတြ တုန္းက ဘာစီလုိနာ နဲ႔ အက္စ္ပန္ညဳိ တို႔ ဟာ ကတ္တလန္ ခြဲထြက္ ခဲ့ပါက အဂၤလန္ နဲ႔ ျပင္သစ္ လိဂ္ေတြ မွာ ၀င္ကစား ဖုိ႔ ညွိႏႈိင္း ေနတယ္လို႔ သတင္းေတြ ထြက္ခဲ့ ဖူး ပါတယ္ ။

ခြဲထြက္ၾကၿပီ ဆုိရင္ေတာ့ ေကာင္းတာေရာ ဆုိးတာပါ ျဖစ္လာ မွာပါပဲ ။ က႑ တစ္ခု တည္း ရဲ႕ အက်ဳိးကို ၾကည့္လို႔ မရေတာ့ ပါဘူး ။ ေနာက္ၿပီး ဒါဟာ ရွဳပ္ေထြးတဲ့ ႏုိင္ငံေရး ကိစၥ ျဖစ္တာေၾကာင့္ ဒီလို ခြဲထြက္မႈ ေတြ ဟာ အားကစား အပါ အ၀င္ အျခား က႑ ေတြကို ရုိက္ခတ္ လာမွာ အေသအခ်ာ ပါပဲ ။

အားကစား ဟာ အရင္တုန္းက အေရာင္ အဆင္း မရွိဘဲ ရိုးရိုး ရွင္းရွင္း ျဖစ္ခဲ့ ပါတယ္ ။ ကစား သမားေတြ အားလံုး ဟာ အားကစား စိတ္ဓါတ္ အျပည့္ ရွိၾကသလို ၿပဳိင္ပြဲေတြ ဟာလည္း ၿပဳိင္ပြဲ အရသာ အျပည့္အ၀ ရွိခဲ့ၾက ပါတယ္ ။ ေအာင္ျမင္မႈ ရဖို႔ ေသြးေတြ ေခြ်းေတြ ဇြဲလံု႔လ ၀ီရိယ အျပည့္ နဲ႔ ယွဥ္ၿပဳိင္ ခဲ့ၾက ပါတယ္ ။ အားကစား ဟာ အားကစားဆန္ခဲ့ ပါတယ္ ။

အခု အခ်ိန္ မွာေတာ့ အားကစား ဟာ စီးပြားေရး ဆန္လာ ၾကပါၿပီ ။ အေရာင္ေတြ ဆိုးခံ ေနရ ပါၿပီ ။ ဒါကို ႏုိင္ငံေရး ကိစၥ ေတြ နဲ႔ အေရာင္ ထပ္ဆုိး ၾကေတာ့ မွာပါ ။ ဘာေတြ ဆက္ျဖစ္လာ မလဲ ဆုိတာ မွန္းရ ခက္ေပမယ့္ စိတ္မေကာင္း စရာေတြ ကေတာ့ အနည္းနဲ႔ အမ်ားဆို သလို ပါလာ မွာ အေသ အခ်ာ ပါပဲ ။

SPORTS MYANMAR