အာဆင်နယ် အသင်း ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲဆက် ပွဲထွက် ကစားခွင့် ရထားတဲ့ လူငယ်ကြယ်ပွင့် ဘူကာရို ဆာကာ က တိုက်စစ်မှူး လာကာဇက် ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်ပေမယ့် အသင်းကြီးမှာ ပုံမှန် ပွဲထွက် ကစားခွင့်ရဖို့ ဆက်လက် တိုက်ပွဲဝင် သွားမယ်လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ လာကာဇက် ဒဏ်ရာ ရနေတဲ့ အချိန်မှာ ဘယ်တောင်ပံ တိုက်စစ် နေရာမှာ လူငယ် ကြယ်ပွင့် ဆာကာ ကို ယုံယုံကြည်ကြည်နဲ့ ပွဲထွက် ကစားခွင့် ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဆာကာက Football London နဲ့ အင်တာဗျူးမှာ ” ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားတွေ အားလုံး အသင်းအတွက် ကစားပေးနိုင်ရင် အကောင်းဆုံးပါပဲ၊ကစားသမား တစ်ယောက် ဒဏ်ရာ ရသွားရင် နောက်တစ်ယောက် အတွက် ကစားရဖို့ အခွင့်အရေး ရတာပါပဲ ။ ”

” ဒါပေမယ့် ကျနော်ကတော့ အသင်းသားတွေ အားလုံး ပြန်ကစားနိုင်ပြီး အာဆင်နယ် အသင်း အတွက် အကောင်းဆုံး ပေးဆပ် ကစားကြတာကို မြင်တွေ့ချင်တဲ့သူပါ ။နည်းပြက ကျနော် ဘာလုပ်နိုင်သလဲ သိသလို တခြား ကစားသမားတွေ ဘာလုပ်နိုင်သလဲ ဆိုတာလည်း သိပါတယ် ။ ”

Arsenal’s Brazilian defender David Luiz (2nd R) congratulates Arsenal’s French striker Alexandre Lacazette on scoring the opening goal of the English Premier League football match between Arsenal and Burnley at the Emirates Stadium in London on August 17, 2019. (Photo by Daniel LEAL-OLIVAS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. / (Photo credit should read DANIEL LEAL-OLIVAS/AFP/Getty Images)

” မတူညီတဲ့ ပွဲတွေ အတွက် မတူညီတဲ့ ကစားသမားတွေ လိုအပ်ပါတယ် ၊ ဒါပေမယ့် ကျနော့် အနေနဲ့ နည်းပြကြီးရဲ့ယုံကြည်မှု ရအောင် ကစားထားနိုင်တယ်လို့ ထင်မိပါတယ် ၊ နည်းပြကြီး က ကျနော့်ကို ဘယ်ပွဲမှာပဲ ကစားခိုင်းခိုင်း အကောင်းဆုံး ကြိုးစား ကစားသွားမှာပါ ။ ”

ဆက်လက်ပြီး ဆာကာ က ” နည်းပြကြီးက ကျနော့် အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ် ။ကျနော် ကိုယ်တိုင်လည်း နေ့တိုင်း လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန် ကြိုးစားနေပါတယ် ၊ နည်းပြကြီးက ကျနော့်ကို အသင်းကြီးမှာ ကစားဖို့ အခွင့်အရေး ပေးခဲ့တာပါ ။ ”

” စီနီယာ ကစားသမားတွေဆီကနေ ပညာတွေ အများကြီး ရပါတယ် ၊ ဒါတွေကို ကစားခွင့် ရတဲ့အခါမှာ ပြန်အသုံးချပါတယ် ၊ ကျနော် အသင်းကြီးမှာ ကစားခွင့် ရဦးမှာလားဆိုတာတော့ မသိပါဘူး ၊ ကျနော်ကတော့ အပြင်းအထန် လေ့ကျင့်ပြီး ကျနော်လုပ်နိုင်သလောက် စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့ ကြိုးစားသွားမှာပါ ။ ”

” နည်းပြကြီး က ကျနော့်ကို အခွင့်အရေး ပေးလာတဲ့ အခါမျိုးမှာ အကောင်းဆုံး ကစားသွားမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ မနက်ဖြန် နံနက် မြန်မာစံတော်ချိန် ၁:၃၀ မှာ ရှက်ဖီးယူနိုက်တက် အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။