ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႕ည က ကစား သြားခဲ့တဲ့ အာဆင္နယ္ အသင္း နဲ႕ ယူရိုပါလိဂ္ ဖိုင္နယ္ ပြဲစဥ္ မွာ အာဆင္နယ္ ကို ဒုတိယပိုင္း သြင္းဂိုး ေတြနဲ႕ အတူ ၄ – ၁ နဲ႕ ဂိုးျပတ္ အႏိုင္ ရကာ ဒီႏွစ္ ေဘာလံုး ရာသီ ကို ဆုဖလား ေအာင္ျမင္မႈ နဲ႕ အတူ ရာသီသိမ္း ႏိုင္ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ရလဒ္ေကာင္း ေတြ ၊ ရလဒ္ဆိုး ေတြနဲ႕ ဒြန္တြဲ ေနတဲ့ အသင္း ဆိုလည္း မမွားႏိုင္ပါဘူး ။

ဒီႏွစ္ ေဘာလံုး ရာသီ အေစာပိုင္း မွာ ခ်ယ္လ္ဆီး အသင္း ဟာ ရလဒ္ေကာင္း ေတြ ဆက္တိုက္ ရရွိ ခဲ့ျပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆု အတြက္ ေရပန္းစား ေနတဲ့ အသင္း စာရင္း မွာေတာင္ ပါဝင္ ခဲ့ပါေသးတယ္ ။ ေနာက္ပိုင္း မွာ ေတာက္ေလွ်ာက္ ရလဒ္ အနိမ့္အျမင့္ ေတြနဲ႕ ၾကံဳေတြ႕ ခဲ့ရျပီး ဇန္နဝါရီ ၊ ေဖေဖာ္ဝါရီ လေတြမွာ အေတာ္ ကို ဆိုးရြားတဲ့ ေျခစြမ္း နဲ႕ ရလဒ္ ေတြနဲ႕ ရင္ဆိုင္ ခဲ့ရပါတယ္ ။

ထို႕အျပင္ ကစားသမား နဲ႕ နည္းျပ ဆာရီ အၾကား စည္းလံုးမႈ ျပိဳကြဲ ေနတယ္ ဆိုတဲ့ သတင္း ေတြကလည္း ဒီၾကား ထဲမွာ အေတာ္ ကို ဟိုးေလး တေက်ာ္ ျဖစ္ခဲ့တဲ့ အေနအထား ေတြ အထိ ေရာက္ခဲ့ ရပါတယ္ ။ ဘယ္လိုပဲ ျဖစ္ျဖစ္ အဆံုး မွာေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႕ ယူရိုပါလိဂ္ ဖလား ေတြကို ခ်ယ္လ္ဆီး အသင္း ပိုင္ဆိုင္ ႏိုင္ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး နဲ႕ အာဆင္နယ္ အသင္းတို႕ရဲ႕ ကြင္းလယ္လူ ေဟာင္း ဆက္စ္ ဖာဘရီဂတ္စ္ ကေတာ့ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း အတြင္း ရလဒ္ မတည္ျငိမ္မႈ ၊ ကစားသမား နဲ႕ နည္းျပ အၾကား ဆက္ဆံေရး မေျပလည္မႈ ၊ နည္းျပ အေျပာင္းအလဲ ၊ ကစားသမား အဝင္အထြက္ အစရွိတဲ့ အေျခအေန ေတြနဲ႕ ပတ္သက္ျပီး ဘုတ္အဖြဲ႕ ရဲ႕ ကိုင္တြယ္ပံု ကို BT Sports ရဲ႕ ပြဲျပီး အစီအစဥ္ တခု မွာ ေဆြးေႏြး သံုးသပ္ ခဲ့ပါတယ္ ။

ဖာဘရီဂတ္စ္ က ” ကြ်န္ေတာ္ ခ်ယ္လ္ဆီး အသင္း မွာ ကစား လာတဲ့ ကာလပတ္လံုး မွာ အသင္း အတြင္း တခါတေလ အႏႈတ္လကၡဏာ ေဆာင္တဲ့ အေျခအေန ေတြ ၊ အခိုက္အတန္႕ ေတြ ၾကံဳေတြ႕ ခဲ့ရဖူးပါတယ္ ။ တကယ္လည္း တခုမဟုတ္ ၊ တခု မေကာင္းတဲ့ သတင္း ေတြ အျမဲ လိုလို ထြက္ေပၚ ေနခဲ့ပါတယ္ ။ ဟိုေဆး ဟာလည္း ခ်ယ္လ္ဆီး အသင္း ကို ဒုတိယ အၾကိမ္ေျမာက္ ကိုင္တြယ္ျပီး အသင္းသား ေတြနဲ႔ မေက်လည္မႈ ေတြ ျဖစ္ခဲ့ လိုက္ပါေသးတယ္ ။ ”

” အန္တိုနီယို ဆိုရင္လည္း ခ်ယ္လ္ဆီး ကေန အထုတ္ခံ ခဲ့ရျပီး ခံုရုံး ကို သြားရတဲ့ အဆင့္ အထိ ေတာင္ ေရာက္ခဲ့ရပါတယ္ ။ တခ်ိဳ႕ ထိပ္တန္း ကစားသမား ေတြျဖစ္တဲ့ ဒီေယဂို ( ေကာ္စတာ ) ၊ သီေဘာက္ ( ေကာ္တိြဳက္စ္ ) တို႕ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ကစားေပး ခဲ့ၾကပါတယ္ ။ ဒါေပမယ့္ အသင္း ကေန ေျပာင္းေရႊ႕ တဲ့ အခါမွာ သူတို႕ဟာ ျပင္ပ မီဒီယာ ေတြရဲ႕ လႊမ္းမိုးမႈ နဲ႕ နာမည္ဆိုး ၊ သတင္းဆိုး ေတြနဲ႕ အသင္း ေျပာင္းခဲ့ ရပါတယ္ ။ ”

” ဒီလို အေနအထား ေတြမွာ ကလပ္ ရဲ႕ ဘုတ္အဖြဲ႕ က ကာကြယ္ေပးတာမ်ိဳး ၊ သတင္း အမွန္ ေတြ အတည္ျပဳ ထုတ္ေဖာ္ ေျပာဆို တာမ်ိဳး လံုးဝ မလုပ္ခဲ့ပါဘူး ။ ဒါေၾကာင့္ ခ်ယ္လ္ဆီး ပရိသတ္ ေတြဟာ ထြက္သြားတဲ့ ကစားသမား တခ်ိဳ႕ ကို အျမင္မၾကည္ တာေတြ ရွိတတ္ၾကပါတယ္ ။ သူတို႕ ဟာ တိက် ေသခ်ာတဲ့ အခ်က္အလက္ ေတြကို ထုတ္ေဖာ္ တတ္ေလ့ မရွိသလို ကစားသမား တေယာက္ ေကာလဟလ မ်ားစြာ ထြက္ေနရင္လည္း သတင္းစာ ရွင္းလင္းပြဲ တခုခု လုပ္ျပီး ေျဖရွင္း ေပးဖို႕လည္း မရွိပါဘူး ။ ”

” ဒီလို ပံုစံေတြေၾကာင့္ အသင္း နဲ႕ ပတ္သက္ျပီး မေကာင္းတဲ့ အယူအဆ တခ်ိဳ႕ ေတြ ျဖစ္ေပၚ လာရသလို နည္းျပ ကလည္း သတင္းစာ ရွင္းလင္းပြဲ ေတြမွာ သြယ္ဝိုက္တဲ့ နည္းနဲ႔ ေျဖရွင္း ေပးေနရေတာ့ ျပႆနာ ေတြက ပိုပိုျပီး ၾကီးမား လာတာ ျဖစ္ပါတယ္ ။ အမွန္ဆို အသင္း နဲ႕ ပတ္သက္တဲ့ သူတိုင္း ကို လူေတြက အျမင္ ၾကည္ကို ၾကည္ရမယ့္ ပံုစံ မွာ ရွိေနရပါမယ္ ။ ဥပမာ အားျဖင့္ ဒီည မွာ ကစားခဲ့တဲ့ ယူရိုပါလိဂ္ ဖိုင္နယ္ ပြဲလိုေပါ့ ။ ပြဲမတိုင္ခင္ ကဆို ကြ်န္ေတာ္ တို႕ဟာ ခ်ယ္လ္ဆီး နဲ႕ ပတ္သက္တဲ့ မေကာင္း သတင္းေတြကို ေဆြးေႏြး ေနခဲ့ရပါတယ္ ။ ”

” အမွန္ဆို ကြ်န္ေတာ္ တို႕ဟာ ဒီေနရာ မွာ ဒီႏွစ္ ေဘာလံုး ရာသီ ခ်ယ္လ္ဆီး အသင္း ရဲ႕ စြမ္းေဆာင္ရည္ ဘယ္လိုေတြ ေကာင္းခဲ့လဲ ဆိုတာ ေျပာေနသင့္တဲ့ အေနအထားပါ ။ ဒါေၾကာင့္မို႕ အနာဂတ္ မွာ ဒီအေျခအေန မ်ိဳးေတြမွာ ခ်ယ္လ္ဆီး အသင္း ဘုတ္အဖြဲ႕ အေနနဲ႕ မူတခုခု ေျပာင္းဖို႕ လိုလာပါျပီ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီး ဘုတ်အဖွဲ့ ရဲ့ လုပ်ဆောင်ပုံ တွေကို ဝေဖန် လိုက်တဲ့ #ဖာဘရီဂတ်စ်

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည က ကစား သွားခဲ့တဲ့ အာဆင်နယ် အသင်း နဲ့ ယူရိုပါလိဂ် ဖိုင်နယ် ပွဲစဉ် မှာ အာဆင်နယ် ကို ဒုတိယပိုင်း သွင်းဂိုး တွေနဲ့ အတူ ၄ – ၁ နဲ့ ဂိုးပြတ် အနိုင် ရကာ ဒီနှစ် ဘောလုံး ရာသီ ကို ဆုဖလား အောင်မြင်မှု နဲ့ အတူ ရာသီသိမ်း နိုင်ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ရလဒ်ကောင်း တွေ ၊ ရလဒ်ဆိုး တွေနဲ့ ဒွန်တွဲ နေတဲ့ အသင်း ဆိုလည်း မမှားနိုင်ပါဘူး ။

ဒီနှစ် ဘောလုံး ရာသီ အစောပိုင်း မှာ ချယ်လ်ဆီး အသင်း ဟာ ရလဒ်ကောင်း တွေ ဆက်တိုက် ရရှိ ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းစား နေတဲ့ အသင်း စာရင်း မှာတောင် ပါဝင် ခဲ့ပါသေးတယ် ။ နောက်ပိုင်း မှာ တောက်လျှောက် ရလဒ် အနိမ့်အမြင့် တွေနဲ့ ကြုံတွေ့ ခဲ့ရပြီး ဇန်နဝါရီ ၊ ဖေဖော်ဝါရီ လတွေမှာ အတော် ကို ဆိုးရွားတဲ့ ခြေစွမ်း နဲ့ ရလဒ် တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

ထို့အပြင် ကစားသမား နဲ့ နည်းပြ ဆာရီ အကြား စည်းလုံးမှု ပြိုကွဲ နေတယ် ဆိုတဲ့ သတင်း တွေကလည်း ဒီကြား ထဲမှာ အတော် ကို ဟိုးလေး တကျော် ဖြစ်ခဲ့တဲ့ အနေအထား တွေ အထိ ရောက်ခဲ့ ရပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံး မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ယူရိုပါလိဂ် ဖလား တွေကို ချယ်လ်ဆီး အသင်း ပိုင်ဆိုင် နိုင်ခဲ့ပါတယ် ။

ချယ်လ်ဆီး နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ကွင်းလယ်လူ ဟောင်း ဆက်စ် ဖာဘရီဂတ်စ် ကတော့ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း အတွင်း ရလဒ် မတည်ငြိမ်မှု ၊ ကစားသမား နဲ့ နည်းပြ အကြား ဆက်ဆံရေး မပြေလည်မှု ၊ နည်းပြ အပြောင်းအလဲ ၊ ကစားသမား အဝင်အထွက် အစရှိတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ဘုတ်အဖွဲ့ ရဲ့ ကိုင်တွယ်ပုံ ကို BT Sports ရဲ့ ပွဲပြီး အစီအစဉ် တခု မှာ ဆွေးနွေး သုံးသပ် ခဲ့ပါတယ် ။

ဖာဘရီဂတ်စ် က ” ကျွန်တော် ချယ်လ်ဆီး အသင်း မှာ ကစား လာတဲ့ ကာလပတ်လုံး မှာ အသင်း အတွင်း တခါတလေ အနှုတ်လက္ခဏာ ဆောင်တဲ့ အခြေအနေ တွေ ၊ အခိုက်အတန့် တွေ ကြံုတွေ့ ခဲ့ရဖူးပါတယ် ။ တကယ်လည်း တခုမဟုတ် ၊ တခု မကောင်းတဲ့ သတင်း တွေ အမြဲ လိုလို ထွက်ပေါ် နေခဲ့ပါတယ် ။ ဟိုဆေး ဟာလည်း ချယ်လ်ဆီး အသင်း ကို ဒုတိယ အကြိမ်မြောက် ကိုင်တွယ်ပြီး အသင်းသား တွေနဲ့ မကျေလည်မှု တွေ ဖြစ်ခဲ့ လိုက်ပါသေးတယ် ။ ”

” အန်တိုနီယို ဆိုရင်လည်း ချယ်လ်ဆီး ကနေ အထုတ်ခံ ခဲ့ရပြီး ခုံရုံး ကို သွားရတဲ့ အဆင့် အထိ တောင် ရောက်ခဲ့ရပါတယ် ။ တချို့ ထိပ်တန်း ကစားသမား တွေဖြစ်တဲ့ ဒီယေဂို ( ကော်စတာ ) ၊ သီဘောက် ( ကော်တွိုက်စ် ) တို့ဟာ ချယ်လ်ဆီး အသင်း အတွက် ကစားပေး ခဲ့ကြပါတယ် ။ ဒါပေမယ့် အသင်း ကနေ ပြောင်းရွှေ့ တဲ့ အခါမှာ သူတို့ဟာ ပြင်ပ မီဒီယာ တွေရဲ့ လွှမ်းမိုးမှု နဲ့ နာမည်ဆိုး ၊ သတင်းဆိုး တွေနဲ့ အသင်း ပြောင်းခဲ့ ရပါတယ် ။ ”

” ဒီလို အနေအထား တွေမှာ ကလပ် ရဲ့ ဘုတ်အဖွဲ့ က ကာကွယ်ပေးတာမျိုး ၊ သတင်း အမှန် တွေ အတည်ပြု ထုတ်ဖော် ပြောဆို တာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး ။ ဒါကြောင့် ချယ်လ်ဆီး ပရိသတ် တွေဟာ ထွက်သွားတဲ့ ကစားသမား တချို့ ကို အမြင်မကြည် တာတွေ ရှိတတ်ကြပါတယ် ။ သူတို့ ဟာ တိကျ သေချာတဲ့ အချက်အလက် တွေကို ထုတ်ဖော် တတ်လေ့ မရှိသလို ကစားသမား တယောက် ကောလဟလ များစွာ ထွက်နေရင်လည်း သတင်းစာ ရှင်းလင်းပွဲ တခုခု လုပ်ပြီး ဖြေရှင်း ပေးဖို့လည်း မရှိပါဘူး ။ ”

” ဒီလို ပုံစံတွေကြောင့် အသင်း နဲ့ ပတ်သက်ပြီး မကောင်းတဲ့ အယူအဆ တချို့ တွေ ဖြစ်ပေါ် လာရသလို နည်းပြ ကလည်း သတင်းစာ ရှင်းလင်းပွဲ တွေမှာ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြေရှင်း ပေးနေရတော့ ပြဿနာ တွေက ပိုပိုပြီး ကြီးမား လာတာ ဖြစ်ပါတယ် ။ အမှန်ဆို အသင်း နဲ့ ပတ်သက်တဲ့ သူတိုင်း ကို လူတွေက အမြင် ကြည်ကို ကြည်ရမယ့် ပုံစံ မှာ ရှိနေရပါမယ် ။ ဥပမာ အားဖြင့် ဒီည မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဖိုင်နယ် ပွဲလိုပေါ့ ။ ပွဲမတိုင်ခင် ကဆို ကျွန်တော် တို့ဟာ ချယ်လ်ဆီး နဲ့ ပတ်သက်တဲ့ မကောင်း သတင်းတွေကို ဆွေးနွေး နေခဲ့ရပါတယ် ။ ”

” အမှန်ဆို ကျွန်တော် တို့ဟာ ဒီနေရာ မှာ ဒီနှစ် ဘောလုံး ရာသီ ချယ်လ်ဆီး အသင်း ရဲ့ စွမ်းဆောင်ရည် ဘယ်လိုတွေ ကောင်းခဲ့လဲ ဆိုတာ ပြောနေသင့်တဲ့ အနေအထားပါ ။ ဒါကြောင့်မို့ အနာဂတ် မှာ ဒီအခြေအနေ မျိုးတွေမှာ ချယ်လ်ဆီး အသင်း ဘုတ်အဖွဲ့ အနေနဲ့ မူတခုခု ပြောင်းဖို့ လိုလာပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR