* အာဆင်နယ် အသင်းကနေ စိန့်အက်တီယန် အသင်းကို အငှား သွားရောက်ကစားနေတဲ့ နောက်ခံလူ ဆာလီဘာ ဟာ မနေ့ညက ဂန်းနား ခေါင်းဆောင်ဟောင်း ကော့စီရယ်နီ ကစားနေတဲ့ ဘော်ဒိုး အသင်း နဲ့ ပြင်သစ်လီဂူးပွဲမှာ ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပြီး ဂိုးမပေးရအောင် စွမ်းဆောင် ပေးနိုင် ခဲ့ပါတယ် ။

* အာဆင်နယ် အမျိုးသမီး အသင်းဟာ မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ Continental Tyres Cup မှာ ချာလ်တန် အမျိုးသမီး အသင်းကို လေးဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။ အာဆင်နယ် အမျိုးသမီး အသင်း အတွက် ဂိုးတွေကိုတော့ ဗန်ဒီဒွန့် က နှစ်ဂိုး ၊ဘက်တီ ၊ ဘက်မိဒ် တို့က သွင်းယူ ပေးခဲ့တာပါ ။

* လီဗာပူး အသင်း ကစားသမားဟောင်း စတန် ကော်လီမိုး က အာဆင်နယ် အသင်းအနေနဲ့ ဒီရာသီမှာသာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ထပ်မံ လွဲချော် ခဲ့ရင် တိုက်စစ်မှူး အူဘာမီယန်း ကို လက်လွှတ် ဆုံးရှုံး ရနိုင်​ချေ ရှိကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

* ဘရစ္စတိုးလ် စီးတီး အသင်းဟာ အာဆင်နယ် အသင်း လူငယ် တိုက်စစ်မှူး အန်ခီရှား ကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ အန်ခီရှား ဟာ လိဒ်ယူနိုက်တက် အသင်းမှာ အငှား သွားရောက်ကစားနေပြီး လေးဂိုးသွင်း တစ်ဂိုးဖန်တီး ပေးထားပါတယ် ။

* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ခံစစ် အတွင်းလူ နေရာ အတွက် ဗီလာရီးရဲလ် အသင်း နဲ့ စပိန် နောက်ခံလူ ပေါ်တောရက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ် တောရက်စ် ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို သန်း ၅၀ အထိ ရှိနေပါတယ် ။

* ၂၀၁၉ ခုနှစ် အတွက် ဖီဖာ Golden Boy ဆုအတွက် ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုမှာ အာဆင်နယ် အသင်း ကွင်းလယ်လူ မက်တီယို ဂွမ်ဒူဇီ ဟာ မဲအရေအတွက် ၃၂၅၉ ( မဲ ၁၃% ) နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့် မဲအရေအတွက် ၃၁၁၀ ( မဲ ၁၃% ) နဲ့ ဒုတိယ လိုက်နေပါတယ် ။ ( နေ့လည် ၂:၃၇ တုန်းက နောက်ဆုံး ရရှိတဲ့ မဲရလဒ် ဖြစ်ပါတယ် )

* ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်း ရရှိထားတဲ့ အဝေးဂိုး ၅ ဂိုးမှာ ၄ ဂိုးကို တိုက်စစ်မှူး အူဘာမီယန်း က သွင်းယူ ပေးထားတာ ဖြစ်ပြီး ကျန်တစ်ဂိုးကတော့ ကွင်းလယ်လူ တော်ရီးယား က သွင်းယူ ပေးခဲ့တာပါ ။

* အူဘာမီယန်း ဟာ အာဆင်နယ် အသင်းအတွက် ၇၅ ပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၄၉ ဂိုး သွင်းယူ ထားနိုင်ပါတယ် ။ အူဘာမီယန်း အနေနဲ့ ရှက်ဖီး ယူနိုက်တက် အသင်းနဲ့ ပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့ပါက အာဆင်နယ် အသင်းအတွက် ပွဲအနည်းဆုံး ကစားပြီး သွင်းဂိုး ၅၀ အမြန်ဆုံး ပြည့်မြောက်တဲ့ ကစားသမား အဖြစ် စံချိန်မှတ်တမ်း စိုက်ထူနိုင်တော့မှာပါ ။

* အာဆင်နယ် အသင်းဟာ တနင်္လာနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့် ထားပြီး ၈ ပွဲနိုင် ၊ ၂ ပွဲ သရေ ကျထားပါတယ်။ အာဆင်နယ် အသင်းဟာ ရှက်ဖီးယူနိုက်တက် အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရတဲ့ နောက်ဆုံး လေးပွဲမှာ နိုင်ပွဲ မရထားဘဲ သုံးပွဲသရေ ၊ တစ်ပွဲသာ ရှုံးနိမ့်ထားပါတယ်။

* အာဆင်နယ် အသင်း နဲ့ ရှက်ဖီးယူနိုက်တက် အသင်းတို့ဟာ ၂၀၀၈ ခုနှစ်တုန်းက ကာလင်းဖလား စတုတ္တအဆင့်မှာ နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံ ခဲ့ကြပါတယ် ။အဆိုပါ ပွဲမှာ အာဆင်နယ် အသင်းဟာ ခြောက်ဂိုးပြတ် အနိုင်ရခဲ့ပြီး ကာလိုစ့်ဗီလာ က ဟက်ထရစ် ၊ ဘန်တနာ က နှစ်ဂိုး ၊ ဝီလ်ရှိုင်းယား က တစ်ဂိုး သွင်းယူ ပေးခဲ့တာပါ ။

* မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၁ :၃၀ မှာ ယှဉ်ပြိုင် ကစားမယ့် ရှက်ဖီးယူနိုက်တက် အသင်း နဲ့ အာဆင်နယ် အသင်းပွဲကို ဒိုင်လူကြီး မိုက်ဒင်း က တာဝန်ယူ ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။ မိုက်ဒင်း ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲ ၃၂ မှာ အာဆင်နယ် အသင်းဟာ ၁၁ ပွဲ အနိုင် ရထားကာ ၁၃ ပွဲသရေ ၈ ပွဲ ရှုံးနိမ့် ထားပါတယ်

* ရှက်ဖီးယူနိုက်တက် အသင်း နဲ့ ပွဲအတွက် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း
——————————————
ဂိုး – လီနို ။
နောက်တန်း – ချိန်ဘာ ၊ လူးဝဇ် ၊ ဆိုကရက်တစ်၊ တီယာနေး ။
အလယ်တန်း – ဂွမ်ဒူဇီ ၊ ရှာကာ ၊ စီဘယ်လောစ့် ။
ရှေ့တန်း – အူဘာမီယန်း ၊ နီကိုလပ်စ် ပေပေ ၊ လာကာဇက် ။

* ရှက်ဖီးယူနိုက်တက် နဲ့ အာဆင်နယ်ပွဲအပေါ် ဘောလုံးကျွမ်းကျင်သူများရဲ့ ခန်းမှန်းချက်များ
——————————————

ချာလီ နီကိုလပ်စ် (ရှက်ဖီးယူနိုက်တက် ၂ – ၃ အာဆင်နယ်)
ရော်ဘီဆားဗေ့ဂျ် ( ရှက်ဖီးယူနိုက်တက် ၁ – ၁ အာဆင်နယ် )
လော်ရိုး ( ရှက်ဖီးယူနိုက်တက် ၀- ၂ အာဆင်နယ် )
အဲလက်စ်စကော့ ( ရှက်ဖီးယူနိုက်တက် ၁ – ၄ အာဆင်နယ် )
နေးလ်ဂျုုံးစ် ( ရှက်ဖီးယူနိုက်တက် ၀ -၃ အာဆင်နယ် )
မိုက်ကယ်အိုဝင် ( ရှက်ဖီးယူနိုက်တက် (သရေ) အာဆင်နယ် )

SPORTS MYANMAR