မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ မနေ့ ညက လီဗာပူး အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရတဲ့ ပွဲစဉ် မှာ အသင်းဖော် ဒန်နီယယ် ဂျိမ်းစ် နဲ့ အတူ တိုက်စစ် မှာ ပါဝင် ခဲ့ပြီး ပွဲချိန် 36 မိနစ် မှာ အသင်း အတွက် ဦးဆောင် ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ အင်္ဂလန် လက်ရွေးစင် တိုက်စစ် မှူးဟောင်း ဖြစ်သူ အလန် ရှီးယား က ရပ်ရှ်ဖို့ အနေ နဲ့ နိုင်ငံ နဲ့ ကလပ် အသင်း အတွက် ဂိုးပေါက် ပြန်လည် ရှာတွေ့ ခြင်း ၊ အသင်းဖော် အန်သိုနီ မာရှယ် ပြန်လည် ပါဝင် လာခဲ့ ခြင်းက သူ့ကို တိုက်စစ် ကစား စေရေး မှာ သေချာပေါက် ပိုကောင်း စေနိုင် လိမ့်မယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒါ့အပြင် အင်္ဂလန် လက်ရွေးစင် အသင်း မှာ ဂိုး သွင်းယူ နိုင်ခဲ့ ခြင်း နဲ့ လက်ရှိ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကစား သမား တွေ ဒဏ်ရာ ပြသနာ မှ ပြန်လည် သက်သာ ကောင်းမွန် လာခြင်း က ရပ်ရှ်ဖို့ ရဲ့ ဖိအား တွေကို လျော့ကျ စေနိုင် လိမ့်မယ် လို့ အလန်ရှီးယား က ယုံကြည် နေ ပါတယ် ။

” ပြီးခဲ့တဲ့ တစ်ပါတ် တုန်းက ဘူလ်ဂေးရီးယား အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ဂိုး သွင်းယူ နိုင် ခဲ့တဲ့ နောက် ရပ်ရှ်ဖို့ ဟာ ပုံစံ ကောင်းနဲ့ အတူ ကလပ် အသင်း ဆီကို ပြန်လာ နိုင်ခဲ့ ပုံ ပါပဲ ”

” သူဟာ ဝက်စ်ဟမ်း ၊ နယူးကာဆယ် အသင်း တွေနဲ့ ရင်ဆိုင် ကစား ခဲ့ ရတဲ့ ပွဲစဉ် တွေကို ကျွန်တော် ကြည့်ရှု ဖြစ်ခဲ့ ပါတယ် ။ အဲ့ဒီ ပွဲစဉ် တွေမှာ ဆိုရင် သူ့ရဲ့ လုှုပ်ရှားမုှ တွေဟာ ကင်းမဲ့ ပျောက်ဆုံး နေခဲ့ သလို ပါပဲ ”

” ဒါပေမယ့် လီဗာပူး အသင်း နဲ့ ကစား ခဲ့ ရတဲ့ တနင်္ဂနွေ နေ့ မှာတော့ သူဟာ ခွန်အား အပြည့် နဲ့ တစ်ချိန်လုံး ပြေးလွှား လုှပ်ရှား မှု တွေကို ပြုလုပ် သွားနိုင် ခဲ့ ပါတယ် ။ သူဟာ တိုက်စစ် ပိုင်းမှာ နေရာ အစုံ ကစားရင်း လီဗာပူး ခံစစ် ကစားသမား လေးဦး ကို အလျင်း သင့် သလို ဒုက္ခ ပေးနိုင် ခဲ့ ပါတယ် ”

” သူဟာ တိုက်စစ်မှူး ဖြစ်ခဲ့ ပေမယ့် ဒန်နီယယ် ဂျိမ်းစ် နဲ့လည်း ကောင်းစွာ တွဲဖက် ကစားရင်း လီဗာပူး ခံစစ် ကို ထိုးဖောက် နိုင်ခဲ့ ပါတယ် ။ သူတို့ နှစ်ဦး ရဲ့ လုှပ်ရှားမှု တွေကြောင့် နံပါတ် 10 အဖြစ် ကစား ခဲ့ ရတဲ့ ပါရဲရား လည်း နေရာ လွတ်တွေ ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ”

” ရပ်ရှ်ဖို့ ရဲ့ သွင်းဂိုး ကတော့ တစ်ကယ့် စပါယ်ရှယ် ပါပဲ ။ သူဟာ ဒန်နီယယ် ဂျိမ်းစ် ရဲ့ သေသပ် တဲ့ ဖြတ်တင် ပေးမှု ကို လက်ခံ ရယူ နိုင်ပြီး လှပစွာ ပဲ အဆုံးသတ် နိုင်ခဲ့ ပါတယ် ။ ဒါဟာ တိုက်စစ် ကစားသမား ကောင်းတွေ လုပ်ဆောင် နိုင် သင့်တဲ့ အရာ တစ်ခု ပါပဲ ”

” အကယ်လို့ ခင်ဗျား ဟာ နှေးကွေး နေမယ် ဆိုရင် အသင်းဖော် က ဘောလုံး ပေးပို့ ရင်တောင် အခွင့် အရေး ရရှိ နေတယ် လို့ ထင်မှတ် မှာ မဟုတ် ပါဘူး ။ ခင်ဗျား ဟာ လှုပ်ရှား မုှ တွေကို လုံးလောက်စွာ မပြုလုပ် နိုင်ပဲ နေရာလွတ် တွေကို ရှာဖွေ နိုင်မှာ မဟုတ် ပါဘူး ”

” လက်ရှိ အနေအထား အရ ရပ်ရှ်ဖို့ ဟာ တစ်ကယ့် ကို သာမန် အသင်း တစ်သင်း အတွက် ကစား ပေးနေ ရတာ ပါ ။ ဒါ့ကြောင့် သူ အသင်းဖော် အန်သိုနီ မာရှယ် နဲ့ လူစား လဲခံ ခဲ့ရ တဲ့ အချိန် မှာ ကွင်း အတွင်း ပြသ ခဲ့တဲ့ စွမ်းဆောင်ရည် အရ ပရိသတ် တွေရဲ့ မတ်တပ်ရပ် လက်ခုပ်တီး အားပေး မှု တွေနဲ့ တစ်ကယ် ပဲ ထိုက်တန် ခဲ့ ပါတယ် ”

” ရာသီ အစ တုန်းက လူကာကူ နဲ့ ဆန်းချက် တို့ အင်တာ မီလန် အသင်း ဆီ ထွက်ခွာ သွား ကြတဲ့ အချိန် မှာ ရပ်ရှ်ဖို့ ၊ မာရှယ် ၊ ဂရင်းဝုဒ် တို့နဲ့ ရင်ဆိုင် ရခြင်း ဆိုတာ တစ်ကယ့် ကို အလောင်းအစား လုပ်ရခြင်း နဲ့ တူညီ တယ်လို့ ကျွန်တော် ရေးသား ဖော်ပြ ခဲ့ပါ သေးတယ် ”

” တိုက်စစ် ပိုင်းမှာ ဂိုးတွေ သွင်းယူ နိုင်ရေး အတွက် ဖိအား တွေ အားလုံး ကို ရပ်ရှ်ဖို့ အပေါ် ပဲ ပုံချ လိုက်ခြင်း က သင့်တင့် မျှတ မှု မရှိ တဲ့ အရာ လို့ ကျွန်တော် ထင် ပါတယ် ။ အခုတော့ မာရှယ် ပြန်လာ နိုင်ခြင်း နဲ့ အတူ ရပ်ရှ်ဖို့ ဟာ ဖိအား ဒဏ်တွေ ပိနေ ခြင်း အောက်က လွတ်မြောက် လာ လိမ့်မယ် လို့ ကျွန်တော် ပြောရဲ ပါတယ် ” လို့ အလန်ရှီးယား က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar