ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ဗုဒၶဟူး ေန႕ည က ယွဥ္ျပိဳင္ ကစား သြားခဲ့တဲ့ ယူရိုပါလိဂ္ ဖိုင္နယ္ ပြဲစဥ္ မွာ အာဆင္နယ္ အသင္း ကို ၄ – ၁ နဲ႕ ဂိုးျပတ္ အႏိုင္ရခဲ့ျပီး ယူရိုပါလိဂ္ ခ်န္ပီယံ အျဖစ္ ယခုႏွစ္ ေဘာလံုး ရာသီ ကို လွပစြာ အဆံုးသတ္ ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေတာင္ပံ ကစားသမား အီဒင္ ဟာဇတ္ ဟာလည္း ထိုပြဲစဥ္ ကို ခ်ယ္လ္ဆီး ကစားသမား ဘဝ ေနာက္ဆံုး ပြဲစဥ္ အေနနဲ႕ ကစားခဲ့ကာ သြင္းဂိုး ၂ဂိုး သြင္းယူျပီး အလွပဆံုး ႏႈတ္ဆက္ ႏိုင္ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ေရာ ၊ အီဒင္ ဟာဇတ္ ပါ ဒီ ယူရိုပါလိဂ္ ခ်န္ပီယံဆု ကို ဒုတိယ အၾကိမ္ေျမာက္ အျဖစ္ ဆြတ္ခူး ႏိုင္ခဲ့တာ ျဖစ္ပါတယ္ ။ ဟာဇတ္ ကေတာ့ မၾကာခင္ မွာပဲ ရီးရဲလ္ မက္ဒရစ္ နဲ႕ ခ်ယ္လ္ဆီး အသင္း အၾကား အေျပာင္းအေရႊ႕ အတြက္ သေဘာတူညီမႈ ရရွိျပီးတာ နဲ႕ အသင္းေျပာင္းေတာ့ မွာ ျဖစ္ပါတယ္ ။

ဟာဇတ္ ဟာ ဒီရာသီ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ျပိဳင္ပြဲစံု သြင္းဂိုး ၂၀ ၊ ဂိုးဖန္တီးမႈ ၁၇ ၾကိမ္ အထိ ျပဳလုပ္ ေပးခဲ့ကာ အသင္း ရဲ႕ စြမ္းေဆာင္ရည္ အျမင့္မားဆံုး ကစားသမား အျဖစ္ ရပ္တည္ ႏိုင္ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း နဲ႕ ပရိသတ္ ေတြကေတာ့ ဆံုးျဖတ္ခ်က္ ခ်ျပီးသား ျဖစ္တဲ့ အီဒင္ ဟာဇတ္ ကို ရီးရဲလ္ မက္ဒရစ္ မွာ ေအာင္ျမင္ဖို႕ ဆုေတာင္းေပးဖို႕ က လြဲျပီး ဘာမွ မတတ္ႏိုင္ေတာ့ဘူး လို႕ ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူ အန္ဂိုလို ကန္ေတ က ပြဲျပီး အင္တာဗ်ဴး မွာ ဖြင့္ဟ ေျပာၾကား ခဲ့ပါတယ္ ။

ကန္ေတ က ” အခုလို အီဒင္ ခ်ယ္လ္ဆီး ကေန ထြက္ခြာဖို႕ ဆံုးျဖတ္ ခဲ့တာဟာ ဝမ္းနည္းစရာ မဟုတ္ပါဘူး ။ အီဒင္ ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ အံ့ၾသစရာ ေကာင္းတဲ့ အခ်ိန္ေတြ ၊ အခိုက္အတန္႕ ေတြ ေက်ာ္ျဖတ္ ခဲ့ျပီး ျဖစ္သလို အသင္း အတြက္လည္း သူ႕ရဲ႕ အံ့ၾသဖြယ္ရာ စြမ္းေဆာင္ရည္ ေတြနဲ႕ ေပးဆပ္ ခဲ့ျပီး ျဖစ္ပါတယ္ ။ သူဟာ ခ်ယ္လ္ဆီး အသင္း မွာ အခ်ိန္ အၾကာၾကီး ေနခဲ့ျပီးပါျပီ ။ ဆုဖလား ေတြလည္း အမ်ားၾကီး ဆြတ္ခူး ခဲ့ျပီးပါျပီ ။ ”

” သူဟာ ဒီေန႕ည ပြဲမွာလည္း ခ်ယ္လ္ဆီး အသင္း အတြက္ အေကာင္းဆံုး ကစားေပး ခဲ့ပါတယ္ ။ ကြ်န္ေတာ္ တို႕ သူ႕ အတြက္ အရမ္း ေပ်ာ္ရႊင္ ေနၾကပါတယ္ ။ ဘာေတြ ဆက္ျဖစ္မလဲ ဆိုတာ ကြ်န္ေတာ္ တို႕ မသိႏိုင္ေသး ေပမယ့္ ကြ်န္ေတာ္ တို႕ အားလံုး သူ႕ကို အေကာင္းဆံုး အရာ ေတြနဲ႕ သာ ေတြ႕ဆံု ဖို႕ ဆုေတာင္း ေပးၾကဖို႕ပဲ တတ္ႏိုင္ ပါေတာ့တယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူဟာ ခ်ယ္လ္ဆီး အသင္း အတြက္ အံ့ၾသဖြယ္ရာ ေကာင္းတဲ့ စြမ္းေဆာင္ရည္ ေတြ ျပသ ခဲ့လို႕ပါပဲ ။ ”

” သူ႕နဲ႕ အတူ တြဲကစားခြင့္ ရတဲ့ အတြက္ ကြ်န္ေတာ္ ဝမ္းသာ ေက်နပ္မိသလုိ ေရွ႕ဆက္ ဘာေတြ ထပ္ျဖစ္မလဲ ဆိုတာ ကြ်န္ေတာ္ တို႕ ေစာင့္ၾကည့္ၾကတာေပါ့ဗ်ာ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ အန္ဂိုလို ကန္ေတ ဟာ ယူရိုပါလိဂ္ ဖိုင္နယ္ မတိုင္မီ ဒဏ္ရာ အေသးစားေလး တခု ရရွိ ခဲ့တဲ့ အတြက္ ဖိုင္နယ္ မွာ မပါဝင္ ႏိုင္ေလာက္ဘူး လို႕ လူအမ်ားက ထင္ထား ခဲ့ၾကေပမယ့္ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားခဲ့ကာ တပြဲလံုး ေျခစြမ္းျပ ႏိုင္ခဲ့ပါတယ္ ။

ပြဲအျပီး ခ်ယ္လ္ဆီး တီဗြီ နဲ႕ အင္တာဗ်ဴး မွာေတာ့ ကန္ေတ က သူဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ဖိုင္နယ္ပြဲစဥ္ ကို ျပန္ျပီး ကစားေပးႏိုင္ဖို႕ စိုးရိမ္စိတ္ေတြ ရွိခဲ့ေၾကာင္း ၊ သို႕ေပမယ့္ လည္း အသင္း ရဲ႕ ေဆးအဖြဲ႕ က ၄င္းကို အျမန္ဆံုး သက္သာေအာင္ ကုသ ေပးႏိုင္ခဲ့တဲ့ အတြက္ ေက်းဇူး တင္မိေၾကာင္း ဆိုပါတယ္ ။

ကန္ေတ က ” ကြ်န္ေတာ့ အေနနဲ႕ ဒီ ယူရိုပါလိဂ္ ဗိုလ္လုပြဲ ကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ ခဲ့မွာကို အနည္းငယ္ စိုးရိမ္ ခဲ့မိပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကြ်န္ေတာ့ ရဲ႕ ဒူးဒဏ္ရာ က အေတာ္ေလး ကို ဆိုးရြား ေနခဲ့တ့ဲ အတြက္ေၾကာင့္ပါ ။ ဒါေပမယ့္ အသင္း ရဲ႕ ေဆးအဖြဲ႕ က ကြ်န္ေတာ့ ကို အေကာင္းဆံုး ျပဳစု ကုသ ေပးခဲ့ပါတယ္ ။ သူတို႕ဟာ ကြ်န္ေတာ္ ဒီ ဖုိင္နယ္ ပြဲစဥ္ အတြက္ အသင့္ျဖစ္ေနဖို႕ အစစ အရာရာ ဂရုစိုက္ ေပးခဲ့ပါတယ္ ။ ”

” ကြ်န္ေတာ့ အဖို႕ကေတာ့ အသင္း ကို ဗိုလ္လုပြဲ မွာ ဗိုလ္စြဲ ႏိုင္ဖို႕ အတြက္ ကူညီခြင့္ ရတဲ့ အတြက္ အရမ္း ေပ်ာ္ရႊင္ မိပါတယ္ ။ ဒီ ဖလား ဟာ ကြ်န္ေတာ္ တို႕ ဒီရာသီ မွာ ရယူ ႏိုင္မယ့္ တလံုးတည္းေသာ ဆုဖလား ျဖစ္တဲ့ အတြက္ အခုလို ခ်န္ပီယံ ျဖစ္ႏိုင္ခဲ့လို႕အရမ္း ဝမ္းသာ မိပါတယ္ ။ ဒီဖလား ကြ်န္ေတာ္ တို႕ အတြက္ေတာ့ အရမ္း အဓိပၸာယ္ ရွိပါတယ္ ။ တကယ္ကို လွပတဲ့ အခိုက္အတန္႕ ပါပဲ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

” ကျွန်တော် တို့ အနေနဲ့ အီဒင် ရဲ့ အနာဂတ် ဖြောင်းဖြူး စေဖို့ ဆုတောင်းပေးလို့ပဲ ရပါတော့တယ် ။ ” – ကန်တေ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ည က ယှဉ်ပြိုင် ကစား သွားခဲ့တဲ့ ယူရိုပါလိဂ် ဖိုင်နယ် ပွဲစဉ် မှာ အာဆင်နယ် အသင်း ကို ၄ – ၁ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ယူရိုပါလိဂ် ချန်ပီယံ အဖြစ် ယခုနှစ် ဘောလုံး ရာသီ ကို လှပစွာ အဆုံးသတ် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား အီဒင် ဟာဇတ် ဟာလည်း ထိုပွဲစဉ် ကို ချယ်လ်ဆီး ကစားသမား ဘဝ နောက်ဆုံး ပွဲစဉ် အနေနဲ့ ကစားခဲ့ကာ သွင်းဂိုး ၂ဂိုး သွင်းယူပြီး အလှပဆုံး နှုတ်ဆက် နိုင်ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ရော ၊ အီဒင် ဟာဇတ် ပါ ဒီ ယူရိုပါလိဂ် ချန်ပီယံဆု ကို ဒုတိယ အကြိမ်မြောက် အဖြစ် ဆွတ်ခူး နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဟာဇတ် ကတော့ မကြာခင် မှာပဲ ရီးရဲလ် မက်ဒရစ် နဲ့ ချယ်လ်ဆီး အသင်း အကြား အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိပြီးတာ နဲ့ အသင်းပြောင်းတော့ မှာ ဖြစ်ပါတယ် ။

ဟာဇတ် ဟာ ဒီရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ ၊ ဂိုးဖန်တီးမှု ၁၇ ကြိမ် အထိ ပြုလုပ် ပေးခဲ့ကာ အသင်း ရဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံး ကစားသမား အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း နဲ့ ပရိသတ် တွေကတော့ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်တဲ့ အီဒင် ဟာဇတ် ကို ရီးရဲလ် မက်ဒရစ် မှာ အောင်မြင်ဖို့ ဆုတောင်းပေးဖို့ က လွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး လို့ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ က ပွဲပြီး အင်တာဗျူး မှာ ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

ကန်တေ က ” အခုလို အီဒင် ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ ဆုံးဖြတ် ခဲ့တာဟာ ဝမ်းနည်းစရာ မဟုတ်ပါဘူး ။ အီဒင် ဟာ ချယ်လ်ဆီး အသင်း နဲ့ အတူ အံ့သြစရာ ကောင်းတဲ့ အချိန်တွေ ၊ အခိုက်အတန့် တွေ ကျော်ဖြတ် ခဲ့ပြီး ဖြစ်သလို အသင်း အတွက်လည်း သူ့ရဲ့ အံ့သြဖွယ်ရာ စွမ်းဆောင်ရည် တွေနဲ့ ပေးဆပ် ခဲ့ပြီး ဖြစ်ပါတယ် ။ သူဟာ ချယ်လ်ဆီး အသင်း မှာ အချိန် အကြာကြီး နေခဲ့ပြီးပါပြီ ။ ဆုဖလား တွေလည်း အများကြီး ဆွတ်ခူး ခဲ့ပြီးပါပြီ ။ ”

” သူဟာ ဒီနေ့ည ပွဲမှာလည်း ချယ်လ်ဆီး အသင်း အတွက် အကောင်းဆုံး ကစားပေး ခဲ့ပါတယ် ။ ကျွန်တော် တို့ သူ့ အတွက် အရမ်း ပျော်ရွှင် နေကြပါတယ် ။ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော် တို့ မသိနိုင်သေး ပေမယ့် ကျွန်တော် တို့ အားလုံး သူ့ကို အကောင်းဆုံး အရာ တွေနဲ့ သာ တွေ့ဆုံ ဖို့ ဆုတောင်း ပေးကြဖို့ပဲ တတ်နိုင် ပါတော့တယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ချယ်လ်ဆီး အသင်း အတွက် အံ့သြဖွယ်ရာ ကောင်းတဲ့ စွမ်းဆောင်ရည် တွေ ပြသ ခဲ့လို့ပါပဲ ။ ”

” သူ့နဲ့ အတူ တွဲကစားခွင့် ရတဲ့ အတွက် ကျွန်တော် ဝမ်းသာ ကျေနပ်မိသလို ရှေ့ဆက် ဘာတွေ ထပ်ဖြစ်မလဲ ဆိုတာ ကျွန်တော် တို့ စောင့်ကြည့်ကြတာပေါ့ဗျာ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ အန်ဂိုလို ကန်တေ ဟာ ယူရိုပါလိဂ် ဖိုင်နယ် မတိုင်မီ ဒဏ်ရာ အသေးစားလေး တခု ရရှိ ခဲ့တဲ့ အတွက် ဖိုင်နယ် မှာ မပါဝင် နိုင်လောက်ဘူး လို့ လူအများက ထင်ထား ခဲ့ကြပေမယ့် ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ကာ တပွဲလုံး ခြေစွမ်းပြ နိုင်ခဲ့ပါတယ် ။

ပွဲအပြီး ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာတော့ ကန်တေ က သူဟာ ချယ်လ်ဆီး အသင်း အတွက် ဖိုင်နယ်ပွဲစဉ် ကို ပြန်ပြီး ကစားပေးနိုင်ဖို့ စိုးရိမ်စိတ်တွေ ရှိခဲ့ကြောင်း ၊ သို့ပေမယ့် လည်း အသင်း ရဲ့ ဆေးအဖွဲ့ က ၄င်းကို အမြန်ဆုံး သက်သာအောင် ကုသ ပေးနိုင်ခဲ့တဲ့ အတွက် ကျေးဇူး တင်မိကြောင်း ဆိုပါတယ် ။

ကန်တေ က ” ကျွန်တော့ အနေနဲ့ ဒီ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကို ဒဏ်ရာကြောင့် လွဲချော် ခဲ့မှာကို အနည်းငယ် စိုးရိမ် ခဲ့မိပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့ ရဲ့ ဒူးဒဏ်ရာ က အတော်လေး ကို ဆိုးရွား နေခဲ့တဲ့ အတွက်ကြောင့်ပါ ။ ဒါပေမယ့် အသင်း ရဲ့ ဆေးအဖွဲ့ က ကျွန်တော့ ကို အကောင်းဆုံး ပြုစု ကုသ ပေးခဲ့ပါတယ် ။ သူတို့ဟာ ကျွန်တော် ဒီ ဖိုင်နယ် ပွဲစဉ် အတွက် အသင့်ဖြစ်နေဖို့ အစစ အရာရာ ဂရုစိုက် ပေးခဲ့ပါတယ် ။ ”

” ကျွန်တော့ အဖို့ကတော့ အသင်း ကို ဗိုလ်လုပွဲ မှာ ဗိုလ်စွဲ နိုင်ဖို့ အတွက် ကူညီခွင့် ရတဲ့ အတွက် အရမ်း ပျော်ရွှင် မိပါတယ် ။ ဒီ ဖလား ဟာ ကျွန်တော် တို့ ဒီရာသီ မှာ ရယူ နိုင်မယ့် တလုံးတည်းသော ဆုဖလား ဖြစ်တဲ့ အတွက် အခုလို ချန်ပီယံ ဖြစ်နိုင်ခဲ့လို့အရမ်း ဝမ်းသာ မိပါတယ် ။ ဒီဖလား ကျွန်တော် တို့ အတွက်တော့ အရမ်း အဓိပ္ပာယ် ရှိပါတယ် ။ တကယ်ကို လှပတဲ့ အခိုက်အတန့် ပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR