ဘောလုံးလောက ရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဆုဖြစ်တဲ့ ဘလွန်းဒီအော်ဆု 2019 ခုနှစ် အတွက် ဆန်ကာတင် စာရင်း အယောက် 30 ကို ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ စာရင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အတွင်း တကယ်ခြေစွမ်းပြ ကစားခဲ့တဲ့ ဘောလုံးသမားတွေ အများစု ပါဝင်လာခဲ့တာကြောင့် ပရိသတ်တွေ အကြား အမြင်မတူမှုတွေ ၊ အငြင်းခုံမှုတွေတော့ နည်းပါးနေမှာပါ။ ထူးခြားတာက ဖီဖာ အကောင်းဆုံး 11 ယောက် စာရင်း မှာ ပါဝင်ခဲ့တဲ့ ရီးရဲ မက်ဒရစ် ကစားသမားတွေ ဖြစ်တဲ့ ရာမို့စ် ၊ မာဆယ်လို ၊ မိုဒရစ် တို့ဟာ ဘလွန်းဒီအော်မှာတော့ ဆန်ကာတင် စာရင်းမှာတောင် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဆန်ကာတင် စာရင်း အယောက် 30 ကို သုံးသပ်ကြည့်ရရင် လီဗာပူး အသင်းက အရေအတွက် အများဆုံး ဖြစ်ပြီး ၊ ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ အသင်းက စုစုပေါင်း 7 ယောက် အထိ ပါဝင်လာခဲ့ပါတယ်။ နောက်ထပ် ကျေနပ်စရာ တစ်ခုက အင်္ဂလန် ရဲ့ ပြည်တွင်း ဖလားအားလုံးကို သိမ်းပိုက်ခဲ့တဲ့ မန်စီးတီး အသင်းကလဲ ကစားသမားပေါင်း 5 ယောက် အထိ ပါဝင်ခဲ့သလို ၊ ရာသီ ကုန်ခါနီးမှ ခွာလိပ်သွားခဲ့တဲ့ ဘာစီလိုနာ ကလဲ 4 ဦး အထိ ပါဝင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် မှာ ပရိသတ်တွေ အားလုံး အံ့အားသင့်အောင် စွမ်းဆောင်ပြခဲ့တဲ့ အေဂျက် နဲ့ စပါး အသင်းတို့က ကစားသမားတွေတောင် ဆန်ကာတင် စာရင်းမှာ ရွေးချယ်ခဲ့သလို ၊ အာဖရိက ဖလား ဗိုလ်လုပွဲ တက်ရောက်ခဲ့တဲ့ အသင်းတွေက ကစားသမားတွေထဲက ကလပ်မှာပါ ခြေစွမ်းပြခဲ့တဲ့ သူတွေကို ထည့်သွင်းလာခဲ့တာက ဘလွန်းဒီအော်ရဲ့ တန်ဖိုးကို လစ်ပြနေတာ ဖြစ်ပါတယ်။

ဒါကြောင့် မာကွင်ဟို ၊ ကူလီဘာလီ တို့ဟာ ဒီစာရင်းမှာ ပါဝင်နေခဲ့တာပါ။ ဆန်ကာတင် စာရင်းနဲ့ လွဲချော်ခဲ့ရတဲ့ နာမည်ကြီး ကစားသမား အချို့ ကတော့ နေမာ ၊ ပေါ့ဘာ ၊ ဟယ်ရီကိန်း ၊ ရာမို့စ် ၊ မာဆယ်လို ၊ မိုဒရစ် ၊ ခရူး ၊ ဆွာရက် ၊ ကန်တီ ၊ ဘေးလ် ၊ ကော့တွိုက် တို့ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အသင်းကြီး 6 သင်းကို ကြည့်လိုက်ရင် ချဲဆီး နဲ့ ယူရိုပါလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ ဟာဇက် ၊ လီဗာပူး ကစားသမား 7 ယောက် ၊ စပါး က 2 ယောက် ၊ မန်စီးတီး 5 ယောက် နဲ့ အာဆင်နယ် က 1 ယောက် ပါဝင်ခဲ့ပေမယ့် ၊ ယူနိုက်တက် ကတော့ တစ်ဦး တစ်ယောက်မျှ ဆန်ကာတင် စာရင်းအတွင်း ရပ်တည်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဆုပေးပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ 2 ရက်နေ့မှာ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မှာ ကျင်းပသွားမှာပါ။ ဘယ်သူက အောင်ပွဲ ခံသွားမလဲဗျာ………။ ဆန်ကာတင် စာရင်း အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

1. အဂွေးရိုး (မန်စီးတီး)
2. ဘာနာဒို ဆေးဗား (မန်စီးတီး)
3. ဒီဘရိုင်း (မန်စီးတီး)
4. မာရက် (မန်စီးတီး)
5. စတာလင် (မန်စီးတီး)
6. အာနိုး (လီဗာပူး)
7. အလီဆွန် (လီဗာပူး)
8. ဖာမင်နို (လီဗာပူး)
9. မာနေး (လီဗာပူး)
10. ဆာလတ် (လီဗာပူး)
11. ဗန်ဒိုက် (လီဗာပူး)
12. ဝိုင်နယ်ဒမ် (လီဗာပူး)
13. အူဘာမီးယန်း (အာဆင်နယ်)
14. ဘန်ဇီးမား (ရီးရဲ မက်ဒရစ်)
15. ဟာဇက် (ရီးရဲ မက်ဒရစ်)
16. ရိုနာဒို (ဂျူဗီ)
17. ဒီလစ် (ဂျူဗီ)
18. ဒီဂျောင် (ဘာစီလိုနာ)
19. ဂရစ်ဇ်မန်း (ဘာစီလိုနာ)
20. မက်ဆီ (ဘာစီလိုနာ)
21. တာစတီဂျန် (ဘာစီလိုနာ)
22. ဂျိုအာအို ဖီးလစ် (အေတီကို)
23. ကူလီဘယ်လီ (ဆီနီဂေါ)
24. လီဝန်ဒေါ့စကီး (ဘိုင်ယန်)
25. လိုရစ် (စပါး)
26. ဆွန် (စပါး)
27. မာကွင်ဟို (ပီအက်စ်ဂျီ)
28. ဘာပေ (ပီအက်စ်ဂျီ)
29. တာဒစ် (အေဂျက်)
30. ဘန်ဒီဘိခ်(အေဂျက်)

 

#Breaking_News : ဘလြန္းဒီေအာ္ဆု အတြက္ ဆန္ကာတင္ စာရင္း ထြက္ေပၚလာျပီ!!!

ေဘာလံုးေလာက ရဲ႕ ဂုဏ္သိကၡာ အၾကီးမားဆံုး ဆုျဖစ္တဲ့ ဘလြန္းဒီေအာ္ဆု 2019 ခုႏွစ္ အတြက္ ဆန္ကာတင္ စာရင္း အေယာက္ 30 ကို ထုတ္ျပန္ ေၾကျငာလိုက္ျပီ ျဖစ္ပါတယ္။

အဲဒီ စာရင္းဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီ အတြင္း တကယ္ေျခစြမ္းျပ ကစားခဲ့တဲ့ ေဘာလံုးသမားေတြ အမ်ားစု ပါ၀င္လာခဲ့တာေၾကာင့္ ပရိသတ္ေတြ အၾကား အျမင္မတူမႈေတြ ၊ အျငင္းခံုမႈေတြေတာ့ နည္းပါးေနမွာပါ။ ထူးျခားတာက ဖီဖာ အေကာင္းဆံုး 11 ေယာက္ စာရင္း မွာ ပါ၀င္ခဲ့တဲ့ ရီးရဲ မက္ဒရစ္ ကစားသမားေတြ ျဖစ္တဲ့ ရာမို႔စ္ ၊ မာဆယ္လို ၊ မိုဒရစ္ တို႔ဟာ ဘလြန္းဒီေအာ္မွာေတာ့ ဆန္ကာတင္ စာရင္းမွာေတာင္ ပါ၀င္ႏိုင္ခဲ့ျခင္း မရွိပါဘူး။

ဆန္ကာတင္ စာရင္း အေယာက္ 30 ကို သံုးသပ္ၾကည့္ရရင္ လီဗာပူး အသင္းက အေရအတြက္ အမ်ားဆံုး ျဖစ္ျပီး ၊ ခ်န္ပီယံလိဂ္ ဗိုလ္စြဲခဲ့တဲ့ အသင္းက စုစုေပါင္း 7 ေယာက္ အထိ ပါ၀င္လာခဲ့ပါတယ္။ ေနာက္ထပ္ ေက်နပ္စရာ တစ္ခုက အဂၤလန္ ရဲ႕ ျပည္တြင္း ဖလားအားလံုးကို သိမ္းပိုက္ခဲ့တဲ့ မန္စီးတီး အသင္းကလဲ ကစားသမားေပါင္း 5 ေယာက္ အထိ ပါ၀င္ခဲ့သလုိ ၊ ရာသီ ကုန္ခါနီးမွ ခြာလိပ္သြားခဲ့တဲ့ ဘာစီလိုနာ ကလဲ 4 ဦး အထိ ပါ၀င္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ မွာ ပရိသတ္ေတြ အားလံုး အံ့အားသင့္ေအာင္ စြမ္းေဆာင္ျပခဲ့တဲ့ ေအဂ်က္ နဲ႔ စပါး အသင္းတို႔က ကစားသမားေတြေတာင္ ဆန္ကာတင္ စာရင္းမွာ ေရြးခ်ယ္ခဲ့သလုိ ၊ အာဖရိက ဖလား ဗိုလ္လုပြဲ တက္ေရာက္ခဲ့တ့ဲ အသင္းေတြက ကစားသမားေတြထဲက ကလပ္မွာပါ ေျခစြမ္းျပခဲ့တဲ့ သူေတြကို ထည့္သြင္းလာခဲ့တာက ဘလြန္းဒီေအာ္ရဲ႕ တန္ဖိုးကို လစ္ျပေနတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ မာကြင္ဟို ၊ ကူလီဘာလီ တုိ႔ဟာ ဒီစာရင္းမွာ ပါ၀င္ေနခဲ့တာပါ။ ဆန္ကာတင္ စာရင္းနဲ႔ လြဲေခ်ာ္ခဲ့ရတဲ့ နာမည္ၾကီး ကစားသမား အခ်ိဳ႕ ကေတာ့ ေနမာ ၊ ေပါ့ဘာ ၊ ဟယ္ရီကိန္း ၊ ရာမို႔စ္ ၊ မာဆယ္လုိ ၊ မိုဒရစ္ ၊ ခရူး ၊ ဆြာရက္ ၊ ကန္တီ ၊ ေဘးလ္ ၊ ေကာ့တြိဳက္ တို႔ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ အသင္းၾကီး 6 သင္းကို ၾကည့္လုိက္ရင္ ခ်ဲဆီး နဲ႔ ယူရိုပါလိဂ္မွာ ေျခစြမ္းျပခဲ့တဲ့ ဟာဇက္ ၊ လီဗာပူး ကစားသမား 7 ေယာက္ ၊ စပါး က 2 ေယာက္ ၊ မန္စီးတီး 5 ေယာက္ နဲ႔ အာဆင္နယ္ က 1 ေယာက္ ပါ၀င္ခဲ့ေပမယ့္ ၊ ယူႏိုက္တက္ ကေတာ့ တစ္ဦး တစ္ေယာက္မွ် ဆန္ကာတင္ စာရင္းအတြင္း ရပ္တည္ႏိုင္ခဲ့ျခင္း မရွိပါဘူး။

ဆုေပးပြဲကိုေတာ့ လာမယ့္ ဒီဇင္ဘာလ 2 ရက္ေန႔မွာ ျပင္သစ္ႏုိင္ငံ ၊ ပဲရစ္မွာ က်င္းပသြားမွာပါ။ ဘယ္သူက ေအာင္ပြဲ ခံသြားမလဲဗ်ာ………။ ဆန္ကာတင္ စာရငး္ အျပည့္အစံုကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

1. အေဂြးရိုး (မန္စီးတီး)
2. ဘာနာဒို ေဆးဗား (မန္စီးတီး)
3. ဒီဘရိုင္း (မန္စီးတီး)
4. မာရက္ (မန္စီးတီး)
5. စတာလင္ (မန္စီးတီး)
6. အာႏိုး (လီဗာပူး)
7. အလီဆြန္ (လီဗာပူး)
8. ဖာမင္ႏို (လီဗာပူး)
9. မာေနး (လီဗာပူး)
10. ဆာလတ္ (လီဗာပူး)
11. ဗန္ဒိုက္ (လီဗာပူး)
12. ၀ိုင္နယ္ဒမ္ (လီဗာပူး)
13. အူဘာမီးယန္း (အာဆင္နယ္)
14. ဘန္ဇီးမား (ရီးရဲ မက္ဒရစ္)
15. ဟာဇက္ (ရီးရဲ မက္ဒရစ္)
16. ရိုနာဒို (ဂ်ဴဗီ)
17. ဒီလစ္ (ဂ်ဴဗီ)
18. ဒီေဂ်ာင္ (ဘာစီလိုနာ)
19. ဂရစ္ဇ္မန္း (ဘာစီလိုနာ)
20. မက္ဆီ (ဘာစီလိုနာ)
21. တာစတီဂ်န္ (ဘာစီလိုနာ)
22. ဂ်ိဳအာအို ဖီးလစ္ (ေအတီကို)
23. ကူလီဘယ္လီ (ဆီနီေဂါ)
24. လီ၀န္ေဒါ့စကီး (ဘိုင္ယန္)
25. လိုရစ္ (စပါး)
26. ဆြန္ (စပါး)
27. မာကြင္ဟို (ပီအက္စ္ဂ်ီ)
28. ဘာေပ (ပီအက္စ္ဂ်ီ)
29. တာဒစ္ (ေအဂ်က္)
30. ဘန္ဒီဘိခ္(ေအဂ်က္)