တစ္ခ်ိန္က ဂန္းနားတုိ႔ရဲ႕ ဂႏၲဝင္ ဂုိးသမားၾကီး ေဒးဗစ္ဆီမန္း ကေတာ့ ယူရုိပါလိဂ္ ဗုိလ္လုပြဲ က အာဆင္နယ္ အသင္း ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကုိ အားမရမိေၾကာင္း နဲ႔ ကစားသမား အင္အား ျဖည့္တင္းရန္အတြက္ အမ္မရီ ကုိ ေငြထုတ္ေပးဖုိ႔ ဘုတ္အဖြဲ႕ ကုိ ေတာင္းဆုိ လုိက္ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ဒီရာသီမွာလည္း ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႔ လြဲေခ်ာ္ ခဲ့တာေၾကာင့္ အခု ေႏြရာသီ အေျပာင္းအေရႊ႕ ကာလမွာ ကစားသမား ေခၚယူမႈ အတြက္ ေပါင္ ၄၅ သန္း သာ အသုံးျပဳ သြားမယ္လုိ႔ သတင္းေတြ ထြက္ေနပါတယ္ ။ အာဆင္နယ္ အသင္း ပရိသတ္ေတြကေတာ့ ေငြေၾကး အေျမာက္အမ်ား သုံးဖုိ႔ တြန္႔တုိေနတဲ့ ပုိင္ရွင္ ျဖစ္သူ ခရြန္ကီ ရဲ႕ လုပ္ရပ္ကုိ အျပင္းအထန္ ေဝဖန္ေနၾကပါတယ္ ။

အာဆင္နယ္ အသင္းဟာ ျပီးခဲ့တဲ့ႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ တုန္းကလည္း ေပါင္ သန္း ၇၀ ဝန္းက်င္သာ အသုံးျပဳ ခဲ့သလုိ ဇန္နဝါရီ အေျပာင္းအေရႊ႕ တုန္းကလည္း ဒန္းနစ္ ဆြာရက္ဇ္ တစ္ဦးတည္းသာကုိသာ ေခၚယူ ခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းအတြက္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႔ လြဲေခ်ာ္ ခဲ့တာဟာ အေတာ္ေလး ထိခုိက္ နစ္နာမႈေတြ မ်ားျပီး အသုံးစရိတ္ေကာ ကစားသမားေကာင္းေတြကုိ ေခၚယူနုိင္ေရးမွာပါ အခက္အခဲေတြ ရွိလာ နုိင္ပါတယ္။

အာဆင္နယ္ အသင္းဟာ ဒီရာသီ ေႏြရာသီ အေျပာင္းအေရႊ႕ မွာ ခရစၥတယ္ပဲေလစ့္ ေတာင္ပံ ကစားသမား ဇာဟာ ၊ ဘုန္းေမာက္ ေတာင္ပံ ကစားသမား ဖေရစာ ၊ ဂီတာေဖး ေနာက္ခံလူ ဒါကုိနန္ တုိ႔ကုိ ေခၚယူဖုိ႔ ပစ္မွတ္ ထားေနတာလည္း ျဖစ္ပါတယ္ ။

ေဒးဗစ္ဆီးမန္းက FootballLondon ကုိ ေျပာၾကား ခဲ့ရာမွာ ” သူ႔( အမ္မရီ ) ကုိ ေငြအခ်ဳိ႕ ထုတ္ေပးလုိက္ပါ ။ အေျပာင္းအေရႊ႕ ေစ်းကြက္မွာ စိတ္ၾကိဳက္ ဝယ္ယူခြင့္ ေပးလုိက္ပါဗ်ာ ။ သူကုိင္တြယ္လာတာ အေျပာင္းအေရြ႕ ႏွစ္ခုေတာင္ ရွိေနပါျပီ ။ ဘာမွ မယ္မယ္ရရ မေခၚရ ေသးပါဘူး ။ ဘုတ္အဖြဲ႕ အေနနဲ႔ သူ႔ကုိ ေထာက္ပံေပးဖုိ႔ လုိအပ္ပါတယ္ ၊ ဒါမွမဟုတ္ရင္ေတာ့ တျခားအသင္းေတြကုိ လုိက္မွီဖုိ႔ အလွမ္းေဝးေနဦးမွာပါပဲ ။ ”

အမ္မရီ ဟာ ယခု ေႏြရာသီ ေစ်းကြက္မွာ ကြင္းလယ္လူ ရမ္ေဆး အစားထုိးဖုိ႔ ကစားသမား တစ္ဦး မျဖစ္မေန ေခၚယူဖုိ႔ လုိအပ္ ေနသလုိ အမွား မ်ားေနတဲ့ ေနာက္တန္းကုိ ျပင္ဆင္ဖုိ႔ အတြက္ေကာ ၊ ေတာင္ပံ တုိက္စစ္ ေနရာအတြက္ေကာ ကစားသမားေကာင္းေတြ ေခၚယူ ရမွာလည္း ျဖစ္ပါတယ္ ။


ဆက္လက္ျပီး ဆီးမန္းက ယူရုိပါလိဂ္ ဗုိလ္လုပြဲ က အာဆင္နယ္ အသင္းရဲ႕ ေျခစြမ္းနဲ႔ ပက္သက္ျပီး ” ပထမပုိင္းကစားပုံကေတာ့ အဆင္ေျပပါတယ္ ။ ဒုတိယပုိင္းကေတာ့ ဆုိးရြား ခဲ့ပါတယ္ ။ ေနာက္တန္း ကစားပုံ ဆုိးရြားတာက တစ္ရာသီလုံး ျဖစ္ပ်က္ေနတဲ့ ကိစၥပါ ။ ျပီးခဲ့တဲ့ သုံးေလးႏွစ္ ကတည္းက ဆုိးရြားေနတာပါ ။ အမ္မရီ အမ်ားၾကီး လုပ္ေဆာင္ဖုိ႔ လုိေနေသးတယ္ဆုိတာ ျပသလုိက္တာပါပဲ ။ ” လုိ႔ ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

နည်းပြ အမ်မရီ ကို ငွေထုတ်ပေးဖို့ အာဆင်နယ် အသင်း ဘုတ်အဖွဲ့ ကို တောင်းဆိုလိုက်တဲ့ #ဒေးဗစ်ဆီမန်း
=============================

တစ်ချိန်က ဂန်းနားတို့ရဲ့ ဂန္တဝင် ဂိုးသမားကြီး ဒေးဗစ်ဆီမန်း ကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲ က အာဆင်နယ် အသင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အားမရမိကြောင်း နဲ့ ကစားသမား အင်အား ဖြည့်တင်းရန်အတွက် အမ်မရီ ကို ငွေထုတ်ပေးဖို့ ဘုတ်အဖွဲ့ ကို တောင်းဆို လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့တာကြောင့် အခု နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမား ခေါ်ယူမှု အတွက် ပေါင် ၄၅ သန်း သာ အသုံးပြု သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ် ။ အာဆင်နယ် အသင်း ပရိသတ်တွေကတော့ ငွေကြေး အမြောက်အများ သုံးဖို့ တွန့်တိုနေတဲ့ ပိုင်ရှင် ဖြစ်သူ ခရွန်ကီ ရဲ့ လုပ်ရပ်ကို အပြင်းအထန် ဝေဖန်နေကြပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ တုန်းကလည်း ပေါင် သန်း ရ၀ ဝန်းကျင်သာ အသုံးပြု ခဲ့သလို ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းကလည်း ဒန်းနစ် ဆွာရက်ဇ် တစ်ဦးတည်းသာကိုသာ ခေါ်ယူ ခဲ့ပါတယ် ။

အာဆင်နယ် အသင်းအတွက် ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့တာဟာ အတော်လေး ထိခိုက် နစ်နာမှုတွေ များပြီး အသုံးစရိတ်ကော ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ရေးမှာပါ အခက်အခဲတွေ ရှိလာ နိုင်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီရာသီ နွေရာသီ အပြောင်းအရွှေ့ မှာ ခရစ္စတယ်ပဲလေစ့် တောင်ပံ ကစားသမား ဇာဟာ ၊ ဘုန်းမောက် တောင်ပံ ကစားသမား ဖရေစာ ၊ ဂီတာဖေး နောက်ခံလူ ဒါကိုနန် တို့ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေတာလည်း ဖြစ်ပါတယ် ။

ဒေးဗစ်ဆီးမန်းက FootballLondon ကို ပြောကြား ခဲ့ရာမှာ ” သူ့( အမ်မရီ ) ကို ငွေအချို့ ထုတ်ပေးလိုက်ပါ ။ အပြောင်းအရွှေ့ စျေးကွက်မှာ စိတ်ကြိုက် ဝယ်ယူခွင့် ပေးလိုက်ပါဗျာ ။ သူကိုင်တွယ်လာတာ အပြောင်းအရွေ့ နှစ်ခုတောင် ရှိနေပါပြီ ။ ဘာမှ မယ်မယ်ရရ မခေါ်ရ သေးပါဘူး ။ ဘုတ်အဖွဲ့ အနေနဲ့ သူ့ကို ထောက်ပံပေးဖို့ လိုအပ်ပါတယ် ၊ ဒါမှမဟုတ်ရင်တော့ တခြားအသင်းတွေကို လိုက်မှီဖို့ အလှမ်းဝေးနေဦးမှာပါပဲ ။ ”

အမ်မရီ ဟာ ယခု နွေရာသီ စျေးကွက်မှာ ကွင်းလယ်လူ ရမ်ဆေး အစားထိုးဖို့ ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ် နေသလို အမှား များနေတဲ့ နောက်တန်းကို ပြင်ဆင်ဖို့ အတွက်ကော ၊ တောင်ပံ တိုက်စစ် နေရာအတွက်ကော ကစားသမားကောင်းတွေ ခေါ်ယူ ရမှာလည်း ဖြစ်ပါတယ် ။

ဆက်လက်ပြီး ဆီးမန်းက ယူရိုပါလိဂ် ဗိုလ်လုပွဲ က အာဆင်နယ် အသင်းရဲ့ ခြေစွမ်းနဲ့ ပက်သက်ပြီး ” ပထမပိုင်းကစားပုံကတော့ အဆင်ပြေပါတယ် ။ ဒုတိယပိုင်းကတော့ ဆိုးရွား ခဲ့ပါတယ် ။ နောက်တန်း ကစားပုံ ဆိုးရွားတာက တစ်ရာသီလုံး ဖြစ်ပျက်နေတဲ့ ကိစ္စပါ ။ ပြီးခဲ့တဲ့ သုံးလေးနှစ် ကတည်းက ဆိုးရွားနေတာပါ ။ အမ်မရီ အများကြီး လုပ်ဆောင်ဖို့ လိုနေသေးတယ်ဆိုတာ ပြသလိုက်တာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR