စတီဗင္ဂ်ာရတ္ က ယာဂန္ကေလာ့ အေနနဲ႕ မနက္ျဖန္ည ေတာ့တင္ဟမ္ နဲ႕ ကစား သြား၇မယ့္ ခ်န္ပီယံလိဂ္ ဖိုင္နယ္ မွာ ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္ ကို လီဗာပူး ရဲ႕ ပြဲထြက္ ကစားသမား စာရင္း မွာ မျဖစ္ မေန ထည့္သြင္း သြား၇မယ္လို႕ ဆုိလိုက္ ပါတယ္။

နာဘီကီတာ ဟာ ဒဏ္ရာ ျပသနာေၾကာင့္ ခ်န္ပီယံလိဂ္ ဖုိင္နယ္ နဲ႕ လြဲေခ်ာ္ သြားမွာ ျဖစ္တာေၾကာင့္ ယာဂန္ကေလာ့ အေနနဲ႕ ကြင္းလယ္ပိုင္း အတြက္ လူေရြးခ်ယ္မွဳ သိပ္ျပီး ေခါင္းခဲ စရာ မရွိေတာ့ဘဲ မက္ဒရစ္ ဖိုင္နယ္ မွာ လီဗာပူး ရဲ႕ ကြင္းလယ္ပုိင္း အတြက္ ဟန္ဒါဆန္ နဲ႕အတူ ဖာဘင္ညိဳ ၊ ဂ်ိမ္းမီနာနဲ႕ ၀ိုင္နယ္ဒန္ တုိ႕က အျပိဳင္ ျဖစ္ေန ပါတယ္။

ကေလာ့ ဟာ ဒီရာသီ မွာ ကြင္းလယ္ပုိင္း ကို အလွည့္က် ပံုစံ အသံုးျပဳ ေနတာေၾကာင့္ ဟန္ဒါဆန္ ဟာ ဘာစီလိုနာ ကို ႏူးကမ့္ မွာ ရွံဳးနိမ့္ ခဲ့တဲ့ ပြဲစဥ္ မွာ အရန္ လူစာရင္းမွာသာ ပါ၀င္ ခဲ့ျပီး နာဘီကီတာ ဒဏ္ရာ ရသြားခဲ့တာေၾကာင့္သာ ၀င္ကစားခြင့္ ရခဲ့တာ ျဖစ္ပါတယ္။

ဟန္ဒါဆန္ ဟာ ဘာစီလိုနာ နဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖို္င္နယ္ ဒုတိယ အေက်ာ့ မွာေတာ့ လီဗာပူး ရဲ႕ပြဲထြက္ ကစားသမား စာရင္း မွာ ပါ၀င္ ခဲ့ျပီး အဆုိပါ ပြဲမွာ အထူး ေျခစြမ္းျပ ကစား ခဲ့တဲ့ အန္ဖီး ကလပ္ ကို ခ်န္ပီယံလိဂ္ ဖိုင္နယ္ ကို ၂ ရာသီဆက္တုိက္ တက္ေရာက္ ႏုိင္ေအာင္ စြမ္းေဆာင္ ေပးခဲ့ ပါတယ္။

ဘာစီလုိနာ ကို အႏုိင္ ရခဲ့တဲ့ ပြဲမွာ ဒုတိယပိုင္းမွာ လူစား၀င္ ကစားခဲ့ျပီး ၂ ဂိုး သြင္းေပး ခဲ့တဲ့ ၀ုိင္နယ္ဒန္ ကလည္း သူဟာ ပြဲထြက္ ကစား သမား စာရင္း မွာ မပါခဲ့တာေၾကာင့္ ေဒါသထြက္ ခဲ့ရတယ္လို႕ ၀န္ခံ ခဲ့ပါ ေသးတယ္။ ဒါေပမယ့္လည္း ၂၀၀၅ ခုႏွစ္ က လီဗာပူး ကုိ ခ်န္ပီယံလိဂ္ ဖလား ရယူ ေပးခဲ့တဲ့ ဂ်ာရတ္ က ေတာ့တင္ဟမ္ နဲ႕ ပြဲမွာ ဟန္ဒါဆန္ ကိုေတာ့ ကြင္းလယ္မွာ မျဖစ္မေန အသံုး ျပဳသြား ရမယ္လို႕ ယုံၾကည္ ေနပါတယ္။

ဂ်ာရတ္ က “ကၽြန္ေတာ္ဟာ အျမဲတမ္း ေဂ်ာ္ဒန္ ဟန္ဒါဆန္ ရဲ႕ ပရိတ္သတ္ ျဖစ္ခဲ့ ပါတယ္။ သူဟာ တစ္ကုိယ္ေကာင္း မဆန္တဲ့ ကစားသမားလို႕ ကၽြန္ေတာ္ ထင္ပါတယ္။ လူေတြက သတိ သိပ္မထား မိေပမယ့္လည္း သူဟာ အသင္း အတြက္ ျပင္းထန္စြာ အလုပ္လုပ္ ေပးသူပါ။

သူဟာ ကြင္းထဲမွာေကာ ကြင္းျပင္ပ မွာပါ ဘယ္လိုလဲ ဆုိတာ ကၽြန္ေတာ္ သိပါတယ္။ သူဟာ အားလံုးထက္ သူ႕ကိုယ္သူ ေနာက္မွာပဲ ထားပါတယ္။ သူဟာ ဒီလို လူမ်ိဳး ျဖစ္ပါတယ္။ ကၽြန္ေတာ္ ကေတာ့ သူ၀င္ေရာက္ ကစားတဲ့ အခါ အသင္းဟာ ဘယ္ပြဲ မဆို အႏုိင္ ရဖို႕ ပိုမို အေျခအေန ေကာင္းတယ္လို႕ ထင္ပါတယ္။ သူ ေနာက္ပိုင္းမွာ တုိက္စစ္ကို ပိုမို ပံ့ပိုး ကစား ေပးေနျပီး သူဟာ တာ၀န္ ကို ပုိမုိ ယူခဲ့ပါတယ္။ သူဟာ လီဗာပူး ရဲ႕ ေျခစြမ္း အတည္ျငိမ္ဆံုး ကစားသမား ေတြထဲက တစ္ဦး ျဖစ္ပါတယ္။

ကၽြန္ေတာ္ သူ႕ကို ေစာင့္ၾကည့္ ျဖစ္ျပီး သူနဲ႕ စကား ေျပာခဲ့ပါတယ္။ ‘ေဂ်ာ္ဒန္ မင္းအေနနဲ႕ လြယ္ကူတဲ့ အရာေတြ လုပ္ေနတာထက္ အျခား ခက္ခဲတာေတြကို လုပ္ဖို႕ ၾကိဳးစားၾကည့္ဖို႕ လိုအပ္ပါတယ္’ ဒီလို ကၽြန္ေတာ္ အၾကံ ေပးခဲ့ ပါတယ္။

သူဟာ final pass ေတြ ကစား ႏုိင္စြမ္း ရွိေနတဲ့ အျပင္ အ၇မ္း ေကာင္းတဲ့ ေဘာလံုး ေပးပို႕မွဳ ၊ ပင္နယ္တီ ဧ၇ိယာ ထိပ္ကေန ဂိုးသြင္း ႏုိင္စြမ္း ရွိမွဳ နဲ႕ ပင္နယ္တီ ဧရိယာ ထဲ ေျပး၀င္ကာ ဂုိးရဖို႕ အတြက္ လုပ္ေဆာင္ ႏုိင္စြမ္း ရွိတာေၾကာင့္ ကၽြန္ေတာ္ ဒီလို အၾကံေပး ခဲ့တာပါ။

ဟန္ဒါဆန္ ဟာ ျပင္းထန္စြာ ေျပးလႊား ကစား ႏုိင္ျပီး တစ္ကြင္းလံုး လႊမ္းျခံဳ ကစား ေပးႏုိင္ကာ ကြင္းလယ္ ကေန စီစဥ္ ညႊန္ၾကား ေပးႏုိင္ ပါတယ္။ ကၽြန္ေတာ္ ကေတာ့ သူဟာ အမ်ားၾကီး အေတြ႕အၾကံဳ ရင့္က်က္ လာတယ္လို႕ ထင္ပါတယ္။ သူဟာ ကြင္းထဲမွာ ပိုပို လုပ္လာ ႏုိင္ပါတယ္။ သူဟာ ဖိုင္နယ္မွာ လံုး၀ ခ်န္လွပ္ထားလို႕ မရတဲ့ ကစားသမား ျဖစ္ပါတယ္။” လို႕ ဆုိသြားပါတယ္။

Unicode

ချန်ပီယံလိဂ် ဖိုင်နယ်ရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ မဖြစ်မနေ ရွေးချယ်ရမယ့် လီဗာပူး ကွင်းလယ်လူ တစ်ဦးကို ထုတ်ဖော်လိုက်တဲ့ ဂျာရတ်

စတီဗင်ဂျာရတ် က ယာဂန်ကလော့ အနေနဲ့ မနက်ဖြန်ည တော့တင်ဟမ် နဲ့ ကစား သွားရမယ့် ချန်ပီယံလိဂ် ဖိုင်နယ် မှာ ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန် ကို လီဗာပူး ရဲ့ ပွဲထွက် ကစားသမား စာရင်း မှာ မဖြစ် မနေ ထည့်သွင်း သွားရမယ်လို့ ဆိုလိုက် ပါတယ်။

နာဘီကီတာ ဟာ ဒဏ်ရာ ပြသနာကြောင့် ချန်ပီယံလိဂ် ဖိုင်နယ် နဲ့ လွဲချော် သွားမှာ ဖြစ်တာကြောင့် ယာဂန်ကလော့ အနေနဲ့ ကွင်းလယ်ပိုင်း အတွက် လူရွေးချယ်မှု သိပ်ပြီး ခေါင်းခဲ စရာ မရှိတော့ဘဲ မက်ဒရစ် ဖိုင်နယ် မှာ လီဗာပူး ရဲ့ ကွင်းလယ်ပိုင်း အတွက် ဟန်ဒါဆန် နဲ့အတူ ဖာဘင်ညို ၊ ဂျိမ်းမီနာနဲ့ ၀ိုင်နယ်ဒန် တို့က အပြိုင် ဖြစ်နေ ပါတယ်။

ကလော့ ဟာ ဒီရာသီ မှာ ကွင်းလယ်ပိုင်း ကို အလှည့်ကျ ပုံစံ အသုံးပြု နေတာကြောင့် ဟန်ဒါဆန် ဟာ ဘာစီလိုနာ ကို နူးကမ့် မှာ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ အရန် လူစာရင်းမှာသာ ပါ၀င် ခဲ့ပြီး နာဘီကီတာ ဒဏ်ရာ ရသွားခဲ့တာကြောင့်သာ ၀င်ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဟန်ဒါဆန် ဟာ ဘာစီလိုနာ နဲ့ ချန်ပီယံလိဂ် ဆီမီးဖို်င်နယ် ဒုတိယ အကျော့ မှာတော့ လီဗာပူး ရဲ့ပွဲထွက် ကစားသမား စာရင်း မှာ ပါ၀င် ခဲ့ပြီး အဆိုပါ ပွဲမှာ အထူး ခြေစွမ်းပြ ကစား ခဲ့တဲ့ အန်ဖီး ကလပ် ကို ချန်ပီယံလိဂ် ဖိုင်နယ် ကို ၂ ရာသီဆက်တိုက် တက်ရောက် နိုင်အောင် စွမ်းဆောင် ပေးခဲ့ ပါတယ်။

ဘာစီလိုနာ ကို အနိုင် ရခဲ့တဲ့ ပွဲမှာ ဒုတိယပိုင်းမှာ လူစားဝင် ကစားခဲ့ပြီး ၂ ဂိုး သွင်းပေး ခဲ့တဲ့ ၀ုိင်နယ်ဒန် ကလည်း သူဟာ ပွဲထွက် ကစား သမား စာရင်း မှာ မပါခဲ့တာကြောင့် ဒေါသထွက် ခဲ့ရတယ်လို့ ၀န်ခံ ခဲ့ပါ သေးတယ်။ ဒါပေမယ့်လည်း ၂၀၀၅ ခုနှစ် က လီဗာပူး ကို ချန်ပီယံလိဂ် ဖလား ရယူ ပေးခဲ့တဲ့ ဂျာရတ် က တော့တင်ဟမ် နဲ့ ပွဲမှာ ဟန်ဒါဆန် ကိုတော့ ကွင်းလယ်မှာ မဖြစ်မနေ အသုံး ပြုသွား ရမယ်လို့ ယုံကြည် နေပါတယ်။

ဂျာရတ် က “ကျွန်တော်ဟာ အမြဲတမ်း ဂျော်ဒန် ဟန်ဒါဆန် ရဲ့ ပရိတ်သတ် ဖြစ်ခဲ့ ပါတယ်။ သူဟာ တစ်ကိုယ်ကောင်း မဆန်တဲ့ ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ လူတွေက သတိ သိပ်မထား မိပေမယ့်လည်း သူဟာ အသင်း အတွက် ပြင်းထန်စွာ အလုပ်လုပ် ပေးသူပါ။

သူဟာ ကွင်းထဲမှာကော ကွင်းပြင်ပ မှာပါ ဘယ်လိုလဲ ဆိုတာ ကျွန်တော် သိပါတယ်။ သူဟာ အားလုံးထက် သူ့ကိုယ်သူ နောက်မှာပဲ ထားပါတယ်။ သူဟာ ဒီလို လူမျိုး ဖြစ်ပါတယ်။ ကျွန်တော် ကတော့ သူဝင်ရောက် ကစားတဲ့ အခါ အသင်းဟာ ဘယ်ပွဲ မဆို အနိုင် ရဖို့ ပိုမို အခြေအနေ ကောင်းတယ်လို့ ထင်ပါတယ်။ သူ နောက်ပိုင်းမှာ တိုက်စစ်ကို ပိုမို ပံ့ပိုး ကစား ပေးနေပြီး သူဟာ တာဝန် ကို ပိုမို ယူခဲ့ပါတယ်။ သူဟာ လီဗာပူး ရဲ့ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမား တွေထဲက တစ်ဦး ဖြစ်ပါတယ်။

ကျွန်တော် သူ့ကို စောင့်ကြည့် ဖြစ်ပြီး သူနဲ့ စကား ပြောခဲ့ပါတယ်။ ‘ဂျော်ဒန် မင်းအနေနဲ့ လွယ်ကူတဲ့ အရာတွေ လုပ်နေတာထက် အခြား ခက်ခဲတာတွေကို လုပ်ဖို့ ကြိုးစားကြည့်ဖို့ လိုအပ်ပါတယ်’ ဒီလို ကျွန်တော် အကြံ ပေးခဲ့ ပါတယ်။

သူဟာ final pass တွေ ကစား နိုင်စွမ်း ရှိနေတဲ့ အပြင် အရမ်း ကောင်းတဲ့ ဘောလုံး ပေးပို့မှု ၊ ပင်နယ်တီ ဧရိယာ ထိပ်ကနေ ဂိုးသွင်း နိုင်စွမ်း ရှိမှု နဲ့ ပင်နယ်တီ ဧရိယာ ထဲ ပြေးဝင်ကာ ဂိုးရဖို့ အတွက် လုပ်ဆောင် နိုင်စွမ်း ရှိတာကြောင့် ကျွန်တော် ဒီလို အကြံပေး ခဲ့တာပါ။

ဟန်ဒါဆန် ဟာ ပြင်းထန်စွာ ပြေးလွှား ကစား နိုင်ပြီး တစ်ကွင်းလုံး လွှမ်းခြံု ကစား ပေးနိုင်ကာ ကွင်းလယ် ကနေ စီစဉ် ညွှန်ကြား ပေးနိုင် ပါတယ်။ ကျွန်တော် ကတော့ သူဟာ အများကြီး အတွေ့အကြံု ရင့်ကျက် လာတယ်လို့ ထင်ပါတယ်။ သူဟာ ကွင်းထဲမှာ ပိုပို လုပ်လာ နိုင်ပါတယ်။ သူဟာ ဖိုင်နယ်မှာ လုံးဝ ချန်လှပ်ထားလို့ မရတဲ့ ကစားသမား ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။