မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 2019 – 20 ဘောလုံး ရာသီ မှာ အစ ကောင်းခဲ့ ပေမယ့် နောက်ပိုင်း ဆက်တိုက် ဆိုသလို ရလဒ် တွေ ဆိုးရွား နေခဲ့ ရ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ရဲ့ အနာဂတ် ကတော့ စိုးရိမ်ဖွယ် အနေအထား ကို ရောက်ရှိ နေခြင်း မရှိခဲ့ ပါဘူး ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို က သူဟာ အိုးလ် ထရပ်ဖို့ဒ် မြေမှာ ဆိုးလ်ရှား လို နည်းပြ အနေအထား မျိုး အလို ရှိကြောင်း ၊ အဲ့တာ ဆိုရင် သူဟာ ထုတ်ပယ် ခံရခြင်း မှ အမြဲလို အကာ အကွယ် ရရှိ လိမ့်မယ် လို့ ယုံကြည် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဆိုးလ်ရှား ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ တုန်းက ဟိုဆေး မော်ရင်ဟို ရဲ့ နေရာ ကို အစားထိုး ဝင်ရောက် ခဲ့သူ ဖြစ်ပြီး ရလဒ်တွေ ဆက်တိုက် ကောင်းမွန် ခဲ့တာ ကြောင့် အမြဲတမ်း နည်းပြ ဖြစ်ခဲ့ ရ ပါတယ် ။ ဒါပေမယ့် အဲ့ဒီနောက် သူဟာ ရလဒ် တွေ ဆက်တိုက် ဆိုးရွား ခဲ့တာ ဒီ ရာသီ အထိ ပါပဲ ။

အထူးသဖြင့် ဒီနှစ် ဘောလုံး ရာသီ အတွင်း ယူနိုက်တက် အသင်း ဟာ တန်းဆင်ဇုန် အထက် 2 မှတ် အကွာ အထိ တောင် ရောက်ရှိ နေတဲ့ အနေအထား မျိုး ပိုင်ဆိုင် ထားခဲ့ ရ ပါတယ် ။ ဒီအတွက် ယူနိုက်တက် ပရိသတ် အချို့ က ဆိုးလ်ရှား အောက်လို့ ဒီ ရာသီ အတွင်း ဆိုနေ ခဲ့ကြ ပါ သေးတယ် ။

ဒါပေမယ့် ဆိုးလ်ရှား ဟာ အသင်း နဲ့ အသင်း ရဲ့ ဂန္ဓဝင် ကစား သမား ဟောင်းတွေ ရဲ့ ထောက်ခံ မှု ရရှိ နေတာ ကြောင့် သူ့ရဲ့ အနာဂတ် ဟာ စိုးရိမ် ရဖွယ် အနေအထား မှာ မရှိ မနေခဲ့ ပါဘူး ။ ဒါ့ကြောင့် လည်း အသင်း ကို တည်ဆောက် နေဆဲ ဆိုတဲ့ စကားလုံး တွေ အောက်မှာ အဓိက ကျသူ တွေရဲ့ အကာအကွယ် ပေးမုှ တွေကို ရရှိ နေတဲ့ ဆိုးလ်ရှား ဟာ ကံကောင်းသူ ဖြစ်ကြောင်း မော်ရင်ဟို က မသိမသာ ထိုးနှက် သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” ယူနိုက်တက် ကတော့ ဒီ တစ်ပါတ် မှာ ပရိသတ် တွေနဲ့ ကောင်းမွန် လှတဲ့ ဆက်ဆံရေး ကို တည်ဆောက် သွားနိုင် ခဲ့ ပါတယ် ။ ဒါဟာ လီဗာပူး နဲ့ ပွဲစဉ် မတိုင်မီ အိုးလ် ထရပ်ဖို့ဒ် မှာ ကောင်းမွန် လှတဲ့ ပတ်ဝန်ကျင် တစ်ခု ကို ဖန်တီး သွား နိုင်ဖို့ လုပ်ဆောင် နိုင် ခဲ့ခြင်း ပါပဲ ။ ကျွန်တော် နားလည် သလောက် တော့ သူတို့ တွေဟာ ဒါကို တစ်ကယ့် ကောင်းမွန်စွာ လုပ်ဆောင် နိုင်ခဲ့ ကြ ပါတယ် ”

” အဲ့တာ ကို ကြည့်ပြီး အနာဂတ် မှာ ကျွန်တော် လည်း ဆိုးလ်ရှား လို အလုပ် တစ်ခု ရရှိ နိုင်အောင် လုပ်ဆောင် ရမယ် ဆိုတဲ့ ခံစားချက် ဖြစ်ပေါ် လာ ပါတယ် ။ အဲ့တာ ပြီးရင် ကျွန်တော် က တစ်ချိန်လုံး အနာဂတ် အကြောင်း တွေ ကိုသာ ပြောကြားရင်း အကာအကွယ် တွေကို ရရှိ သွားနိုင် ပါ လိမ့်မယ် ”

” ဒါဟာ သူ့ အတွက် ခမ်းနား တဲ့ အနေအထား လို့ ကျွန်တော် ထင် ပါတယ် ။ သူဟာ ယူနိုက်တက် အသင်း နဲ့ အတူ သုံးနှစ် စာချုပ် သက်တမ်း ရှိ နေတယ် လေ ။ ဒါ့ကြောင့် လက်ရှိ အချိန် မှာ အနာဂတ် အကြောင်း နဲ့ လူငယ် ကစားသမား တွေ အကြောင်း ပြောကြား နေရုံ ပါပဲ ”

” ပြီးရင် သူက အဆုံးသတ် မှာ ရလဒ် တွေသာ အရေး အကြီးဆုံး အရာ ပါပဲ လို့ ပြောလေ့ ရှိပါ သေးတယ် ။ ဒါဟာ ယူနိုက်တက် လို အသင်း ကြီးမှာ လုပ်ဆောင် ရမယ့် ကြီးကျယ် ခမ်းနား တဲ့ အရာ တစ်ခု ပဲလို့ ကျွန်တော် ထင်မိ ပါတယ် ” လို့ ဟိုဆေး မော်ရင်ဟို က ဆိုးလ်ရှား ရဲ့ ပြောစကား တွေနဲ့ ယူနိုက်တက် ဖက်က အကာအကွယ် ပေးမှု တွေ အကြောင်း ကို မထိတထိ ခနဲ့ သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar