ေဘာလံုး ေလာက ရဲ့ စူပါ ဟီးရိုး ေတြ ျဖစ္ၾက တဲ့ စီ ေရာ္နယ္ဒို နဲ့ လီယြန္နယ္ မက္ဆီ တုိ့ အသက္အရြယ္ ရရွိ လာမွဳ နဲ့ အတူ က်ရိပ္ေတြ သမ္းလာ ၾကျပီလို့ ေျပာၾကား ရတာ ဟာ တစ္ကယ့္ ကို ဝမ္းနည္း စရာ ပါပဲ ။ သူတုိ့ ႏွစ္ဦး ဟာ ေဘာလံုး ေလာက ကို ဆယ္စုႏွစ္ တစ္ခု အၾကာ လႊမ္းမိုး ထားၾက သူေတြ ျဖစ္ျပီး စံခ်ိန္ သစ္ မ်ားစြာ ကို ေရးထိုး ထားၾက သူေတြ ပဲ ျဖစ္ၾက ပါတယ္ ။

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ တစ္ခု ကတည္းက သူတုိ့ ႏွစ္ဦး ဟာ ရီးယဲ မက္ဒရစ္ ၊ ဘာစီလိုနာ အသင္း ေတြမွာ ကစား ရင္ လာလီဂါ ရဲ့ ပုံရိပ္ ကို အျမင့္ဆံုး ေရာက္ရွိ ေအာင္ ျမွင့္တင္ ထားၾကတဲ့ မဟာ ျပိဳင္ဖက္ ႏွစ္ဦး ပဲ ျဖစ္ၾက ျပီး ႏွစ္စဥ္ ႏွစ္တုိင္း ကမ႓ာ့ အေကာင္းဆံုး ကစားသမား ဆု ျဖစ္တဲ့ Balloon D’Or အတြက္ အျပိဳင္ ေရပန္းစား ခဲ့ ၾကသူ ေတြပဲ ျဖစ္ၾက ပါတယ္ ။

ဒါေပမဲ့ ျပီးခဲ့တဲ့ ေႏြ အေျပာင္းအေရႊ့ တုန္းက ရီးယဲ မက္ဒရစ္ စတား ျဖစ္သူ စီ ေရာ္နယ္ဒုိ ဟာ စပိန္ ေျမကို စြန့္ခြာျပီး အီတလီ ထိပ္သီး ဂ်ဴဗင္တပ္ အသင္း ကို ေျပာင္းေရႊ့ သြားတဲ့ ေနာက္ လာလီဂါ ျပိဳင္ပြဲ ဟာလည္း အရင္လို ျမိဳင္ဆုိင္ ေတာ့မွဳ မရွိ ေတာ့ပဲ ရီးယဲ ပရိသတ္ ေတြဟာ အလ်င္း သင့္သလို ေပၚတူဂီ သား ကို အၾကိမ္ၾကိမ္ လြမ္းဆြတ္ တမ္းတ ခဲ့ၾက ရ ပါတယ္ ။

ဒါေပမဲ့ ေရာ္နယ္ဒို ကေတာ့ အီတလီ ေျမမွာ လည္း ေအာင္လံ ထူရင္း စီးရီေအ ဖလား ရယူ နုိင္ခဲ့ သလို လိဂ္ရဲ့ တစ္ႏွစ္တာ တန္ဖုိး အရွိဆံုး ကစားသမား ဆု ကိုလည္း ဆြတ္ခူး သိမ္းပိုက္ နုိင္ခဲ့ ပါတယ္ ။ တစ္ဖက္ မွာေတာ့ မက္ဆီ ဟာလည္း အေကာင္းဆံုး ေဘာလံုး ရာသီ ကို ပိုင္ဆုိင္ ခဲ့ျပီး ကစားသမား ဘဝ ရဲ့ 6 ၾကိမ္ေျမာက္ Balloon D’ Or ဆုကို သိမ္းပိုက္ ဖုိ့ အတြက္ လည္း ေရပန္း အစားဆံုး ျဖစ္ေန ခဲ့ ပါတယ္ ။

ဒါေပမဲ့ အာဂ်င္တီးနားမွ Fox Sport နဲ့ ျပဳလုပ္ ခဲ့တဲ့ အင္တာဗ်ဴး အစီအစဥ္ မွာေတာ့ ရီးယဲ မက္ဒရစ္ အသင္း နည္းတူ သူ ကိုယ္တုိင္ လည္း မဟာ ျပိဳင္ဖက္ ျဖစ္တဲ့ စီေရာ္နယ္ဒို ကို လြတ္ဆြတ္ မိေၾကာင္း အာဂ်င္တီးနား လက္ေရြးစင္ လီယြန္နယ္ မက္ဆီ က ဝန္ခံ ဖြင့္ဟ သြားခဲ့ လိုက္ ပါတယ္ ။

” သိပ္ ေသခ်ာ ပါတယ္ ။ က်ြန္ေတာ္ ေရာ္နယ္ဒို ကို လြမ္းဆြတ္ မိ ပါတယ္ ။ သူဟာ ရီးယဲ မက္ဒရစ္ အသင္း ကုိ ပိုျပီး အင္အား ၾကီးေအာင္ လုပ္ေဆာင္ ေပးနိုင္ ခဲ့ ပါတယ္ ။ သူတုိ့ ( ရီးယဲ မက္ဒရစ္ အသင္း ) ဟာ ေရာ္နယ္ဒို ကို လြမ္းဆြတ္ ေနမွာ အေသအခ်ာ ပါပဲ ။ ဘယ္ အသင္း မွာ မဆုိ အဲ့လို ခံစားခ်က္ ျဖစ္ၾက မွာ ပါပဲ ”

” သူ့ကို ဆံုးရွံဳး ခံ ရတဲ့ အသင္း တိုင္းက လြမ္းဆြတ္ ေန ၾကမွာ ပါ ။ က်ြန္ေတာ္ အခုလို ေျပာလို့ ရီးယဲ မက္ဒရစ္ အသင္း ဖက္မွ နွစ္သက္ ခ်င္မွ ႏွစ္သက္ ၾကပါ လိမ့္မယ္ ။ ဒါေပမဲ့ အဲ့တာက တစ္ကယ့္ အမွန္တရား တစ္ခု ပါပဲ ။ လူ တစ္ခ်ိဳ့ က ေဒါသ ထြက္ေကာင္း ထြက္ၾက ပါ လိမ့္မယ္ ”

” ဒါေပမဲ့ အဲ့တာ က အမွန္တရား တစ္ခု ပါ ။ သူဟာ ရီးယဲ မက္ဒရစ္ အသင္း အတြက္ တစ္ ရာသီ ဂိုး 50 ေလာက္ သြင္းယူ ေပးသူ ျဖစ္ျပီး အဲ့တာ ကပဲ ရီးယဲ မက္ဒရစ္ အသင္း ေအာင္ျမင္ ဖုိ့ အတြက္ အေရး အၾကီးဆံုး အခ်က္ ျဖစ္ခဲ့ ရ ပါတယ္ ။ အခုေတာ့ လိဂ္ တစ္ခု လံုးက သူ့ကို လြတ္ဆြတ္ ေနၾက ပါတယ္ ”

” က်ြန္ေတာ္ တုိ့ အသင္း မွာ ကမ႓ာ့ အေကာင္းဆံုး ကစားသ မား တစ္ဦး ရိွ ေနရင္ သူဟာ ျပိဳင္ပြဲ ေတြကို ျပိဳင္ဆုိင္ မွဳ ပိုမို ျပင္းထန္ သြားေအာင္ လုပ္ေဆာင္ ေပး သြားမွာ ပါပဲ ။ ဒါဟာ က်ြန္ေတာ္ တုိ့ ႏွစ္ေယာက္ လံုး အတြက္ ေကာင္းမြန္ လွ ပါတယ္ ။ က်ြန္ေတာ္ တုိ့ ေတြဟာ ကိုယ္တုိင္ အျမဲတမ္း တုိးတက္ ေကာင္းမြန္ လိုခဲ့ ၾကတယ္ ေလ ”

” က်ြန္ေတာ္ တုိ့ ႏွစ္ဦး ၾကားမွာ ၾကီးမားတဲ့ ဆက္ဆံေရး ေတြ မရွိ ပါဘူး ။ က်ြန္ေတာ္ တုိ့ ႏွစ္ဦး က ပြဲစဥ္ ေတြ ကေန ပဲ တစ္ဦး ကို တစ္ဦး သိရွိ ၾကတာ ပါ ။ ျပီးေတာ့ ဆုေပး ပြဲ အခမ္းအနား ေတြက ေပါ့ ။ ဒါေပမဲ့ က်ြန္ေတာ္ တုိ့ အဆင္ေျပ ၾကသလို မၾကာ ခန ဆုိသလို စကားလည္း ေျပာျဖစ္ ခဲ့ၾက ပါတယ္ ” လို့ မက္ဆီ က မဟာ ျပိဳင္ဖက္ ျဖစ္သူ ကုိ ခ်ီးက်ဴး စကား ဆုိရင္း သူတုိ့ ႏွစ္ဦး အေၾကာင္း ေျပာၾကား သြားခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

စီရော်နယ်ဒိုကို လွမ်းဆွတ်ကြောင်း နောက်တစ်ကြိမ် ပြောကြားသွားတဲ့ #မက်ဆီ

==================

ဘောလုံး လောက ရဲ့ စူပါ ဟီးရိုး တွေ ဖြစ်ကြ တဲ့ စီ ရော်နယ်ဒို နဲ့ လီယွန်နယ် မက်ဆီ တို့ အသက်အရွယ် ရရှိ လာမှု နဲ့ အတူ ကျရိပ်တွေ သမ်းလာ ကြပြီလို့ ပြောကြား ရတာ ဟာ တစ်ကယ့် ကို ဝမ်းနည်း စရာ ပါပဲ ။ သူတို့ နှစ်ဦး ဟာ ဘောလုံး လောက ကို ဆယ်စုနှစ် တစ်ခု အကြာ လွှမ်းမိုး ထားကြ သူတွေ ဖြစ်ပြီး စံချိန် သစ် များစွာ ကို ရေးထိုး ထားကြ သူတွေ ပဲ ဖြစ်ကြ ပါတယ် ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု ကတည်းက သူတို့ နှစ်ဦး ဟာ ရီးယဲ မက်ဒရစ် ၊ ဘာစီလိုနာ အသင်း တွေမှာ ကစား ရင် လာလီဂါ ရဲ့ ပုံရိပ် ကို အမြင့်ဆုံး ရောက်ရှိ အောင် မြှင့်တင် ထားကြတဲ့ မဟာ ပြိုင်ဖက် နှစ်ဦး ပဲ ဖြစ်ကြ ပြီး နှစ်စဉ် နှစ်တိုင်း ကမ႓ာ့ အကောင်းဆုံး ကစားသမား ဆု ဖြစ်တဲ့ Balloon D’Or အတွက် အပြိုင် ရေပန်းစား ခဲ့ ကြသူ တွေပဲ ဖြစ်ကြ ပါတယ် ။

ဒါပေမဲ့ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက ရီးယဲ မက်ဒရစ် စတား ဖြစ်သူ စီ ရော်နယ်ဒို ဟာ စပိန် မြေကို စွန့်ခွာပြီး အီတလီ ထိပ်သီး ဂျူဗင်တပ် အသင်း ကို ပြောင်းရွှေ့ သွားတဲ့ နောက် လာလီဂါ ပြိုင်ပွဲ ဟာလည်း အရင်လို မြိုင်ဆိုင် တော့မှု မရှိ တော့ပဲ ရီးယဲ ပရိသတ် တွေဟာ အလျင်း သင့်သလို ပေါ်တူဂီ သား ကို အကြိမ်ကြိမ် လွမ်းဆွတ် တမ်းတ ခဲ့ကြ ရ ပါတယ် ။

ဒါပေမဲ့ ရော်နယ်ဒို ကတော့ အီတလီ မြေမှာ လည်း အောင်လံ ထူရင်း စီးရီအေ ဖလား ရယူ နိုင်ခဲ့ သလို လိဂ်ရဲ့ တစ်နှစ်တာ တန်ဖိုး အရှိဆုံး ကစားသမား ဆု ကိုလည်း ဆွတ်ခူး သိမ်းပိုက် နိုင်ခဲ့ ပါတယ် ။ တစ်ဖက် မှာတော့ မက်ဆီ ဟာလည်း အကောင်းဆုံး ဘောလုံး ရာသီ ကို ပိုင်ဆိုင် ခဲ့ပြီး ကစားသမား ဘဝ ရဲ့ 6 ကြိမ်မြောက် Balloon D’ Or ဆုကို သိမ်းပိုက် ဖို့ အတွက် လည်း ရေပန်း အစားဆုံး ဖြစ်နေ ခဲ့ ပါတယ် ။

ဒါပေမဲ့ အာဂျင်တီးနားမှ Fox Sport နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး အစီအစဉ် မှာတော့ ရီးယဲ မက်ဒရစ် အသင်း နည်းတူ သူ ကိုယ်တိုင် လည်း မဟာ ပြိုင်ဖက် ဖြစ်တဲ့ စီရော်နယ်ဒို ကို လွတ်ဆွတ် မိကြောင်း အာဂျင်တီးနား လက်ရွေးစင် လီယွန်နယ် မက်ဆီ က ဝန်ခံ ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

” သိပ် သေချာ ပါတယ် ။ ကျွန်တော် ရော်နယ်ဒို ကို လွမ်းဆွတ် မိ ပါတယ် ။ သူဟာ ရီးယဲ မက်ဒရစ် အသင်း ကို ပိုပြီး အင်အား ကြီးအောင် လုပ်ဆောင် ပေးနိုင် ခဲ့ ပါတယ် ။ သူတို့ ( ရီးယဲ မက်ဒရစ် အသင်း ) ဟာ ရော်နယ်ဒို ကို လွမ်းဆွတ် နေမှာ အသေအချာ ပါပဲ ။ ဘယ် အသင်း မှာ မဆို အဲ့လို ခံစားချက် ဖြစ်ကြ မှာ ပါပဲ ”

” သူ့ကို ဆုံးရှုံး ခံ ရတဲ့ အသင်း တိုင်းက လွမ်းဆွတ် နေ ကြမှာ ပါ ။ ကျွန်တော် အခုလို ပြောလို့ ရီးယဲ မက်ဒရစ် အသင်း ဖက်မှ နှစ်သက် ချင်မှ နှစ်သက် ကြပါ လိမ့်မယ် ။ ဒါပေမဲ့ အဲ့တာက တစ်ကယ့် အမှန်တရား တစ်ခု ပါပဲ ။ လူ တစ်ချို့ က ဒေါသ ထွက်ကောင်း ထွက်ကြ ပါ လိမ့်မယ် ”

” ဒါပေမဲ့ အဲ့တာ က အမှန်တရား တစ်ခု ပါ ။ သူဟာ ရီးယဲ မက်ဒရစ် အသင်း အတွက် တစ် ရာသီ ဂိုး 50 လောက် သွင်းယူ ပေးသူ ဖြစ်ပြီး အဲ့တာ ကပဲ ရီးယဲ မက်ဒရစ် အသင်း အောင်မြင် ဖို့ အတွက် အရေး အကြီးဆုံး အချက် ဖြစ်ခဲ့ ရ ပါတယ် ။ အခုတော့ လိဂ် တစ်ခု လုံးက သူ့ကို လွတ်ဆွတ် နေကြ ပါတယ် ”

” ကျွန်တော် တို့ အသင်း မှာ ကမ႓ာ့ အကောင်းဆုံး ကစားသ မား တစ်ဦး ရှိ နေရင် သူဟာ ပြိုင်ပွဲ တွေကို ပြိုင်ဆိုင် မှု ပိုမို ပြင်းထန် သွားအောင် လုပ်ဆောင် ပေး သွားမှာ ပါပဲ ။ ဒါဟာ ကျွန်တော် တို့ နှစ်ယောက် လုံး အတွက် ကောင်းမွန် လှ ပါတယ် ။ ကျွန်တော် တို့ တွေဟာ ကိုယ်တိုင် အမြဲတမ်း တိုးတက် ကောင်းမွန် လိုခဲ့ ကြတယ် လေ ”

” ကျွန်တော် တို့ နှစ်ဦး ကြားမှာ ကြီးမားတဲ့ ဆက်ဆံရေး တွေ မရှိ ပါဘူး ။ ကျွန်တော် တို့ နှစ်ဦး က ပွဲစဉ် တွေ ကနေ ပဲ တစ်ဦး ကို တစ်ဦး သိရှိ ကြတာ ပါ ။ ပြီးတော့ ဆုပေး ပွဲ အခမ်းအနား တွေက ပေါ့ ။ ဒါပေမဲ့ ကျွန်တော် တို့ အဆင်ပြေ ကြသလို မကြာ ခန ဆိုသလို စကားလည်း ပြောဖြစ် ခဲ့ကြ ပါတယ် ” လို့ မက်ဆီ က မဟာ ပြိုင်ဖက် ဖြစ်သူ ကို ချီးကျူး စကား ဆိုရင်း သူတို့ နှစ်ဦး အကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar