မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ပတ်ထရစ် အီဗရာ က အသင်း အတွက် စတင် ပွဲထွက် ကစား ပေးခဲ့စဉ် တုန်းက ပွဲချိန် 45 မိနစ် မှာ လူစား လဲခံ ခဲ့ ရတဲ့ နောက် သူ့ရဲ့ အေးဂျင့် ဖြစ်သူ က အသင်း ပြောင်းတာ မှားပြီ လို့ ပြောကြား ခဲ့ကြောင်း ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

ဘယ် နောက်ခံ ကစားသမား ဖြစ်တဲ့ အီဗရာ ဟာ 2006 ခုနှစ် တုန်းက မိုနာကို မှ ယူနိုက်တက် အသင်း ဆီ ပြောင်းရွှေ့ ခဲ့သူ ဖြစ်ပြီး မန်စီးတီး အသင်း နဲ့ ကစား ခဲ့တဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ် မှာ စတင် ကစား ခွင့် ရရှိ ခဲ့ကာ တာထွက် ဆိုးရွား ခဲ့သူ ပဲ ဖြစ်ခဲ့ ပါတယ် ။

အခုတော့ Sky Sports မှာ ပြုလုပ်တဲ့ သတင်း တင်ဆက်ရေး အစီအစဉ် မှာ အီဗရာ က တစ်ကယ့် အဆိုပါ ပွဲစဉ် မှာ ခြေစွမ်း မပြနိုင် ခဲ့တဲ့ တစ်ကယ့် အကြောင်း အရင်း အမှန် က သူဟာ နေမကောင်း ဖြစ်ခဲ့ ရခြင်း ကြောင့် ဖြစ်ကြောင်း ၊ ဒါကို ဆာ အဲလက်စ် ဆီ ပြောပြ ဖို့ ကြောက်ရွံ့ နေ ခဲ့တဲ့ အတွက် ပွဲ ကစား ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ မန်စီးတီး ဟာ အီတီဟတ် ကွင်းထဲ 3 -1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ ထားနိုင် ခဲ့ပြီး အီဗရာ ကတော့ ပွဲချိန် 45 မိနစ် မှာပဲ အသင်းဖော် အလန် စမစ် နဲ့ လူစား လဲခံ ခဲ့ရ ပါတယ် ။ ဒါ့ကြောင့်လည်း သူ့ရဲ့ အေးဂျင့် က ပထမဆုံး ပွဲစဉ် ရဲ့ ပထမပိုင်း မှာပဲ လူစား လဲခံ လိုက် ရတဲ့ သူ့ရဲ့ ကစားသမား အတွက် စိတ်ပျက် ခဲ့တာ ပဲ ပါတယ် ။

” ကျွန်တော် ယူနိုက်တက် အတွက် ပထမဆုံး ကစားပေး ခဲ့တဲ့ ပွဲစဉ် မတိုင်မီ ကျွန်တော် ဟာ ပဲတွေ နဲ့ ခေါက်ဆွဲ တွေကို စားခဲ့ ပါတယ် ။ အဲ့တာ ပြီးတော့ အခန်းထဲ ရောက်ရှိ တဲ့ အခါ ကျွန်တော် တစ်ကယ် ပဲ နေထိုင် မကောင်း ဖြစ်ခဲ့ ရပြီ လို့ ခံစား ခဲ့ရ ပါတယ် ”

” ကျွန်တော် အဲ့ဒီ တုန်းက ဆာ အဲလက်စ် ဆီ သွားပြီး ‘ ဆရာ ရေ ၊ ကျွန်တော် ဒီပွဲ ကစား ပေးဖို့ အဆင်သင့် မဖြစ် သေးဘူး ‘ လို့ ပြောမလို့ ပါပဲ ။ ဒါပေမယ့် သူတို့ ဖက်က ‘ ဒီကောင် ဟာ ဒါဘီ ပွဲမျိုး မှာ ကစား ပေးနိုင် မယ့် ကောင် မဟုတ်ဘူး ‘ လို့ ပြန် ပြောကြ မှာ ကိုလည်း ကြောက်ရွံ့ နေခဲ့ ပါတယ် ”

” ကျွန်တော် အဲ့ဒီ ပွဲစဉ် ကို ကစား ခဲ့ပြီး ပွဲချိန် 45 မိနစ် အကြာ မှာပဲ လူစား လဲခံ ခဲ့ရ ပါတယ် ။ အဲ့ဒီ တုန်းက ကျွန်တော် မှတ်မိ ပါ သေးတယ် ၊ ဆာ အဲလက်စ် ရဲ့ ပုံစံ က ‘ မင်း ဒီမှာ ထိုင် ၊ ပွဲစဉ် ကို ကြည့် ၊ အင်္ဂလိပ် ဘောလုံး ဆိုတာ ဘာလဲ လေ့လာ လိုက်ဦး ‘ ဆိုတဲ့ ပုံစံ မျိုး ဖြစ်နေ ခဲ့ ပါတယ် ။ ကျွန်တော့် အတွက် တော့ တစ်ကယ့် ကို ခက်ခဲ တဲ့ အချိန် ပေါ့ဗျာ ”

” အဲ့ဒီ တုန်းက ကျွန်တော့် ရဲ့ အေးဂျင့် ကတောင် ‘ မင်းကို ယူနိုက်တက် ဆီ ခေါ်လာ မိတာ မှားပြီ ‘ လို့ ပြောတဲ့ အထိ ဖြစ်ခဲ့ ရ ပါတယ် ။ ဒါပေမယ့် ကျွန်တော် နဲ့ ပတ်သက် လို့ သူတို့ တွေရဲ့ အတွေး တွေက မှားနေ တယ် ဆိုတာ ကို ပြသ နိုင်ဖို့ အတွက် ကျွန်တော် ဟာ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင် မှု အပြည့် ရှိနေ ခဲ့ ပါတယ် ။ ပြီးတော့ ကျွန်တော် အဲ့တာ ကို လုပ်ပြ နိုင်ခဲ့ ပါတယ် ။ ဒီ အတွက် တစ်ကယ် ပဲ ဂုဏ်ယူ မိ ပါတယ် ” လို့ အီဗရာ က ဖွင့်ဟ ပြောကြား သွွားခဲ့ လိုက် ပါတယ် ။

အီဗရာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ရှိနေ ခဲ့တဲ့ 8 နှစ်တာ ကာလ အတွင်း 278 ပွဲ အထိ ကစား ပေးခဲ့ ပြီး ကိုယ်တိုင် 7 ဂိုး သွင်းယူ နိုင်ခဲ့ ကာ အသင်းဖော် တွေ အတွက် 33 အထိ ဂိုး ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ ယူနိုက်တက် နဲ့ အတူ ချန်ပီယံ လိဂ် ဖလား 1 ကြိမ် ၊ ပရီးမီးယား လိဂ် ဖလာ 5 ကြိမ် နဲ့ လိဂ် ဖလား 3 ကြိမ် အထိ ရယူ ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။

#Sports_Myanmar