မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဘယ် နောက်ခံ ကစား သမား ဟောင်း ပတ်ထရစ် အီဗရာက ကစားသမား ဘဝ အတူ တွဲ ကစား ဖူးတဲ့ အသင်းဖော် တွေနဲ့ ဖွဲ့စည်း ထားတဲ့ XI ယောက် အသင်း ကို ရွေးချယ် ပေးသွား ခဲ့ပြီး သရဲနီ တို့ရဲ့ သမိုင်း တစ်လျောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သူ ဝိန်း ရွန်းနီ ကိုတော့ အံ့အား သင့်ဖွယ် ချန်လှပ် သွားခဲ့ ပါတယ် ။

အီဗရာ ဟာ ဒီနေ့ နံနက် အာဆင်နယ် တို့ ရှက်ဖီး ယူနိုက်တက် ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ Sky Sports ရဲ့ သတင်း သုံးသပ် သူ အဖြစ် ဂျေမီ ကာရေဂါ နဲ့ အတူ ပူးတွဲ ပါဝင် ခဲ့ရ ပါတယ် ။ အဆိုပါ ပွဲစဉ် အပြီး မှာတော့ သူ့ရဲ့ အသင်းဖော် ဟောင်းတွေ ပါဝင် တဲ့ အကောင်းဆုံး XI အသင်း ကို ရွေးချယ် ပေးဖို့ ပြောခဲ့ရာ အီဗရာ က ဝိန်း ရွန်းနီ ကို ချန်လှပ် သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

အီဗရာ ဟာ အဆိုပါ အသင်း ရဲ့ တိုက်စစ် ပိုင်းမှာ ယူနိုက်တက် အသင်းဖော် ဟောင်းတွေ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ မန်စီးတီး အသင်းဆီ ပြောင်းရွှေ့ သွားခဲ့တဲ့ အာဂျင် တိုင်းသား တိုက်စစ်မှူး ကားလို့စ် တိဗတ်ဇ် တို့ကို ပဲ ရွေးချယ် သွားခဲ့ လိုက် ပါတယ် ။

” တိဗတ်ဇ် ကို ရွေးချယ် ရမလား ၊ ရွန်းနီ ကို ရွေးချယ် ရမလား ဆိုတာ က တစ်ကယ် ကို ခက်ခဲ တဲ့ အရာ တစ်ခု ပါပဲ ။ ကျွန်တော် နဲ့ ဝိန်းဟာ ရင်းနှီး လွန်းတဲ့ သူငယ်ချင်း တွေပါ ။ ဒါပေမယ့် ကျွန်တော့် ရင်ဘတ် ထဲက လာတဲ့ အတိုင်း ပြောရမယ် ဆိုရင် ကျွန်တော် တိဗတ်ဇ် နဲ့ ယူနိုက်တက် မှာရော ဂျူဗင်တပ် မှာပါ အတူ ကစား ခဲ့ဖူး ပါတယ် ။ တစ်ကယ့် ကစားသမား ပါပဲ ဗျာ ”

” သူဟာ တစ်ကယ့် ကို စစ်သည်တော် တစ်ဦးလို ပါပဲ ။ ကျွန်တော် တို့ အသင်း ရဲ့ တိုက်စစ် မှာ သူနဲ့ ဝိန်းတို့ ရှိနေ ခဲ့စဉ် တုန်းက ကျွန်တော် ပြိုင်ဖက် ခံစစ် တွေကို တောင် သနား မိခဲ့ ပါတယ် ” လို့ အီဗရာ က အသင်းဖော် နှစ်ဦးလုံး ဟာ တစ်ကယ့် ကို ကောင်းမွန် လွန်းတဲ့ ကစားသမား တွေ ဖြစ်ကြ ကြောင်း ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် သူဟာ အသင်း ရဲ့ ဂိုးပေါက် ကို ကာကွယ် စေဖို့ အတွက် ဗန်ဒါဆား ၊ ခံစစ် နေရာ အတွက် ဒန်နီ အဲလ်ဗတ်စ် ၊ ချီလီနီ ၊ ဖာဒီနန် နဲ့ သူ့ကိုယ်သူ ရွေးချယ် သွားခဲ့ လိုက်ပြီး ယူနိုက်တက် အသင်းဖော် ဟောင်း ဖြစ်တဲ့ ဂယ်ရီ နဗီးလ် ကိုတော့ ဘာလို့ ချန်လှပ် ခဲ့ သလဲ ဆိုတာ ရှင်းပြ သွားခဲ့ ပါတယ် ။

” ကျွန်တော် ဟာ ဂယ်ရီ နဗီးလ် ကို ရွေးချယ် ကောင်း ရွေးချယ် နိုင် ပါတယ် ။ ဒါပေမယ့် ဒန်နီ အဲလ်ဗတ်စ် က ပါရမီ ပိုကောင်း တဲ့ ကစားသမား တစ်ဦး လေ ” လို့ အီဗရာ က ပြောကြား သွားခဲ့ ပြီး ကွင်းလယ် မှာတော့ အံ့အား သင့်ဖွယ် အဖြစ် တောင် ကိုးရီးယားသား ဖြစ်သူ အဆုတ် သုံးခု ပိုင်ရှင် ပက်ဂျီဆန် ကို ရွေးချယ် သွားခဲ့ ပါတယ် ။

” သူဟာ လည်း စစ်သည်တော် တစ်ဦး ပါပဲ ။ 2008 ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် တုန်းက ဘာစီလိုနာ အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် နှစ်ကျော့ လုံးမှာ သူဟာ ပွဲစဉ် တွေရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့ဒီနောက် ဖိုင်နယ် မှာ သူ မပါဝင် ခဲ့ ပါဘူး ။ ဒါပေမယ့် သူဟာ ကျွန်တော့် အသင်း ရဲ့ အထူး စစ်သည်တော် တစ်ဦး ပါပဲ ” လို့ အီဗရာ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ဗဟို ကွင်းလယ် နေရာ အတွက် အီဗရာ က ပေါလ် စခိုးလ် နဲ့ အန်းဒရိ ပီယာလို တို့ကို ရွေးချယ် သွားခဲ့ ပြီး ဘယ်် တောင်ပံ အတွက် တော့ ရိုင်ယန် ဂစ်ကို ရွေးချယ် သွားခဲ့ လိုက် ပါတယ် ။ အဲ့ဒီနောက် ကစားသမား ဘဝ ရဲ့ ရင်ဆိုင် ရ အခက်ခဲဆုံး ပြိုင်ဖက် က ဘယ်သူလဲ လို့ အမေး ခံလိုက် ရတဲ့ အချိန် အီဗရာ က မန်စီးတီး ကစားသမား ဟောင်း ဂျိမ်းစ် မီလ်နာ ကို ရွေးချယ် သွားခဲ့ လိုက် ပါတယ် ။

” သူဟာ ကျွန်တော့် ကို အရမ်းပဲ စိတ်ပျက် စေခဲ့ သူပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် က တိုက်စစ် တက် ကစား တဲ့ ခံစစ် ကစားသမား လေ ။ ကျွန်တော် က အရှေ့ တက် တိုက်စစ် ဆင်ပြီး ကစား ရတာ ကိုပဲ နှစ်သက် လှ ပါတယ် ။ ဒါဘီ ပွဲ ကစား ရတဲ့ အခါ တိုင်း ကျွန်တော့် အရှေ့ မှာ သူ့ကို ရင်ဆိုင် ရလေ့ ရှိခဲ့ ပါတယ် ။ မက်ဆီ လား … ကျွန်တော် သူ့ကို ကိုင်တွယ် နိုင် ပါတယ် ” လို့ အီဗရာ က ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar